အပိုင်း❤၁❤

1K 27 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁)🌈
❤❤❤❤❤❤❤❤❤
          ""အဟွတ်...အဟွတ်...""
""​လေးလေး..အခုရက်ပိုင်း..ချောင်းတွေအရမ်းဆိုးနေတယ်နော်..ဆေးခန်းလေးပါလေးပြကြည့်ပါဦးလားဗျ..""
""​အဟွတ်..နွေချို..တူလေး..လေးလေးအတွက်.ဘာမှ.မစိုးရိမ်နဲ့..အဟွတ်..ဘာမှမဖြစ်ဘူး...ဆေးဆိုင်.မှာတွဲဆေးလေးဝယ်သောက်လိုက်ရင်.ရပြီရယ်..အဟွတ်..အဟွတ်...""
""​​လေးလေး....ဆေးဆိုင်က.တွဲဆေးတွေသောက်မဲ့အစား..တစ်ခါလောက်လေး.ဆေးခန်းပြကြည့်ပါလား..လေးလေး..အခုရက်ပိုင်း.အရမ်းကိုပိန်သွားတယ်..""
လူကြီးလေးတစ်​ယောက်လို..ဂရုဏာ​ဒေါသော..နှင့်..ပြောဆိုနေသည့်.တူ​တော်မောင်ကို.ကြည့်ရင်း..ဦးအောင်ဝင်း.ပြုံးလိုက်မိ၏။အသက်.၁၅နှစ်သာ..ရှိသေးပေမယ့်..နွေချိုက.အရွယ်နဲ့မလိုက်အောင်.ရင့်ကျက်နေပြီဖြစ်သည်။
      ငယ်စဥ်ကတည်း.နွေချိုရဲ့မိဘတွေကရှေ့ဆင့်နောက်ဆင့်ဆိုသလို.တိမ်းပါးသွားခဲ့ကြလေသည်။.ထိုကြောင့်.လူပျိုကြီး.ဖြစ်တဲ့..ဦးလေးကဘဲ.နွေချို.ဘဝကိုတာဝန်ယူပြီး.ပြုစုပျိုးထောင်လာခဲ့ရ၏။သာမန်.ရုံး​စာရေးလေးဖြစ်တာကြောင့်..နွေချိုကို.ဝမ်းဝ.အောင်.ခါးလှရုံသာ.ဆင်နိုင်ကျွေးနိုင်နိုင်ရုံသာရှိခဲ့လေသည်။
     အခုဆိုရင်.နွေချိုလေးက.၉တန်းတောင်ရောက်လာခဲ့ချေပြီ..။ရှေ့နှစ်.၁၀တန်းဆိုရင်.သူများတွေလို.ဘော်ဒါဆောင်မပို့နိုင်ရင်တောင်..ကျူရှင်လေးတော့.ထားပေးရဦးမည်..။ကလေးက.ဥာဏ်ထက်ပါရဲ့နဲ့...။ဦးလေးက.နောက်ကနေ.မပံ့ပိုးပေးနိုင်သည့်အဖြစ်လေ..။အခုဆို.တဖြေးဖြေး.ချူချာလာသည့်.ခန္ဓာကိုယ်ကြောင့်..ဦးအောင်ဝင်း.ရတက်မအေးနိုင်ဖြစ်နေရသော်လည်း..တူလေးအတွက်.သူအားခဲ​ရပေဦးမည်..။မိမိရဲ့တစ်ဦးတည်းသော.တူလေးကို.တက္ကသိုလ်ထားနိုင်အောင်..ဘွဲ့ရပညာတတ်ကြီးဖြစ်နိုင်အောင်.သူကြိုးစား.ရုန်းကန်​ရပေဦးမည်.မဟုတ်ပါလား..။
💙💙💙💙💙
       မိုးရိပ် ဘေးနားက..လွတ်နေသည့်.နေရာ​လေးကို.ငေးကြည့်ရင်း.စ်ိတ်ထဲအလိုမကျ..။နွေချို..ဒီကောင်.ကျောင်းမတက်တာ..ဒီနေ့နဲ့ဆိုရင်.၃ရက်..။နေများမကောင်းဖြစ်နေလို့လား..။စိတ်ပူပင်နေသည့်အတွေးများနှင့်အတူ..မိုးရိပ်.ယောက်ယတ်ခတ် နေမိသည့်အချိန်..နားထဲတိုးဝင်လာသည့်.ရယ်သံကြောင့်.ထောင်းခနဲ့ဒေါသထွက်သွားရလေသည်။.အသံလာကို.ကြည့်လိုက်တော့.နှင်းသွေးဝိုင်..
တခြားကျောင်းသူမ.များနဲ့ ဘာတွေသဘောကျနေသည်မသိ..။သူ့ရဲ့ရယ်သံတွေက.အခန်းထဲမှာ အကျယ်ဆုံးပင်..။မိမိတို့၏ အချစ်ဆုံးသူငယ်ချင်း.နွေချို.ကျောင်းမလာတာ ၃ရက်ရှိနေပြီ.သူ.နည်းနည်းလေးမှ.စိတ်မပူဘူးလား..။တခြားသူတွေနဲ့ရယ်လိုက်မောလိုက်.နဲ့လုပ်နေသည့်.နှင်းသွေးဝိုင်ကို.မိုးရိပ်မကြည်တော့..။
ထိုင်ရာကနေ ထလိုက်ပြီး.နှင်းသွေးဝိုင်ဆီသို့.မိုးရိပ်လျှောက်လာခဲ့၏။
""နှင်းသွေးဝိုင်..!!!""
​မိုးရိပ်၏.ခေါ်သံက.ဟိန်းခနဲ့.ထွက်ပေါ်လာတာကြောင့်.တစ်ခန်းလုံးက.အသံများအကုန်လုံး.တိတ်သွားကြလေသည်။ကျောင်းသူ.ကျောင်းသားများ၏.စပ်စုလိုသော.မျက်ဝန်းများက.မိုးရိပ်ဆီသို့..စုပြုံလျှက်..။
""ဘာလဲ..မိုးရိပ်..""
နှင်းသွေးဝိုင်.အနည်းငယ်တုန်ယင်နေသည့်.အသံလေးနဲ့မေးလိုက်၏။
""နင်ဟာလေ..သူငယ်ချင်းကောင်း.ပီသတဲ့သူမဟုတ်ဘူး..""
""ဟင်....မိုးရိပ်..နင်ဘာဖြစ်လို့.ငါ့ကို.အဲ့လိုလာပြီးစွပ်စွဲနေရတာလဲ..""
""ငါ.စွပ်စွဲနေတာမဟုတ်ဘူး...နှင်းသွေးဝိုင်...နင်.ပါးစပ်ကနေ..နွေချိုက.နင့်ရဲ့.အချစ်ရဆုံး.သူငယ်ချင်းပါဆို..အခု.သူကျောင်းမလာတာ.၃ရက်ရှိပြီ..နင်.ကတော့သူ့ကို.စိတ်ပူ​ဖို့နေ.နေသာ.တခြား.သူတွေနဲ့ရယ်လိုက်.မောလိုက်နဲ့..ဒါလား.သူငယ်ချင်းကောင်း..""
မိုးရိပ်..တရပ်စပ်နှင့်.နှင်းသွေးဝိုင်အား.အပြစ်တင်ပြောဆိုနေမိ၏။.မျက်ရည်လေး.ကလည်ကလည်နှင့်.နှင်းသွေးဝိုင်တစ်ယောက်..ကြောင်အစွာနှင့်..မိုးရိပ်ကိုသာ.မျက်နှာငယ်လေးနှင့်.စိုက်ကြည့်နေမိတော့သည်။
     သူမ..နွေချိုကိုရော.မိုးရိပ်ကိုပါ ခင်ပါသည်။.နွေချို.ကျောင်းမလာတာကို.သူမလည်း.စိတ်ပူမိတာပေါ့..။
အခုဟာကလည်း..သူမ.မှိုင်နေလို့..သူမရဲ့သူငယ်ချင်းတွေက..ဝိုင်းပြီး.သူမပျော်အောင်..ဟာသတွေပြောနေတာကြောင့်.သူမ.ရယ်လိုက်တာပါ..။ဒါကို.မိုးရိပ်.ဒီလောက်ထိ.သူမကို.ပြောစရာလိုလို့လား..။တွေးရင်းနဲ့..မျက်ရည်တွေ ဝဲတက်လာသည့်..နှင်းသွေးဝိုင်.ကို.မိုးရိပ်..အေးစက်စွာနဲ့ကြည့်ရင်း..
""ကျောင်းဆင်းရင်..နွေချိုအိမ်ကိုသွားမယ်..နင်ပါ.လိုက်ခဲ့.. ""
💚💚💚💚💚💚💚💚💚💚💚
        ""နွေချို...မင်း.ဘယ်လိုလုပ်လိုက်တာလဲ..ဟမ်..ပြောလေကွာ...""
ဦးအောင်ဝင်း တစ်ယောက်..ဒေါသတကြီးနှင့် နွေချိုကိုစူးစိုက်ကြည့်ပြီး မေးလိုက်၏။
""ပြောလေ..နွေချို..ငါမင်းကို..ဝမ်းဝအောင်မကျွေးနိုင်လို့မင်းက.အလုပ်ထွက်လုပ်နေတာလား...ပြောလေ..""
ဦးအောင်ဝင်း၏အမေးကို.နွေချို.ခေါင်းရမ်းပြရင်း .
""မဟုတ်..မဟုတ်ပါဘူး..လေးလေး.""
""အဲ့ဒါဆိုရင်.မင်းဘာဖြစ်လို့.ကျောင်းမတက်ဘဲ..ရေသန့်ဗူးလိုက်ပို့တဲ့ အလုပ်ကို ဝင်လုပ်နေရတာလဲ...""
""လေးလေး.ပင်ပန်းနေတာကို..မကြည့်ရက်လို့ပါ..""
""ဘာ..ဘာပြောလိုက်တယ်.နွေချို..မင်းက.အခုမှ.ကလေးဘဲရှိသေးတယ်နော်.စကားကြီးစကားကျယ်တွေလာပြောမနေနဲ့..ကျောင်းသားက.ကျောင်းတက်ပြီး.စာကိုဘဲကြိုးစားရမှာ..ဘာမှအရေးမပါတဲ့.ဟာတွေ..ခေါင်းထဲထည့်​ပြီး.စဥ်းစားနေရမှာ.မဟုတ်ဘူး.ကွ..""
""ဒါပေမယ့်..သားကမှ..စာကိုစိတ်မစားတာ..သားကျောင်းမတက်ချင်တော့ဘူး...""
""နွေချို..မင်း..တော်တော့  ငါအသက်ရှိနေသရွေ့..မင်း.ကိုငါ.ပညာတတ်ကြီးဖြစ်အောင်.ကျောင်းထားနိုင်သေးတယ်..ရှင်းလား...နောက်ဆို.မင်းဘာမှမပြောနဲ့တော့..ကြားလား..မင်းအမှန်တကယ်..လေးလေးကိုသနားရင်.ကျောင်းစာကိုဘဲ.ဂရုတစိုက်သင်ပြီး..ပညာတတ်ကြီးဖြစ်အောင်လုပ်..ကြားလား..လေးလေးပြောတာကို..""
""ဟုတ်ကဲ့ပါ..လေးလေး..""
နွေချို.ကလေးငယ်လေးလို.ငိုရှိုက်ရင်း.​ဦးအောင်ဝင်း.အား.ပြေးဖက်လိုက်၏။
        နွေချိုတို့.ခြံဝန်းထဲမှာ.မလှုပ်ယှက်ရပ်နေကြသည့်.မိုးရိပ်..နှင့်.နှင်းသွေးဝိုင်..။အံ့​ကိုကြိတ်ထားပြီး.လက်သီးကို.တင်းတင်းကြပ်ဆုပ်ထားသည့်.မိုးရိပ်ကို.နှင်းသွေးဝိုင်ငေးကြည့်နေမိ၏။နွေချိုနဲ့.ပတ်သက်လာရင်.အမြဲတမ်း.သွေးဆူလွယ်သည့်မိုးရိပ်.။အခုလည်း.နွေချို.ကျောင်းမတက်ဘဲ.အလုပ်ခိုးလုပ်နေကို.သူ.သိသွားတော့..နွေချို.လေးလေးထက်ကို.ပိုပြီး..မိုးရိပ်ဒေါသထွက်နေမည်မှာ.အမှန်...။  
      နောက်တော့ မိုးရိပ် ချာကနဲ့.လှည့်ပြန်ထွက်လာတာကြောင့်.နှင်းသွေးဝိုင်.ထိတ်လန့်တကြားနှင့်.
""မိုးရိပ်...နွေချိုနဲ့မတွေ့တော့ဘူးလား..""
""အေး..ငါဒီနေ့သူနဲ့မတွေ့တော့ဘူး.နို့မို့ဆိုရင်.ငါ့ဒေါသကြောင့်
သူကို.သတ်မိလိမ့်မယ်..""
💚💚💚💚
       ""ခွပ်..""
""အင့်..""
တွေ့တွေ့ချင်း..နွေချိုမျက်နှာကို.လက်သီးနဲ့.ထိုးလိုက်သည့်.မိုးရိပ်..။
နွေချို.နုတ်ခမ်းထောင့်စွန်းနားကနေ.စိမ့်ထွက်လာသည့်.သွေးတွေကို.သုတ်ရင်း..မိုးရိပ်ကိုနားမလည်ဟန်.ကြည့်နေမိ၏။
""မင်း..နောက်တစ်ခါ ငါ့ကိုစိတ်ပူအောင်.လုပ်ရဲရင် လုပ်ကြည့်.ငါမင်းကိုတစ်ခါတည်း.သတ်ပစ်မယ်..ကြားလား..""
နွေချိုကို စူးရဲစွာနှင့် စိုက်ကြည့်ပြီး.ဒေါသတကြီး..​မိုးရိပ်အော်ပြောလိုက်သည်။နွေချို.ပြုံးလိုက်မိသည်။.မိုးရိပ်က..သူ့ကိုစိတ်ပူနေတာဘဲ..သူမပြောမဆိုနဲ့.ကျောင်းပျက်ခဲ့တာကို.သူစိတ်ပူပြီး.ဒေါသထွက်နေတာလေ..။
""အင်း.ပါ..နောက်ဆိုရင်..ငါမင်းကို..စိတ်ပူအောင်မလုပ်တော့ပါဘူး.စိတ်ချ..""
"အေး..ပြီးရော..မနက်ဖြန်ကစပြီး..ငါ.မင်းနဲ့အတူ.ကျောင်းလာမယ်..အိမ်ကနေ.ငါ့ကိုစောင့်နေကြားလား..""
မိုးရိပ်.က.တစ်ချက်လွှတ်အာဏာသံနဲ့.ပြောလိုက်တာကြောင့်.နွေချို.ပြုံးပြီး.ခေါင်းညိတ်ပြလိုက်၏။
     အဲ့ဒီနေ့ကစပြီး နွေချို မိုးရိပ်နဲ့အတူ ကျောင်းသွား.ကျောင်းပြန်လုပ်ခဲ့ရ၏။အရင်က..နွေချို.တိတ်တခိုး.
.ဆုတောင်းနေမိခဲ့တဲ့.တောင်းဆုလေးတစ်ခု..။မိုးရိပ်နဲ့နွေချို.တို့ရဲ့ဘဝက.မိုးနဲ့မြေလိုကွာခြားလွန်းလှတယ်လေ  ။
💚💚💚💚💚
       မိနစ်တွေကို နာရီစား..။နေ့တွေရက်ဖြစ်..လတွေပြောင်းလာလိုက်တာ.ဘာလိုလိုနဲ့ နွေချိုတို့တောင်..ဆယ်တန်းနှစ်ရောက်လာခဲ့ပြီ..။မိုးရိပ်ရဲ့...အမိန့်ဆန်လှသည့်တောင်းဆိုမှုကြောင့်..​နွေချို..နှင်းသွေးဝိုင်တို့နှစ်ယောက်..မိုးရိပ်တို့အိမ်မှာဘဲ.သီးသန့်ဆရာနဲ့.စာတွေသင်ခဲ့ရလေသည်။
       နွေချိုအတွက် အထူးတလည်.ကျူရှင်တက်စရာမလိုတော့..ဦးအောင်ဝင်းလည်း.အနည်းငယ်.ဝန်ပေါ့သွားရလေသည်။အနီးကပ်..မိုးရိပ်နဲ့အတူ.နေရတဲ့ အချိန်တွေများလာတာကို..နွေချိုပျော်မိသည်။မိုးရိပ်မသိအောင်.မိုးရိပ်ရဲ့မျက်နှာလေးကို..နွေချိုခိုးကြည့်ရင်း..ရင်ခုန်နေရသည်က.အမော..။
           ​မိုးရိပ်ဘေးနားမှာ.မိုးရိပ်လိုအပ်ချက်တွေကို..နွေချို.လိုက်ပြီးဖြည့်ဆည်းပေးရတာကိုဘဲ ပျော်နေမိတယ်လေ ။နွေချို  မိုးရိပ်ကိုချစ်တယ်..။ရင်ထဲကနေ.အသည်းနင့်အောင်.ကို.ချစ်တယ်..။ဒါပေမယ့်..​နွေချို.မိုးရိပ်ကိုချစ်နေတယ်ဆိုတာကို..မိုးရိပ်ဒီတစ်သက်
မသိစေရဘူး..။နွေချို.မိုးရိပ်ကို.ချစ်နေတယ်ဆိုတာကို.မိုးရိပ်သိသွားခဲ့ရင်.သေချာတယ်..မိုးရိပ်..နွေချိုကိုအရမ်းမုန်းသွားမှာ..။မိုးရိပ်ရယ်..ငါ.မင်းရဲ့အချစ်တွေကို​မမျော်လင့်ရဲသလို..မင်းရဲ့အမုန်းတွေကို.မခံယူချင်ဘူး...။
💚💚💚💚💚💚💚
     အချိန်တွေက ကုန်ဆုံးတာအရမ်းမြန်လွန်းတယ်..ဘာလိုလိုနဲ့..ဆယ်တန်းအောင်စာရင်းတောင်.ထွက်လာပြီလေ..။နှင်းသွေးဝိုင်..ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့..နွေချိုလက်ကိုဆွဲပြီး.လူအုပ်ကြားထဲ.အတင်း​တိုးဝင်နေ၏။.နွေချိုကတော့..လူတွေကြားထဲမှာ..မိုးရိပ်ကို.လိုက်ရှာနေမိတယ်..။သူ.မိုးရိပ်နဲ့.မတွေ့ဖြစ်တာ.တစ်ပတ်တောင်ရှိနေပြီလေ..။မိုးရိပ်အ​မေဆီကို ခဏ..အလည်သဘောနဲ့သွားနေရတာ..မိုးရိပ်မှ အဆင်ပြေရဲလားမသိ..။မိုးရိပ်နဲ့မိုးရိပ်အမေတို့ ဆက်ဆံရေးမပြေလည်သည်ကို.နွေချို အသိဆုံးပင်..။
""အောင်တယ်...အောင်တယ်..နွေချို..ငါတို့အောင်တယ်..ဟ..""
နှင်း​​သွေးဝိုင်..ဝမ်းသာအားရနှင့်.နွေချို.ကိုယ်လေးကို.ပြေးဖက်ရင်းပြောလာလေသည်။
""ဟင်..ဟုတ်လား..မိုးရိပ်ရော..မိုးရိပ်​
​ရော.အောင်လား..ဝိုင်..""
""အင်း..အောင်တယ်..သူ့က.အောင်ရုံတင်.မဟုတ်ဘူး..လေးဘာသာဂုဏ်ထူးတောင်​ပါသေးတယ်..""
""ဟင်..ဟုတ်လား..မိုးရိပ်က..လေးဘာသာဂုဏ်ထူးတောင်ပါသေးတယ် ဟုတ်လား...""
""အင်း...ငါ့က ၂ဘာသာဂုဏ်ထူးပါတယ်..နင့်ကတော့...""
နှင်းသွေးဝိုင်..စကားစတို့ကို..ခဏဖြတ်လိုက်ပြီး..နွေချိုကို.စိတ်မကောင်းသည့်အကြည့်များနှင့်စိုက်ကြည့်လိုက်သည်။
""ငါ..မအောင်လို့လားဟင်...ရပါတယ်ဟာ..နင့်တို့..ဂုဏ်ထူးတွေနဲ့အောင်တာကိုဘဲ..ငါကဝမ်းသာနေပါပြီဟ..""
နွေချို..ပြုံးရင်းပြော​နေပေမယ့်.။ဝမ်းနည်းမှုတွေက..နွေချို.မျက်နှာပေါ်မှာ အထင်းသားပေါ်လွင်နေ၏.။သူ.ဝမ်းနည်းတာထက်ကို..ပိုပြီး.ရင်နာနေမိသည်။လေးလေး.ချွေးနဲ့ရင်းပြီး..ရှာထားတဲ့ပိုက်ဆံတွေနဲ့.ကျောင်းထားပေးရတာကို..သူ့က.အောင်.အောင်မဖြေနိုင်ရရိုးလားဆိုပြီး.ကိုယ့်ကိုယ်ကို.အပြစ်​တင်နေမိ၏။ညှိုးငယ်သွားတဲ့နွေချိုကို.ကြည့်ရင်း..နှင်းသွေးဝိုင် ဟားတိုက်ပြီး.ရယ်လိုက်လေသည်.။
""ဟား..ဟား..ဟား..နွေချိုရယ်..နင့်လား.စာမေးပွဲကျမှာ..နင့်က.၅ဘာသာဂုဏ်ထူးတောင်မှ.ပါသေးတယ်..""
နှင်းသွေးဝိုင်ပြောလာမှဘဲ.နွေချိုပြုံးလိုက်မိ၏။.အောင်တဲ့အပြင်.၅ဘာသာဂုဏ်ထူးတောင်မှ.ပါသေးတယ်တဲ့..။နွေချိုဝမ်းသာ.လွန်းလို့..မျက်ရည်များတောင်စီးကျလာခဲ့၏။
""ဟာ..နွေချိုကလည်း.မငိုပါနဲ့တော့ဟာ..ဝမ်းသာရမဲ့ဟာကို..ဘာဖြစ်လို့.ငိုနေရတာလဲ..""
""မဟုတ်ပါဘူး..ဝိုင်ရာ.ငါ..ငါဝမ်းသာလွန်းလို့.ငိုမိတာပါ..""
နှင်းသွေးဝိုင်  နွေချိုပုခုံးလေးကို.ခပ်ဖွဖွ.ပုတ်ပေးရင်း.နှစ်သိမ့်ပေးလိုက်၏။
""ဟဲ့..နွေချို..ဟိုမှာ.မိုးရိပ်လာနေပြီ..ဟ...""
နှင်းသွေးဝိုင်ပြောရင်းနဲ့..မိုးရိပ်ဆီကိုပြေးသွားလေသည်.။
""မိုးရိပ်ရေ..မိုးရိပ်..ငါတို့တွေ..အားလုံးအောင်တယ်ဟ.ငါကဂုဏ်ထူး၂ဘာသာ
ပါတယ်.နင့်က..ဂုဏ်ထူး၄ဘာသာ..
နွေချိုက ၅ဘာသာတောင်မှ ပါတယ်ဟ.."".
နှင်းသွေးဝိုင်.ကဝမ်းသာအားရနှင့်ပြောနေပေမယ့်..မိုးရိပ်ရဲမျက်နှာကတော့.အရောင်မပြောင်းဘဲ.အေးစက်နေဆဲ..။
""မိုးရိပ်..နင်မပျော်ဘူးလားဟင်..""
နှင်းသွေးဝိုင်မေးလိုက်တော့.မိုးရိပ်ခေါင်းခါပြသည်။
""မိုးရိပ်..မင်းအဆင်ပြေရဲ့လား..""
နွေချိုမေးလိုက်တော့..မိုးရိပ်..နွေချိုကိုယ်လေးကို.ဆွဲဖက်ပြီး..ငိုကြွေးလေတော့သည်။
""ဟဲ့..မိုးရိပ်..နင်ဘာဖြစ်လာတာလဲ..နင်ပြောဦးလေဟာ...ငိုသံပါလေးနဲ့.နှင်းသွေးဝိုင်က မေးလိုက်သလို..
""မိုးရိပ်..မင်းဘာဖြစ်လာတာလဲ.."
နွေချို.ကပါ.မဝံ့ရဲလေးမေးလိုက်သည်။
""ငါ..ငါ့ကို.မေမေက.ဘန်ကောက်မှာ ကျောင်းသွားတက်ခိုင်းလို့..ငါသွားရမှာ​...""
မိုးရိပ်စကားလည်းဆုံးရော..နွေချို..ရင်ဘတ်ထဲကနေ.တစ်ခုခု.လစ်ဟာသွားသလိုမျိုး.ခံစားလိုက်ရ၏။.
""ဟာ..နင့်မေမေက.မမိုက်ပါဘူးကွာ..နင့်ကို.ပစ်ထားတုန်းကတော့.ပစ်ထားပြီး..အခုမှလာပြီး.နင့်ဘဝကို.စိတ်တိုင်းကျ.ခြယ်လှယ်နေရတယ်လို့...မိုးရိပ်. နင်မသွားရဘူးနော်..ငါတို့သူငယ်ချင်းသုံးယောက်အတူတူ..တက္ကသိုလ်တက်မယ်လို့.ကတိပေးထားကြတယ်လေဟာ..မေဂျာအတူတူယူပြီး.တစ်တန်းတည်း.မှာ.ပျော်ပျော်ပါးပါးကြီး.စာသင်မယ်လို့..နင်ဘဲပြောခဲ့တယ်လေဟာ..""
နှင်းသွေးဝိုင်.ငိုရင်း.တတွတ်တွတ်ပြောနေလေသည်။နွေချိုမှာသာ.ဘာတစ်ခွန်းမှမပြောနိုင်ဘဲ.ငူငိုင်နေမိ၏။.
လောကကြီးက.မတရားလိုက်တာကွာ..ငါ့မင်းကိုအဝေးကနေ ငေးကြည့်နေရင်း.တိတ်တခိုး..ခိုးချစ်ခွင့်လေးတောင်မှ.မပေးပါ့လား..။မိုးရိပ်..မင်းမပါတော့မဲ့.ငါ့.ရဲ့မနက်ဖြန်တိုင်းကို.ငါဘယ်လို.ကျော်ဖြတ်ရပါ့မလဲဟင်..။ငါမင်းကို.အရမ်းချစ်တယ်..မိုးရိပ်. ။
💚💚💚💚💚💚
အပိုင်း🍓၂🍓လေးမျှော်ပေးဦးနော်.။.အပိုင်း၁က.အစပျိုးနေတာဆိုတော့.သိပ်ပြီးဖတ်လို့မကောင်းဘူးထင်တယ်😔😔။ချစ်တယ်နော် readerလေးတွေ..😘😘။ဦးညှို့ကိုလည်း.ပြန်ချစ်ပေးကြ..။ကောင်းကောင်းမကောင်းကောင်း..သဲတို့အားပေးမှ..ဦးညှို့ကရေးအားရှိမှာနော်.😚😚။
                    🍎ညှို့စက်ကွင်း 🍎

သူငယ်ချင်းချစ်သူWhere stories live. Discover now