""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၉)🌈
❤❤❤❤❤❤
နွေချို.မိုးရိပ်ရဲ့
.မျက်နှာရိပ်.မျက်နှာကဲကို.အကဲခတ်နေလေသည်။ဒီနေ့..စျေးထဲမှာ.အမှတ်မထင်..လေးကြိုင်နဲ့ တွေ့ခဲ့လေသည်။
(မိုးရိပ်ရဲ့.အဖေ.ဦးကောင်းကင်စိုး.ကို.နောက်ပိုင်းတွေမှာ.လေးစိုးလို့ဘဲ.သုံးမယ်နော်..မျက်စိလည်နေမှာစိုးလို့😅)လေးစိုး နေမကောင်းဖြစ်နေကြောင်းကို..ပြောပြတော့.နွေချို.စိတ်ပူမိ၏။(အေးလေ.ကလေး.စိတ်ပူသင့်ပါတယ်.ကိုယ်ရဲ့ယောက္ခထီးကြီးဖြစ်လာမဲ့သူကို🤭)
သို့ပေမယ့်..မိုးရိပ်ရဲ့ရှေ့မှာ.လေးကြိုင်တို့.လေးစိုးတို့အကြောင်းကို.မဟရဲ..။မဟရဲဆို..ဦးမာန်က..နွေချို.ကို
သတိပေးထားသည်ကိုး..။မိုးရိပ်ရဲ့ရှေ့မှာ..သူ့အဖေ.လေးစိုးရဲ့နာမည်ကိုတောင်မှ.ယောင်ပြီး.မပြောမိစေနဲ့တဲ့..။
မိုးရိပ်က.သူ့အဖေလေးစိုးကို..အရမ်းကြီး.စိတ်နာနေတာလေ ။စိတ်နာဆို.သူအမေကရော..သူ့အဘိုး(လေးစိုးရဲ့အဖေ)ကရော..မိုးရိပ်နားထဲ.အဖေကိုစိတ်နာအောင်..ပြောဆိုခဲ့တဲ့စကားတွေက..မိုးရိပ်နှလုံးသားထဲမှာ.ပြည့်နှက်နေပြီလေ..။
နွေချို..လေးစိုးကို.စိတ်ပူမိတယ်..။
လေးစိုးကို.သွားတွေ့ပြီး..နွေချို.အားပေးစကားတွေဆိုချင်တယ်.။နောက်ပြီး..လေးကြိုင်တို့ လေးစိုးတို့နဲ့လဲ.နွေချို.မတွေ့ရတာကြာပြီလေ..။မိုးရိပ်ကို.ကြောက်လို့သာ.နွေချို.ဖွင့်မပြောရဲတာ..။စိတ်ထဲမှာ လေးကြိုင်တို့.လေးစိုးတို့ဆီကို.နွေချိုသွားလည်ချင်တာမှ တစ်ပိုင်းကိုသေလို့ ။လွမ်းတယ်.။လေးစိုးနဲ့လေးကြိုင်က.နွေချိုအတွက်တော့.မိသားစုလိုဘဲလေ..။
ဘာဘဲဖြစ်ဖြစ်..နွေချို..သူတို့ဆီကို.သွားချင်တယ် ။ဒီနေ့ကျမှ.အိမ်မှာ.ဦးမာန်ကလည်းမရှိဘူး..။မနက်ကတည်းကထွက်သွားလိုက်တာ.အခုချိန်ထိ.မလာသေးဘူး..။ဦးမာန်ကို.ကပ်ပြီး.ပူဆာရင်..မနက်ဖြန်တစ်နေ့လောက်တော့.နွေချို.အပြင်ထွက်ခွင့်ရမှာ.။အခုတော့.မိုးရိပ်ဆီကနေဘဲ.ခွင့်တောင်းရ
တော့မယ်လေ.။မိုးရိပ်ဆီကနေ.အပြင်ထွက်ခွင့်တောင်းရတာ..ကျားမြီးပြေးဆွဲရသလိုဘဲ..။နွေချို.သက်ပြင်းလေးချပြီး..ခြံထဲက.ရေကူးကန်ဘေးနားမှာ.ထိုင်ပြီး..အပန်းဖြေနေတဲ့.မိုးရိပ်နားကို.မယောင်မလည်လေး.တိုးကပ်သွားလိုက်တယ် ။မိုးရိပ်က.သူ့အနား.အူကြောင့်ကြောင်.ပုံလေးနဲ့.ရောက်လာတဲ့နွေချိုကြည့်ပြီး..
""ဘာလဲ..ဘာပြောချင်လို့လဲ.""
""ဟိုဝှာလေ..သ.သခင်လေး.
မနက်ဖြန်.တစ်ရက်လောက်.အပြင်ထွက်ခွင့်ပြုပါလား..""
မျက်နှာငယ်လေးနဲ့ ခွင့်တောင်းလိုက်တဲ့.နွေချိုကို.မိုးရိပ်.အေးစက်စွာစိုက်ကြည့်လိုက်ပြီး..
""မရဘူး..""
""ဘာဖြစ်လို့လဲ..မိုး..အဲ..သခင်လေး...""
""မရဘူးဆို..မရဘူးပေါ့..ဘာတွေလာပြီး.အထွန့်တက်နေတာလဲ..""
မိုးရိပ်စိတ်ထဲ..နွေချို..နှင်းသွေးဝိုင်နဲ့လျှောက်လည်ချင်လို့.ခွင့်တောင်းသည်အထင်နဲ့..ရင်ထဲ.တင်းမာနေလျှက်..။
""အထွန့်တက်နေတာမဟုတ်ပါဘူး..သခင်လေးရယ်..မနက်ဖြန်တစ်ရက်တည်း.ဘဲ.အပြင်သွားခွင့်ပြုပါနော်..နော်..နော်လို့..""
""နွေချို...မသွားရဘူး..ငါခွင့်မပြုဘူးလို့ပြောနေတယ်လေ..""
""ကောင်းပြီလေ..အဲ့ဒါဆိုရင်..ငါမင်းဆီမှာ.ဆက်ပြီးအလုပ်.မလုပ်နိုင်တော့ဘူး.ထွက်မယ်..""
""ဘာ..မင်းဘာပြောလိုက်တာလဲနွေချို..""
".ကြားတဲ့အတိုင်းဘဲ..ငါ.မင်းဆီမှာအလုပ်မလုပ်တော့ဘူး..ထွက်မယ်..လို့.""
""နွေချို..မင်းဘယ်သူ့အားကိုးနဲ့.ငါ့ကိုပြန်ပြီးအာခံနေတာလဲ..ဟမ် "
မိုးရိပ်.စိတ်တိုသွားကာ..နွေချို.ပုခုံးနှစ်ဘက်ကို.ခပ်ကြမ်းကြမ်းလေးဆွဲရမ်းရင်းမေးလိုက်၏။
""ဖြေလေ..ကောင်းပြီ..မင်းဒီလောက်တောင်.မနက်ဖြန်.အပြင့်ကိုသွားချင်နေရင်..ရတယ်..""
မိုးရိပ်.နွေချိုကိုစူးရဲစွာစိုက်ကြည့်လိုက်ပြီး..သူ့လက်မှာစွပ်ထားသည့်.ပလက်တီနမ် လက်စွပ်လေးကို.ဆွဲချွတ်လိုက်ပြီး..ခြံထဲက.မြက်ခင်းစိမ်းပြင်ထဲကို.လွင့်ပစ်လိုက်သည်။
".အဲ့.လက်စွပ်ကို.တွေ့အောင်..ရှာလာခဲ့..မင်း..အဲ့လက်စွပ်ကို.ရှာတွေ့လာရင်.မနက်ဖြန် အပြင်သွားဖို့ကို.ငါခွင့်ပြုပေးမယ်. နောက်တစ်ခါ.ထပ်ပြောလိုက်မယ်...မင်း.အဲလက်စွပ်ကို.မတွေ့.တွေ့အောင်ရှာပါ""
မိုးရိပ် ခက်ထန်စွာ.ပြောလိုက်ပြီး..ထိုနေရာကနေ.လှည့်ထွက်လာခဲ့၏။အိမ်ထဲ ဝင်ခါနီး.မြက်ခင်းစိမ်းပြင်ပေါ်မှာ..ဒူးထောက်ပြီး..လက်စွပ်ကို.အသည်းသန်ရှာဖွေနေသည့်..နွေချိုကိုကြည့်ရင်း.မိုးရိပ် အံ့ကြိတ်လိုက်မိ၏။
သူ့လက်ထဲ.တင်းတင်းဆုပ်ကိုင်ထားသည့်.လက်စွပ်လေးကို.ဖြေကြည့်ရင်း..
""နွေချို.နွေချို..မင်းအဲ့လောက်ထိအောင်..မနက်ဖြန်ကျရင်.နှင်းသွေးဝိုင်.
အတူအပြင်.သွားချင်နေတာလား. ဟွန့်..မင်းမိုးချုပ်တဲ့အထိ.ဒူးတွေပွန်းပဲ့သွားတဲ့အထိကို.ရှာ..မင်းဒီလက်စွပ်ကို.ရှာလို့တွေ့မှာကို.မဟုတ်ဘူး..""
အမှန်တကယ်တော့.မိုးရိပ်က.သူ့လက်ထဲကလက်စွပ်ကို.မြက်ခင်းစိမ်းပြင်ပေါ်.လွင့်ပစ်ချင်ယောင်ဆောင်ပြီး..နွေချိုကိုရှာဖွေခိုင်းခဲ့တာပါ..။မိုးရိပ်..နွေချ်ိုကိုတွေ့အောင်.ရှာခိုင်းလိုက်တဲ့ လက်စွပ်က.မိုးရိပ်ရဲ့လက်ထဲမှာလေ ။
ဒါကို မသိတဲ့နွေချိုကတော့.မြက်ခင်းစိမ်းပေါ်မှာ ဒူးထောက်ပြီး.ကြိုးစားပန်းစားရှာဖွေနေရှာ၏။
💚💚💚
""ဂျိန်း...ချ.လိန်း...""
""ဟင်...""
မိုးခြိမ်းသံကြောင့်.မိုးရိပ်..အိပ်နေရာကနေ.လန့်နိုးလာခဲ့၏။အပြင်မှာ.မိုးတွေသည်းထန်စွာ.ရွာနေလေသည်။
""သ..သခင်လေး...""
ဆိုပြီး..အိမ်မှာ.ခန့်ထားတာ.မကြာသေးသည့်.ထမင်းချက်.ဒေါ်မေတင်..တစ်ယောက်.မိုးရိပ်အနားကိုရောက်လာလို့.မိုးရိပ်.မျက်မှောင်ကြုပ်ပြီး.ကြည့်လိုက်သည်။
""ဘာလဲ..ဘာပြောချင်လို့လဲ..""
ဟု.ဘုဆတ်ဆတ်မေးလိုက်တော့..
""ဟို..ဟို..ဟိုဝှာလေ..ခြံထဲကဟိုတစ်ယောက်လေ..အခုချိန်ထိ.မိုးရေထဲမှာ..""
""ဘာ...""
မိုးရိပ်.ရင်ထဲဒိန်းခနဲ့ဖြစ်သွားလေသည်။
မိုးတွေ ဒီလောက်ရွာနေတာတောင်မှ.သူက.ဇွဲကောင်းကောင်းနဲ့ရှာနေတုန်းဘဲလား..။မိုးရိပ်နာရီကိုကြည့်လိုက်တော့.ညနေ၅နာရီခွဲနေပြီ..။သူနွေချိုကို.လက်စွပ်ရှာခိုင်းလိုက်တာက..နေ့လည် ၂နာရီ..။ဒါဆို..၃နာရီကြာအောင်ထိ..ဇွဲမလျော့ဘဲ..နွေချိုရှာဖွေနေတာပေါ့..။
""မိုးက.ဘယ်အချိန်ကတည်းကရွာနေတာလဲ..""
""မိုးရွာတာ တော်တော်ကြာပြီ..သခင်လေး..၂နာရီလောက်တော့ ရှိပြီထင်တယ်..""
""ဘာ..မိုးရွာနေတာ.၂နာရီလောက်တောင်ရှိနေပြီ.ဟုတ်လား..မိုးရွာနေတာတောင်.မှ..သူမနားဘူးလား..""
""ဟုတ်..မနားဘူး..ဒေါ်ကြီးလည်း.သူကို..အထဲဝင်ဖို့.ပြောပါသေးတယ်..သူ့က..တွေ့အောင်ရှာရမယ်..နားလို့မဖြစ်ဘူးလို့.ပြောပြီး..ဘာကိုရှာနေတာလဲ.မသိဘူး..""
""တောက်...""
မိုးရိပ်.ရင်ထဲ.နွေချိုကို.စိုးရိမ်ပူပင်မှုတွေနဲ့အတူ.အလိုမကျမှုတွေဒေါသတွေကပါ..ကပ်ပါလို့လာခဲ့၏။
""နွေချို.နွေချို....မင်းအဲ့လောက်ထိတောင်မှ...နှင်းသွေးဝိုင်နဲ့အတူ.လျှောက်လည်ချင်နေတာလား...""
လက်သီးကိုကျစ်ကျစ်ပါအောင်.ဆုပ်ပြီး.အောက်ထပ်ကို.ဆင်းလာခဲ့၏။.ခြံထဲက မြက်ခင်းပေါ်မှာ..ဒူးထောက်ပြီး..လက်စွပ်ရှာဖွေတော်ပုံ.ဖွင့်နေသည့်..နွေချိုကြည့်ရင်း.မိုးရိပ်.ရင်ထဲ.ဒေါသတွေက.အလိပ်လိုက်..။
""သ..သခင်လေး.သွားတားလိုက်ပါဦး..ကြာရင်..အဲ့ကောင်လေး.သေသွားလိမ့်မယ်...""
မိုးရိပ်.မိုးရွာထဲပြေးထွက်လာပြီး.နွေချိုနား..ရောက်လာခဲ့၏။
"တော်တော့..နွေချို..လာ..ထ..""
မိုးရိပ်..နွေချိုလက်ကို.ခပ်ကြမ်းကြမ်းလေးကိုင်ပြီး..ဆွဲထူလိုက်၏။မိုးရေထဲမှာ.အချိန်ကြာကြီး..ရှိနေခဲ့တာကြောင့်.
နွေချို.တစ်ကိုယ်လုံး အေးစက်နေ
ပြီး..။.ခိုက်ခိုက်တုန်နေအောင်.ချမ်းနေပြီ.ဖြစ်သည်။နီရဲရဲ.နုတ်ခမ်းလေးမှာလဲ..ပြာနှမ်းနှမ်းလေးဖြစ်နေကာ.တုန်ရီနေလေပြီ.။.မိုးရိပ်..ဆတ်ခနဲ့.နွေချို.လက်ကိုဆွဲပြီးထူလိုက်ပေမယ့်လည်း..နွေချို..ဒူးများက.မခိုင်..ပြန်လဲကျသွား၏။ မိုးရိပ်စိတ်မရှည်စွာနဲ့..နွေချိုကို.ပုခုံးနှစ် ဘက်ကနေ..ပွေ့ပြီးထူလိုက်တော့..မိုးရိပ်ရင်ခွင်..ယိုင်ခနဲ့.လဲပြိုကျလာသည့် ခန္ဓာကိုယ်သေးသေးလေး...။
""နွေချို...နွေချို...""
""အင်း..ချမ်း...ချမ်း..ချမ်းတယ်..မိုး..မိုးရိပ်...""
""ဒီလောက်မိုးရွာနေတာတောင်..မင်းဘာဖြစ်လို့.ခေါင်းမာမာနဲ့..ရှာနေသေးတာလဲ..""
""မင်းရဲ့.အမိန့်ဖြစ်နေလို့လေ...ငါ.ဘယ်တုန်းက..မင်းခိုင်းတဲ့ကိစ္စတိုင်းကို..အကြောင်းပြပြီး..ရှောင်ခဲ့ဖူးလို့လဲ..မဖြစ်တဲ့.နည်းနဲ့..ငါပြီးဆုံးအောင်.လုပ်နေကြလေ..မိုးရိပ်ရဲ့..""
နွေချို.ပြောလိုက်တော့ မိုးရိပ်ရင်.အောင့်ခနဲ့ နာကျင်သွားရလေသည်။
""အရူး...မိုးတွေ ဒီလောက်ရွာနေတာကို..မင်းသေချင်နေတာလား..""
မိုးရိပ်.နွေချို.ဆူငေါက်လိုက်တော့..နွေချို.ပြုံးရင်းနဲ့.မိုးရိပ်..ရင်ခွင်ထဲ.ခွေကျသွား၏။
""နွေချို...နွေချို...""
မိုးရိပ်..နွေချို.ကိုယ်လေးကိုပွေ့ချီပြီး.တိုက်ထဲအမြန်ဝင်လာခဲ့၏။
""ဒေါ်ကြီး..အခုချက်ချင်းဆရာဝန်ဆီ.ကိုဖုန်းခေါ်ပါ.ဦးမာန်ပြောပြထားတယ်မလား..ဒီအိမ်ရဲ့မိသားစုဆရာဝန်ရဲ့ဖုန်းနံပတ်ကို..""
""ဟုတ်...ဟုတ်..ဒေါ်ကြီး..အခုချက်ချင်းဘဲ..ခေါ်လိုက်ပါမယ်ကွယ်..""
💚💚
မိုးရိပ်.နွေချိုကို.သူအခန်းထဲကိုဘဲပွေ့ချီပြီး.ခေါ်လာခဲ့၏။.နွေချိုကိုယ်ပေါ်က.ရေစိုနေသည့်.အဝတ်စားတွေကို.ချွတ်ပေးလိုက်၏။
နွေချို၏.ဖြူဖွေးနေသည့်.အသားရည်နဲ့.လှချင်တိုင်းလှနေသည့်.ခန္ဓာကိုယ်.ကောက်ကြောင်းတွေကြောင့်..မိုးရိပ် ရင်ထဲ..ဂဏာမငြိမ်..။
ရထား.အစင်း၂၀လောက်.ဖြတ်ခုတ်ပြေးမောင်းနေသကဲ့သို့..ရင်တွေ.အဆမတန်ခုန်နေလေသည်။မိုးရိပ်.အသက်ဖြေးဖြေးမှန်မှန်ရှုရင်း.နွေချို.ကို.အဝတ်စားသစ်တွေ.လဲပေးလိုက်၏။မိနစ်ပိုင်းလောက်သာ.ကြာတယ်ဆိုပေမယ့်..မိုးရိပ်အတွက်တော့.နာရီပေါင်းများစွာ.ကြာသွားသည့်နှယ်..။နွေချို.ကို.စောင်အထူကြီးနဲ့ထွေးပွေ့ထားလိုက်ပြီး.ဆရာဝန်အလာကိုဘဲ.စောင့်မျှော်နေလိုက်၏။
နွေချိုရာ..မင်းအဲ့လောက်ထိတောင်..နှင်းသွေးဝိုင်နဲ့အတူ..လျှောက်လည်ချင်နေတာလား..ဆိုသော.အတွေးတွေက.မိုးရိပ်ရင်ကိုပူလောင်စေခဲ့၏။
မိုးရိပ်ထင်နေသည်က..နွေချို.မိုးရေထဲမှာ.လက်စွပ်ကိုအသည်းသန်ရှာဖွေနေခြင်းက..နှင်းသွေးဝိုင်နဲ့အတူလျှောက်လည်ခွင့်ရအောင်.လုပ်ဆောင်ခဲ့သည်လို့.ထင်မှတ်မှားနေခြင်းသာ..။
.နွေချိုဆိုတဲ့ ကောင်လေးက..မိုးရိပ်ဆိုတဲ့ကောင်လေးတစ်ဦး၏.နုတ်ကနေ.ထွက်လာတဲ့.အမိန့်မှန်သမျှကို
.တစ်သဝေမတိမ်းလိုက်နာ.ဆောင်ရွက်တတ်သည်ဆိုသောအချက်ကို..မိုးရိပ်.မေ့လျော့နေလေရော့သလား..။
💚💚💚
ဆရာဝန်ရောက်လာပြီး.ဆေးထိုး.ပေးသွားတာတောင်မှ..အဖျားက.ပိုတိုး၍သာ..တက်လာနေသည်။
အိပ်ရာထက်ပေါ်မှာ.အဖျားကြီးပြီး.ညည်းညူနေသည့်..နွေချိုကို.ကြည့်ရင်း..မိုးရိပ်ရင်ထဲမကောင်း..။ပေါက်ခနဲ့.ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်စတွေကို.စိတ်အလိုမကျစွာနဲ့.ခပ်ကြမ်းကြမ်းလေး.သုတ်ပစ်လိုက်၏။နွေချို..မင်းက.ဘာမို့လို့..ငါ့ကို.ရင်တွေပူ..မျက်ရည်တွေပါကျအောင်.လုပ်နိုင်ရတာလဲ..။မုန်းတယ် .။မင်းအပေါ်မှာ..ဒီလိုခံစားချက်တွေပေါက်ဖွားမိနေတဲ့ ငါ့ကိုယ်ငါ့လည်းမုန်းတယ်..။နောက်ပြီး.မင်းကိုလည်း.မုန်းတယ် နွေချို..။မိုးရိပ်.လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး.အခန်းထဲကနေ.ထွက်သွားမည်အပြု...
""အင်း...ဟင်း...ချမ်း...ချမ်းတယ်..""
ခပ်တိုးတိုးလေး.ညည်းတွားလိုက်သည့်.အသံတစ်သံအောက်မှာ.မိုးရိပ်တင်းထားသမျှစိတ်တွေ.အကုန်လုံး..အရည်ပျော်ကျသွားရ၏။ဒီလောက်စောင်အထူကြီး.ခြုံပေးထားတာတောင်..ချမ်းနေတုန်းဘဲလား.နွေချိုရယ်..။
နောက်ဆုံးတော့.မိုးရိပ်.ပါ.အိပ်ရာပေါ်လှဲချလိုက်ပြီး..နွေချိုကို.ခြုံပေးထားသည့်.စောင်အောက်ကို.လျိုဝင်လိုက်ပြီး..စောင်အောက်က..နွေချို.ကိုယ်လေးကို..ဖက်ထားပေးလိုက်၏။နွေချိုတစ်ယောက်.မိုးရိပ်ရဲ့ရင်ခွင်ထဲကို.အတင်းတိုးဝင်လာပြီး.မိုးရိပ်ကိုယ်လေးကို..တင်းကြပ်နေအောင်..ဖက်ထားလိုက်တော့..။မိုးရိပ်ရင်ထဲေဗြာင်းဆန်ကုန်၏။
ထိုနေ့ညက..မိုးရိပ်အိပ်မပျော်ခဲ့ပါ..။သူအသက်တစ်ချက်ရှုလိုက်တိုင်း.တိုးဝင်လာသည့်.နွေချိုရဲ့...ချိုစူးစူး.ကိုယ်သင်းရနံ့လေးကို နှစ်ခြိုက်နေမိ၏။မိမိကိုယ်ကို.လွတ်ထွက်သွားမှာကိုစိုးပြီး.တင်းကြပ်နေအောင်.ဖက်ထားသည့်.နွေချိုကိုယ်လေးကို.ထွေးပွေ့ထားရသည်ကို.သူသဘောကျနေသည်။
သူ့ရဲ့ရင်ခွင်ထဲမှာ.အပူပင်ကင်းမဲ့စွာနဲ့.အိပ်မောနေကျသည့်နွေချို.မျက်နှာလေးကိုမှုန်ပျပျ မီးရောင်အောက်မှာ.ငေးကြည့်ရင်း..အသက်ရှုဖို့.မေ့လျော့နေရသည်မှာကလည်း.အကြိမ်ကြိမ်..။ငါရူးတော့မယ်..နွေချိုရယ်..။ငါကို.ဒီထက်ပိုပြီး..မပြုစားပါနဲ့တော့..။ငါ့မင်းကို..မချစ်ချင်ဘူး.နွေချို..။ငါမင်းကိုချစ်ရအောင်..ငါ.gayမဟုတ်ဘူး. ။
ဆိုသော စကားတွေကိုသာ
.အကြိမ်ကြိမ်.
စိတ်ထဲမှာ ရေရွတ်နေမိပေမယ့် ။နီရဲရဲနုတ်ခမ်းလွှာလေးတွေရဲ့ အရသာကို.မြည်းစမ်းကြည့်ချင်နေသည့်စိတ်တွေက..အစိုးမရနိုင်..။နောက်ဆုံးတော့..မိုးရိပ်..နွေချို.ရဲ့နီရဲရဲနုတ်ခမ်းလေးကို..အသာဖိကပ်ပြီး.နမ်းရှိုက်လိုက်၏။ချိုသည်..။ချစ်ရသည့်သူ၏နုတ်ခမ်းလေးတွေက..သကြားခဲလေးအလား.ချိုမြိန်လွန်းလှ၏။.
ဒါဟာ..ငါမင်းကို.ပထမဦးဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်.နမ်းရှိုက်ခြင်းပါ.နွေချို..။မင်းအပေါ်မှာ.ယိုဖတ်နေတဲ့.ငါ့ရဲ့ချစ်ခြင်းတရားတွေကို.ဒီတစ်သက်.မင်းဘယ်တော့မှ.မသိစေရဘူး။မုန်းတယ်..။ငါ့ရဲ့.ခံစားချက်တွေကို..လာပြီး.ကျီစယ်နေတဲ့.မင်းကို.မုန်းတယ်.။
💚💚💚
အပိုင်း🍓၁၀🍓မျှော်ပေးဦးနော်.။
ဦးညှို့.နွေချိုလေးကိုသနားလို့.သိပ်ပြီး.နှိပ်စက်မထားဘူးနော်🤭။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
သူငယ်ချင်းချစ်သူ
RomanceZG ❤UNI ငယ်စဥ်ကတည်းက သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ဦးရဲ့ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ.. ဖတ်ပေးကြပါဦးနော်😘😘။ ZG❤UNI ငယ်စဉ်ကတည်းက အရမ်းချစ်ကကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ပေးကြပါဦးနော်