အပိုင်း❤၁၀❤

310 15 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၀)🌈
❤❤❤❤❤❤
       မိုးရိပ် အိပ်ရာကနေ အသာ.ထပြီး.နွေချို.နဖူးလေးကို.စမ်းကြည့်လိုက်တော့..မနေ့ညကလို.ပူကျစ်နေမတော့..။အသာသက်ပြင်းကိုချလိုက်ပြီး..​စိတ်မထိန်းနိုင်တာနဲ့..နဖူးလေးကိုငုံ့နမ်းဖို့ ဟန်ပြင့်လိုက်တော့...နွေချို..ခန္ဓာကိုယ်လေး..လူးလွန့်လာတာကြောင့်.မိုးရိပ်..ပြန်ပြီး.အိပ်ချင်ယောင်ဆောင်လိုက်လေသည်။
""အား..ကျစ်...""
နွေချို..နိုးလာတော့..ပထမဦးဆုံး..ခေါင်းထဲက.ထိုး​ကိုက်နေတာကြောင့်..အသာညည်းညူရင်း..မျက်လုံးကို.ဖြေးညှင်းစွာဖွင့်ကြည့်လိုက်၏။အစကတော့..သူဒီအတိုင်း.ထဖို့ဟန်ပြင်လိုက်သည်.။နောက်တော့..မိုးရိပ်ရင်ခွင်ထဲ.သူကဖက်လျှက်သား..ဖြစ်နေတော့..လန့်ပြီး.အော်မိမလိုတောင်.ဖြစ်သွားရလေသည်။အလျှင်အမြန်..သူ့ပါးစပ်ကို.လက်နဲ့အုပ်လိုက်မိလို့သာ..အသံကထွက်မသွားတာ..။ဘုရားရေ..တစ်ညလုံး..ငါဒီလို.မိုးရိပ်.ရင်ခွင်ထဲမှာ..အိပ်ပျော်နေခဲ့တာလား..။နွေချို..မျက်နှာတစ်ခုလုံး.တရှိန်ရှိန်နဲ့..အပူတွေတိုးလာသလိုမျိုး..ခံစားလိုက်ရသည်။အသာ..မိုးရိပ်..ရင်ခွင်ထဲကနေ..ဖြေးဖြေးလေးခြင်း..ရှော
အထွက်..
""သက်သာလား...""
မိုးရိပ်..မနေ​နိုင်တော့.မျက်လုံးဖွင့်ကြည့်ပြီး.မေးလိုက်တော့
""အား...အမေ့..""
""ဘုန်း....""
နွေချို..လန့်ဖျပ်သွားပြီး..နောက်ကို.အလျှင်အမြန်ဆုတ်လိုက်တာ.ကုတင်ပေါ်ကနေ..ရှောခနဲ့အောက်ကို.ပြုတ်ကျသွားလေသည်။
""ဟောဗျာ...နွေချို..မင်းကလည်း..နမော်နမဲ့နဲ့...""
ဆိုပြီး..မိုးရိပ်ကုတင်ပေါ်က​ဆင်းပြီး.နွေချို.ကိုယ်လေးကို.ပွေ့ထူပေးလိုက်၏။
""ရ..ရတယ်..သက်သာသွားပါပြီ...""
နွေချို.အထစ်ထစ်.အငေါ့ငေါ့နဲ့.ပြန်ဖြေလိုက်သည်။
""ဒါ...ဒါဆိုရင်..ငါအခန်းထဲ..ပြန်သွားတော့မယ်နော်..""
""ဘာဖြစ်လို့လဲ..မနေ့ည.တစ်ညလုံး.ဒီအခန်းထဲမှာ.ငါနဲ့အတူ.အိပ်နေပြီးတော့..အခုကျမှ လာရှက်နေသေးတယ်..ရှက်မနေနဲ့တော့..မင်းတစ်ကိုယ်လုံးကို..ငါနှစ်ခါတောင်.မြင်ပြီးသွားပြီ...""
""ဘာ....ဘာပြောတယ်...""
မိုးရိပ်စကားကြောင့်..နွေချိုမျက်နှာလေး.ရဲတက်သွားရလေသည်။သူ့ကိုယ်သူ.​ငုံ့ကြည့်လိုက်တော့...ဟုတ်သားဘဲ.။သူ.သတိမလစ်ခင်က.အဝတ်စားတွေမှ.မဟုတ်တော့တာ..။အဝတ်စားသစ်တွေကို.မိုးရိပ်.လဲပေးထားတာလား..။
""ဟေ့...မျက်လုံးဖွင့်လျှက်ကြီး..သတိမေ့သွားတာလား..ငါ့အရင်.မျက်နှာသွားသစ်လိုက်မယ်..မင်းနောက်မှ.သစ်တော့..ဒီမှာ.ထိုင်နေကြားလား..""
မိုးရိပ် ကို.နွေချို.ကြောင်စီစီလေး.ငေးကြည့်နေမိသည်။အခု​တလော
..မိုးရိပ်ကိုနွေချိုနားမလည်တော့..။.အပြောင်းလဲအရမ်းမြန်သည့်..မိုးရိပ်ရဲ့ပုံစံအသစ်နဲ့.နွေချိုအသားမကျသေး..။အခုနေ..​
နွေချ်ိုအပေါ်မှာ...ခက်ထန်လိုက်..မောက်မာလိုက်နဲ့..နောက်ပြီး.သူ့မဟုတ်တဲ့အတိုင်း.ပျော့ပျောင်းနူးညံ့သွားပြန်သည်မဟုတ်ပါလား..။
💚💚💚
     မိုးရိပ် နွေချိုအခန်းထဲ..ဝင်လာပြီး..နွေချို.ဝတ်ဖို့ရန်.အဝတ်စားသစ်တွေ.ရှာဖွေနေ၏။ထိုအချိန်..ကုတင်ဘေးနားက.စားပွဲခုံပေါ်တွင်.တင်ထားသည့်.နွေချိုရဲ့ဖုန်းလေးက.ထမြည်လာလေသည်။ဖုန်း sceeenကိုလှမ်းကြည့်လိုက်တော့..လေးကြိုင် ဆိုပြီး.ပေါ်နေလေသည်။မိုးရိပ်.မျက်ခုံးနှစ်ခုကို
ထိစပ်လုနီးပါးဖြစ်အောင်.
မျက်မှောင်.ကြုပ်နေမိ၏။လေးကြိုင်ဆိုတာ...ဟိုလူကြီးများလား..?။နွေချိုက.အခုချိန်ထိ.အဲ့လူတွေနဲ့.အဆက်သွယ်လုပ်နေတုန်းဘဲ..။မိုးရိပ်..မျက်နှာတစ်ခုလုံး.သုန်မှုန်သွားပြီး..ဖုန်းလေးကို.ကောက်က်ိုင်လိုက်၏။
""ဟဲလို..သား..နွေချိုလား..""
တဖက်က.မေးလာသည့်အသံ ။မိုးရိပ်.အသံမပေးဘဲ..အံကိုသာကြိတ်နေလိုက်သည်။
""သား..နွေချို..ဒီနေ့.လေးကြိုင်တို့ဆီ..လာမှာ.မလား..ဟိုလေ..လေးကြိုင်.တစ်ခုလောက်.တောင်းဆိုပါရစေနော်..ဖြစ်နိုင်ရင်..အစ်ကို့သား..မိုးရိပ်ရဲ့ဓာတ်ပုံလေးတစ်ပုံလောက်.ယူလာပေးပါ့လား.ဟင်..သားရဲ့လေးစိုးက.သူ့ရဲ့သားကို.အရမ်းလွမ်းနေရှာလို့ပါ..""
တစ်ဖက်က..နွေချိုအထင်နဲ့
.ပြောနေသည့်.စကားများကို..မိုးရိပ်နားထောင်ရင်း..ဒေါသတွေ.အလိပ်လိုက်ထွက်နေချေ၏။
""တောက်...!!!!""
မိုးရိပ်.တောက်တစ်ချက်.ခေါက်လိုက်ပြီး..နွေချို..ဖုန်းလေးကို.လွင့်ပစ်လိုက်၏။နောက်တော့ ဒေါသတကြီးနဲ့..နွေချိုရှိရာ.မိမိအခန်းဆီကို.လာခဲ့လိုက်သည်။
        နွေချိုကတော့..ဘာမှမသိရှာ..။ခေါင်းထဲမူးနေလို့.ကုတင်ပေါ်မှာ.လှဲရင်း.အသာမှေးနေခိုက်..
""နွေချို...နွေချို...!!!""
အခန်းထဲကို.ဒေါသတကြီးနဲ့.မိုးရိပ်ဝင်လာပြီး..ကုတင်ပေါ်.လှဲအိပ်နေသည့်.နွေချိုကိုယ်လေးကို..ဆွဲချလိုက်၏။
ရုတ်တရက်ဆိုတော့..နွေချို.သတိလက်လွတ်နဲ့.ကြမ်းပြင်ပေါ်..ပြုတ်ကျသွား၏.။မိုးရိပ်..နွေချိုရဲ့..အင်္ကျီကော်လံစ.ကနေ.ဆွဲမလိုက်ပြီး..
""နွေချို..မင်းက.အခုချိန်ထိ..ဟိုလူတွေနဲ့.အဆက်သွယ်လုပ်နေခဲ့တာပေါ့လေ..ဟုတ်လား...""
ရုတ်တရက်.ဒေါသတကြီးနဲ့.မေးမြန်းနေသည့်.မိုးရိပ်စကားတွေကို..နွေချို.နားမလည်..။
""ပြောလေ...မင်း.က.ငါ့ကွယ်ရာမှာ..အဲ့လူတွေနဲ့.အဆက်သွယ်လုပ်ပြီးငါ့အကြောင်းတွေကို...သတင်းပေးနေခဲ့တာပေါ့လေ.ဟုတ်လား..ပြော..ပြောလေ..""
""မိုး...မိုးရိပ်..​မင်း..ဘာတွေ.ပြော..""
""တော်စမ်းပါ..နွေချိုရာ..အခုမှ.ဘာမှ.မသိချင်ယောင်ဆောင်.မနေနဲ့..ရွံ့လွန်းလို့..""
မိုးရိပ်.ရင့်သီးစွာဆိုရင်း..နွေချိုကို.အနောက်သို့.ဆောင့်တွန်းပစ်လိုက်၏။
""မိုးရိပ်..မင်းဘာတွေပြောနေတာလဲ..""
""ဘာတွေပြောနေတာလဲ..ဟုတ်လား..မင်း..အခုချိန်ထိ.ဟိုရွံ့စရာကောင်းတဲ့..လူကြီးနှစ်ယောက်နဲ့..ငါမသိအောင်.တွေ့နေတုန်းဘဲမလား..ငါ့မကြိုက်ပါဘူးလို့.အတန်တန်မှာထားရက်သားနဲ့ကို..နွေချို..မင်းက.ဘာဖြစ်လို့..ငါ့စကားကိုနားမထောင်ရတာလဲ..အဲ့ရွံ့စရာကောင်းတဲ့လူတွေနဲ့.နောက်တစ်ခါထပ်ပြီး.မပတ်သတ်နဲ့တော့...""
""ဘာ..မိုးရိပ်..မင်းဘာပြောလိုက်တယ်..ရွံ့စရာကောင်းတဲ့.လူတွေဟုတ်လား..မင်းပြောနေတဲ့သူတွေက..ငါ့ရဲ့ကျေးဇူးရှင်တွေဖြစ်သလို..အဲ့ထဲက.တစ်ယောက်ကလည်း.မင်းရဲ့အဖေရင်းနော်.မိုးရိပ်.""
နွေချို..နာကျင်မှုကို အံတုပြီး.မတ်တပ်ရပ်ရင်းဆိုလိုက်၏။
""အဟက်..အဖေဟုတ်လား..ဘာအဖေလဲ..အဲ့လိုရွံ့စရာကောင်းတဲ့လူက..ငါ့အဖေမဟုတ်ဘူး..""
""မိုးရိပ်...သွေးသားဆိုတာ.မခေါ်ချင်လို့ရတယ်..ဒါပေမယ့်.မတော်ချင်လို့မရဘူး..အေး.​မင်း.လေးစိုးကို.အဖေလို့.မသတ်မှတ်ချင်နေ.ရတယ်.ဒါပေမယ့်..မင်းနုတ်ကနေ..ရွံ့စရာကောင်းတဲ့သူလို့ပြောနေတဲ့.အဲ့လူရဲ့.သွေးတွေက..မင်းရဲ့ခန္ဓာကိုယ်မှာ.စီးဆင်းနေတယ်ဆိုတာကိုတော့..မင်းမမေ့ပါနဲ့..""
""နွေချို..မင်းက.ဘာမို့လို့.ငါ့ကိုပြန်ပြီးပြောနေရတာလဲ..မင်းကဘာမို့လို့လဲ..""
မိုးရိပ်.ဒေါသတကြီးနဲ့.နွေချိုရဲ့.အင်္ကျီ ကော်လံစကို ဆွဲရင်း ပြောလိုက်သည်။
""ငါက.မင်းကံကြီးထိုက်မှာစိုးလို့.စေတနာနဲ့ပြောနေရတာ.မိုးရိပ်...
မင်းအဖေက.gayဆိုပေမယ့်..ယုတ်မာကောက်ကျစ်နေတဲ့သူမှ.မဟုတ်တာ..""
""တော်တော့..မင်းဆက်မပြောနဲ့တော့..ငါအဲ့လို.လူစားမျိုးတွေကို.အရမ်းမုန်းတယ်..ရွံ့လည်းရွံ့တယ်..""
""ဘာဖြစ်လို့လဲ..gayတွေကလည်း.လူသားတစ်ဦး​ဘဲလေ..သူတို့ဆီမှာ.ခံစားတတ်တဲ့နှလုံးသား.ရှိကြတဲ့.လူသားတွေပါ..သူတို့ကို.ဘာဖြစ်လို့ မင်းဒီလောက်ထိ.မုန်းတီးရွံ့ရှာနေရတာလဲ..""
""တော်တော့လို့..ငါပြောနေတယ်..နွေချို..မင်းက.ဘာဖြစ်လို့.သူတို့ဘက်ကနေ..ကူပြောပေးနေရတာလဲ..ဟမ်..""
""ကူပြောပေးနေတာ မဟုတ်ဘူး.မိုးရိပ်..အမှန်တရားကိုပြောပြနေတာ..မင်းရင်ထဲက.အမုန်းတရားတွေကြောင့်..တဖက်စောင်းနင်း.ဆန်တဲ့အတွေးခေါ်တွေနဲ့..မင်း.ကိုယ့်အဖေကို.ပြန်ပြီးစော်ကားနေလို့.ပြောနေရတာ..""
""ဟာ..တော်တော့..အဲ့လူကြီးက.ငါ့အဖေမဟုတ်ဘူးကွ..""
""ခွပ်...""
""အွန့်..""
မိုးရိပ်..ဒေါသတကြီးနဲ့.နွေချိုအား.လက်သီးနဲ့ထိုးလိုက်၏။
နဂိုကမှ.နေမကောင်းဖြစ်နေပြီးအားနည်းနေသည့်နွေချို.တစ်ယောက်ကြမ်းပြင်ပေါ်.သို့ပုံလျှက်သား..လဲကျသွား၏။ဖြစ်ချင်တော့..ကုတင်တိုင်ခြေနဲ့.နဖူးနဲ့.တိုက်မိပြီး.နွေချို.မူးနောက်သွားကာ..တော်ရုံနဲ့မထနိုင်တော့ပေ..။
""မိုးရိပ်..နင်ဘယ်လိုလုပ်လိုက်တာလဲ..""
မိုးရိပ်နဲ့နွေချို.အခန်းထဲမှာ.စကားအချေတင်.ဖြစ်နေသည့်အချိန်..​နှင်းသွေးဝိုင်ရောက်လာခဲ့လေသည်။
​သူမ.ကြားဝင်ထိန်းဖို့ရန်.အခန်းထဲကို.အဝင်..မိုးရိပ်က.နွေချိုကို.ဒေါသတကြီးလက်သီးနဲ့ထိုးလိုက်သည်ကို.တွေ့လိုက်ရသည်။နှင်းသွေးဝိုင်.ကြမ်းပြင်ပေါ်.ပုံလျှက်သား.လဲကျသွားသည့်.​
နွေချိုဆီ.ပြေးသွားပြီး.ပွေ့ထူပေးလိုက်တော့..
""သွေး...သွေးတွေ..မိုးရိပ်..​နင်.ဘယ်လိုလုပ်လိုက်တာလဲ...နွေချို..နွေချို..""
နှင်းသွေဝိုင်..နွေချို.နဖူးကနေ.စီးကျလာသည့်.သွေးတွေကို.
တုန်တုန်ယင်ယင်နဲ့သုတ်ပေးလိုက်၏။
နှင်းသွေးဝိုင်စကားကြောင့်.မိုးရိပ်.နွေချို.ကိုကြည့်လိုက်၏။ပါးပြင်ပေါ်.စီးကျနေသည့်.သွေးတွေကို.မြင်လိုက်ရပြန်တော့လည်း.မိုးရိပ်.ရင်ထဲထူပူသွားရပြန်လေသည်။
""နွေချို..""
""ဟင့်အင်း..မလာခဲ့နဲ့..ငါ့ရဲ့ရွံ့စရာကောင်းတဲ့သွေးတွေ..မင်းရဲ့မြင့်မြတ်လှတဲ့လက်တွေမှာ.စွန်းပေကုန်မှာစိုးလို့.""
နွေချို.ခပ်ရွဲ့ရွဲ့လေးဆိုလိုက်တော့.မိုးရိပ်.ရင်ထဲအောင့်ခနဲ့ဖြစ်သွားရလေသည်။
""နွေချို.မင်း....""
မိုးရိပ်..ဒေါသတကြီးနဲ့..နွေချိုနာမည်ကိုခေါ်လိုက်ပေမယ့်..နွေချို..ကဂရုမစိုက်ဟန်နှင့်..
""ဝိုင်..ငါ့ကို.ဆေးခန်းခေါ်သွားပေးပါ..""
""အေးပါ..နွေချိုရယ်..""
နှင်းသွေးဝိုင်..နွေချိုရဲ့.ခါးကို.ဖက်ပြီး..ပွေ့ထူပေးလိုက်၏.။နွေချိုကလည်း.နှင်းသွေးဝိုင်ရဲ့.ပုခုံးကိုဖက်ပြီး.ထလိုက်သည်။ထိုပုံစံအတိုင်း..မိုးရိပ်ရှေ့ကနေ..နွေချိုနဲ့နှင်းသွေးဝိုင်တို့.ထွက်လာခဲ့၏။မိုးရိပ်မှာသာ.ဒေါသ.ယမ်းမီး.ပေါက်ကွဲရင်းနဲ့ကျန်ရစ်ခဲ့​လေတော့သည်။
💚💚💚
      ဆေးခန်းကအပြန်.
""ဝိုင်..ငါ.မိုးရိပ်ဆီကိုပြန်မသွားချင်တော့ဘူး.လေးကြိုင်တို့ဆီကိုဘဲ.ပို့ပေးပါနော်..,""
""နွေချိုရယ်..မိုးရိပ်.အရင်တုန်းက.ဒီလိုမဟုတ်ပါဘူး..အခုကျမှ.တော်တော့်ကြီးကို.ပြောင်းလဲသွားတယ်နော်..""
""ဟုတ်တယ်..ဝိုင်.ငါ.မိုးရိပ်ကို.နားမလည်တော့ဘူး..""
နွေချို.ဆိုရင်း..မျက်လုံးများကိုမှိတ်ထားလိုက်၏။.မိုးရိပ်.ဒီထက်ပိုပြီး..မိမိအပေါ်မှာ.မုန်းတီးမှာကို..နွေချို.မလိုလားပေ..။မိုးရိပ်..ရင်ထဲက..gay
တွေကိုမုန်းတီးနေသည့်စိတ်က.ကြီးမားလွန်းနေ၏။
💚💚💚
         မိုးရိပ်ဧည့်ခန်းထဲကနေ.နွေချိုတို့ပြန်အလာကို.စောင့်မျှော်နေမိ၏။ညနေသာစောင်းသွားလေသည်။နွေချိုတို့.ပြန်မလာသေး..။မိုးရိပ်..​စိတ်တိုတိုနဲ့နှင်းသွေးဝိုင်ဆီကို.ဖုန်းခေါ်လိုက်သည်။
""နှင်းသွေးဝိုင်..ဘယ်အချိန်ရှိနေပြီလဲ.နင့်တို့က.ပြန်မလာကြသေးဘူးလား..""
""မိုး..မိုးရိပ်..ဟိုဝှာလေ...နွေ.နွေချိုက.လေ..""
""ပြောစရာရှိတာ.မြန်မြန်ပြောစမ်း..နှင်းသွေးဝိုင်..နွေချိုက.ဘာဖြစ်လို့လဲ..""
""နွေချိုကလေ..နင့်ဆီကိုပြန်မလာ​ချင်ဘူးဆိုလို့..သူ့အရင်က.အလုပ်လုပ်ခဲ့.တဲ့.လေးကြိုင်တို့အိမ်ကိုဘဲ..ပို့ပေးခဲ့လိုက်တယ်..""
""ဘာ..ဘာပြောတယ်..တောက်.""
မိုးရိပ်..ရင်ထဲဒေါသတွေနဲ့ပြည့်နှက်သွားပြီး.ဖုန်းကိုချလိုက်သည်။
နွေချို..ငါဒီလောက်တားနေတဲ့ကြားထဲကနေကို..ဒီလို.လူမျိုးတွေဆီကို.သွားရဲ​တယ်ပေါ့ လေ..တောက်...။
💚💚💚
အပိုင်း🍓၁၁🍓မျှော်ပေးကြဦးနော်.။
အားဆေးလေးတွေအများကြီးကျွေးခဲ့ရင်..မနက်ဖြန်.အပိုင်း၁၁တင်ပေးမှာနော်😚😚😚။ဦးညှို့က.စိတ်ကူးတည့်ရာလျှောက်ရေးတဲ့သူဆိုတော့ ဖတ်မကောင်းရင်..sorryပါ။
                            🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now