မင်းရဲ့ကိုယ်ပွား ၆
အစ်ကိုလေးနိုးမလာခင် သွေးကွက်နှင့်အဖြူကွက်လေးတွေရောနေသည့်အိပ်ယာခင်းကို အမြန်လဲထား
ကာ ယူလျှော်ထားလိုက်မိသည်။ အစ်ကိုလေးကအ
သန့်အရမ်းကြိုက်တာမလား။ အခုလိုညစ်ပတ်နေရင်သူနိုးလာတာနှင့်စိတ်တိုနေလိမ့်မည်။ ညကကျနော်နဲ့သူ့ရဲ့အရည်တွေနဲ့ ကျနော့်ရဲ့သွေးကွက်တွေက
အိပ်ယာမှာအကုန်ပေကျံသွားသည်မလား။ မနက်အစောကြီးထလျှော်နေရပေမယ့် ညကအစ်ကိုလေး
နှိပ်စက်ထားတာမို့ နာကျင်နေသည့်ကိုယ်က မနည်း
အားတင်းကာမတ်တပ်ရပ်နေရသည့်အခြေအနေပါ။
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေရပေမယ့် နိုးလာရင်အစ်ကိုလေးရဲ့ဒေါသနဲ့ရင်ဆိုင်ရမယ့်
အခြေအနေကို ရင်မဆိုင်ရဲတာမို့ လျှော်လိုက်တာပါ။
တကယ်ကစောင်တွေလျှော်တာကအဒေါ်ကြီးတွေဆိုပေမယ့်ကျနော်တို့နှစ်ယောက်ရဲ့အညစ်အကြေး
တွေပေကျံနေတာတွေကိုမလျှော်ခိုင်းရက်ဘူးမလား။"ကျန့်ကျန့်လေး"
"ဗျာ အဒေါ်ကြီး"
"သခင်လေး ရိပေါ် နိုးနေပြီ သားကိုရှာနေတယ်ကွဲ့
အမြန်သွားလိုက် သား""ဟုတ်"
အဒေါ်ကြီးကအစ်ကိုလေးရဲ့ဒေါသကိုသိတာမို့ ကျ
နော့်ကိုအမြန်လာခေါ်ခြင်းဖြစ်သည်။ အစ်ကိုလေးက
သူနိုးလာလို့ကျနော့်ကိုမမြင်ရရင် တစ်အိမ်လုံးကိုပတ်ရမ်းတတ်တာလေ။ ကျနော်လည်း ရေတွေကိုအကုန်ပြောင်အောင်သုတ်ပြီးမှအစ်ကိုလေးဆီသွားလိုက်မိသည်။ ရေစိုနေတာမြင်ရင်လည်း မနက်အစော
ကြီးဘာလို့ရေတွေကိုင်နေတာလည်း ဘာလည်းညာလည်းဖြင့်အရစ်ခံနေရဦးမယ်မလား။"နိုးပါပြီလား အစ်ကိုလေး"
"နိုးပြိပေါ့ ဘယ်အချိန်ရှိနေပြီလဲ မင်းကဘယ်ရောက်
နေတာလဲ?""ဟို အစ်ကိုလေးအတွက် ပျားရည်သွားဖျော်ပေးနေ
တာပါ ညကအစ်ကိုလေးအများကြီးသောက်ခဲ့လို့ မိုးလင်းရင် ခေါင်းမူးနေမှာစိုးလို့ပါ""...."
ပျားရည်ခွက်လေးကိုခေါင်းငုံ့ကာသွားပေးလိုက်မိပေ
မယ့် မကြည့်လည်းမျက်ဝန်းထောင့်ကနေမြင်နေရသည့် အစ်ကိုလေးရဲ့ဗလာကျင်းနေသည့်ကိုယ်ကြောင့် ညကအကြောင်းတွေပြန်တွေးမိကာ ရင်
တွေခုန်လာရလေတော့သည်။