"မာမား"
သခင်မကြီးဝင်ပြောလိုက်လေတော့ သူမကအ့ံသြ
သွားကာ လှည့်ကြည့်လိုက်လေတော့ သခင်မကြီးကအေးဆေးစွာပင် သူမကိုကြည့်လိုက်ရင်း"သားနဲ့ယူထားပြီဆိုတော့လည်း အလုပ် သမားလို
ဆက်ဆံလို့မရတော့ဘူးမလားကွယ် သားပဲသိက္ခာ
ကျမှာပေါ့""ဒါပေမယ့် သူက"
"ထားလိုက်ပါ အရေးမတာတွေကို ဂရုစိုက်မနေပါနဲ့
သမီးရယ် လာပါ အနားကို""ဘာလဲ မာမား မာမားက အခုသူ့ကိုလက်ခံလိုက်တာလား?"
"လက်မခံလို့ရမလား သားနဲ့လက်ထပ်ထားပြီလေ
လက်မခံလည်း သူကကိုယ့်သားရဲ့အိမ်ထောင်ဖက်
ကအိမ်ထောင်ဖက်ပဲလေ ပြန်ပြင်လို့မှမရတော့တာ""ဘာလို့ ပြင်လို့မရ ရမှာလဲ သူကယောကျာ်းလေး
လေ အတူတူနေရုံနဲ့ဗိုက်ကြီးမယ့် မိန်းမတစ်ယောက်မှမဟုတ်တာ"သူမကမကျေမနပ်ဖြင့် သခင်မကြီးအနားကိုသွား
ကာပြောလေတော့ သခင်မကြီးကအေးဆေးစွာ
သာနားထောင်နေလေသည်။"အဲ့လိုမိန်းမတစ်ယောက်ဖြစ်နေရင် ဂရုမစိုက် ဘူး
သမီး အခုဟာက ဗိုက်မကြီးနိုင်တဲ့ ဒိလိုယောကျာ်း
တစ်ယောက်ကိုတောင် သားကအထိမခံနိုင်အောင်
သည်းသည်းလှုပ်နေလို့မတားတော့ဖို့ ဆုံးဖြတ်လိုက်တာ""မဖြစ်နိုင်တာ သံယောဇဉ်ကြောင့် သံယောဇဉ်ကို
သူကအချစ်လို့ထင်နေတာ အချစ်လို့ထင်ပြီး ရိပေါ်
ကအခုလိုလုပ်ချင်ရာတွေလုပ်နေတာကို မာမားက
ပါအခုမတားတော့ဘူးလား?""ရှောင်းကျန့် သွားတော့ "
"ဟုတ်"
လက်တွေကိုပိုက်ထားရင်းခေါင်းငု့ံကာရပ်နေလိုက်မိ
ရင်း ခြေဖျားလက်ဖျားတွေအေးစက်လာရလေသည်။ သူမဘာလို့ကျနော့်ကိုဒီလောက်တောင်မုန်းနေ
ရတာလဲ ။ တော်သေးသည် သခင်မကြီးကပြောလေတော့ ပြန့်ကြဲနေသည့် အပိုင်းအစတွေကိုကောက်ပြီး ပြန်ထွက်ရန် ပြင်လိုက်စဉ်"ထားခဲ့လိုက် "
"ဗျာ"
"အဲ့ဒါတွေအဒေါ်ကြီးလုပ်လိမ့်မယ် မင်းကကျောင်း
ပြန်ဖွင့်တော့မှာမလား လုပ်စရာရှိတာသွားလုပ်တော့"