မင်းရဲ့ကိုယ်ပွားလေး ၁၃

7.6K 461 6
                                    

"အစ်ကိုလေး ရောက်နေတာကြာပြီလားဟင်"

"ဟင့်အင်း ကိုယ်လည်းအခုမှရောက်တာ "

ကားလေးပေါ်သူတက်ပြီးသည်နှင့်မောင်းထွက်လိုက်
လေတော့ သူကခါးပတ်လေးကိုပတ်နေလေကာ
ကျနော့်ကိုလည်း ပြန်ကြည့်လာပြီး

"လာကြိုမယ်ဆိုတာ ကြိုလည်းမပြောထားတော့ ဖြေးဖြေးပဲ လုပ်နေမိတာ တောင်းပန်ပါတယ်နော် အကြာကြီးစောင့်လိုက်ရလားမသိဘူး"

"မစောင့်ရပါဘူးကလေးရာ အဲ့လိုမြန်မြန်ကြီးလုပ်နေမှာစိုးလို့ ကိုယ့်ကိုအားနာနေမှာစိုးလို့ တမင်မပြော
ပဲကိုယ်လာခဲ့တာပါကွာ"

"...."

"ဘာစားမလဲ ကလေး စပါကတီလား ဟော့ပေါ့လား ပင်လယ်စာလား ဘာစားမလဲ ကိုယ်တို့တစ်ခု
ခုဝင်စားကြမယ် "

"...."

"စားမေးပွဲအတွင်းပင်ပန်းမှာဆိုတော့ အားရှိအောင်
စားထားရမယ် ဒါမှစာကောင်းကောင်းလုပ်နိုင်မှာ ပြော ဘာစားချင်လဲ အိမ်ပဲ ပြန်မယ်လို့တော့မပြော
နဲ့နော် ပြောရင် ဒီတစ်ခါကိုယ်တကယ်စိတ်ဆိုးမှာ"

"...."

"ဘာစားချင်လဲ လို့ ကလေး"

"အစ်ကိုလေးကြိုက်တာ စားပါ"

တိုးတိုးလေးပြောလာသည့်သူ့အသံလေးကြောင့် ဝမ်းသာသွားမိကာ သူ့လက်ကလေးကိုဆွဲယူကာ နှုတ်ခမ်းတွေဖြင့် ဖိနမ်းလိုက်မိလေတော့သည်။ သူ
ကတော့ထုံစစံအတိုင်း ရှက်သွားကာ မျက်နှာလေးကို တစ်ဖက်သို့လှည့်ထားလေတော့သည်။

"Ok ဒါဆို ဟော့ပေါ့သွားစားကြမယ်"

"ဟုတ်"

😍😍

"စာတွေအကုန်ကျက်ပြီးပြီလား?"

"ဟုတ်"

"ရတာသေချာပြီလား?"

"ဟုတ်"

"မနက်ခင်းဖြေရမှာတွေကော အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်"

"တဟုတ်ဟုတ်နဲ့ကွာ ရှောင်းကျန့်မင်းကိုယ့်ကို အသည်းယားအောင် လုပ်နေတာလား?"

"အစ်ကိုလေးကလည်း"

ညဝတ်အကျႌလေးကို လက်မှာကိုင်ထားသည့်သူ
က ခေါင်းလေးငု့ံကာ ရပ်နေလေတော့ ကုတင်ပေါ်
ကနေကြည့်နေလိုက်မိရင်း

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now