မင်းရဲ့ကိုယ်ပွားလေး ၂၁

6.9K 433 8
                                    

"ရှောင်းကျန့်"

"ဟင်"

ကျောင်းဆင်းချိန်မို့ စီးနေကြဘစ်ကားကထိုင်ခုံမရမှာစိုးကာ အမြန်ပြေးသွားမိရင်း ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ မမလေးဖြစ်နေတာမို့ အရိုအသေပေးလိုက်မိစဉ်

"လာပါဦး ဒိကို"

"ဟုတ်"

"ဒီမှာ တို့မောင်လိုခင်ရတဲ့ ဂျူနီယာလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ တစ်ကျောင်းထဲဆိုတော့ ခင်ခင်မင်မင်ရှိအောင်လေ"

"ဟုတ်"

"သူ့နာမည်က ယံရွယ်တဲ့ ဆေးကျောင်း နောက်ဆူံးနှစ် ရှောင်းကျန့်တစ်ခုခုအကူညီလိုရင် တောင်းလို့ရတာပေါ့ သြော် ယံရွယ် သုကရှောင်းကျန့်တဲ့ တို့သတိုးသားလောင်းရဲ့ညီပေါ့"

မမလေးရဲ့မိတ်ဆက်စကားကြောင့် ကျနော့်ရင်ထဲ
လှိုက်ခနဲဝမ်းနည်းသွားရကာ သူမအပေါ်အပြစ်ရှိနေ
သလိုခံစားလိုက်ရလေသည်။ ကြောင်တွေစွာ ရပ်နေမိစဉ် ကျနော့်ရှေ့ကလူကလက်ကိုထုတ်ပေးလာရင်း

"ကိုယ်က မင်းရဲ့စီနီယာပေါ့ အကူအညိလိုရင်ပြော
ပါ အားမနာပါနဲ့"

"ဟုတ်"

ထိုလူ့လက်ကိုမရဲတရဲ ဖြင့်ပြန်လက်ဆွဲနှုတ်ဆက်လိုက်မိတော့ ထိုလူကပြုံးပြလာလေတာမို့ ကျနော်က
ခေါင်းကိုသာငြိမ့်ပြလိုက်မိသည်။ သူစိမ်းတွေရှေ့ဆို
သိပ်ပြုံးလေ့မရှိတာမို့ စကားလည်းမပြောတတ်သလိုပြုံးလည်းမပြုံးပြတတ်ပါ။

"ရှောင်းကျန့်"

အစ်ကိုလေးခေါ်သံကြားလို့လှည့်ကြည့်လိုက်မိတော့
မျက်နှာကြီးတစ်ခုလုံးနီရဲကာ မျက်ထောက်နီဖြင့်
ကြည့်နေသည့်အကြည့်တွေရဲ့တည်နေရာက ကျနော်တို့လက်ဆွဲနှုတ်ဆက်နေသည့်နေရာကိုဖြစ်နေတာမို့ ချက်ချင်းလက်ကိုပြန်ဖြုတ်ပစ်လိုက်မိသည်။
အိတ်ကိုသာလက်ဖြင့်တင်းနေအောင်ဆုပ်ကိုင်ထား
မိရင်း အစ်ကိုလေးကိုကြည့်နေမိလေသည်။

"အစ် အစ်ကိုလေး"

"ဘာလုပ်နေတာလဲ အဲ့ဒါ ကျောင်းဆင်းတာကို အိမ်မပြန်ပဲ အဲ့ဒါဘာလုပ်နေတာလဲ"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now