အပိုင်း❤၆❤

300 15 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၆)🌈
❤❤❤❤❤❤
      မိုးရိပ်..ဟိုတစ်နေ့က.ဖြစ်ခဲ့တဲ့ကိစ္စပတ်သက်ပြီး..စွဲမက်ရှင်.ကျေနပ်အောင်.တောင်းပန်တဲ့အနေနဲ့..သူမ.နဲ့အတူ..တစ်နေ့ကုန်.လျှောက်လည်ပေးလိုက်လေသည်..။အမျိုးသမီး..လက်ကိုင်အိတ်တွေ.ရောင်းတဲ့ဆိုင်ကိုရောက်တော့..လက်ကိုင်အိတ်တစ်လုံးဆီကို.မိုးရိပ်ရဲ့အကြည့်တွေရောက်သွားပြီး..ထိုလက်ကိုင်အိတ် ကိုဝယ်လိုက်သည်ကို.စွဲမက်ရှင်မြင်လိုက်လေသည်။လက်ကိုင်အိတ်ပုံစံက.နာမည်ကြီး.
အမျိုးစားထဲကမှန်း..စွဲမက်ရှင်.သိလိုက်ရတော့..
""ရိပ်...စွဲမက်အတွက်..လက်ဆောင်ဝယ်ပေးတာလား..""
""ဟင့်အင်း..မဟုတ်ပါဘူး..ဒါက..ဝိုင်အတွက်.ဝယ်တာ..""
စွဲမက်ရှင်.မျက်နှာတစ်ချက် ကွက်ခနဲ့ပျက်သွား၏။သူမ အတွက်ဆိုပြီး..တကူးတက.မိုးရိပ်.လက်ဆောင်တစ်ခါမှ.ဝယ်မပေးဖူးပေ..။သူမ..ပူဆာမှသာ.မိုးရိပ်က.ဝယ်ပေးတာပါ..။အခုလို..မိုးရိပ်ကိုယ်တိုင်.သူ့စိတ်နဲ့သူကိုယ်..ဝယ်ပေးတဲ့လက်ဆောင်မျိုးကို.စွဲမက်မရဖူးသေး..။ရင်ထဲ..ပြည့်ကြပ်လာတဲ့.မနာလိုဝန်တိုစိတ်တွေကြောင့်..အောက်နုတ်ခမ်းကို.ဖိပြီး.ကိုက်ထားလိုက်၏။
💜💜💜
""မိုးရိပ်..ဒါ.ငါအတွက်..နင်ဝယ်လာတာပေါ့ဟုတ်လား..""
နှင်းသွေးဝိုင်..မိုးရိပ်ပေးလာတဲ့.လက်ကိုင်အိတ်လေးကို..​ကိုင်ပြီး.ပျော်နေမိ၏။ကလေးငယ်လေးလို..ပျော်နေရှာသည့်. ​နှင်းသွေးဝိုင်ကို.ကြည့်ရင်း..စွဲမက်ရှင်..တစ်ချက်မဲ့လိုက်မိ၏။
""လှလိုက်တာ.မိုးရိပ်ရာ..နင်ကိုယ်တိုင်.ရွေးပြီး ဝယ်လာတာလား.""
""မိချောင်းမ သမီးရယ်..လျှာကိုရှည်တယ်..ဒီလက်ကိုင်အိတ်လေးကိုတွေ့လိုက်တော့..နင်.ဟိုတလောလေးက.ပြောဖူးတယ်လေ..လက်ကိုင်အိတ်ကောင်းကောင်းလေးတစ်လုံးလောက်.လိုချင်တယ်ဆို..အဲ့ဒါကိုသတိရလို့..ဝယ်လာပေးတာ..""
""ဟီး.ဟီး..ကျေးဇူးဘဲမိုးရိပ်..နွေချို..ဒီမှာ..မိုးရိပ်က.ငါ့အတွက်.ဝယ်လာပေးတာတဲ့..""
ကော်ဖီတွေကို.ဗန်းနဲ့ယူလာတဲ့.နွေချိုကို.လက်ကိုင်အိတ်လေး.မြှောက်ပြပြီး..နှင်းသွေးဝိုင်.ကြွားလိုက်၏။
နွေချိုပြုံးပြလိုက်ပြီး.ကော်ဖီခွက်ကို.နေရာချပေးလိုက်သည်။
""လှလိုက်တာ..နက်ပြာရောင်လေးဘဲ..ဝိုင်.နက်ပြာရောင်.ကြိုက်မှန်းကို..မိုးရိပ်..မှတ်မိနေသားဘဲနော်..""
နွေချိုစကားကြောင့်..စွဲမက်ရှင်.ရင်ထဲအောင့်သွား၏။သူမ.ဘာရောင်ကြိုက်လဲဆိုတာကို..မိုးရိပ်တစ်ခါမှ..မမေးဖူး..။သိလည်းမသိ..။ပြုံးပျော်နေသည့်.နှင်းသွေးဝိုင်ကိုကြည့်ရင်း.စွဲမက်ရှင်.ရင်ထဲ.မနာလိုစိတ်တွေက.တဖွားဖွား..။ကော်ဖီကို.မှုတ်မသောက်ဘဲ..
သူများကို.မနာလိုတဲ့အကြည့်တွေနဲ့ကြည့်ရင်း..မော့သောက်လိုက်တော့..
""ဖူး..ဖလူး..အမယ်လေး..ပူလိုက်တာ..ဟမ်..ကော်ဖီကို.ဒီလောက်ထိပူအောင်.ဖျော်လာရသလား..""
စွဲမက်ရှင်..နုတ်ခမ်းပူသွားတာကြောင့်.စိတ်တိုပြီး..ကော်ဖီခွက်ထဲက.ကော်ဖီပူတွေနဲ့.နွေချို.ခြေထောက်.ပေါ်ကို.လောင်းချလိုက်တာကြောင့်.နွေချို..ခြေထောက်လေး.အပူလောင်သွားရလေသည်။
""အား...ပူလိုက်တာ..စွဲမက်ရှင်..ခင်ဗျား.ဘယ်လ်ို.လုပ်လိုက်တာလဲ""
နွေချို.နာကျင်မှုကြောင့်..မျက်နှာလေးမဲ့ကျသွားလေသည်။
""ဟာ..စွဲမက်ရှင်..နင်ဘယ်လို.လုပ်လိုက်တာလဲ..နွေချို..အရမ်းပူသွားလား..လာ.လာ.ဆေးခန်းသွားပြမယ်..""
မိုးရိပ်..စိုးရိမ်စိတ်တွေ.မြင့်တက်သွားပြီး.နွေချို.ကိုယ်လေးကိုပွေ့ချီလိုက်၏။
""ဟာ..မိုးရိပ်..ရပါတယ်..ငါလမ်းလျှောက်နိုင်ပါတယ်.နောက်ပြီး..သိပ်အဆိုးကြီး..မဟုတ်ပါဘူး..""
နွေချို.ပြောလိုက်ပေမယ့်..မိုးရိပ်က..နွေချိုကိုယ်သေးသေးလေးကို..ပွေ့ချီပြီး.ခေါ်ဆောင်သွားလေသည်။
စွဲမက်ရှင်..ထိုအဖြစ်ပျက်ကိုကြည့်ရင်း.စိတ်တိုစွာနဲ့.တောက်တစ်ချက်ခေါက်လိုက်မိ၏။
""ဟဲ့..ကောင်မ..နင်..တမင်သပ်သပ်..နွေချို.ခြေထောက်ပေါ်က်ို.ကော်ဖီပူတွေနဲ့လောင်းချစရာလား.သူများအဖိုးတန်သူငယ်ချင်းကိုများ.ကဲဟာ..""
""ဖြန်း.,""
နှင်းသွေးဝိုင်..စ်ိတ်တိုတိုနဲ့.စွဲမက်ရှင်၏ပါးကို.ရိုက်ချလိုက်၏။နောက်တော့..မိုးရိပ်တို့နောက်ကို.သူမပါ.ပြေးလိုက်သွားလေသည်။စွဲမက်ရှင်တစ်ယောက်တည်းသာ..ဒေါသမီးတောက်လောင်စွာနဲ့.ကျန်ရစ်ခဲ့လေသည်။
""တောက်...အား..ကောင်မစုတ်က.လူပါးဝလို့.ငါ့ပါးကိုရိုက်တယ်ပေါ့..နှင်းသွေးဝိုင်..နင်ကြပ်ကြပ်သတိထား..နင်ငါ့ပါးကို.ရိုက်တဲ့အတွက်..နင့်ကို.ဒီတစ်သက်မကြေဘူး..""
💜💜💜
         နွေချို ခြေထောက်အပူလောင်သွားကတည်းက..မိုးရိပ်တစ်ယောက်.ပျာယာခတ်နေမိတာက အမှန်.။နွေချို..ဘေးနားကနေ တဖဝါးမှမခွာ..နွေချို.သွားချင်တဲ့နေရာတွေကို..မိုးရိပ်က.ပွေ့ချီပြီး ခေါ်.ခေါ်​သွားပေး၏။
""မိုးရိပ်..ငါ..အောက်ပိုင်းသေနေတဲ့လူမမာမဟုတ်ဘူးနော်..ခြေဖမိုး.လေးဘဲ..အပူလောင်သွားတာ..လမ်းလျှောက်နိုင်တယ်..""
""ဟေ့ကောင်.စေတနာကိုမစော်ကားနဲ့.မင်းလမ်းလျှောက်ရင်..မင်းနာနေမှာကို.စိုးလို့..ငါ့ကပွေ့ချီပြီး.ခေါ်သွားပေးတာ..ကျေးဇူးမတင်တဲ့အပြင်..အပြစ်လာတင်နေသေးတယ်..""
""ငါက..မင်းပင်ပန်းနေမှာစိုးလို့ပြောတာပါကွာ..""
""မပင်ပန်းပါဘူး..မင်းကိုယ်သေးသေးလေးလောက်ကိုတော့ ငါ့ကအပျော့ဘဲ.""
""ဟုတ်ပါပြီ..သူအားကြီးကြောင်း.လာကြွားနေသေးတယ်..""
နွေချိုပြောလိုက်တော့ မိုးရိပ်သဘောကျစွာ ရယ်မောနေလေသည်။.နွေချို.နဲ့မိုးရိပ်တို့ကိုကြည့်ရင်း.ဦးမာန်.မျက်နှာကြီးက.ပြုံးတုံးတုံး..။
မိုးရိပ်ဘဝမှာ ရယ်တာပြုံးတာ အရမ်းကိုရှားပါးလွန်းလှသည်။သို့သော်.မိုးရိပ်အနားမှာနွေချိုရှိနေရင်..အလိုလို.နေရင်းနဲ့ကို.မိုးရိပ်​ပြုံးနေတတ်၏။
နွေချိုကို.မြူတစ်မှုန်လောက်မျှ အထိခိုက်မခံ..။နွေချို..​ကို.အမြဲတစေ.အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေရှာနေသည့်.မိုးရိပ်..။
💜💜💜
  ""ရိပ်...စွဲမက်က.ရိပ်ရဲ့ချစ်သူလား..နွေချိုက..ရိပ်ရဲ့ချစ်သူလား.""
စွဲမက်ရှင်..မေးလိုက်သည့်စကားကြောင့်.မိုးရိပ်ကြောင်အန်းအန်းဖြစ်သွားကာ..
""စွဲမက်..မင်း.ဘာတွေလျှောက်မေးနေတာလဲ..နွေချိုက..ငါ့ရဲ့သူငယ်ချင်း.ကွ""
""ဟုတ်လား..ကိုယ့်ရဲ့ချစ်သူထက်.ပိုပြီး.ဖူးဖူးမှုတ်ချစ်ပြနေရတဲ့သူငယ်ချင်းလား..ရိပ်..""
""စွဲမက်..မင်းက.ဘာကိုပြောချင်နေတာလဲ..""
""စွဲမက်ဘာကိုပြောချင်နေတာလဲဆိုတာကို..ရိပ်.သဘောမပေါက်သေးဘူး..အမြဲတမ်း.နွေချို..နွေချို.နဲ့.ပျာသလဲခတ် နေအောင်..ဂရုစိုက်ပြပြီး.သည်းပြနေတာ..သူငယ်ချင်းတဲ့လား.ရိပ်..စွဲမက်ကိုတောင်.ရိပ်.အဲလောက်ထိ.ဂရုမစိုက်ဖူးဘူးနော်..ဘာလဲ..ရိပ်ရဲ့အဖေက.gayဆိုတော့.ရိပ်ပါ.gayသွားတာတော့မဟုတ်ပါဘူးနော်..""
""စွဲမက်ရှင်..မင်းရဲ့.စကားတွေကလွန်လာပြီနော်..ငါgayမဟုတ်ဘူးကွ..နောက်ပြီး..နွေချိုကလည်း..gayမဟုတ်ဘူး..နောက်ဆို.မင်းစကားပြောတာဆင်ခြင်ပါ.""
""စွဲမက်က..စကားပြောဆင်ခြင်ရမှာမဟုတ်ဘူး..အနေထိုင်.ဆင်ခြင်ရမှာက..ရိပ်..အမြဲတမ်း.တခြားယောကျ်ားတစ်ယောက်ရဲ့ နာမည်ကို တကြော်ကြော်.ခေါ်ပြီး..အရိပ်တကြည့်ကြည့်နဲ့.ဂရုစိုက်ပြနေတာ.အများကဲ့ရဲ့စရာဖြစ်နေမှာစိုးလို့..စွဲမက်ကပြောနေရတာ..နောက်ပြီး.နောက်လဆို.စွဲမက်ရဲ့မိဘတွေ.ရောက်လာကြမှာ..ရိပ်နဲ့ စွဲမက်တို့ရဲ့ မင်္ဂလာပွဲကိစ္စ.ကို.လူကြီးတွေကစီစဥ်ကြတော့မယ်ဆိုတာကို..ရိပ်မမေ့ပါနဲ့..""
စွဲမက်ရှင်.စကားများကြောင့်.မိုးရိပ်.စိတ်ရှုပ်ထွေးသွားကာ.ခေါင်းကဆံပင်တွေကို လက်နဲ့သာ ထိုးဖွနေမိတော့၏။
💜💜💜
          စွဲမက်ရှင်၏ စကားများကြောင့်.မိုးရိပ်..နွေချိုကို.အခုရက်ပိုင်း.ရှောင်နေမိ၏။မိုးလင်းကနေ.မိုးချုပ်.
.အကြောင်းပြချက်မရှိ...မိုးရိပ်.အပြင်ကိုသွားနေတတ်၏။မိုးရိပ်အဘိုး(အဖေ့ဘက်က.)ရဲ့ ကုပ္မဏီမှာ.အလုပ်ဝင်နေရသည်ကလည်း.ပါသည်ပေါ့..။
""မိုးရိပ်..အခုတလော..အိမ်ပြန်တာ.အရမ်းနောက်ကျတယ်နော်..""
နွေချို..ဧည့်ခန်းထဲကနေ မအိပ်ဘဲ.မိုးရိပ်ကိုစောင့်..နေခဲ့လေသည်။
""အင်း..​မင်းဒီအချိန်ထိ မအိပ်သေးဘဲနဲ့.ဘာလုပ်နေတာလဲ..""
မိုးရိပ်.နာရီကိုကြည့်​လိုက်တော့.ည၁၂နာရီတောင်.ထိုးတော့မည်။
""အင်း.....မင်းကိုစိုးရိမ်နေလို့.ငါမအိပ်ဘဲ..စောင့်နေတာ..မိုးရိပ်..မင်း.ငါနဲ့.မင်းချစ်သူကြားမှာ.အနေရခက်နေတာလား..""
ပါးနပ်လှသည့် သူပီပီ.နွေချို.မေးလိုက်တော့  မိုးရိပ်..ခေါင်းခါလိုက်မိ၏။
""ငါမနိုးသေးခင်.မင်းအိမ်ကနေ.ထွက်သွားပြီ..ပြန်လာတော့လည်း.ငါ့အိပ်တဲ့အချိန်. ညနက်မှ.ပြန်လာတယ်..တစ်ခါတစ်လေ..ငါနဲ့ဆုံရင်လည်း.မင်း.ဟိုလိုလို..ဒီလိုလိုနဲ့..ရှောင်.ရှောင်သွားတယ်..ငါ.ငတုံးမဟုတ်ပါဘူး..မိုးရိပ်..ဒီအိမ်က..မင်းအိမ်လေ..မင်း.ငါကိုရှောင်နေစရာမလိုပါဘူး..ငါကြောင့်..မင်းစိတ်အနှောင့်ယှက်ဖြစ်နေရင်.ငါထွက်သွားပေးပါ့မယ်.""
နွေချို..လေးလေးနက်နက်နဲ့.တစ်လုံးချင်းပြောလာတော့. မိုးရိပ်စိတ်လှုပ်ရှားသွားကာ...
""ဟင့်အင်း..မဟုတ်ပါဘူး.နွေချိုရဲ့..မင်း.အရမ်းကြီး.အတွေးလွန်နေတာပါ..ငါ.မင်းကို.မရှောင်ပါဘူး.""
""သေချာလို့လားမိုးရိပ်..""
နွေချို..မိုးရိပ်နဲ့မျက်နှာချင်းဆိုင်လိုက်ပြီး.အနားကို..တ​ဖြေးဖြေးချင်းတိုးကပ်သွားလိုက်၏။နွေချို၏.မျက်နှာလေးကိုငေးစိုက်ကြည့်ရင်း..မိုးရိပ်..စိတ်ရှုပ်ထွေးနေလေသည်။
  ""တကယ်သေချာလို့လား..မင်း.ငါ့ကြောင့်.စိတ်အနှောင့်ယှက်ဖြစ်နေလားဟင်..""
နွေချို..မိုးရိပ်ရဲ့​မျက်နှာလေးအား.မော်ကြည့်ရင်း..ခန့်မှန်းရခက်လှ
တဲ့.အကြည့်တွေနဲ့.အတူ.မေးလာပြန်၏။မိုးရိပ်.နွေချိုရဲ့မျက်ဝန်းတွေထဲကို.ငေးစိုက်​ကြည့်ရင်း..ရင်ခုန်နေမိ၏။နွေချို.သူ့အနားကိုရောက်လာတိုင်း.သူရင်ထဲမှာ အမျိုးမည်.ဖော်ပြရခက်သည့်.ခံစားချက်မျိုးတွေ ပေါက်ဖွားလာတတ်၏။နွေချို.ရဲ့မျက်ဝန်းနက်နက်လေးတွေနဲ့.အကြည့်ဆုံတိုင်း..တစ်စုံတရာက..သူ့စိတ်ကိုညှို့ယူ.ဖမ်းစားထားသလို..။အခုလည်း..နွေချို.ရဲ့.စူးရှတောက်ပနေတဲ့ မျက်ဝန်းနက်နက်လေးတွေကို ငေးကြည့်ရင်း..သူ့စကားစတို့ပျောက်ဆုံးနေခဲ့၏။ဖြောင့်စင်းနေတဲ့.နှာတံလေးရယ်..ယောကျ်ားလေးတန်မဲ့နဲ့.ပန်းနုရောင်သန်းပြီး.ဖူးဖူးလေးဖြစ်နေတဲ့.နုတ်ခမ်းတစ်စုံရယ်..အားလုံးခြုံပြီးပြောရရင် နွေချိုက..တကယ့်ကိုညှို့အားပြင်းပြီး.မိန်းကလေးရှုံးလောက်တဲ့.အလှမျိုးကို.ပိုင်ဆိုင်ထားလေသည်။ဟုတ်တယ်..နွေချိုက..ယောကျ်ားတစ်ယောက်လို.ခန့်ညားချောမောနေတာမဟုတ်ဘူး..စွဲမက်ဖွယ်ရာညှို့အားပြင်းပြင်းနဲ့ကို.လှနေတာ..။
     လှတယ်.ဆိုတဲ့စကားလုံးနဲ့.ယောကျ်ားလေးနဲ့ မအပ်စပ်ပေမဲ့လည်း..မိုးရိပ်မျက်ဝန်း​တွေ
ထဲမှာတော့..နွေချိုက လှပလွန်းနေခဲ့သည်။တစ်ခါတစ်လေ.မိုးရိပ်.စိတ်ထဲတွေးနေခဲ့မိတယ်..။နွေချိုသာ.မိန်းကလေးတစ်ဦးဖြစ်ခဲ့ရင်.ဘယ်လောက်ကောင်းလိုက်မလဲပေါ့.။အခုတော့.နွေချိုက.ယောကျ်ားလေးတစ်ဦးဖြစ်နေ​တာကြောင့်..နွေချို.ပေါ်.တိမ်းညွှတ်.နေသည့်.မိမိရဲ့စိတ်တွေကိုထိန်းချုပ်နေရလေသည်။
     ယောကျ်ားလေးတစ်ဦးကို.ချစ်ကြိုက်ရအောင်..မိမိက.gayမဟုတ်ပေ..။နောက်ပြီး..မိမိ.နွေချိုအပေါ်မှာ.ထားရှိသည့်..ခံစားချက်တွေက.ရိုးရှင်းသည်.သန့်ရှင်းသည်။ဘာအရောင်တွေမှ မပါသည့်.အဖြူထည်.အချစ်တစ်ခုနဲ့သာ.​သူနွေချိုကို.ချစ်သည်။
""မိုးရိပ်..ငါမေးနေတယ်..လေ..""
""ဟင်..အင်း.မဖြစ်ပါဘူး..ဘာမှလျှောက်ပြီး.တွေးမနေနဲ့တော့နော်..ငါအိပ်ချင်နေပြီ..သွားအိပ်တော့မယ်.နွေချို..""
မိုးရိပ်.အေးအေးစက်စက်ဆိုရင်း..နွေချို.ကိုကျောခိုင်းပြီးထွက်သွားလေသည်။ထွက်သွားသည့်..မိုးရိပ်ရဲ့ကျောပြင်လေးကို.နွေချို.ငေးကြည့်ရင်း..သက်ပြင်းတစ်ချက်ချလိုက်၏။
💚💚💚
အပိုင်း🍓၇🍓မျှော်ပေးဦးနော်.
ဇာတ်လမ်းက ဖတ်မကောင်းကြလို့လား
ဟင်.ဖတ်တဲ့သူတွေ တဖြေးဖြေးနဲ့လျော့သွားသလိုဘဲ😔😔။
                        🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now