"ရှောင်းကျန့်"
"ကိုကို"
ူ'စောင့်နေရတာ ကြာသွားပြီလား အစည်းဝေးကနောက်ကျသွားလို့ တောင်းပန်ပါတယ်ကွာ"
"ရပါတယ် "
ကားပေါ်တက်လိုက်သည်နှင့် ကိုကိုကဘေးကိုစောင်းငဲ့ကာဖြင့်ခါးပတ်လေးကိုပတ်ပေးလာတာမို့ ကျနော်လည်းအသက်အောင့်ထားလိုက်မိလေသည်။ ကျနော်အခုချိန်ထိကိုကို ဒီလိုတွေနီးကပ်လာရင် ရင်တွေခုန်နေမိတုန်းပင်။
"ကိုယ်တို့ ညစာစားမယ်ဆိုရင် အမြဲဒီလိုပဲနော် အမြဲအလုပ်ကတစ်ခုမဟုတ်တစ်ခုကပေါ်ပေါ်လာတတ်တာနော်"
"ကျနော်ကရပါတယ် ကိုကိုရဲ့ ကျနော့်ကိုအားမနာ
ပါနဲ့ အခုမှကျောင်းဆင်းတာပါ အကြာကြီးမစောင့်လိုက်ရပါဘူး""ဟုတ်လို့လားကွာ"
"ဟုတ် ကိုကို"
ကိုကိုက ရုတ်တရက်ကျနော့်ပါးပြင်လေးကိုနမ်းရှိုက်လိုက်တာမို့ ကိုယ့်ပါးပြင်လေးကို ကိုင်ကာကြည့်လိုက်တော့
"အား အခုမှပဲအမောပြေသွားတော့တယ်ကွာ တစ်နေကုန်ပင်ပန်းနေတာ"
မျက်နှာလေးနွမ်းလျလျလေးဖြင့်ကိုကိုကပြောလာလေတော့ ကျနော်ဘာမှဆက်မပြောတော့ဘဲ ကိုကို့ကိုသာငေးကြည့်လိုက်မိရင်း
"ကိုကိုပင်ပန်းနေတဲ့အချိန်တိုင်း ကျနော်ကကိုကို့အ
တွက် အားဖြစ်နေတဲ့အတွက် ဝမ်းသာပါတယ်ကိုကို"ကိုကိုကကျနော့်လက်ကလေးကိုဆွဲယူလာရင်းသူ့
လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်လာရင်း နှုတ်ခမ်းဖြင့်အ
သာဖိကပ်လာကာ"မင်းကကိုယ့်ရဲ့ ဗီတာမင်လေးမို့ ဘယ်တော့မှကိုယ့်ကိုခွဲမသွားနဲ့နော်"
"ဟုတ်ကဲ့ ကိုကို"
😍😍
"ကိုကို"
စားသောက်ဆိုင်မှာ မာမားတို့ ထိုင်နေတာကိုတွေ့လိုက်ရသည့်သူလေးကချက်ချင်းကျနော့်နောက်ကိုရောက်သွားကာ ဆွဲထားသည့်လက်ကလေးကိကလည်းအမြန်ဖြုတ်လိုက်တာမို့ ကျနော်ပြန်ဆွဲထားလိုက်တော့
"ကိုကို သ သခင်မကြီးတို့ ဟိုမှာလေ"
"သိတယ်လေ ကိုယ်ခေါ်ထားတာ"
YOU ARE READING
မင်းရဲ့ ကိုယ်ပွား
Fiksi Penggemarမင်းလိုသမျှကိုဖြည့်ဆည်းနိုင်မယ့် မင်းရဲ့ကိုယ်ပွားလေးပါ