မင်းရဲ့ကိုယ်ပွားလေး ၈

7.9K 501 0
                                    

"အစ်ကိုလေး "

"ရှောင်းကျန့် မင်း ဘာဖြစ်နေတာလဲ လူကဖြင့် မေ့လဲတော့မယ် စာမေးပွဲကအဲ့လောက်ပဲအရေးကြီးနေတာလား ဟုတ်လား? မင်းမိုးပျံနေအောင် တော်နေလည်း နေမကောင်းရင် ဘာမှလုပ်လို့မရဘူးဆိုတာ
သိလား"

"သိပါတယ် အစ်ကိုလေးရယ် ဒါပေမယ့်လေ ကျနော်ဆေးခန်းမသွားချင်လို့ပါနော် ကျနော်တောင်းပန်
ပါတယ် ကျေးဇူးပြုပြီး ကျောင်းကိုပဲလိုက်ပို့ပေးပါနော်"

လက်ကလေးနှစ်ဖက်ကိုပူးကာပြောနေသည့်သူက
မျက်ရည်လေးတွေပင်ဝေ့တက်လာလေတော့ မျက်မှောင်ကိုကြုတ်လိုက်မိလေတော့သည်။ သူကဘာလို့ဆေးခန်းသွားရမှာကိုအဲ့လောက်တောင်ကြောက်နေရတာလဲ သူဆေးကျောင်းသားမဟုတ်ဘူးလား ဘာလို့အဲ့လောက်တောင် ကြောက်နေတာ
လဲ?ငိုချလိုက်တော့မည့် သူ့အသွင်ကြောင့် သက်ပြင်းကိုချလိုက်ကာ

"ဆေးရုံလည်းမသွားဘူး ကျောင်းလည်းမသွားရဘူး"

"ဟင်"

"ငါနဲ့ရုံးကိုလိုက်ခဲ့ရမယ်"

"ဟို"

"ဟိုတွေသည်တွေ လုပ်မနေနဲ့ ဒါမှငြင်းရင်မင်းကို
ကားပေါ်ကနေကန်ချပစ်တော့မယ် ငြိမ်ငြိမ်လေးလိုက်ခဲ့"

"ဟို"

"စာမေးပွဲနွေဘာတွေထပ်မကြားချင်ဘူး ထပ်ပြောရင်ကျောင်းပါတစ်ခါထဲထွက်လိုက်တော့"

"...."

"ကြားလား?"

"ဟုတ်"

😍😍

"အစ်ကိုလေးအတွက် နေ့လယ်စာ ပြင်ထားပြီးပါပြီ"

အစည်းအဝေးခန်းထဲကထွက်လာတော့ စားပွဲလေးပေါ်မှာအကုန်ခင်းကျင်းပြီးသားနေ့လယ်စာကိုတွေ့လိုက်ရတာမို့ စိတ်ထဲ ကြည်နူးသွားမိလေသည်။
အရင်ကဆိုနေ့လယ်စာကို ရုံးကကန်တင်းမှာသွား
စားတာပါ။ အခုသူကရုံးမှာရှိနေတော့ သူပြင်ပေးထားလေသည်။ ကျေနပ်သွားပေမယ့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်နှာကိုထပ်တင်းထားလိုက်ကာ
ဝင်ထိုင်လိုက်သည်။

"ဘာမှလုပ်လာတာမပါတာနဲ့ အောက်ထပ်ကပဲပြေး
ဝယ်ပြီး ပြင်ထားပေးတာပါ အစ်ကိုလေး"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now