မင်းရဲ့ကိုယ်ပွားလေး ၂၃

6.9K 448 45
                                    

"ဘာ"

"ကိုကိုက မမလေးနဲ့ပဲ လက်ထပ်ရမှာလေ"

"ဘယ်သူပြောလဲ ဘယ်သူကပြောတာလဲ မင်းကိုဒီ
လိုမဟုတ်တာတွေဘယ်သူပြောလိုက်တာလဲ?'

မျက်ရည်လေးတွေစီးကျကာ ငိုနေရှာသည့်သု့ကိုသနားပေမယ့် ကျနော့်ဘက်ကိုလည်းတွေးကြည့်ဦးလေ။ ကျနော်ကရော ကိုယ်ချစ်တဲ့သူနဲ့အတူတူ မနေရတော့ဘူးလား။

"ပြောမှသိရမှာမဟုတ်ဘူးလေ ကိုကို အခုမမလေး
ပြန်လာတာ ဒီအတွက်ပဲမလား ကိုကိုနဲ့လက်ထပ်ဖို့
ပြန်လာတာမလား ပြီးရင်ကိုကိုက သူနဲ့အတူတူ ထွက်သွားတော့မှာမလား?"

"မဟုတ်ဘူး ရှောင်းကျန့် မင်းထင်တာတွေပြောမနေနဲ့ ကိုယ်က ကိုယ်ချစ်တဲ့သူကိုပဲယူမှာ ချစ်တဲ့သူကိုပဲ
လက်ထပ်မှာ ကိုယ်ချစ်တာမင်း မင်းကိုပဲကိုယ်လက်
ထပ်မှာ ဒါကြောင့်မဟုတ်တာတွေ စိတ်ကူးယဉ်ပြီး
တစ်ယောက်ထဲခံစားမနေနဲ့"

"မဟုတ်တာတွေ စိတ်ကူးယဉ်နေမိတာ တကယ်တော့ ကျနော်တို့ပါ ကိုကို ကျနော်တို့ကမဖြစ်နိုင်တာ
ကြီးကို စိတ်ကူးယဉ်ပြီး ပျော်ရွှင်နေမိကြတာ တကယ်တမ်းပြောရရင် ကိုကိုနဲ့လက်ထပ်ရမယ့်သူကမမ
လေးပါပဲ"

"ကျစ် ရှောင်းကျန့် မင်းဘယ်လိုဖြစ်နေတာလဲ ဟင်
မင်းကိုမာမားဘာတွေပြောလိုက်လဲ မင်းကိုမာမား
ဘာပြောထားလို့လဲ?"

"ကိုကိုနဲ့ မမလေးက မကြာခင်လက်ထပ်တော့မှာတဲ့"

"ဘာ"

"ကျနော်က ကြားထဲကအသုံးချခံသက်သက်ပဲကိုကို ဒါကိုသိတယ် တစ်ချိန်ကျရင် နေခဲ့ရမယ်ဆိုတာကိုသိလို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားခဲ့ပြီးသား
ပါကိုကို ဒါကြောင့် ကျေးဇူးပြုပြီး ကျနော့်ကိုမျှော်
လင့်ချက်တွေမပေးပါနဲ့"

"မျှော်လင့်ချက်ပေးနေတာမဟုတ်ဘူး ကိုယ်တကယ်ပြောနေတာ ကိုယ်မင်းကိုပဲယူမှာ မင်းကိုပဲလက်
ထပ်မှာ ဒါကိုရှောင်မီ့ကိုလည်းပြောပြမှာ "

"ပြောစရာမလိုဘဲ မမလေးသိပြီးသားပါ"

"ဟင်"

"ဒီနေ့မမလေး လုပ်သွားတာတွေကြည့်ရင် အဖြေကရှင်းနေတာပဲ ကိုကို ကျနော်သည်လောက်တော့
အရိပ်အကဲသိပါတယ် ယံရွယ်ဆိုတဲ့တစ်ယောက်နဲ့
ကျနော့်ကိုနီးစပ်ချင်နေတာ တမင်ကျနေါ်နဲ့ လာမိတ်ဆက်ပေးတာ သိသာနေတာပဲကိုကို ဒါကြောင့်ဒိလိုတွေလုပ်နေတာကို ကိုကိုမသိဘူးလား?"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now