အပိုင်း❤၂၃❤

309 11 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂၃)🌈
❤❤❤❤❤❤
       ရင်ထဲတွင်တော့..မိုးရိပ်နဲ့.နွေချို.ဘာမှမဖြစ်ကြပါစေနဲ့ဟု.သာ.အကြိမ်ကြိမ်အခါခါဆုတောင်းနေမိတော့၏။
🖤🖤🖤
      ""ဗွမ်း..""
မျက်နှာပေါ် အရှိန်ပြင်းပြင်းနဲ့ ကျရောက်လာသည့်​ ရေစက်တွေကြောင့်..နွေချိုသတိပြန်လည်လာခဲ့သည်။
စိတ်နဲ့လူနဲ့ ကပ်လာပြန်တော့..စွဲမက်ရှင် နှိပ်စက်ထားသည့် ဒဏ်ရာတွေက.ရေနဲ့ထိလိုက်တော့ စပ်ပြီး နာနေလေသည်။
""အဟင်း..အဟင်း..နွေချို...ခဏနေရင်..နင်ပါးစပ်ကနေ.သတ်ပေးပါတော့.လို့ကို..တောင်းဆိုလာတဲ့အထိကို..ငါနှိပ်စက်ပြမယ်...""
ကောက်ကျစ်စွာပြုံးလိုက်ရင်းနဲ့ စွဲမက်ရှင်က.ဆိုလာ၏။ထိုအချိန်..အခန်းထဲကို..လူတစ်ယောက်ပြေးဝင်လာပြီး..
""သူတို့တွေ..ရောက်လာကြပြီ..မမလေး..""
""ဟုတ်လား..အဟင်း..အဟင်း..
ကောင်းတယ်..""
စွဲမက်ရှင် နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး.နွေချို.မျက်လုံးတွေကို အဝတ်တွေနဲ့ စည်းနှောင်လိုက်သည်။
"နင့်အတွက်.ငါ.Surprise လုပ်ထားတယ်နွေချို..""
တစ်အောင့်အကြာမှာ..မိုးရိပ်ကို..
လူနှစ်ဦး..​တစ်ဘက်တစ်ချက်စီကနေ..
တွဲခေါ်လာသည်။မိုးရိပ်၏မျက်လုံးတွေကို..အဝတ်တွေနဲ့စည်းနှောင်ထားသလို..လက်နှစ်ဖက်ကို ပူးပြီး လဲ ချည်နှောင်ထားသေး၏။
       နွေချို နဲ့မျက်ချင်းဆိုင် သိပ်မဝေးလှသည့် နေရာမှာ..ချထားသည့် ထိုင်ခုံပေါ်တွင် မိုးရိပ်ကိုထိုင်စေခဲ့သည်။.
နောက်တော့..မိုးရိပ်ရဲ့လက်တွေကို  ခုံနဲ့တွဲချီလိုက်၏။နောက်တော့..မိုးရိပ်၏မျက်လုံးတွင်စည်းနှောင်ထားသည့်.အဝတ်စကို.ချွတ်ပေးလိုက်သလို.စွဲမက်ရှင်က.လည်း.နွေချိုမျက်လုံးကို စည်းနှောင်ထားသည့် အဝတ်စကို ချွတ်ပေးလိုက်၏။
""နွေချို...!!!""
မိုးရိပ်..နွေချိုပုံစံကို မြင်လိုက်ရတော့..
ရင်ထဲမကောင်း..။နို့နှစ်ရောင်လို့ ဖြူနု​လှသည့် ပါးပြင်နှစ်ဘက်ပေါ်မှာ.လက်ဝါးရာများက အထင်းသား..။နုတ်ခမ်းထောင့်စွန်းနေရာလေးကလဲ ကွဲပြီး သွေးများစိမ့်ထွက်နေသည်။နောက်ပြီး..ခုံနဲ့ ပူးချည်ထားသည့်..လက်နှစ်ဘက်မှာလည်း..သွေးတွေ..။မြင်မကောင်းအောင်.ကြမ်းပြင်ပေါ်စီးကျနေသည်။
""မိုး...မိုးရိပ်...""
ခပ်ယဲ့ယဲ့လေသံလေးနဲ့..အားကိုးတကြီး ခေါ်လိုက်သည့်..
နွေချိုကြောင့်..မိုးရိပ်.စိတ်ထဲ.ဝမ်းနည်းမှုတွေ..ခံပြင်းမှုတွေနဲ့အတူ.ဒေါသများက.ပေါက်ကွဲလျက်.။
""စွဲမက်ရှင်...အယုတ်တမာမ..မင်း.ငါ့ရဲ့နွေချိုကို..ဒီလိုပုံစံမျိုးဖြစ်အောင်..နှိပ်စက်ရဲတယ်ပေါ့လေ...""
မိုးရိပ်..စွဲမက်ရှင်ကို စူးရဲစွာစိုက်ပြီး..ဒေါသတကြီး.အော်ပြောလိုက်သည်။
""အဟက်..ဒါတောင်.ပါးပါးလေးဘဲ.ရှိသေးတာနော်..အဟား..ဟား..""
""မင်း..သူ့ကို.နောက်တစ်ခါ.
ထိရဲရင်.ထိကြည့်လိုက်စမ်း..ငါမင်းကို.ဘာလုပ်ပစ်မလဲဆိုတာ.ဒီအချိန်မှာ..ငါရဲ့ကိုယ်စောင့်နတ်ဘဲ သိလိမ့်မယ်...""
မိုးရိပ်..တင်းမာစွာနှင့်ဆိုလိုက်၏။
""ဟက်..ဟား...ဟား...ဟား...ရိပ်.
ရယ်..ရှင်ကိုယ်ရှင်တောင်.အနိုင်နိုင်ဖြစ်နေတဲ့ကြားထဲကနေ..ကျွန်မကို.ခြိမ်းခြောက်ရဲသေးတယ်နော်..""
စွဲမက်ရှင်.ဆိုရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ..နွေချိုလက်ကောက်က ဓားဒဏ်ရာတွေကို..ဖိကိုင်လိုက်၏။
     နွေချိုနာကျင်မှုကို အံ့ကြိတ်ခံရင်း..မိုးရိပ်ကို.ဖျော့တော့စွာ ပြုံးပြလိုက်သည်။
""စွဲမက်ရှင်...မင်းတော်တော့..တော်တော့လို့ပြောနေတယ်...တော်ပါတော့...""
မိုးရိပ်..နွေချို.လက်ကောက်ဝတ်ကနေ စီးကျနေသည့်..သွေးတွေကို ကြည့်ရင်း..စိတ်လွတ်ကိုယ်လွတ် အော်ဟစ်​လိုက်၏။
""အဟား...ဟား...ဟား..""
မိုးရိပ်အဖြစ်ကို..ကြည့်ရင်း.စွဲမက်ရှင်.ဟားတိုက်ကာ.ရယ်မောနေမိ၏။
""မင်းငါ့ကို မကျေနပ်ရင်..ငါ့ကို.လာလုပ်ပါ..နွေချိုကိုတော့..မထိပါနဲ့..ငါတောင်းပန်ပါတယ်..စွဲမက်ရှင်..မင်းကျေနပ်မဲ့အထိ..ငါဒူးထောက်ပြီး..တောင်းပန်ပါမယ်..""
မိုးရိပ်..နွေချိုနာကျင်နေတာကို.မကြည့်ရက်တော့..
""မိုးရိပ်...မင်းတောင်းပန်စရာမလိုပါဘူး..ငါ..နည်းနည်းလေးမှ..မနာပါဘူး..""
နွေချို..အားတင်ပြီး..ဆိုလိုက်ပြီး..ခပ်ယဲ့ယဲ့ အပြုံးလှလှလေး..ပြုံးပြလိုက်သည်။
""အရူး..ငတုံး..မင်းကဘာအသားထုထားလို့..မနာဘူးပြောနေရတာလဲ...,""
""တော်တော့..မျက်စိဆံပင်မွေးစူးစရာကောင်းအောင်. ကြည်နူးပြ​မနေကြနဲ့..,""
စွဲမက်ရှင် စိတ်မရှည်ဟန် ဝင်ပြောလိုက်ပြီး...။
""ရိပ်...ရှင်မျက်လုံးထဲမှာ..သူ့ကို.ချစ်စရာကောင်းတယ်လို့..မြင်နေမှာပေါ့နော်..တကယ်လို့...ကျွန်မသာ..သူ့ရဲ့မျက်နှာတွေကို..ဓားနဲ့.မွှန်းပစ်လိုက်မယ်.ဆိုရင်ရော..ရှင်ရဲ့.မျက်လုံးထဲမှာ.သူက.ကြည့်လို့.ကောင်းနေပါဦးမလား.ဟင်..""
စွဲမက်ရှင်က.ညစ်ကျယ်ကျယ်ပြုံးရင်း.ပြောလိုက်သည်။
❤❤❤
      နှင်သွေးဝိုင်... မိုးရိပ်ကို တင်ခေါ်သွားသည့်..ကားနောက်ကို နောက်ယောင်ခံပြီး လိုက်ခဲ့သည်။
ကားက မြို့ပြင်ဘက်ဆီကို ဦးတည်ပြီးမောင်းနေခြင်းဖြစ်သည်။.နေရာက.လူပြတ်သည်။.ကားလမ်းနှင့်လည်းမနီး..။နောက်တော့..ခြံအကျယ်ကြီးဆီကို.မောင်းဝင်သွားလေသည်။.နှင်းသွေးဝိုင်.ချက်ချင်းဘဲ..ဦးမာန်ဆီကို..နေရာလှမ်းပြောလိုက်ပြီး.ရဲတွေနဲ့အတူ.အမြန်လိုက်လာခဲ့ဖို့ရန်.မှာလိုက်သည်။နောက်တော့...ကားနောက်ခန်းထဲတွင်.အမြဲဆောင်ထားသည့်.ဘေ့စ်ဘောရိုက်တံကို.ယူလိုက်ပြီး..ခြံကြီးနားကို..တိုးကပ်လို့.သွားလိုက်၏။
       ကြည့်ရတာ သူ့တို့ကို သူတို့ အထင်ကြီးနေသည့်ပုံ..။ခြံတံခါးကိုတောင်.သော့ခတ်မထား..။ခြံတံခါးနဲ့မလှမ်းမကမ်းနေရာမှာ..လူနှစ်ဦး..ဆေးလိပ်သောက်ရင်း.စကားပြောနေကြသည်။နှင်းသွေးဝိုင် ခြေသံမကြားအောင်.အသာလျှောက်သွားလိုက်၏။..လက်ထဲက.ဘေ့စ်ဘောတုတ်တံကိုလက်နှစ်ဘက်နဲ့
..ကျစ်ကျစ်ပါအောင်.ဆုပ်ကိုင်ပြီး..ထိုလူနှစ်ဦးထဲကမှ တစ်ယောက်၏ လည်ဂုတ်ကို.အားကုန်..လွဲရိုက်ပစ်လိုက်သည်။
""ဝှစ်...""
""ဒုတ်...""
""အင့်...""
အရိုက်ခံလိုက်သည့်လူမှာ.အသံပင်မထွက်လိုက်နိုင်..။ဝိုင်.လက်ချက်နဲ့.လဲကျသွားသည်။.ကျန်လူတစ်ယောက်ကလည်း..ဝိုင်.ကိုပြူးတူးပြဲတဲ..ကြည့်ရင်း..
""မင်း..ဘယ်သူလဲ...ဒီထဲကို..ဘယ်.."
"ဝှစ်...""
""ဒုတ်...""
စကားတောင်မဆုံးလိုက်..။ဝိုင်..လက်
ထဲကတုတ်စာမိပြီး နေရာမှာတင် လဲကျသွားသည်။
""တော်တော်  သောက်စကားများတဲ့အကောင်ဘဲ..ဒါတောင် လူဆိုးလုပ်နေသေးတယ်..ဟွန့်...""
ဝိုင်..ခြံကို ကြည့်လိုက်တော့..တိုက်ကြီးတစ်လုံးနှင့်ဘေးနားမှာ..ဂိုထောင်လိုလို.တစ်ထပ်တိုက်ပုလေးကို.တွေ့လိုက်ရသည်။မိုးရိပ်ကို.သူတို့တွေ..ဘယ်ခေါ်သွားကြမလဲ..။
တိုက်ကြီးထဲကိုလား..။ဂိုထောင်ထဲကိုလား..။.တိုက်ကြီးထဲကိုတော့ မဖြစ်နိုင်.။ဂိုထောင် ထဲခေါ်သွားတာဘဲ ဖြစ်ရမယ်လို့ တွေးပြီး..ဝိုင်.ဂိုထောင်နားကို..တိုးကပ်သွားလိုက်၏။
""ဟင်...""
မိုးရိပ်ကို.ထိုင်ခုံ.နဲ့ပူးပြီး.ကြိုးချည်ထားသည်။.မိုးရိပ်ဘေးမှာလဲ..လူနှစ်ယောက်..ဘယ်တစ်ဘက်.ညာတစ်ဘက်..ရပ်နေကြ၏။နောက်ပြီး နွေချို..။.
""အို...နွေချိုရယ်...""
နွေချိုပုံစံလေးကို.မြင်လိုက်ရတော့.ဝိုင်မျက်ရည်များတောင်.ဝဲတက်သွားသည်။စွဲမက်ရှင်က..သူလက်ထဲမှာ ဓားမြှောင်တစ်ချောင်းကို ကိုင်ထားလေသည်။
""ရိပ်...ရှင်မျက်လုံးထဲမှာ..သူ့ကို.ချစ်စရာကောင်းတယ်လို့..မြင်နေမှာပေါ့နော်..တကယ်လို့...ကျွန်မသာ..သူ့ရဲ့မျက်နှာတွေကို..ဓားနဲ့.မွှန်းပစ်လိုက်မယ်.ဆိုရင်ရော..ရှင်ရဲ့.မျက်လုံးထဲမှာ.သူက.ကြည့်လို့.ကောင်းနေပါဦးမလား.ဟင်..""
ဟု​ဆိုကာ..သူလက်ထဲက.ဓားမြှောင်နဲ့.နွေချိုပါးပြင်ကို..မွှန်းဖို့ရင်.ဟန်ပြင်နေလေသည်။
""စွဲမက်ရှင်..မင်းမယုတ်မာနဲ့နော်"
မိုးရိပ်.ဒေါသတကြီးနဲ့အော်လိုက်သည်။စွဲမက်ရှင်က..မမှု့သည့်ပုံစံမျိုးနဲ့..ညစ်ကျယ်ကျယ်ပြုံးနေလေသည်။
""ရပ်လိုက်စမ်း...စွဲမက်ရှင်...""
ဝိုင်.အသံကုန်အော်ပြီး.တားလိုက်တော့..စွဲမက်ရှင်..အံ့အားသင့်သွားသလို..မိုးရိပ်ပါ အံံ​သြဝမ်းသာဖြစ်သွားလေသည်။
   ""တောက်  သောက်အရူးမက.လာရှုပ်နေသေးတယ်..သွား..အဲ့အရူးမကို သွားဖမ်းချေ..""
စွဲမက်ရှင် ပြောလိုက်တော့ မိုးရိပ်ဘေးနားက လူနှစ်ယောက် ဝိုင် ကို လှမ်းကြည့်လိုက်ပြီး.တဖြေးဖြေးနဲ့တိုးကပ်သွားကြလေသည်။
""ဟေ့...မင်းတို့အသားမနာချင်ရင်..ဒီနေရာကနေလစ်လိုက်ကြတော့..နောက်ပြီး..သိပ်မကြာခင်..ဒီနေရာကို ရဲတွေလဲရောက်လာကြတော့မှာ.. ""
ဝိုင်က ဆိုလိုက်တော့ ထိုလူနှစ်ယောက်..အူကြောင်ကြောင်ဖြစ်သွားလေသည်။
""ဘာတွေငေးနေကြတာလဲ..အဲ့ အရူးမကို  ဖမ်းလိုက်ပါဆိုမှ..""
""နင့်ပါးစပ်ပေါက်ကို  ခဏလောက်လေး ပိတ်ထားလိုက်စမ်း.စွဲမက်ရှင်...ဒီမှာ..ရှင်တို့ကို.သူပေးတဲ့ပိုက်ဆံလေး တစ်ပဲခြောက်ပြားနဲ့.ရှင်တို့က ထောင်နန်းစံချင်နေကြတာလား..ထွက်သွားလို့ရတုန်းလေး..ထွက်သွားလိုက်ကြစမ်းပါ..သွား..ခြံထဲက..ရှင်တို့အဖော်နှစ်ယောက်ကိုလဲ..တွဲခေါ်သွားကြဦးနော်..
""
ဝိုင်က..မှင်သေသေနဲ့ ပြောလိုက်လေသည်။
""သောက်ရူးတွေ..အဲ့ဒီအရူးမပြောစကားကို.နားယောင်နေကြတာလား..""
""ဒီမှာစွဲမက်ရှင်..ငါတို့က လူဆိုးတွေဆိုပေမယ့်...ထောင်ရဲ့အငွေ့သက်တွေကိုတော့..မကြိုက်ဘူး..အဲ့တော့..မင်းပြဿနာမင်းဘာသာရှင်းတော့..ငါ့တို့တွေ ဆက်မပါနိုင်တော့ဘူး..""
ဟုပြောပြီး.ထိုနေရာကနေ..ထွက်သွားကြလေသည်။
""အလကား..ငကြောက်တွေ..တောက်..ဒီလိုငကြောက်ကိုမှ.လူမိုက်ငှားမိတာ..မှားတာ​ဘဲ..""
""ဒီမှာ စွဲမက်ရှင်..မင်းလည်း.ဝိုင်ပြောတာ ကြားတယ်မလား..ဒီနေရာကို ရဲတွေရောက်လာကြမှာ..မင်းအခုချက်  နွေချိုကို လွှတ်ပေးပါ..""
မိုးရိပ်.ပြောလိုက်တော့.စွဲမက်ရှင်.တစ်ချက်မျှတွေဝေသွားလေသည်။.ထိုအချိန်ကို အခွင့်ကောင်းယူပြီး.ဝိုင်.မိုးရိပ်.ကိုတုပ်နှောင်ထားသည့်.ကြိုးတွေကို.အလျှင်မြန်.ဖြေပေးလိုက်သည်။
""အဟား...ရဲ..ဟုတ်လား..ကြောက်မနေဘူး..အနည်းဆုံးတော့...ဒီကျက်သ​တုံးကောင်ကို..ငါနဲ့အတူ..ငရဲပြည်ကို.ခေါ်သွားမယ်..""
စွဲမက်ရှင်..တစ်လုံးချင်းပြောလိုက်ပြီး..နွေချို.ရင်ဘတ်ကို.ဓားမြှောင်နဲ့ထိုးစိုက်ဖို့ရန်..ဟန်ပြင်လိုက်သည်။
""စွဲမက်ရှင်..မင်းမလုပ်နဲ့..""
""ဟာ..ဒီအရူးမတော့...ကဲဟာ..""
ဝိုင်  သူဘေးနားမှာချထားသည့်..ဘေ့စ်ဘော.တုတ်တံနဲ့..အားလွဲပြီး..စွဲမက်ရှင်ဆီကို..လှမ်းထုလိုက်၏။
      ဝိုင်လှမ်းထုလိုက်တဲ့..ဘေ့စ်ဘောတုတ်တံက..စွဲမက်ရှင်..ကျောကို...ထိထိမိမိ.နဲ့ မှန်သွားတာကြောင့်..စွဲမက်ရရှင်..ဟန်ချက်ပျက်ပြီး.ကြမ်းပြင်ပေါ်လဲကျသွား​လေသည်။မိုးရိပ်..နွေချိုတို့အနီးကို..ပြေးသွားပြီး..နွေချိုကို.တုတ်နှောင်ထားသည့်.ကြိုးများကို.ဖြေပေးဖို့ကြိုးစားလိုက်သည်။
""မလုပ်ရဘူး...ငါသူ့ကို..သတ်မှာ..သတ်မှာ..""
စွဲမက်ရှင်က..​ကြုံးအော်ပြီး..ထလာကာ..​မိုးရိပ်ကို..ဘေးသို့.​တွန်းလှဲလိုက်ပြီး..နွေချိုကို..ဓားမြှောင်နဲ့ထိုးဖို့ရန်.ထပ်ကြိုးစားပြန်သည်။
""စွဲမက်ရှင်...မင်း.ရူးနေတာလား...""
""ဖြောင်း...""ခနဲ့မြည်အောင်.မိုးရိပ်
ဒေါသကတကြီးနဲ့..စွဲမက်ရှင်ကို..လက်ပြန်ရိုက်ချပစ်လိုက်သည်။
""အဟား..ဟား...ဟုတ်တယ်..ငါရူးနေပြီ..ရိပ်..ငါရူးနေပြီ...ဒီအကောင့်ကို..ငါမရ.ရ..အောင်သတ်မှာ..ငါ့အသက်ရှင်နေသေးသ၍ ငါသူကိုသတ်ဖို့ကြိုးစားနေဦးမှာဘဲ..""
""ဖြောင်း..""
စွဲမက်ရှင်.ကို.မိုးရိပ်..ဒေါသတကြီးနဲ့..နောက်ထပ်တစ်ခါ..ရိုက်ချလိုက်တော့..ကြမ်းပြင်ပေါ်..လဲကျသွားလေသည်။မိုးရိပ်.ရိုက်ချက်တွေက ဒေါသတွေနဲ့ပြည့်နှက်နေတာကြောင့်..အားပါလှသည်။စွဲမက်ရှင်၏မျက်နှာတစ်ခုလုံး.တစ်ခဏလေးချင်းနှင့်.နီရဲ
လို့သွားလေသည်။
       မိုးရိပ်.အံ့ကိုကြိတ်ပြီး.စွဲမက်ရှင်.လက်ထဲက.ဓားမြှောင်ကို.ဆွဲလုလိုက်ပြီး..စွဲမက်ရှင်အားထိုးဖို့ရန်.ဟန်ပြင်လိုက်၏။
""မိုးရိပ်..မလုပ်နဲ့..""
ဝိုင် စိုးရိမ်တကြီးနဲ့  လှမ်းဟန့်လိုက်သည်။
""ထိုးလိုက်စမ်းပါ ရိပ်ရဲ့..စွဲမက်ကို..မမုန်းဘူးလား...ရှင့်ရဲ့ နွေချိုလေးကို ကျွန်မ ရစရာမရှိအောင် နှိပ်စက်ထားတာလေ..ဓားနဲ့ထိုးလိုက်စမ်းပါ..""
စွဲမက်ရှင်က..မထိခလုတ်ထိခလုတ်နှင့်.မိုးရိပ်၏ဒေါသကိုဆွနေလေသည်။
""Rain(ရိန်း.)..မလုပ်ပါနဲ့..သူ့ကိုလွှတ်ပေးလိုက်ပါ..""
နွေချို..အားတင်းပြီး..မိုးရိပ်ကို.လှမ်း၍တားမြစ်လိုက်၏။
""ဟင့်အင်း..ရိပ်..ရှင်..ဒီနေ့ကျွန်မကို.မသတ်လိုက်လို့ရှိရင်.နောင်တစ်ချိန်ကျရင်..ရှင်နောင်တ.
ကောင်းကောင်းကြီးရလိမ့်မယ်  .ကျွန်မ..သူ့ကို.သတ်ဖို့.ထပ်ပြီး.ကြိုးစားမှာနော်..အဲ့ဒီတော့..ရှင်.ကျွန်မကို.ဓားနဲ့ထိုးပြီး.သတ်လိုက်စမ်းပါ..""
""နင့်ပါးစပ်ကို.ပိတ်ထားစမ်း.အရူးမ...မိုးရိပ်..နင်.သူပြောတာကို.နား​မယောင်နဲ့..နင့်သူ့ကိုသတ်လိုက်လို့.ရှိရင်.နင်.ထောင်ကျသွားလိမ့်မယ်..နင်ထောင်ကျလို့မဖြစ်ဘူးလေ..မိုးရိပ်ရဲ့..နွေချိုဆီမှာ..နင့်ရဲ့ရင်သွေးလေး.ရှိနေပြီလေဟာ...နင်..နွေချိုနဲ့..ရင်သွေးလေးအတွက်..တွေးပြီး..ဒီအရူးမကို..မသတ်ချင်စမ်းပါနဲ့..""
ဝိုင်က..ဆိုလိုက်တော့..​မိုးရိပ်..အံ့ကိုတင်းတင်းကြိတ်ပြီး...ဓားမြှောင်ကို.လွှတ်ချလိုက်သည်။
""ဝိုင်ပြောတာ မှန်တယ်..ငါ့ရဲ့လက်မှာ.
နင့်ရဲ့ညစ်ပေနေတဲ့ သွေးတွေတော့ မစွန်းထင်းမခံနိုင်ဘူး စွဲမက်ရှင်
..မင်း.ထောင်နန့်းကိုသာ..ပျော်ပျော်ကြီး..စံလိုက်တော့..""
မိုးရိပ်.ပြောပြီး..နွေချိုကို.ကြိုးတွေဖြည်ပေးလိုက်သည်။
""ဟင့်အင်း..အဲ့လို.မလုပ်ရဘူး..ရိပ်..နင်ငါ့ကို..သတ်ကိုသတ်ရမယ်.အဲ့ဒါမှာ.ထောင်ကျပြီး..ဒီရွံ့စရာအကောင်နဲ့ မပေါင်းရမှာ..""
""ဟာ..နားငြီးလိုက်တာ..နင်ရဲ့ ပါးစပ်ပေါက်ကို ပိတ်ထားလိုက်စမ်း ဆိုက်ကိုမရဲ့..""
""ဖြန်း...ဖြန်း..""
ဝိုင်.စိတ်မရှည်စွာနဲ့..စွဲမက်ရှင်ပါးနှစ်ဘက်ကို.ဘယ်ပြန်ညာပြန်.ရိုက်ချပစ်လိုက်သည်။
""မိုး..မိုးရိပ်..ငါတောင်းပန်ပါတယ်..""
""အရူးလေး..မင်းက.ဘာကိုတောင်းပန်နေတာလဲ..တောင်းပန်ချင်းတောင်းပန်..ငါက.တောင်းပန်ရမှာပါ..summer(ဆမ်းမား)လေးရယ်..""
မိုးရိပ်...ဆို့နင့်စွာ ပြောလိုက်ပြီး.နွေချို..ကိုယ်လေးကို..ပွေ့ချီလိုက်သည်။
      ဝိုင်လည်း..စောစောက.စွဲမက်ရှင်ဆီ..ပစ်လိုက်သည့်.ဘေ့စ်ဘေတုတ်တံကိုကောက်လိုက်ပြီး.
""မိုးရိပ်...ငါ့ကားပါတယ်..နွေချိုကို.ဆေးရုံအမြန်ပို့လိုက်ပါ..ငါကတော့..ဒီဆိုက်ကိုမ.ကိုစောင့်ကြည့်နေခဲ့မယ်.. ခဏနေရင်..ဦးမာန်နဲ့အတူရဲတွေလဲ ပါလာမှာ..ဒီဟာမကို..ငါ့ကိုယ်တိုင်.ရဲလက်အပ်လိုက်မယ်..""
မိုးရိပ်..ဝိုင်ကို..ခေါင်းညိတ်ပြလိုက်ပြီး.ထိုနေရာကနေ ထွက်သွားဖို့ ဟန်ပြင်လိုက်၏။
     ထိုအချိန်..​စွဲမက်ရှင်က.ဓားမြှောင်ကို ဆွဲယူလိုက်ပြီး..ထလာကာ.မိုးရိပ်ဆီသို့ တရှိန်ထိုး ပြေးသွားလေသည်။
😱😱😱
ဘာတွေဆက်ဖြစ်မလဲ❓
အပိုင်း🍓၂၄🍓မျှော်..မနက်ဖြန်ကျရင် ၂ပိုင်း ဆက်တိုက်တင်ပေးပါ့မယ်နော် 😚။
စာရေးညံ့တဲ့ ဦးကို အားပေးကြတဲ့ ကလေးတွေကို ကျေးဇူးအထူးဘဲတင်ပါတယ်.။အခုရက်ပိုင်း..စာမရေးဖြစ်တဲ့အတွက်လည်း..တောင်းပန်ပါတယ်။
            🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now