"သခင်မကြီး"
အခန်းထဲဝင်လိုက်စဉ် ကြမ်းပြင်မှာလဲကျနေသည့်သခင်မကြီးကိုမြင်လိုက်ရတာမို့ လက်ထဲကပစ္စည်း
တွေကိုအမြန်ချကာပြေးသွားလိုက်မိလေသည်။ ကြမ်းပေါ်မှာမှော်လျက်ကြီးလဲနေသည့်သခင်မကြီးကို
ပွေ့ထူလိုက်ရင်း ကုတင်ပေါ်မနိုင်မနင်းပွေ့တင်ပေး
လိုက်မိလေသည်။"ကန်တော့နော် သခင်မကြီး "
ခေါင်းကိုအသာမကာ ခေါင်းအုံးလေးအောက်မှာသေချာခံပေးပြီး အသေအချာနေရာပြန်ချထားပေးလိုက်မိသည်။ သခင်မကြီးက မျက်ရည်တွေရွှဲကာဖြင့်
အိပ်ယာပေါ်ပြန်လှဲချသွားလေသည်။"သခင်မကြီး ဘာလိုချင်လို့လဲဟင် ကျနော်ဘာလုပ်
ပေးရမလဲ""...."
"ကျနော့်ကိုပြောပါ မရှက်ပါနဲ့ ဟင်"
"ငါ ငါ "
"ဟုတ်"
"ထွေးကန် ထွေးကန် ယူပေး"
"ခဏနော် ခဏလေး ကျနော်ယူပေးမယ် ခဏလေးနော်"
သခင်မကြီးက ရုတ်တရက်ပျို့လာတာမို့ အောက်ကထွေးကန်ကိုအမြန်ယူကာခံပေးထားလိုက်ပြီးကျောကိုပွတ်သပ်ပေးနေမိလေသည်။ တော်တော်လေးနေမကောင်းဖြစ်နေရှာသည့်သခင်မကြီးကစိတ်
သွားတိုင်းကိုယ်မပါတော့သလို ဖြစ်နေလေသည်။
ထွေးကန်လေးကိုပြန်ဖယ်ကာ ရေလေးတိုက်တော့
သောက်ပြီးမျက်လုံးတွေကိုပြန်မှိတ်ထားလိုက်တာမို့
ဆေးတိုက်ရန်လာပေမယ့် စားပွဲလေးပေါ်သာအသာ
တင်ထားခဲ့ပြီး ထွက်လာခဲ့မိလေတော့သည်။ သခင်မကြီးကိုကြည့်ပြီး လူကဘယ်လိုမှစိတ်မချမ်းသာပေ။ သခင်မကြီးအခုလိုဖြစ်ရတာကျနော့်ကြောင့်ပါ။
ကျနော်သာ ကိုကိုနဲ့မလိုက်သွားခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ပေ။ ကိုကို့ရဲ့ ဇွတ်တရွတ်နိုင်သည့်အကျင့်ကိုသိလျက်နဲ့ ကျနော်သွားကန့်လန့်တိုက်လိုက်မိ
ကထဲက မှားနေခဲ့တာပါ။ ကျနော်သာကိုကို့စကားကိုနားထောင်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ပေ
အခုတော့ ကျနော်တစ်ကိုယ်ကောင်းဆန်သလို ဖြစ်
သွားခဲ့သည်။"ကျနော်တောင်းပန်ပါတယ် သခင်မကြီးရယ် အရာ
အားလုံးအတွက် တောင်းပန်ပါတယ်"