မင်းရဲ့ကိုယ်ပွားလေး ၃
"အစ်ကိုလေး"
ကျောင်းရှေ့မှာ ရပ်စောင့်နေသည့်ကျနော့်အနားကို
သူကအပြေးလေးလာလေတော့ လက်ပ်ိုက်ကာငေး
ကြည့်နေမိလိုက်သည်။ ကျနော်ပြုစုပျိုးထောင်ပေးခဲ့
သည့်ပန်းလေးတစ်ပွင့်က အလှပဆုံးဖူးပွင့်နေခဲ့ပြီပဲ။"စောင့်နေတာကြာပြီလားဟင်"
"မကြာသေးဘူး ကားပေါ်တက်"
"ဟုတ်"
ကားပေါ်တက်ထိုင်လိုက်ပြီး ငြိမ်ငြိမ် လေးလိုက်လာ
နေရင်းမှ ကျနော်သွားနေသည့်လမ်းကိုကြည့်ကာ
လည်လေးလိမ်နေရင်း"ဟို အစ်ကိုလေး ဒါ အိမ်ပြန်တဲ့လမ်းမဟုတ်ဘူးလေ"
"အိမ်မပြန်သေးပါဘူး"
"ဟင် ဘယ်ကိုသွားမလို့လဲဟင်"
"မင်း ဒီနေ့က ဆေးကျောင်းတက်တဲ့ပထမဆုံးနေ့မ
ဟုတ်လား ဒါကြောင့်တစ်ခုခုလိုက်ကျွေးမလို့""ဟင် ရ ရပါတယ် မ မစားတော့ပါဘူး ကျနော်ဆာ
လည်းမဆာသေးပါဘူး အိမ်ပဲ ပြန်ရအောင်ပါနော်""မဆာလည်း တစ်ခုခုစားကြမယ်လေကွာ ဗိုက်ပြည့်
တဲ့ဟာ မဟုတ်ဘဲ တစ်ခုခုပေါ့ ရေခဲမုန့်ဖြစ်ဖြစ် ပီဇာ
နဲ့အအေးဖြစ်ဖြစ်ပေါ့""တော်ပါပြီ မစားချင်တော့ပါဘူး အိမ်ပဲ ပြန်ရအောင်
ပါနော်"ကျနော်ကတစ်ခုခုကျွေးချင်လို့ပါဆိုတာကို သူ့ကိုအ
ဆိပ်တိုက်နေသည့်အတိုင်း အတင်းတွေငြင်းနေသည့်သူကြောင့် မျက်မှောင်ကြုတ်ကာ ပြန်လှည့်ကြည့်
လိုက်မိပြီး"ရှောင်းကျန့် မင်းဘာဖြစ်နေတာလဲ ညစာလေးအတူတူစားရဖို့ကို ဘာလို့အဲ့လောက်ထိငြင်းနေရတ
ာလဲ? မင်းကိုငါက အဆိပ်ကျွေးနေတာကျနေတာပဲ""မ မဟုတ်ပါဘူး ဗိုက်မဆာလို့ ပါနော် ပြီးတော့ ကျနော်က အဲ့လိုအဆာပြေတွေလည်း မစားတတ်
လို့ပါနော် အစ်ကိုလေး အိမ်ပဲ ပြန်ရအောင်နော်""ကျစ်"
ကားကိုလမ်းဘေးတစ်နေရာထိုးရပ်ပစ်လိုက်ကာ သူ့
ကိုပခုံးလေးတွေကနေပြန်ဆွဲလှည့်ယူလိုက်ပြီး မျက်
နှာချင်းဆိုင်စေကာ