"လမ်းမှာတွေ့ရင်တောင် နှုတ်ဆက်စရာမလိုဘူးနော်"
"ဗျာ"
"စောစောက ယံရွယ်ဆိုတဲ့တစ်ယောက်ကိုပြောနေတာ"
ကားမောင်းရင်းမှာနေလေတော့သုကမျက်လုံးလေး
ပေကလပ်ဖြင့်နားမလည်သလိုလေးကြည့်လာလေ
သည်။"နှုတ်ဆက်စရာမလိုဘူး မင်းနဲ့အရင်ကထဲကသိတာ
လည်းမဟုတ်ဘူး ""ဒါပေမယ့် မမလေးက"
"မင်းကိုသူပိုင်တာလား ကိုယ်ပိုင်တာလား?"
"ကိုကိုပိုင်တာပါ"
"ဒါဆို စကားနားထောင် ဘာမှပြန်မပြောနဲ့ အဓိပ္ပာယ် မရှိလိုက်တာ စတွေ့လိုက်ကထဲက သဘောမကျတာ ဘာလို့လက်ကကိုင်ထားရတာလဲ?"
"နှုတ်ဆက်တာဆိုတော့ လက်ကိုင်ပြီး "
"လက်ကိုင်ပြီးနှုတ်ဆက်စရာလိုလို့လား နာမည်ပဲ
မိတ်ဆက်ရင်ပြီးပြီပေါ့ လက်တွေဘာတွေဆွဲစရာလို
လား?""...."
တကယ်မကျေနပ်ပါ သူ့လက်ကိုကိုင်ထားတာကိုမြင်လိုက်ပြီးကထဲက ကျနော့်စိတ်တွေကမကြည်တော့တာ ။ ညစာစားပွဲမှာလည်း စကားသာပြောနေ
တာ စိတ်တွေက သူ့ဆီသို့သာရောက်နေရင်းအကဲ
ခတ်နေမိလေတော့ သူကလည်း ကလေးကိုပဲငမ်း
နေတာကိုမြင်နေရတာမို့ စိတ်တွေကတော်တော်တို
နေမိတာ။ ဒါကိုဒင်းလေးကအလို်ကန်းဆိုးမသိဘူး
ပြန်ခါနီး ထိုသကောင့်သားကို ပြုံးတောင်ပြုံးပြလိုက်သေးတယ်။ ဟိုကောင်ကတော့သွားကြီးကိုဖြီးနေတာပေါ့။"ဖြစ်နိုင်ရင် ကျောင်းတောင်ပြောင်းပစ်လိုက်ချင်တာ"
"...."
"မင်းဘာလို့အဲ့လောက် ချစ်စရာကောင်းနေရတာလဲရှောင်းကျန့် ဟင်"
"ဗျာ"
ကားကိုလမ်းဘေးတစ်နေရာထိုးရပ်လိုက်ပြီး သူ့ဘက်ကလေးကိုလှည့်လိုက်တော့ သူကလည်း ခေါင်းလေးစောင်းကာပြန်ကြည့်လာလေသည်။
"မင်းရော ကိုယ့်အပေါ်အဲ့လိုမဖြစ်ဘူးလား?"
"Huh?"
"ကိုယ်အခုဖြစ်နေသလို မဖြစ်ဘူးလား မင်းကိုအခြားသူနဲ့သဝန်တိုနေတာတွေ ပြုံးတာမကြိုက်တာတွေ စကားပြောတာမကြိက်ုတာတွေလို ကိုယ့်
အပေါ်ကိုမဖြစ်ဘူးလား ရှောင်းကျန့် ကိုယ်ကပဲတစ်
ဖက်သတ်ဖြစ်နေပြီး စိတ်မချတွေဖြစ်နေရသလိုပဲ"