မင်းရဲ့ကိုယ်ပွားလေး ၁၇

7K 435 14
                                    

"ရှောင်းကျန့်"

"Huh?"

ဝတ်စုံဆိုင်ထဲကနေ အမြန်ထွက်လာကာ အစ်ကိုလေးမမြင်ခင်အိမ်ကိုအပြေးသွားလိုက်မယ်ဆိုတဲ့အကြံအစည်က သည်နေရာမှာတင် ပျက်သွားခဲ့ရ
လေတော့သည်။ ဆိုင်ရှေ့မှာစောင့်နေသည့်အစ်ကို
လေးကိုမြင်လိုက်ရတာမို့ ကျနော်ခေါင်းကုတ်လိုက်မိ
ကာ သွားလိုက်သည်။

"ဝတ်စုံယူခဲ့ပြီလား?"

"ဟုတ်"

"အတူတူသွားယူမယ်ဆိုတာကို ဘာလို့မစောင့်တာ
လဲ?"

"ဟို ညကျ စာကျက်စရာရှိသေးလို့ပါ ဒါကြောင့်အ
စောလာယူလိုက်တာပါ ပြီးမှဆိုင်ရှေ့မှာအစ်ကိုလေး
ကိုစောင့်နေမလို့ပါ"

"မစောင့်ပဲ ပြန်မှာမဟုတ်ဘူးလား"

အစ်ကိုလေးမေးလာလေတော့ ခေါင်းလေးကိုငု့ံထား
ကာသာ ဆိတ်ဆိတ်နေလိုက်မိလေတော့သည်။ လိမ်ညာသည့်နေရာမှာ မပီပြင်လွန်းသည့်ကိုယ်က အခုလည်း အစ်ကိုလေးရိပ်မိမှာစိုးတာကြောင့် ဆိတ်နေခဲ့လေသည်။

"လာ ကားပေါ်တက်"

"ဟို အစ်ကိုလေး"

"အင်း"

"ဘယ်သွားမှာလဲဟင်"

"တစ်နေရာရာသွားကြမယ်လေ အပန်းဖြေအိမ် ဒါမှ
မဟုတ် ကမ်းခြေ တစ်ခုခု သွားကြမယ်"

"ဟိုလေ အစ်ကိုလေး"

"Inn"

"ဟို မမလေးနဲ့လည်းချိန်းထားပြီးသားဆိုတော့ ဒိနေ့တော့သွားလိုက်ပါ့လားဟင် ကျနော်နဲ့ကနောက်နေ့တွေမှသွားလည်းရနေတာပဲလေနော်"

အစ်ကိုလေးက ကျနော်ပြောတာကိုနားမထောင်ဘဲ
ကားတံခါးကို ဖွင့်နေတာမို့ ဘာလုပ်လိုက်ရမှန်းမသ်ိ
ဖြစ်နေလေသည်။

"ချိန်းထားပြီးလည်း ငါမှမသွားချင်တာ လာ တက်
တစ်နေရာရာသွားရအောင်"

"အစ်ကိုလေးကလည်း ကျနော်လည်း စာကျက်စရာရှိလို့လေ ဝတ်စုံလေးလည်းယူထားပြီးပြီပဲ သွား
လိုက်ပါ့လားဟင်"

အစ်ကိုလေးက သက်ပြင်းကိုချကာ ကျနော့်ကိုစူးစိုက်ကြည့်လာပြီးမှ လက်ကနေလာဆွဲခေါ်ကာ ကား
ထဲအတင်းဆွဲသွင်းလိုက်ပြီး ခါးပတ်ကိုပါသေချာပတ်ပေးပြီးမှ ပခုံးတွေကိုကိုင်ရင်း

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now