အပိုင်း❤၂၀❤

295 14 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂၀)🌈
❤❤❤❤❤❤
""ဟဲ့..မိုးရိပ်..နင်တော်တော်အကျင့်ပုတ်တဲ့ကောင်.နွေချိုကို.ဒီလို​ဖြစ်အောင်.နင်မို့အနိုင်ကျင့်ရက်တယ်..""
ရောက်ရောက်ချင်း..ရန်တွေ့နေသည့်..​နှင်းသွေးဝိုင်ကို..မိုးရိပ်..စိတ်မတိုရက်ပါ..။နှင်းသွေးဝိုင်ကို မြင်လိုက်ရတော့ လူက အလိုလိုနေရင်း.အားတက်သွားသလို...။ကုတင်ပေါ်က ငတိလေးကတော့ ပြုံးဖြီးဖြီးလေးနဲ့.ပျော်နေရှာသည်။နွေချိုကို..အဖြစ်မှန်တွေ..ပြောပြမထားဘဲ..။မိုးရိပ်တို့.ဖုံးကွယ်ထားခဲ့လေသည်။.သေချာသည့်.အဖြေတစ်ခုထွက်လာမှဘဲ..ပြောပြလိုက်တာက..အကောင်းဆုံးဟု.မိုးရိပ်ထင်မိ၏။
""မဟုတ်ပါဘူး ဝိုင်ရဲ့..ငါ့ဘာသာနေမကောင်းဖြစ်တာပါ..""
""ဟုတ်လို့လား..နွေချို..ဒီကောင်..အနိုင်ကျင့်လို့..နင်နေမကောင်းဖြစ်တာမလား..""
ဝိုင်က..မိုးရိပ်ကို.မျက်စောင်းလေးချီပြီးပြောတော့.နွေချို.တခိခိနဲ့.သဘောကျနေရှာသည်။
ထိုအချိန်..ဦးမာန်​ရောက်လာပြီး..မိုးရိပ်..ကို
""မိုးရိပ်..နွေချို.ဆေးစစ်ထားတဲ့အဖြေရပြီတဲ့..""
""ဟင်..ဟုတ်လား..""
မိုးရိပ်..ချက်ချင်းဘဲ.မတ်တပ်ထရပ်လိုက်ပြီး..ဦးမာန်နားကို.​သွားလိုက်သည်။
""ဦးမာန်..သားရဲ့ဆေးစစ်ချက်.အဖြေက..ဘာတဲ့လဲဟင်.""
""မပူပါနဲ့.နွေချိုရဲ့..ကိုယ်.​ပြန်လာရင်..ပြန်ပြောပြမယ်နော်..""
""မိုးရိပ်..ကတိနော်..အဖြေက.ဘာဘဲဖြစ်နေဖြစ်နေ..ငါ့ကိုပြန်ပြော​ပြ
ရမှာနော်..""
""အင်းပါ..ကတိ..ဝိုင်..နွေချိုဘေးနားမှာ..နေပေးဦးနော်.""
မိုးရိပ်.ပြောပြီး..ဦးမာန်နဲ့အတူ.အခန်းထဲကနေထွက်လာခဲ့၏။ရင်ထဲမှာတော့..ဗလောင်ဆူနေမိတာက.အမှန်..။မသိသာ.မျှော်လင့်ချက်..ရောင်နီလေးသန်းရင်း..ဦးမာန်နဲ့အတူ.ဆရာဝန်ရုံးခန်းရှိရာကို.ထွက်လာခဲ့၏။
❤❤❤
""ဆေးစစ်ချက်အဖြေအရ.နွေချိုဆီမှာ.ကိုယ်ဝန်၂လရှိနေပါပြီ..""
""ဗျာ..""
ဆရာဝန်ပြောလိုက်တဲ့ စကားကြောင့်..မိုးရိပ်.ထိုင်နေရာက ထလိုက်မိ၏။
နားကြားများမှားတာလားဆိုပြီး..
ဆရာဝန်ကို..မယုံကြည်ဟန်နဲ့စိုက်ကြည့်လိုက်ပြီး..
""ဒေါက်တာ..ဘာပြောလိုက်တယ်..နွေချိုဆီမှာ.ကိုယ်ဝန်ရှိနေပြီ.ဟုတ်လား..""
""ထူးဆန်းစွာနဲ့..ဟုတ်နေခဲ့ပါတယ်..""
ဆရာဝန် ခေါင်းညိတ်ပြီးထပ်ပြောလိုက်တော့..မိုးရိပ်..ထိုင်ရမလို.ထရမလိုဖြစ်သွား​လေသည်။ရင်ထဲမှာလဲ..ရယ်ချင်တာလိုလို..ငိုချင်တာလိိုလိုနဲ့..။ရင်တွေခုန်ပြီး..ထခုန်ပြီး.​အသံကုန်အော်ပစ်လိုက်ချင်သလိုလို.ဘာလိုလို.ညာလိုလိုနဲ့..မိုးရိပ်..ဂဏာမငြိမ် ဖြစ်နေမိ၏။လူကလည်း.ကတုန်ကယင်နဲ့..အခုချက်ချင်းဘဲ..နွေချိုဆီကို.ပြေးသွားပြီး.ပြောလိုက်ရင်..အဲ့ကောင်လေး ယုံလိမ့်မည်မဟုတ်..။သူ့ကိုရူးနေလားဆိုပြီး..ပြူးကြည့်နေမှာမလွဲ..။စိတ်ကူးထဲမှာ သူ့ကိုပြူးကြောင်ကြောင်လေးငေးကြည့်နေမဲ့.နွေချို.ရုပ်ပုံလေးကို..မိုးရိပ်မြင်ယောင်နေရင်း..မျက်နှာကြီးက.တည်လို့မရ..။ပြုံးစိစိနဲ့..အခန်းထဲကနေ.ပြေးထွက်မည်အလုပ်...။
""ဟာ..နေပါဦးဗျ..ပြောလို့မပြီးသေးဘူး..""
ဟု.ဆရာဝန်က.လှမ်းတားလိုက်လို့​သာ..မိုးရိပ်.မျက်နှာကြီးကိုမနည်းတည်ပြီး..ပြန်ထိုင်လိုက်ရလေသည်။ဦးမာန်ကလည်း.မိုးရိပ်အဖြစ်ကို.ကြည့်ရင်း..ပြုံးတုံ့တုံ့ ။
မပြုံးနိုင်သည့်သူကတော့ဆရာဝန်..။မိုးရိပ်ကို.သနားစဖွယ်..စိုက်ကြည့် ပြီး.သက်ပြင်းကိုအသာချကာ...
""ယောကျ်ားလေးကိုယ်ဝန်ဆောင်ဆိုတာ..အရင်ကလည်းမရှိခဲ့ဖူးသလို.အခုချိန်မှာလည်းမကြားဖူးသေးတဲ့အရာပါ..""
ဟုအစချီလာသည့်.ဆရာဝန်စကားကြောင့်.မိုးရိပ်စိတ်ထဲ..အလိုမကျဖြစ်သွားကာ..
""အခုကြားဖူးပြီလေ..အခု.ကျွန်တော်ရဲ့.summer(ဆမ်းမား)လေးဆီမှာ.ကိုယ်ဝန်ရှိနေပြီမဟုတ်ဘူးလား.."".
မိုးရိပ်.ပက်ခနဲ့ ပြောလိုက်တော့ဆရာဝန်ကြီးက ခေါင်းကိုခါရမ်းလိုက်ပြီး..
""ဟုတ်ပါတယ်..အခုနွေချိုက..ဦးတို့.ပထမဥိီးဆုံးတွေ့ရှိရတဲ့..ယောကျ်ားလေး.ကိုယ်ဝန်ဆောင်.ဖြစ်နေတယ်လေ..နောက်ပြီး.သဘာဝမဆန်တဲ့ကိုယ်ဝန်ကိုလွယ်ထားရတာ..နွေချိုအတွက်..အန္တရာယ်များမယ်လို့.ဦးတို့ကောင်ချက်ချမိပါတယ်...""
""​ဗျာ..ဘယ်လို..""
ဆရာဝန်ကြီး၏.စကားကြောင့်..မိုးရိပ်ရင်ထဲမုန်တိုင်းထန်သွားရလေသည်။
""ဆိုရိုးစကားတောင်ရှိပါသေးတယ်..
ကိုယ်ဝန်ဆောင်မိခင်တွေဟာ..တစ်နေ့ကို.သင်္ချိုင်းကုန်းကို မျက်စောင်း၃ကြိမ်ထိုးနေရတယ်ဆိုတာလေ.အဲ့ဒါနွေချိုအတွက်တော့..တစ်နေ့ကို.သင်္ချိုင်းကုန်းဆီ.ခြေသုံးလှမ်း လှမ်းနေသလိုမျိုးများ ဖြစ်နေလေမလားလို့ပါ....""
ဆရာဝန်ကြီး၏.စကားကို.မိုးရိပ်ကို.စိတ်မရှည်ဟန်နဲ့...
""ဒေါက်တာက ဘာကိုဆိုလိုချင်နေတာလဲ..လိုရင်းကိုဘဲ.ပြောပါ..""
""ကောင်းပြီလေ..ပြောချင်တာကတော့.ဒီကိုယ်ဝန်ဟာ.နွေချိုအတွက်..အရမ်း.အန္တရာယ် များမယ်လို့..ပြောချင်တာပါဘဲ..""
""အန္တရာယ် များမယ်ဟုတ်လား..""
""ဟုတ်ပါတယ်..သဘာဝမဆန်.ရလာတဲ့ကိုယ်ဝန်ကို..အသက်အန္တရာယ်နဲ့ရင်းပြီး..လွယ်မထားစေချင်ဘူး..
အဲ့ကိုယ်ဝန်ကြောင့်..နွေချိုရဲ့အသက်ဆုံးရှုံးရနိုင်တယ်..အဲ့ဒါကြောင့်..ဖြစ်နိုင်ရင်..အဲ့သဘာဝမဆန်.စွာနဲ့ဖြစ်တည်လာတဲ့..ကိုယ်ဝန်ကို..မလွယ်စေချင်ဘူး..""
ဆရာဝန်.ပြောလိုက်သည့်စကားကြောင့်..မိုးရိပ်ရင်ထဲလေးဆင်းသွားရ၏။
တစ်စက္ကန့်လေးမျှ..ကြည်နူးလိုက်ရသည့်..ပျော်ရွှင်မှုလေးတွေ ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားရချေ၏။
နောက်တော့..လူတစ်ဦးရဲ့ ခန္ဓာ​​ကိုယ်ဖွဲ့စည်းပုံတွေကို.အသေးစိတ်ရှင်းပြနေသည့်.ဆရာဝန်ကြီး၏စကားတွေက..မိုးရိပ်နားထဲ.ကြားတစ်ချက်.မကြားတစ်ချက်..။နောက်ဆုံးတော့..
.နွေချို​အတွက်.ကိုယ်ဝန်ဆောင်ခြင်းက..ကောင်းကျိုးထက်..ဆိုးကျိုးကများနေလေပြီ..။မိုးရိပ်..ရင်နာနာနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရ၏။
နွေချိုနဲ့သာ.ယှဥ်လာရင်..တခြားအရာတွေက.မိုးရိပ်အတွက်အရေးမ​ပါတော့ပေ..။
စိတ်ထဲကနေ..​မွေးဖွားမလာသေးတဲ့..မိမိရဲ့ရင်သွေးလေးကို.အကြိမ်ကြိမ်တောင်းပန်ရင်း..နွေချိုကိုယ်ဝန်ကို
.ဖျက်ချဖို့ရန်..မိုးရိပ်ဆုံးဖြတ်လိုက်လေတော့သည်။
""ဦးမာန်..နွေချိုကို..ဒီကိစ္စနဲ့ပတ်သက်ပြီး.အသိမပေးပါနဲ့တော့..ဒီအတိုင်း
ခွဲစိတ်မှုအသေးစားလေး.လုပ်ရမယ်လို့ဘဲ.ပြောပေးမယ်..""
မိုးရိပ်..အသက်မဲ့စွာဆိုလိုက်ရင်း.ပါးပြင်ထက်ပေါ်.လိမ့်ဆင်းလာကြသည့်.မျက်ရည်စတွေကို.ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။တောင်းပန်ပါတယ်.နွေချို..ဒီကိစ္စနဲ့ပတ်သက်ပြီး.မင်းကို.ကိုယ်ဖုံးကွယ်ထားမှရမယ်..။မင်းသိသွားရင်..မင်းအရမ်းခံစားနေရမှာစိုးတယ်.နွေချိုရယ်
..။တောင်းပန်တယ်.ကိုယ်တောင်းပန်ပါတယ်.နွေ​ချို..။ကိုယ်​တို့နှစ်ယောက်ရဲ့ရင်သွေးလေးကို..မင်းရဲ့အသက်နဲ့ရင်းပြီး.လောင်းကြေးမထပ်ရဲဘူး.နွေချို..။ကိုယ်ဟာ..ရက်စက်တဲ့.ဖခင်တစ်ဦးဖြစ်ဖို့အတွက်.ဝန်မလေးပေမယ့်..။..မင်းမရှိတော့မဲ့ နေ့ရက်တွေကို.အထီးကျန်..စွာနဲ့.မဖြတ်သန်းရဲတဲ့လူတစ်ယောက်ပါ..နွေချို..။ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး..။ကိုယ်မင်းကို အရမ်းချစ်တယ်...ကိုယ်ရဲ့
Summer(ဆမ်းမား)လေးရယ်..။
🥺🥺🥺

နွေချိုရှိရာ..အခန်းလေးဆီကို.လေးပင်နေတဲ့.ခြေလှမ်းတွေနဲ့.တစ်လှမ်းခြင်း.နမ်းလျှောက်လာနေသည့်.မိုးရိပ်..။ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို..ခိုင်ခိုင်မာမာ..သူချခဲ့ပေမယ့်..။သူ့ရင်ထဲမှာ.အရမ်းကို.နာကျင်နေလေသည်။သူရဲ့.ရင်သွေးလေး..။မှားယွင်းစွာဖြစ်တည်လာမှု.။သဘာဝမဆန်မှု..ဆိုတဲ့ပြစ်ချက်တွေအောက်မှာ.စတေးခံဘဝလေးတစ်ခုဖြစ်သွားခဲ့ရချေပြီ..။မသေချာ.မရေရာတဲ့.မင်းရဲ့ဖြစ်တည်မှုကြောင့်..ငါ့ရဲ့အချစ်ကိုစတေးမခံရဲတာ.ငါမမှားဘူး..။တောင်းပန်ပါတယ်.ကလေးလေး..။ဟုသာ..အကြိမ်ကြိမ်အခါခါ.​စိတ်ထဲကနေပြောနေမိ၏။
""မိုးရိပ်ရယ်..နင့်ရုပ်ကြီးကလည်း..မသိရင်.နွေချိုဆီမှာ..ကုမရတဲ့ရောဂါကြီးရှာတွေ့လာတဲ့.စတိုင်မျိုးနဲ့ဟယ်..ဦးမာန်ပြောတော့..နွေချိုက.အသေးစားခွဲစိတ်မှုလေးတစ်ခု.လုပ်လိုက်ရင်..ကောင်းသွားမှာပါဆို...""
မိုးရိပ်ကိုမြင်တော့..လျှာသွက်.အာသွက်နဲ့.နှင်းသွေးဝိုင်က.ဆိုလာလေသည်။မိုးရိပ်အသာ ခပ်ဖွဖွပြုံးရင်း.နွေချိုကို.မလုံမလဲလှမ်းကြည့်လိုက်မိ၏။
""မိုးရိပ်ကလည်း..ဦးမာန်ကပြောတယ်.အရမ်းကြီး.စိတ်ပူစရာမလိုပါ
ဘူးတဲ့..""
မိုးရိပ်..နွေချို..လက်လေးကိုဆုပ်ကိုင်လိုက်ပြီး.အသာခပ်ဖွဖွလေး.နမ်းရှိုက်လိုက်သည်။နွေချို.ရှေ့မှာ.မငိုမိအောင်းစိတ်ကိုတင်းပြီး..
""ဒီခွဲစိတ်မှုလေးပြီးသွားရင်.ကိုယ့်.
ရဲ့Summer(ဆမ်းမား).နေကောင်းသွားမှာပါ..ကျန်းကျန်းမာမာနဲ့..ကိုယ်နဲ့အတူ.အချိန်အကြာကြီးရှိနေပေးရမယ်နော်..""
မိုးရိပ်.ခပ်ဆွေးဆွေးလေးဆိုတော့ .နွေချိုရင်ထဲ..ဘယ်ရယ်ကြောင့်မှန်းမသိ..ဝမ်းနည်းစိတ်လေးဝင်သွားကာ..မျက်ရည်များ.ဝိုင်းလာလေသည်။ဘေးနားက.နှင်းသွေးဝိုင်သည်လည်း.ရင်ထဲဆို့နစ်လာတာကြောင့်..အတင်းလုပ်ရယ်.ရယ်လိုက်ပြီး။
""ဟား..ဟား..မိုးရိပ်..နင်တို့ကလဲ..အဲ့လောက်ထိလဲ.ရိုပြမနေနဲ့ဦးလေ..နင်တို့.နားမှာ.FAမကြီး.ငါ့တစ်ယောက်လုံးရှိသေးတယ်ဆိုတာကိုလည်း..သတိထားကြပါဦးဟဲ့..ဟား..ဟား...""
ပြောရင်း..အာလုတ်သံကြီးနဲ့ရယ်နေလေသည်။နှင်းသွေးဝိုင်ကြောင့်..မိုးရိပ်နဲ့နွေချိုတို့.ဖျော့တော့စွာပြုံးလိုက်မိကြသည်။
""တောင်းပန်ပါတယ် မိုးရိပ်..ငါအမြဲတမ်းမင်းကို.စိတ်ပူအောင်.ဒေါသထွက်အောင်.ရင်ပူအောင်ဘဲ.လုပ်နေမိတယ်..""
""အင်း..နောက်တစ်ခါဆိုရင်.မင်းနေမကောင်းမဖြစ်ရတော့ဘူးနော်..မင်းကိုယ့်ကျန်းမာရေးကို.ဂရုစိုက်ရမယ်..
တစ်ချက်ကလေးမှတောင်.မနာကျင်အောင်..မထိခိုက်အောင်.နေရမှာနော်.ဒါက.ငါ့အမိန့်ဘဲ..""
မိုးရိပ်ဆိုလိုက်တော့..နွေချို.​ပြုံးရင်း
ခေါင်းလေးညိတ်လိုက်၏။
❤❤❤
​မနက်ဖြန်ဆို..နွေချို..ခွဲစိတ်ခန်းဝင်ရတော့မည်..။ရင်ထဲမွန်းကြပ်မှုတွေနဲ့အတူ..ဝမ်းနည်းမှုတွေက အတိုင်းအဆမရှိ..။ဘာရယ်ကြောင့်များ..မဖြစ်နိုင်တဲ့အရာတစ်ခုနဲ့..ကျီစယ်လာခဲ့တဲ့.ကံကြမ္မာကြီးကို.မိုးရိပ်မုန်းမိသည်။အသာ လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း..အသိစိတ်မဲ့စွာ..ကောင်းကင်ကြီးကိုမော့ကြည့်နေမိ၏။ပါးပြင်ထက်ပေါ် စီးကျလာသည့်..မျက်ရည်စတွေကို..သူမသုတ်တော့..။ငိုပါရစေ..။မွေးဖွားလာခြင်းမရှိတော့မဲ့..သူ့တို့ရဲ့​ရင်သွေးလေးအတွက်..နွေချိုအစားရော..သူ​အတွက်ပါ..ငိုခွင့်ပြုပါ..။​တောင်းပန်ပါတယ်..ကလေးလေးရေ..။
🥺🥺🥺

သူငယ်ချင်းချစ်သူWhere stories live. Discover now