"ရှောင်းကျန့်"
"ကိုကို ကိုကို"
သတိရလာလို့ကျနော့်ကိုမြင်လိုက်သည်နှင့် သူက
ချက်ချင်း ငုတ်တုတ်လေးထထိုင်လိုက်ပြီး ကျနော့် ကိုယ်ကိုပွေ့ဖက်လိုက်တာမို့ ကျနော်လည်းကျောပြင်လေးကိုပွတ်သပ်ကာ ချော့နေလေမိလေတော့သည်။ တအားလည်းမဖက်ရဲဘူး သူလေး အသားလေးတွေနာသွားမှာစိုးသည်မလား။"ကျနော်ကြောက်နေခဲ့တာ ကိုကို ကိုကိုမလာမှာကျ
နော်ကြောက်နေခဲ့တာ ကိုကို့ကိုပဲတမ်းတနေခဲ့တာ
ကိုကိုလာကယ်ပါစေလို့ဆုတောင်းနေမိတာပါ ကိုကိုရယ် ကိုကို့ကိုပဲ တမ်းတနေမိတာပါ ""ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ် တစ်ယောက်ထဲလွှတ်ထားမိတဲ့အတွက်လည်း တောင်းပန်
ပါတယ် အနားမှာမရှိပေးနိုင်ခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်""အခုကိုကိုအနားမှာရှိနေရင် ကျနော်ပျော်ပါပြီ ကိုကို့အနားမှာရှိနေရရင်ကို ကျနော်လုံခြုံသွားပါပြီ
ကျနော့်အနားမှာ ကိုကိုရှိနေရင် ရပါပြီကိုကိုရယ်"""မကြောက်နဲ့တော့နော် ရှောင်းကျန့် ကိုယ်ရှိတယ်လေနော် ကိုယ်အနားမှာရှိနေပြီလေနော် ဘာမှမ
ကြောက်နဲ့တော့နော် အကုန်အဆင်ပြေသွားပြီလေနော် ကိုယ်ဘယ်မှမသွားတော့ဘူး မင်းအနားမှာ
ပဲနေတော့မယ်လေနော် ကလေးနော် မကြောက်နဲ့တော့နော်"ကျနော့်ကိုယ်ကိုပွေ့ဖက်ကာ ငိုနေသည့်သူလေးကို
မကြောက်တော့ရန်ဖျောင်းဖျနေမိပြီး အသာလေးပွေ့ဖက်ထားလိုက်မိလေတော့သည်။ သနားပါတယ် သူလေးတော်တော်ကြောက်လန့်သွားရှာမှာပင်။ မှောင်နေသည့်အခန်းကြီးထဲမှာ တစ်ယောက်ထဲလေး
ဘယ်လောက်တောင်မှ ကြောက်နေလိုက်မိလဲ။ ပြန်တွေးမိတိုင်း ရင်ထဲမှာ မကောင်းဘဲ သူ့ကိုသနားနေမိလေသည်။ တစ်ယောက်ထဲလွှတ်ထားလိုက်မိသည့် ကိုယ့်ကိုယ်ကိုလည်းအပြစ်တင်လို့မဆုံးတော့ပေ၊"မာမားတို့က ရဲစခန်းကိုသွားတယ်ကလေး ရှောင်းမီကိုအမှုဖွင့်မလို့တဲ့"
"ဟင့်အင်း မဖွင့်ပါနဲ့ကိုကို"
"ဟင်"