"ငါနင့်ကို ဘယ်လောက်လွမ်းနေတယ်ထင်လဲ ဟို
မှာ သာနေရတာနင့်ကိုငါအမြဲလွမ်းနေတာ""နေ့တိုင်းလိုင်းပေါ်တွေ့နေတာပဲကို"
"နင်ကလိုင်းပေါ်သာရှိတာလေ ငါကခေါ်ရင် မအား
တာနဲ့ပင်ပန်းတာနဲ့ဘယ်နှခါများငါနဲ့သေချာပြောဖူး
လို့လဲ?"မနက်စာဝိုင်းမှာသူမကဘေးမှာလာကပ်ထိုင်ရင်း ပွ
စိပွစိပြောနေလေတော့ မာမားတို့က တပြုံးပြုံးဖြစ်
နေသလောက် ကျနော်ကတော့ တကုပ်ကုပ်ဖြင့် ဘာတွေအလုပ်ရှုပ်နေသည်မသိတဲ့ ရှောင်းကျန့်ကို
သာမျက်မှောင်ကြုတ်ကြည့်နေမိလေသည်။"အန်တီသိလား သမီးကသာလေ သူ့ကိုသတိရတာ
သူကသမီးကိုသတိတောင်ရတဲ့ပုံမပေါ်ဘူး ဖုန်းခေါ်
ရင်လည်းမကိုင်ဘူး လိုင်းပေါ်ရှိနေရင်လည်း ဘယ်လောက်ခေါ်ခေါ်ပြန်မဖြေဘူး အန်တီရဲ့""ရပါတယ် သမီးရဲ့ ရိပေါ်ကဒိလိုပဲနေတတ်လို့ပါ သ
မီးလေးအကြောင်းအမြဲပြောပါတယ်""တကယ်လားအန်တီ "
"တကယ်ပေါ့ကွယ်"
"ဟွန့်ပြီးရော အန်တီပြောလို့သာယုံရတာ သမီးက
တော့သတိရတယ်ဆိုတာ မယုံချင်ဘူး ရေခဲတုံးကြီး"သူမကကော်ဖီတစ်ငုံကိုသောက်လိုက်ပြီးမှ ကော်ဖီ
လိုက်ဖြည့်ပေးနေသည့် ကလေးကိုမော့်ကြည့်လိုက်
ရင်း"ဒါ ဟိုကလေးမဟုတ်လား ဘယ်သူ ရှောင်းကျန့်မ
လား?""ဟုတ်တယ်လေ သူကအခုဆေးကျောင်းတက်နေ
ပြီ""သိပါတယ် နင်ခဏခဏပြောနေတာပဲဟာ ဒါနဲ့ မင်း တို့ကိုမှတ်မိလား?'
ကလေးကမဖြေပဲ ခေါင်းလေးငုံ့ကာသာနေလေတော့ ကျနော်ကပဲ ကြားထဲကနေဝင်ဖြေပေးလိုက်ရ
လေသည်။ ကျနော်ကလွဲရင် သူဘယ်သူ့ကိုမှအရောတဝင်နေတာ ကျနော်မကြိုက်ပါ။ အကုန်လုံးနဲ့
ကင်းကင်းရှင်းရှင်းတာနေစေချင်တာမို့ သူ့အစားကျ
နော်ကသာပြန်ဖြေပေးနေမိသည်။"ဘယ်မှတ်မိပါ့မလဲ မင်းကိုတစ်ခါလောက်ပဲတွေ့ဖူး
လိုက်တာကို ပြီးတော့ သူက ငယ်သေးတယ်""ဟုတ်သားပဲ မင်းကမသိပေမယ့် ငါကတော့မင်းကို
သိတယ် ဝမ်ရိပေါ်ကလေ ငါနဲ့စကားမပြောဘူး ပြော
လိုက်တိုင်းလည်း မင်းအကြောင်းကမပါမဖြစ်ဆိုတော့ ငါကမင်းကိုသိနေတာ မင်းဘယ်လောက်တော်
ကြောင်းကိုလည်းချီးမွမ်းလိုက်တာ အမြဲပဲ"