ဇာတ်သိမ်းပိုင်း

609 22 1
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈ဇာတ်သိမ်းပိုင်း🌈BL🌈
🍓🍓🍓🍓🍓🍓🍓🍓🍓🍓
      ""မိုးရိပ်..မိုးရိပ်..နွေချိုအရမ်း
လွန်တာဘဲ..သိလား..""
တစ်နေ့သောနေ့လည်မှာဖြစ်သည်။.ဝိုင်.နွေချိုကို.လွမ်းလို့ဆိုပြီး..ရောက်ချလာသည်။.နွေချို.ခြံထဲ တစ်ပတ်လောက်လမ်းလျောက်ပြီးတော့. ပင်ပန်းတယ်ဆိုလို့.အခန်းထဲမှာ.မိုးရိပ်သိပ်ထားလိုက်လေသည်။
ဝိုင်ရောက်လာတော့  နွေချိုတွေ့ချင်တယ်ဆိုလို့. အခန်းထဲ.လွှတ်လိုက်တာ..။သိပ်မကြာပါဘူး..။ဝိုင်..နွေချိုအခန်းထဲက.ငိုယိုပြီး.ထွက်လာလေသည်။
""သြော်..ဘာဖြစ်လာတာလဲ..ဝိုင်ရဲ့..""
""ဘာဖြစ်လာရမှာလဲ.နွေချိုပေါ့..သူ့.အရမ်းလွန်တယ်..""
""ဟောဗျာ..နွေချိုက ဘာလုပ်လိုက်လို့တုန်း..""
""နွေချိုပေါ့..ငါ့ကို.သူ့
အခန်းထဲဝင်မလာနဲ့တဲ့..နောက်ပြီး..သူ့အနားမှာလဲ..မနေနဲ့တဲ့..ငါ့ကိုမြင်ရင်..သူ့မွေးလာမဲ့ကလေးလေး.ရုပ်ဆိုးမှာစိုးလို့တဲ့..""
ငိုရှိုက်သံနှောပြီး..ပြောနေသည့် ဝိုင်ကိုကြည့်ပြီး..မိုးရိပ်..ဗိုက်နှိပ်ပြီး.ရယ်လေတော့သည်။
""မိုးရိပ်..နင်ဘာရယ်တာလဲ..နွေချိုက...မလှည့်တပတ်နဲ့..ငါ့ကိုရုပ်ဆိုးတယ်လို့.ပြောလွှတ်လိုက်တာကို..နင့်ကပါ.ရယ်စရာလား..""
ပြောရင်း..ကလေးတစ်ယောက်လို..နုတ်ခမ်းဆူပြီး..ငိုနေသည့်..ဝိုင်ကိုကြည့်ပြီး..မိုးရိပ်.ငိုရအခက်.ရယ်ရအခက်..။
""နင်ကလဲလေ..ကလေးကျနေတာဘဲ..နွေချိုက..နင့်ကိုစလိုက်တာကို..ငိုနေရသလားဟ..နင့်ဟာလေ..""
မိုးရိပ်ပြောလိုက်တော့..ဝိုင်.ငိုမဲ့မဲ့လေးဖြစ်နေလေသည်။ နွေချိုက ဝိုင်ကိုရော..မိုးရိပ်ကိုပါ သူ့စိတ်အလိုမကျရင်..မကျသလို..ရစ်တတ်သေးသည်။
တစ်ခါကလည်း..ညအချိန်မတော်ကြီး..ရေခဲမုန့်စားချင်တယ်.ပြောလာလို့.မိုးရိပ်.မရမက.ထွက်ဝယ်ပေးခဲ့​ရပြန်သေးသည်။.ဝယ်ပေးလာတော့လဲ.တစ်ဇွန်းနှစ်ဇွန်းစားပြီး..မစားချင်တော့ဘူးတဲ့လေ..။အဲ့ဒီအခါကျရင်..မိုးရိပ်လေသံမာမာလေးနဲ့ ပြောလိုက်မိရုံရှိသေး..တန်းပြီးငိုပါလေရောလား..။တကယ့်ကလေးဆိုးကြီးတစ်ယောက်လို​ဖြစ်နေပါသော ​နွေချို..။.
    မွေးရက်က နီးလာလေ..နွေချိုဗိုက်ကလဲ..ပူပြီးလုံးကျစ်နေလေတော့သည်။ နွေချိုကျန်းမာရေးအခြေနေကြောင့်..အာထ​ရာဆောင်းရိုက်ကြည့်လိုက်တော့..အမွှာလေးတဲ့လေ..။
မိုးရိပ်..ရင်တွေခုန်ပြီး..ရူးသွားမတတ်ဘဲ..။အဲ့ဒီနေ့က ကြားခဲ့ရတဲ့..အမွှာလေးတွေရဲ့..နှလုံးခုန်သံကြောင့်..မိုးရိပ်..ငိုခဲ့မိသေးသည်။
🍓🍓🍓
    ""အား....""
ညနေစာ ထမင်းစားနေတုန်း နွေချို..မသိမသာ.မျက်နှာမဲ့ကျသွားသည်။
""Summer(ဆမ်းမား)လေး ဘာဖြစ်တာလဲ..""
""အဟင့်..အဟင့်..ဘာဖြစ်ရမှာလဲ..ဗိုက်ထဲကအမွှာပေါ့...မညှာမတာ.အထဲကနေ..ကန်နေတာ..အား.""
ရှုံ့မဲ့မဲ့လေး.ပြောနေသည့်နွေချိုကိုကြည့်ပြီး..မိုးရိပ်စိတ်မကောင်း..။ထိုင်နေရာကနေ ထသွားလိုက်ပြီး.နွေချို.ရှေ့ကြမ်းပြင်ပေါ်မှာ.ဒူးထောက်ထိုင်ချလိုက်ပြီး..နွေချို..ဗိုက်လေးကို.လှန်လိုက်သည်။
        ""ဥုံဖွ ""
ဆိုပြီး အသာထပ်ဖွဖွ ပွတ်ပေးလိုက်တော့ ဗိုက်ထဲက ကလေး နောက်ထပ်တစ်ခါကန်ပြန်သည်။
""ဟိတ်  အထဲက. အမွှာနှစ်ကောင်.အပြင်ကျမှာ..စိတ်ကျ.ကမြင်းကြပါ..မင်းတို့.ပါးပါးကို..မသနားကြဘူးလား.ဟမ်..မင်းတို့ပါးပါးကို.နှိပ်မစက်ရဘူးလေ..ကြားလား..ဒယ်ဒီရဲ့..ပူကျူးလေးတွေရဲ့..""
မိုးရိပ်တစ်ယောက်..ဗိုက်ထဲက.ကလေးတွေကို.ဆူပူနေတာကိုကြည့်ပြီး..နွေချိုမပြုံးဘဲမနေနိုင်..။
နောက်ပြီး..ဗိုက်ထဲက ကလေးလေးတွေကလဲ..မိုးရိပ်စကားကို နာခံသည့်အလား..နောက်ထပ်မကန်တော့ပေ..။
""ဟော..ကြည့်စမ်းပါဦး..မွေးတောင်.မမွေးရ​သေးဘူး..သူတို့က..သူ့တို့ရဲ့ဒယ်ဒီစကားကိုနားထောင်နေကြပါလား..""
နွေချိုဆိုလိုက်တော့ မိုးရိပ် ပြုံးပြီး.နွေချိုဗိုက်လေးကို.နမ်းရှိုက်လိုက်သည်။
""နားထောင်ရမှာပေါ့...သူတို့ရဲ့ဒယ်ဒီက.စွန်းချောတာကိုး..""
""ဟား..ဟား..ဘာမှလဲ.မဆိုင်ဘူး..""
မိုးရိပ်..ရယ်မောနေသည့်.နွေချိုမျက်နှာလေးကို.ငေးမောကြည့်နေမိ၏။မွေးဖွားရက် ကပ်လာလေ..မိုးရိပ်ရင်ထဲ..စိုးထိတ်လေဖြစ်နေသည်။.နွေချို..နေကောင်းကျန်းမာပါစေလို့..ဆုတောင်းနေရသည်ကလဲ.အကြိမ်ကြိမ်အခါခါ..။
      နောက်ဆုံးတော့..နွေချို..ကလေးမွေးဖွားရမဲ့ရက်ကလေး ကျရောက်လာပြီလေ..။ခွဲခန်းထဲဝင်ဖို့..အသင့်​ဖြစ်နေတဲ့ နွေချိုလက်တွေကို မိုးရိပ် တင်းတင်းဆုပ်ကိုင်ထားနေမိတယ်..။နွေချိုကို မကြောက်ဖို့ နုတ်ကနေ တတွတ်တွတ် မှာကြားနေပေမယ့်..မိုးရိပ်ရင်ထဲမှာ အကြောက်တရားတွေ ကြီးစိုးနေလေသည်။
နွေချိုက.ပြုံးရင်း..
""Rain (ရိန်း)မစိုးရိပ်ပါနဲ့..ငါမင်းအတွက်..ချစ်စရာကောင်းတဲ့.အမွှာလေး.မွေးပေးတော့မှာလေ..မငိုနဲ့..ပြုံးပြုံးလေးစောင့်နေနော်..""
ဆိုပြီး..မိုးရိပ်ကို.ပြန်ပြီးအားပေးနေရှာသည့်.နွေချို..။
        ခွဲစိတ်ခန်း အပြင်ဘက်မှာမိုးရိပ်တစ်ယောက်.ဂနာမငြိမ်..။ဝိုင်နဲ့.မိုးရိပ်အမေကတော့..အင်္ဂုလိမာလသုတ်ကိုသာ အကြိမ်ကြိမ်အခါခါရွတ်ဖတ်နေကြလေသည်။
""အူဝဲ. . အူဝဲ.. ""
ကလေးငိုသံနှင့်အတူ. သူနာပြုလေးနှစ်ဦး ကလေးတစ်ယောက်စီချီပြီး. ခွဲခန်းထဲကနေ ထွက်လာလေသည်။
""Congratulations ပါ ရှင် ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်မွေးပါတယ်..ရှင့်..""
အနှီးထုတ်ထဲက ဝဝကစ်ကစ်ဖြူဖြူဖွေးဖွေး ကလေးလေးတွေကို မိုးရိပ်ငေးကြည့်ရင်း..မျက်ရည်တွေ စီးကျနေလေသည်။..မိုးရိပ်အမေနဲ့ ဝိုင်က ကလေးတွေကို သူနာပြုလက်ထဲကနေယူလိုက်ပြီး..ချီထားလိုက်ကြသည်။
""ဆရာမ..နွေချိုရော..နွေချို..ရော.ဘယ်လိုနေသေးလဲ..""
""ဘာမှ မဖြစ်ပါဘူးရှင့်..စိတ်မပူပါနဲ့..ဟော.ပြောရင်းဆိုရင်း..ထွက်လာကြပါပြီ..""
ခွဲခန်းထဲကနေ..ထွက်လာကြသည့်..ဆရာ​ဝန်တွေအနားကို..မိုးရိပ်ပြေးသွားလိုက်သည်။.ကုတင်ပေါ်က.နွေချိုကတော့.မလှုပ်မယှက်.
""စိတ်မပူပါနဲ့..မေ့ဆေးအရှိန်ကြောင့်..သတိမရလာသေးတာပါ..အကုန်လုံး အခြေနေကောင့်းပါတယ်..အဖေရော.ကလေးတွေရော..ကျန်းမာသန်စွမ်းကြပါတယ်."
ဆရာဝန်ကြီး.စကားကြောင့်..မိုးရိပ်ပြုံးလိုက်မိသည်။
🍓🍓🍓
          နွေးထွေးစူးရှလှသည့်.နေရောင်ခြည်က..ပြတင်းပေါက်ကနေ  အခန်းထဲသို့ ထိုးဖောက်လို့ ဝင်ရောက်လာခဲ့၏။ အလင်းရောင်ကြောင့်..နွေချို..မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်သည်။သူ့ဘေးနားမှာ သူ့ရဲ့လက်ကို တင်းကြပ်နေအောက်ဆုပ်ကိုင်ထားပြီး..အိပ်မောကျနေသည့်..မိုးရိပ်..။
​""ကလေး.ငါ့ရဲ့.ကလေးတွေရော.""
နွေချို.ခေါင်းထဲ..တိုးဝင်လာသည့်..သူ့ရဲ့ကလေးတွေ..အန္တာရာယ်ကင်းကင်းနဲ့မှ.မွေးဖွားနိုင်ခဲ့ရဲ့လား.ဆိုသည့်.စိုးရိပ်စိတ်များကြောင့်..မိုးရိပ်ကို..လှုပ်နိုးလိုက်သည်။
""မိုးရိပ်..မိုးရိပ်...ငါ့တို့ရဲ့ကလေးလေးတွေရောဟင်..""
နွေချို မေးလဲမေး  မိုးရိပ်ကို လှုပ်ပြီး နိုးနေမိ၏။မိုးရိပ် နိုးလာတော့..
""ဟင်..နွေချို..မင်း သတိရလာပြီ...ဝမ်းသာလိုက်တာ နွေချိုရယ်..
ကိုယ်အရမ်း ဝမ်းသာတယ်..""
နွေချို ကိုယ်လေးကို  မိုးရိပ် တင်းကြပ်နေအောင်ဖက်ပြီး ငိုကြွေးနေလေသည်။နွေချိုမှာသာ အူကြောင်ကြောင်လေးနှင့်..။
""ကလေးတွေရောလို့..""
"ရှိတယ်..ရှိတယ်..summer(ဆမ်းမား) ခဏလေးနော်..ကိုယ်ဆရာဝန်သွားခေါ်လိုက်ဦးမယ်..""
မိုးရိပ်.အပြေးအလွှားလေး..ဆရာဝန်ကိုသွားခေါ်လိုက်သည်။.
     နွေချို ကလေးမွေးပြီး..၁၀ရက်လောက်..သတ်ိ​လစ်မေ့မြောနေခဲ့ခြင်းဖြစ်သည်။အခုမှ..​မိုးရိပ်စိတ်အေးရတော့သည်။နွေချို..ဘယ်တော့မှ.ပြန်လည်၍မနိုးထလာတော့မှာကို.မိုးရိပ်စိုးထိတ်နေခဲ့မိ၏။
   ""ဘာမှ စိတ်ပူစရာမလိုတော့ပါဘူး..နောက်ရက်တွေကျရင်..ဆေးရုံပေါ်ကနေတောင်.ဆင်းလို့တောင်
ရပါပြီ..""
ဆရာဝန်ကြီးကပြောပြီး.ထွက်သွားလေသည်။
     ဝိုင်နဲ့ မိုးရပ်အမေတို့.သူတို့လက်ထဲက.ကလေးလေးတွေကို..နွေချိုဆီကမ်းပေးလိုက်ကြလေသည်။ကလေးနှစ်ဦးကို..ဘယ်တစ်ဖက်.ညာတစ်ဖက်.ရင်မှာပိုက်ပြီး..ကြည်နူးနေရှာ၏။
""ပါးပါးရဲ့ကလေးလေးတွေတောင်..ထွားနေကြပြီကိုး..ဒါပေမယ့်..ကျွန်တော်ရဲ့ကလေးတွေကို..""
နွေချို..မိုးရိပ်အမေကို.ငေးကြည့်ပြီး..စကားကိုတောင်ဆုံးအောင်မပြောတော့  ပါးပြင်ပေါ် မျက်ရည်များကစီးကျနေလေသည်။
""အိပ်ပုတ်လေး..အိပ်ရာကနိုးလာတာနဲ့.ငိုစရာလား..ကလေးလေးတွေအတွက်မပူပါနဲ့..သူတို့လေးတွေအတွက်..နို့ထိန်း​အမေ.တစ်ယောက်ငှားထားပါတယ်..""
မိုးရိပ်အမေစကားကြောင့်.နွေချို..ပိုပြီး.ငိုရှိုက်နေမိ၏။ကလေးတော့မွေးနိုင်ပြီး..ကလေးတွေကို.နို့မတိုက်နိုင်တဲ့မိမိဘဝကို.တွေးတွေးပြီး..အားငယ်နေမိ၏။
""မငိုနဲ့တော့ အလှပျက်လိမ့်မယ်..နင်မကြားဖူးဘူးလား..အရင်တုန်းက.ဘုရင်မိဘုရားတွေ..သူတို့ကလေးမွေးလာပြီဆိုရင်..ကလေးကို.နို့မတိုက်ကြဘူး..နို့ထိန်းသည်လက်ထဲအပ်လေ့ရှ်ိကြတယ်..အဲ့တော့..ကလေးတွေကို..နို့မတိုက်ရလို့ဆိုပြီး.အားငယ်နေမဲ့အစား..ကိုယ့်ကိုယ်ကို..ဘုရင်မိဘုရားတစ်ယောက်လို့.ဘဲတွေးလိုက်ပေါ့..""
မိုးရိပ်အမေက..နွေချိုကို.အားပေးစကားပြောလိုက်တော့..နွေချို..ပြုံးလိုက်မိသည်။ရင်ခွင်ထဲက ကလေးလေးတွေကို ဘယ်တစ်ချက် ညာတစ်ချက်နမ်းရှိုက်လိုက်သည်။
🍓🍓🍓
    ""ကဲ..သားသားနဲ့မီးမီးကို..ဘယ်လိုနာမည်မျိုး.ပေးရင်ကောင်းမလဲ..""
ဝိုင်က.အစချီပြီး.ပြောလာလေသည်။
""အင်း..ဘယ်လိုပေးရင် ကောင်းမလဲ မိုးရိပ်..""
နွေချို..မိုးရိပ်ရင်ခွင်ထဲ.ခေါင်းလေးမှီပြီးမေးလိုက်သည်။
""ဟဲ့..ငါနာမည်ပေးကြည့်မယ်..
သားသားလေးကို.နွေရိပ်ဝိုင်.လို့ပေးပြီး..မီးမီးလေးကိုကျတော့..မိုးစက်ချိုလို့ပေးရင်ရော..""
""နွေရိပ်ဝိုင်နဲ့..မိုးစက်ချို..နာမည်လေးတွေက လှသားဘဲ..မိုးရိပ်မင်းရော..
သဘောကျရဲ့လားဟင်..""
""အင်း..ကိုယ့်ရဲ့ summer(ဆမ်းမား)လေးသဘောကျဖို့က အရေးကြီးပါတယ်..""
""အမယ်လေး..အမယ်လေး..အဖြစ်သဲနေလိုက်ကြတာ..ငါ.နာလိုတယ်နော်..အဟင်း..အဟင်း..""
🍓🍓🍓🍓
🌺၅နှစ်ခန့်ကြာသော်🌺
         "ပါးပါး..ညီမလေးကို..ဆူပေးဦး..""
ကျောင်းကအပြန်.နွေရိပ်ဝိုင်က.နွေချိုဆီ..ပြေးဝင်ပြီး..မိုးစက်ချ်ိုကို.ဆူဖို့ပြောလေသည်။နွေချို.ဦးမာန်ကို.လှမ်းကြည့်လိုက်တော့..ဦးမာန်က..ပုခုံးတွန့်ပြလေသည်။
""ကဲ..ပြောစမ်းပါဦး.သားသားက.ပါးပါးကို.ဘာလို့.ညီမလေးကိုဆူခိုင်းနေရတာလဲ..ဒယ်ဒီကိုလဲ.ပြောပြပါဦး..""
မိုးရိပ်.က.နွေရိပ်ဝိုင်လေးကိုပွေ့ချီပြီး.မေးလိုက်သည်။
""ဘာဖြစ်ရမှာလဲ..ဒယ်ဒီရဲ့.ညီမလေးက.သားသားကိုအနိုင်ကျင့်တယ်.ဒယ်ဒီ..ကျောင်းမှာ..သားသားကို..လာ​ပြီး
စကားပြောတဲ့..ကောင်မလေးတွေကို အကုန်လုံး ရန်တွေ့လွှတ်တယ်  ဒယ်ဒီ..""
တီတီတာတာလေးနဲ့ တိုင်ပြောနေသည့်  နွေရိပ်ဝိုင်ကိုကြည့်ပြီး..မိုးရိပ်ရော.နွေချိုပါ..ပြုံးနေမိ၏။
""ဟုတ်လား..မီးမီး..ကိုကိုပြောတာ.အမှန်တွေဘဲလား..""
နွေချိုက..မိုးစက်ချိုလေးကို..မျက်စောင်းလေးချီပြီး မေးလိုက်သည်။
""ဟွန့်..ကိုကိုနား.ကပ်လာတဲ့.ကောင်မလေးတွေကို.ကြည့်မရလို့.မီးမီးက..ရန်တွေ့လွှတ်လိုက်တာပါနော်..ပါးပါး..ကိုကို့ကို.ပါးပါးနဲ့.ဒယ်ဒီလို..ယောကျာ်းဘဲ.ယူစေချင်တာပါ..""
သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းပြောချလိုက်တဲ့ မိုးစက်ချို.စကားတွေကြောင့်..မိုးရိပ်ရော..နွေချိုပါ.အသံထွက်အောင်..ရယ်လိုက်မိကြသည်။
"".မီးမီးလေး..ကိုကို့ကို.အဲ့လိုမပြောရဘူးလေ..ကိုက်ိုက အခုမှငယ်ငယ်လေးဘဲရှိသေးတာကို .ယောကျ်ားပေးစားစရာလားလို့..""
နွေချိုက..မာန်မဲလိုက်တော့..မိုးစက်ချို.ဇက်လေးပုသွားပြီး.
""ပါးပါး..မီးမီးကိုတော့ မိန်းမဘဲ ပေးစားရမှာနော်."
""ဒီကလေးလေးတော့..ငယ်ငယ်လေး
ဘဲရှိသေးတာကို..ဘာတွေ..ပေါက်ကရတွေလျှောက်ပြောနေရတာလဲ..""
နွေချ်ို..ဆူလိုက်တော့..အခန်းထဲ..ပတ်ပြေးနေသည့်.မိုးစက်ချို..။မိုးစက်ချိုကို..နွေချို..လိုက်ဖမ်းနေသည်ကို.ကြည့်ရင်း..နွေရိပ်ဝိုင်နဲ့မိုးရိပ်တို့ သားအဖနှစ်ယောက်.ရယ်မောနေကြလေသည်။
အခန်းလေးအတွင်းက နွေချိုတို့မိသားစုလေးယောက်ကို ကြည့်ရင်း ဦးမာန်ပြုံးနေမိ၏။.သာယာနာပျော်ဖွယ်ရာ.ရယ်မောသံများကလဲ.လေထဲမှာ.လွင့်မျောနေလေသည်။
🍓🍓🍓🍓
                  🌺ပြီးပါပြီ🌺
စာရေးညံ့တဲ့ ဦးကို အားပေးလာခဲ့ကြလို့.ကျေးဇူးတင်ပါတယ်​..။ဇာတ်သိမ်းလေးကိုလဲကျေနပ်ကြလိမ့်မယ်လို့.ထင်ပါတယ်.။အစကနေအဆုံးထိ.မညည်းညူနဲ့ဖတ်ပေးကြတဲ့.စာဖတ်သူလေးတွေကိုကျေးဇူးအများကြီး.တင်ပါတယ်နော်😘😘။
နွေရိပ်ဝိုင်နဲ့မိုးစက်ချိုတို့ အမွှာမောင်နှမအကြောင်းလေးကိုလဲ..အားရင်. သက်သက်.ဇာတ်လမ်းတစ်ပုဒ်ရေးဖွဲ့ပေးပါဦးမယ်..။BLနဲ့GL.ပုံစံမျိုးလေးပေါ့🤭🤭🤭🤭။
                          🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now