မနက်စာထည့်ထားသည့့်ဗန်းလေးကိုကိုင်ရင်း အထဲဝင်ရမလား မဝင်ရမလား စဉ်းစားနေမိလေသည်။
သခင်ကြီးကတော့မနက်စာစားပြီးအလုပ်သွားလေပြီ။ သခင်မကြီးကိုပို့ဖို့ရန်စိတ်ထဲကကြောက်ရွံနေမိလေသည်။ လက်ထဲကဗန်းလေးကိုတင်းနေအောင်ကိုင်ထားရင်း ဝင်ရန်ဆုံးဖြတ်လိုက်တာ အခန်းတံခါးကို သာသာလေးဖွင့်ဝင်လိုက်တော့ အိပ်ယာပေါ်မှာ ကုတင်ခေါင်းရင်းကိုမှီရင်းထိုင်နေသည့်သခင်မ့ကီးကိုတွေ့လိုက်ရလေသည်။ ကျနော့်ကိုစိုက်ကြည့်နေသည့်မျက်ဝန်းတွေကြောင့်အနည်းငယ်တွန့်သွားပေမယ့် မနက်စာကိုစားပွဲပေါ်သွားတင်ပေးထားလိုက်မိသည်။"ဒီကိုလာဥိ်း"
သခင်မကြီးက ခေါ်လေတော့ ထွက်ရန်ပြင်နေသည့်
ကျနော်ပြန်လှည့်လိုက်ကာ သခင်မကြီးအနားကို
တိုးကပ်သွားလိုက်မိစဉ်"ဖြောင်း"
ပါးပြင်ပေါ်ကိုကျရောက်လာသည့်သခင်မကြီးရဲ့လက်ဝါးကြောင့် လူကမူးမိုက်သွားရလေတော့သည်။
မျက်နှာတစ်ခုလုံးလည်ထွက်သွားပြီးထူပူကျိန်းစပ်
သွားတာမို့ မျက်ရည်တွေပင်ဝဲလာရပြီး နာကျင်သွားသည့်ပါးလေးကိုကိုင်ကာ သခင်မကြီးကိုမော့ကြည့်လိုက်မိတော့"နာလား ရှောင်းကျန့် ငါရိုက်တာနာတယ်ပေါ့ ဟုတ်လား? ငါကအခုမင်းနာတာထက် အဆတစ်ရာမက
နာတယ် မင်းသိရဲ့လား ငါ့ရဲ့အဖိုးတန်သားလေးကို
မင်းယူသွားတာ ငါအများကြီးနာကျင်ရတယ်မင်းသိ
ရဲ့လား?""ကျနော်တောင်းပန်ပါတယ် ကျနော်တောင်းပန်ပါ
တယ် သခင်မကြီးရယ် ကျနော်တောင်းပန်ပါတယ်'"တောင်းပန်တယ်ဟုတ်လား မင်းကတောင်းပန်တယ်ဆိုတဲ့စကားလေးနဲ့ပြီးသွားပေမယ့် ငါကသားတစ်ယောက်လုံးကိုဆုံးရံှုးလိုက်ရတာ မင်းသိရဲ့လား
ဟင် မငး်သိရဲ့လား"ကျနော့်ပခုံးတွေကိုကိုင်လှုပ်ကာပြောလာရင်းငိုလာသည့်သခင်မကြီးကြောင့်ကျနော်လည်းဝမ်းနည်းလာကာငိုချလိုက်မိလေတော့သည်။
"ကျနော်တောင်းပန်ပါတယ် ကျနော်တကယ်တောင်းပန်ပါတယ်"
"မတောင်းပန်နဲ့ မကျေနပ်ဘူး မင်းကိုငါမကျေနပ်ဘူး ငါ့သားကိုငါ့ဘဝထဲကထုတ်သွားတဲ့မင်းကိုမကျေနပ်ဘူး"