"အာ့"
ကိုကိုက နီရဲနေသည့်ပါးပြင်လေးပေါ် အနွေးအိတ်လေးကပ်ပေးနေလေတော့ ရုတ်တရက်မို့ နာသွားကာအော်လိုက်မိပြီးမှ မကြည်သလိုကြည့်လာသည့်
ကိုကိုကြောင့် နှုတ်ခမ်းလေးကိုပြန်ကိုက်ထားလိုက်မိလေသည်။"ရ ရတယ်ကိုကို ကျနော့်ဘာသာကပ်လိုက်ပါ့မယ်"
"...."
စကားပြန်မပြောပဲ ဆက်ကပ်ပေးနေသည့် ကိုကိုကြောင့် ထပ်ပြီးလည်းမတောင်းရဲပေ။ ကိုကိုကဒေါသ
ထွက်နေတာကိုး ကိုကိုထပ်ဆူမှာကို ကြောက်သည်။"မနက်ဖြန် အိမ်ပြန်ကြမယ်"
"Huh?"
"အိမ်ကိုပဲ ပြန်နေကြမယ် မာမားဆီကို တစ်နေ့တစ်
ခေါက်လာတွေ့လိုက်မယ်""ဟင့်အင်း အဲ့လိုမလုပ်ပါနဲ့ ကိုကိုရယ် အခုသခင်မကြီးနေမကောင်းတာ ကိုကို့ကြောင့်လေ ကိုကို့စိတ်နဲ့ စိတ်ဆင်းရဲ ပြီးဖြစ်ရတာလေ ကိုကိုရယ် ဒါကြောင့် ဘယ်ကိုမှမသွားပါနဲ့တော့နော်"
ထိုအခါ ကိုကိုက အနွေးအိတ်ကလေးကို စားပွဲပေါ်
ချလိုက်ရင်း ကျနော့်မျက်နှာကိုသေချာကြည့်လာကာ လက်ဝါးဖြင့်လည်း ပါးပြင်ကိုခပ်ဖြေးဖြေးလေး
အုပ်ကိုင်ထားကာ"မင်းကို ကိုယ်တောင်အနာတရဖြစ်အောင်မလုပ်ဖူး
ဘူးလေ သူများကလုပ်တာကို ကိုယ်ကဒီအတိုင်းပဲ
ကြည့်နေရမှာလား?"ငါ မဟုတ်တော့ဘဲ ကိုယ်ပြန်ဖြစ်သွားတာမို့ ကိုကိုလေးနည်းနည်းစိတ်တည်ငြိမ်သွားပြီဆိုတာကို သိသွားကာ အနည်းငယ် စိတ်အားတက်သွားရလေသည်။
"သူများ မဟုတ်ဘူးလေ ကိုကိုရယ် သခင်မကြီးလေ ကိုကို့ရဲ့မာမားလေ ကိုကို့မာမားက ကျနော့်မာ
မားပဲပေါ့ မဟုတ်ဘူးလား""အဲ့ဒီအခြားလူက မာမားဖြစ်နေလို့ပေါ့ မာမားဖြစ်
နေလို့မင်းတားတာကို နားထောင်တာ မာမားသာ
မဟုတ်ရင် ချက်ချင်းသွားလုပ်ပစ်ပြီ"ကျနော်သိပါတယ် ကိုကိုရယ် ဒါကြောင့်လည်း မမ
လေးနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေကို ကျနော်မပြောခဲ့တာပေါ့။ မမလေးကိုသာဆို ကိုကိုသွားပြောမယ်ဆိုတာကိုသိနေတာမိ့ု ကျနော်မပြောခဲ့တာပါ ကိုကို။ ကိုကို့ကိုကြည့်နေရင်းမှ ညစာမစားရသေးတာကို
သတိရကာ