"ရှောင်းကျန့်"
ကိုကိုအပေါ်တက်လာတာကိုသိပေမယ့် စောင်ကိုသာလုံနေအောင်ခြုံကာငြိမ်နေလိုက်မိလေတော့သည်။ အနားကိုရောက်လာပြီး ကုတင်ပေါ်တက်ထိုင်လာတာကိုသိသည်အထိ ကျနော်မလှုပ်ရဲသေးပေ။
"ရှောင်းကျန့် မင်းမအိပ်သေးတာ ကိုယ်သိတယ်နော် မင်းအဲ့လောက် အစောကြီးမအိပ်တတ်ဘူးဆိုတာသိတယ် ပြီးတော့ မင်းကိုယ်ပြန်မလာခင်မအိပ်တတ်ဘူးဆိုတာ ကိုယ်သိတယ် ထ "
အတင်းသာကြိတ်မှိတ်ကာ အိပ်နေမိတာက ကိုကိုနဲ့
စကားမပြောချင်လို့မှမဟုတ်တာ ကျနော့်ပါးကဒါဏ်
ရာကိုသာတွေ့သွားရင် ကိုကိုကို့ဘယ်လိုပြန်ပြောရပါ့မလဲ။ တစ်အိမ်လုံးပြဿနာဖြစ်သွားရမယ့် ကိစ္စ
ကိုတော့ကျနော်မဖြစ်စေချင်ဘူးမလား။ ဒါပေမယ့်
ကျနော့်အကြောင်းကို သိနေနိုင်လွန်းသည့်ကိုကိုကြောင့် ကျနော်အိပ်နေတာမဟုတ်ဘူးဆိုတာကိုလည်း ကိုကိုကသိနေပြန်လေသည်။ ကိုကို့ကိုကြောက်ပေမယ့် ဆက်ဖြစ်လာမယ့်ပြဿနာတွေကိုလည်း
ကြောက်သည်။"ရှောင်းကျန့် ကိုယ့်ကိိုိစိတ်တိုအောင်လာမလုပ်နဲ့နော် ကိုယ်စိတ်မရှည်တော့ဘူး နော် ရှောင်းကျန့် မင်းကိုယ့်ကို စိတ်ညစ်အောင်ဒီလောက်န့ဲပဲတော်တော့နော် မနက်ကလည်း မင်းလုပ်လိုက်လို့ ကိုယ့်မှာတစ်နေကုန် စိတ်နဲ့လူနဲ့ မကပ်ဘူး အခုလည်းဘာတုန်း
ကွာ ""...."
"ရှောင်းကျန့် ထပါဦးကွာ တစ်ခုခုတော့ရှင်းပြသင့်တယ်မလား မင်းအခုလိုဖြစ်နေရတဲ့အကြောင်းနဲ့ပတ်သက်ပြီးပေါ့ မင်းကမပြောရင် ကိုယ်ကဘယ်လိုသိမှာလဲ ဘယ်လိုဖြေရှင်းပေးရမှာလဲ မင်းပြောမှ
ကိုယ်လုပ်ပေးနိုင်မှာပေါ့ မင်းမပြောရင် ကိုယ်ကဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလေကွာ ဒါကြောင့်ထပြီး
ကိုယ့်ကိုတစ်ခုခုတော့ပြောပါ ထ ရှောင်းကျန့်""အို ကိုကို"
ရုတ်တရက်မထင်မှတ်စွာ ကိုကိုက စောင်ကိုခွာပစ်
လိုက်ပြီး ကျနော့်ကိုလက်ကနေဆွဲထူပစ်လိုက်တာမို့
ခေါင်းကိုအမြန်ငု့ံပစ်လိုက်မိလေသည်။ ကိုကို့ကိုကျနော့်မျက်နှာက ဒါဏ်ရာမမြင်စေချငိပါ။ မနက်က
စိတ်ညစ်အောင်ကျနော်ကလုပ်လိုက်မိတယ်တဲ့ ကျနော်တကယ်မကောင်းဘူးနော် အခုလည်းကျနော့်ကြောင့်ကိုကိုစိတ်ညစ်ရတော့မယ်။ ခေါင်းကိုသာအတင်းငု့ံထားလိုက်မိလေတော့ ကိုကိုကပခုံးသားတွေကိုတင်းကြပ်စွာ ဆုပ်ကိုင်ဆောင့်ခါပစ်လိုက်ရင်း