"ဘယ်သွားမလို့လဲကွ"
"အနှောက်အယှက်ဖြစ်သွားလားကိုကို တောင်းပန်ပါတယ် ကျနော်က ကိုကိုတစ်နေကုန်ကွန်ပျူတာနဲ့
အလုပ်တွေရှုပ်နေတော့ အဆာပြေကော်ဖီနဲ့မုန့်လာ
ပို့တာပါ"စာကြည့်ခန်းထဲမှာ အလုပ်တွေလုပ်နေသည့် ကိုကို့
အတွက် ကော်ဖီနဲ့မုန့်တွေအသာလေးသွားချပေးပြီး
ပြန်ထွက်ရန်ပြင်လိုက်တော့ ကိုကိုက လက်ကနေ
ဆွဲထားကာ သူ့ပေါင်ပေါ်ထိုင်စေသည်။ ခါးကနေ
ကျနော့်ကိုယ်ကို ဖက်ထားလိုက်ရင်း"မဖြစ်ပါဘူးကွာ ကိုယ်လည်း ကော်ဖီသောက်ချင်
နေတာနဲ့အတော်ပဲ ကိုယ့်ယောကျာ်းလေးက သိပ်အလိုက်သိတာ"ကျနော့်ပါးကို ဖျစ်ညှစ်ကာပြောလာရင်း ကော်ဖီတ်စငုံက်ိုယူသောက်လိုက်လေသည့်ကိုကိုက ကျနော့်ကိုလည်း သူ့ပေါင်ပေါ်ကမဆင်းခိုင်းပေ။
"ကိုကိုအေးဆေးသောက်လေ ကျနော်ဖယ်ပေးမယ်"
"ဟင့်အင်း ဒီတိုင်းပဲသောက်မယ် ကိုယ့်ယောကျာ်း
လေးကိုလည်းဖက်ထားချင်လို့"ယောကျာ်းဆိုတာကြီးက ကျနော့်အတွက်စိမ်းသက်
နေသည့်စကားလုံးကြီးဖြစ်နေကာ ကိုကိုထိုသို့သုံး
လိုက်တိုင်း ကျနော့်ရင်ထဲတမျိုးကြီး။ ရှက်နေတာလို
လို မနေတတ်တာလိုလိုကြီး။ အိမ်ထောင်သည်ဘဝ
ကဒီအတိုင်းပဲထင်သည်။ ကိုကို့ပေါင်ပေါ်ထိုင်နေလေတော့ ကိုကို့ရဲ့ဝင်လေထွက်လေနွေးနွေးက ကျနော့်လည်တိုင်တွေကို လာရိုက်ခတ်နေတာကလည်း
နေရခက်ကာ ချွေးပျံစေတာမို့ အာရုံပြောင်းသည့်အ
နေဖြင့် ကွန်ပျူတာပေါ်အကြည့်တွေပို့ထားလိုက်မိလေသည်။"ကိုကို အလုပ်တွေ အရမ်းများနေတာလားဟင်"
"မများပါဘူး လူကိုယ်တိုင်မသွားတော့ အင်တာနက်ကနေပဲ ပြောနေရတာဆိုတော့ နည်းနည်းအလုပ်
ပိုသွားရုံလေးပါ ကိုယ့်အတွက်ကမပင်ပန်းပါဘူး"ဟုတ်သားပဲ ကိုကိုက အလုပ်ကိုမသွားတော့တာ ကျနော်တို့ခိုးပြေးလာကထဲကပင်။ သခင်မကြီးတို့
နဲ့လောလောဆယ်စကားမပြောချင်လို့ အလုပ်ပါမ
တက်ပဲ အိမ်ကနေသာ ညွှန်ကြားပေးနေလေသည်။ ကျနော်ကတော့ စာမေးပွဲတွေပြီးလို့ကျောင်းပိတ်ထားတာမို့ပူစရာမရှိပေမယ့် ကိုကိုကတော့ပူရမယ်မ
လား။ သူ့အတွက်အလုပ်တွေကရှိနေသေးသည်လေ။