"ဟင်"
စားပွဲပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ မနက်၇
နာရီထိုးနေပြီမို့ ကျနော်မျက်လုံးပြူးသွားကာ ထရန်ပြင်လိုက်မိတော့ ကျနော့်ခါးကိုရစ်ပတ်ထားသည့်
အစ်ကိုလေးလက်တစ်စုံကြောင့် ခဏငြိမ်လိုက်မိသည်။ ညကတစ်ညလုံးသောင်းကျန်းထားကာ မနက်လင်းခါနီးမှ အစ်ကိုလေးက အိပ်ခွင့်ပေးခဲ့တာမို့ ကျနော်နှစ်ခြိုက်စွာ အိပ်ပျော်သွားမိပြီး ဒီအချိန်မှ နိုး
လာခြင်းပင်ဖြစ်လေသည်။ သခင်မကြီးကတော့ ကျနော့်ကိုဆူတော့မှာပဲ။ ဒီအချိန်ထိအိပ်နေရသလားဆိုပြီး။ ခါးပေါ်ကအစ်ကိုလေးလက်ကို အသာလေးဆွဲဖယ်ကာ ကုတင်ပေါ်ကနေဖြေးဖြေးချင်းဆင်း
လိုက်မိတော့"အာ့"
ခါးရိုးတစ်လျှောက် နာကျင်သွားသည့် နာကျင်မှုကြောင့် မျက်ဝန်းတွေမှိတ် ကာ ခဏလေးပြန်ငြိမ်
ထားလိုက်ရလေသည်။ နာလိုက်တာ အောက်ပိုင်းတစ်ခုလုံးနာကျင်ကျိန်းစပ်နေကာ တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသကဲ့သို့ ကိုက်ခဲနေလေသည်။ နှုတ်ခမ်းကိုကိုက်ကာ အားတင်းထလိုက်ရင်း ရေချိုးမျက်နှာသစ်ရန် ပြင်ဆင်ရလေတော့သည်။ သေချာတယ် သခင်မကြီးဆူတာကို ခံရတော့မယ်ဆိုတာ။ ရေ
ကိုအမြန်ချိုးကာ ပြောင်အောင်ပင်မသုတ်တော့ဘဲ အောက်ထပ်ကိုပြေးဆင်းလိုက်မိတော့ ထင်သည့်အတိုင်း သခင်မကြီးက မီးဖိုထဲမှာ ရပ်စောင့်နေတာမို့ ခေါင်းကိုငု့ံထားလိုက်မိသည်။"ဘာတွေလုပ်နေလို့ အိပ်ရာထနောက်ကျနေတာလဲ တစ်ညလုံးအိပ်နေရတာတောင် မနက်လည်းအစောလေးမထနိုင်ဘူးပေါ့ ဟုတ်လား ဒီမှာ သခင်ကြီးကအလုပ်သွားတော့မယ်လေ ဘာမှမပြင်ဆင်ရသေးဘူး ဘယ်မှာလဲမနက်စာ ညကဘာတွေလုပ်နေလို့ ဒိလောက်တောင်အိပ်နေရတာလဲ?"
"ဟို"
"မင်းကလည်းကွာ ထားလိုက်ပါ ကလေးလည်းတစ်
ခါတစ်လေအိပ်ချင်ရှာမှာပေါ့ သူ့ခမျာ မနက်တိုင်းအစောကြီးထပြီး လုပ်ပေးနေတာပဲကွာ ဆူမနေပါနဲ့ ဆေးကျောင်းသားတစ်ယောက်မှာ လုပ်စရာစာတွေအများကြီးဆိုတာ မင်းမသိဘူးလား"အစ်ကိုလေးအဖေကဝင်ပြောလေတော့ သခင်မကြီးကခါးကိုထောက်လိုက်ရင်းကျနော့်ကိုကြည့်နေရာ
ကနေ သခင်ကြီးဘက်ကိုလှည့်လိုက်ကာ