"မာမား"
"သား "
အခန်းထဲဝင်လိုက်တော့ အိပ်ယာပေါ်မှာလှဲနေသည့်
မာမားကိုတွေ့လိုက်ရတာမို့စိုးရိမ်စွာအနားကိုပြေး
သွားလိုက်မိတော့ မာမားကလည်းကျနော့်ကိုထွေးပွေ့ကာငိုရှိုက်နေလေတော့သည်။"သားရယ် လွမ်းနေတာသားရယ် သားကိုလွမ်းနေ
တာ နေနိုင်လိုက်တာသားရယ် ဘယ်တွေကိုသွားနေတာလဲဟင် ဘယ်တွေပျောက်နေတာလဲသားရယ်""မာမား မငိုပါနဲ့ ကျနော်ရောက်လာပြီပဲ မငိုနဲ့လေ မာမား မောနေမှာပေါ့"
"ဟင့်အင်း ငိုပါရစေ မာမားဝမ်းနည်းနေတာ စိတ်ပူ
နေတာ သားကိုဆုံးရံှုးလိုက်ရပြီထင်ပြီး ဝမ်းနည်းနေတာသားရယ်"မာမားကဖက်ထားတာကိုလွှတ်ပေးပြီး ကျနော့်မျက်နှာတွေလက်ကလေးတွေကို ကိုင်လာရင်း မျက်ရည်တွေလည်းစီးကျနေကာ
"ကြည့်ပါဦး မာမားသားလေးပိန်သွားလိုက်တာ မျက်နှာလေးကိုချောင်နေတာပဲ သားရယ် အစားအသောက်တွေပျက်နေလို့လားဟင် သားရယ် ပိန်သွား
လိုက်တာ""ကျနော့်ကိုစိတ်မပူပါနဲ့ မာမားရယ် မာမားသာနေကောင်းအောင်နေပါ ကျနော်ပြန်လာပြီပဲ"
"အင်း သား သား ပြန်မသွားတော့ဘူးမလားဟင် သားဘယ်ကိုမှပြန်မသွားတော့ဘူးမလားဟင် သား
မာမားနဲ့ဝေးရာကိုမသွားတော့ဘူးမလား သားရယ်
ဟင် သားဘယ်ကိုမှမသွားတော့ဘူးမလား ဟင် နော် နော် ဘယ်ကိုမှထပ်မထွက်သွားပါနဲ့နော် မာမား
သေသွားလိမ့်မယ် သားရယ်"ကျနော့်မျက်နှာကိုကိုင်ကာငိုကြွေးနေလေတော့ အခန်းဝလေးနားမှာရပ်နေသည့် သူလေးကိုလည်းလှမ်းကြည့်လိုက်မိတော့ သူကချက်ချင်းခေါင်းလေးကို
ငု့ံသွားလေသည်။"မ မသွားတော့ပါဘူး ကျနော်ဘယ်ကိုမှမသွားတော့ပါဘူး "
"ပျော်လိုက်တာသားရယ် ဝမ်းသာလိုက်တာ မာမားပျော်လိုက်တာ "
ကျနော့်ကိုအတင်းဖက်ကာ မာမားကငိုနေလေတော့ မာမားကျောပြင်ကိုပွတ်သပ်ပေးနေမိရင်း သူ့ကိုလည်းတောင်းပန်သလိုလေးကြည့်လိုက်မိတော့ သူက
မျက်ရည်တွေကြားကပြုံးပြလေသည်။ ကျနော်ကလည်းရွေးချယ်ရခက်သည့်အနေအထားကြီးမို့ သက်ပြင်းကိုသာချလိုက်မိရင်း မာမားကိုသာဖက်ထား
ပေးလိုက်မိလေတော့သည်။