အပိုင်း❤၂❤

360 18 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂)🌈
❤❤❤❤❤❤
       ""သား..မိုးရိပ်သွားကြရအောင်နော်..လေယျာဥ်မမှီမှာစိုးလို့..""
ဦးမာန်က.ကားပေါ်.ပစ္စည်းတွေတင်ရင်း..ပြောလာလေသည်။
"နေပါဦး..ဦးလေးမာန်ရယ်..နွေချို.မလာသေးဘူးလေ..ဟဲ့..မိုးရိပ်..နင်.နွေချိုကို.နုတ်မဆက်ဘဲနဲ့ထွက်မသွားပါနဲ့​ဟာ...""
နှင်းသွေးဝိုင်..မိုးရိပ်ရဲ့.လက်ကိုဆွဲထားရင်း.ပြောလိိုက်၏။
""ကျစ်..ဒီကောင်..ဘာဖြစ်လို့.မလာသေးတာလဲ..မနေ့က.သေချာပြောထားရဲ့သားနဲ့ကို..""
မိုးရိပ်..နွေချို.လာမဲ့လမ်းလေးဆီကို..​လှမ်းမျှော်ကြည့်ရင်း..မချိတင်ကဲလေး.ညည်းတွားလိုက်၏။ဒီနေ့က..မိုးရိပ်ဘန်ကောက်ကို သွားရမဲ့နေ့..။မနေ့ညက..သေချာပြောပြထားရဲ့သားနဲ့..နွေချို.ပေါ်မလာသေးပေ..။
   မိုးရိပ်..ရင်ထဲတင်းကြပ်ကြပ်ကြီးခံစားနေမိ၏။နွေချိုကို နုတ်မဆက်ရပါဘဲ..သူထွက်သွားရတော့မှာလား..။
      ""သား..မိုးရိပ်..ဦးမာန်တို့ သွားကြရအောင်ကွယ်..""
ဦးလေးမာန်က..မိုးရိပ်လက်ကို.ဆွဲပြီး..ကားထဲကိုဝင်စေသည်။
     ​နှင်းသွေးဝိုင်ကတော့..ဘေးနားကနေ.တအိအိနှင့်.ငိုရှိုက်နေ၏။မိုးရိပ်..ခေါင်းကိုခါရမ်းရင်း..ကားပေါ်တက်ဖို့ဟန်ပြင်လိုက်စဥ်..။
""မိုးရိပ်...""
ချိုစူးစူးလေးနဲ့.ခေါ်လိုက်သည့်ခေါ်သံလေး..။မိုးရိပ်အသံလာရာကိုကြည့်လိုက်တော့.သူ့ဆီ.အမောတကောနဲ့ပြေးလာနေသည့်..နွေချို..။
""နွေချို..""
""မိုးရိပ်..ငါတောင်းပန်ပါတယ်..ငါနည်းနည်းနောက်ကျသွားတယ်..""
""နည်းနည်းလေးထပ်ပြီး နောက်ကျရင်.မင်း..ငါ့နဲ့တွေ့မှာတောင်မဟုတ်တော့ဘူး..နွေချို..နောက်တစ်ခါဆို.ငါ့ကိုစောင့်ရအောင်မလုပ်နဲ့ ကြားလား..""
""အေးပါကွာ...ရော့ဒီမှာလက်ဆောင်..ငါကိုယ်တိုင်.မင်းအတွက်.ထိုးထား​ပေးတဲ့.မာဖလာလေး.
""
ဆိုပြီး..မိုးရိပ်လက်ထဲထိုးပြီး.ထည့်ပေးလာသည့်..အနီရောင်.မာဖလာလေးတစ်ထည်..။
""အခုမှ ထိုးတတ်ကာစ ဆိုတော့.သိပ်ပြီး.မသပ်ရပ်ဘူး..""
""ဘာဖြစ်လဲကွာ..အရမ်းလှတယ်..နောက်ပြီး.မင်းရဲ့စေတနာတွေပါနေလို့လားမသိဘူး..အရမ်းလည်း.နွေးနေတာဘဲ..""
နွေချိုပေးလိုက်တဲ့.အနီရောင်.မာဖလာလေးကို..လည်ပင်းမှာ.သိုင်းပတ်ရင်း..မိုးရိပ်ကဆိုလာလေသည်။
""နွေချို..ကျန်းမာရေးကိုဂရုစိုက်နော်..နောက်ပြီး..မင်း.လေးလေးမသိအောင်..အလုပ်တွေလည်းခိုးလုပ်မနေနဲ့ဦး..နောက်ပြီး..ငါပြန်​လာမဲ့အချိန်ကို.စောင့်နေပါနော်  ငါမင်းဆီကို.ဆက်ဆက်ပြန်လာခဲ့မယ်.သူငယ်ချင်း..""
မိုးရိပ်..နွေချိုကိုယ်လေးကို.ဖက်ရင်း.ပြောလိုက်၏။မိုးရိပ်၏ခါးလေးကိုအလိုက်သင့်.နွေချို.ပြန်ဖက်ရင်း..
""အေးပါ...ငါ.မင်းပြန်လာမဲ့အချိန်ထိ.စောင့်နေပါ့မယ်  မင်းလည်း.မင်းကိုယ်မင်းသေချာဂရုစိုက်ပါနော်..""
""သား..မိုးရိပ်..ဦးမာန်တို့သွားကြရအောင်..လေယျာဥ်ချိန်နီးနေပြီ.ကလေး...""
ဦးမာန်က..မိုးရိပ်လက်ကိုအတင်းဆွဲပြီးခေါ်​သွားကာ..ကားပေါ်တက်ခိုင်းလိုက်သည်။
""မိုးရိပ်..နင်..ငါနဲ့နွေချိုကို.မေ့မသွားရဘူးနော်.ကြားလား..ငါတို့နှစ်ယောက်.နင်ပြန်လာမဲ့အချိန်ကို.စောင့်နေပါ့မယ်..""
နှင်းသွေးဝိုင်..ပြောရင်းနှင့်..မျက်ရည်များမဆဲ..ငိုကြွေးနေလေ၏။.နွေချိုမှာသာ..ငူငူငိုင်ငိုင်နဲ့..ပြေးထွက်သွားသည့်.ကားလေးကို.မျက်စိအောက်ကနေပျောက်ကွယ်သွားတဲ့အထိ..ငေးကြည့်နေမိ၏။နုတ်ဆက်လိုက်ပါတယ်.မိုးရိပ်.။မင်းမပါတော့မဲ့.ငါ့ရဲ့မနက်ဖြန်တိုင်းကို.ဘယ်လိုအင်အားမျိုးနဲ့.ငါရှေ့ဆက်ရမလဲ..။ငါမင်းကို.အမြဲတမ်းလွမ်းနေပါ့မယ်..။နောက်ပြီး.မင်းပြန်လာမဲ့.ရက်တွေကို.လက်ချိုးရေရင်းနဲ့..ငါမင်းကိုစောင့်မျှော်နေပါ့မယ်..မိုးရိပ်..။မင်းက.ငါ့အရမ်းချစ်ရတဲ့.ငါ့ရဲ့အိန်ဂျယ်နတ်သားလေးပါကွာ..မိုးရိပ်...။
💚💚💚
🍓၅နှစ်ခန့်ကြာသောအခါ🍓
🍎🍎🍎🍎
        ၅နှစ်တာ ခွဲခွာခဲ့ရသည့်.မြန်မာပြည်ကို.သူခြေချလိုက်မိတာနဲ့.​ပြေးပြီးသတိရမိသည်က..နွေချို..။ဟုတ်တယ်..သူ.​ဒီ၅နှစ်တာ အတွင်းမှာ နွေချိုကိုအရမ်းလွမ်းနေခဲ့မိ၏။၅နှစ်တာအတွင်းမှာ..နွေချိုရဲ့ပုံစံက သိသိသာသာပြောင်းလဲသွားပြီလား..။အရင်လိုဘဲ..မိုးရိပ်ရဲ့ အရပ်နှင့်အတိမ်းမယိမ်း..နဲ့ခန္ဓာကိုယ်အချိုးစားသိပ်မကွာဘဲရှိနေဦးမှာလား..။မိုးရိပ် အရမ်းဘဲသိချင်နေမိ၏။မိုးရိပ်ရဲ့ ခန္ဓာကိုယ်ကတော့ ၅နှစ်တာ အတွင်းမှာ..ဖွံံ့ဖြိုးလာလိုက်တာ...မြင်သူတကာ.နှစ်ခါပြန်ငေးယူလောက်ရအောင်.အရမ်းကိုစမတ်ကျတဲ့လူငယ်လေးတစ်ဦးဖြစ်နေချေပြီ..။
      တည်ကြည်ခန့်ညားလှတဲ့ မျက်နှာသွင်ပြင်က..မိန်းမချောလေးများကိုဆွဲဆောင်နေလျှက်..။
""သား..မိုးရိပ်.အိမ်ကိုဘဲ တန်းပြန်မလား...""
""ဟင့်အင်း..ဦးမာန်..နွေချိုရဲ့.အိမ်ကိုဘဲတန်းမောင်းပါ.ကျွန်တော်.နွေချိုကို.အရင်တွေ့ချင်တယ်..""
မိုးရိပ်စကားကြောင့် ဦးမာန်ပြုံးလိုက်မိ၏။မိုးရိပ်က တခြားသူတွေအပေါ်မှာ.အေးစက်စက်နိုင်သလောက်..
နွေချိုဆိုသောကောင်လေးကိုတော့.အတော််ကိုခင်တွယ်ရှာသည်။
၅နှစ်တာကာလပတ်လုံး.မိုးရိပ်.နွေချိုကိုဘယ်လောက်ထိ.သတိရနေကြောင်း..လွမ်းဆွတ်နေကြောင်း.မပြောသည့်ရက်ကို..မရှိသလောက်ပင်..။
         မိုးရိပ်.ကားပေါ်ကနေ ၅နှစ်တာကွဲကွာနေခဲ့ရသည့်.မြန်မာပြည့်ကရူခင်းတွေ..ငေးကြည့်ရင်း..မတွေ့တာကြာပြီဖြစ်တဲ့.နွေချိုရုပ်သွင်လေးကို.ပုံဖော်နေမိ၏။
🍎🍎🍎🍎
        အရာအားလုံးအနည်းငယ်ပြောင်းလဲသွားပေမယ့်.။နွေချိုတို့နေတဲ့.နှစ်ထပ်အိမ်လေးကတော့ အရင်ကတိုင်းမပြောင်း​လဲသေး..။အနည်းငယ် အိုဟောင်းသွားရုံလေးသာ..။မိုးရိပ်.ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကားပေါ်ကဆင်းအလာ..နွေချို.တို့ခြံဝန်းထဲကနေ..မိန်းကလေးတစ်ဦးထွက်လာလေသည်။ထိုမိန်းကလေးကို မိုးရိပ် မျက်မှောင်ကြုပ်ပြီးကြည့်လိုက်၏။ထိုမိန်းကလေးက..နှင်းသွေးဝိုင် မဟုတ်သည်မှာ သေချာသည်။မဆီမဆိုင် ခေါင်းထဲတိုးဝင်လာသည့်အရာက..နွေချို.တစ်ယောက်မိန်းမ ရ​သွားတာများလား..။အတွေးနဲ့တင်.မိုးရိပ်ရင်ထဲတင်းကြပ်သွားသလိုမျိုး.ခံစားလိုက်ရ၏။
""ဘယ်သူနဲ့တွေ့ချင်လို့လဲ..မသိဘူး..""
""နွေချို..ရှိလား..""
တဖက်က အမေးစကားကို..မိုးရိပ်.ခပ်တိုတိုနဲ့..လေသံမာမာပြန်မေးလိုက်၏။
""နွေချို ဟုတ်လား...""
ဆိုပြီး.မျက်မှောင်ကြုပ်ပြီး.စဥ်းစားနေသည့် ထိုမိန်းကလေးကို.မိုးရိပ်စိတ်မရှည်တော့..။
""သြော်..နွေချို..သိပြီ..သူ.ကဒီမှာမနေတော့ဘူးလေ..ဒီအိမ်က..ကျွန်မတို့ သူ့ဆီကနေ.ဝယ်လိုက်တာလေ. ""
""ဘာ...နွေချိုက..ဒီအိမ်ကို..ရောင်းသွားတယ်..ဟုတ်လား..ဘယ်တုန်းကလဲ..နောက်ပြီး.သူ့ကဘယ်ကိုပြောင်းသွားတာလဲ..""
""အာ...သူဒီအိမ်ကိုရောင်းသွားတာ.သိပ်မကြာသေးပါဘူး..၇လကျော်လောက်ဘဲ.ရှိဦးမယ်..သူဘယ်ပြောင်းသွားလဲဆိုတာကိုတော့..ကျွန်မ..မသိဘူး..""
""ကျေးဇူးဘဲ..""
ထိုမိန်းကလေးကို.ကျေးဇူးစကား.ခပ်တိုတို.ပြောလိုက်ပြီး.မိုးရိပ်ကားပေါ်သို့တက်လိုက်၏။နွေချို..နွေချို..မင်းဘယ်မှာလဲကွာ...။စိတ်ရှုပ်ထွေးစွာနဲ့.လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်း..
""ဦးမာန်..နှင်းသွေးဝိုင်တို့ဆီကို.သွားမယ်..နွေချို.ဘယ်မှာလဲဆိုတာကို.
သူတော့သိမှာပါ...""
မျှော်လင့်ချက်ပြည့်နှက်နေသည့်.လေသံနဲ့..​မိုးရိပ်..ရေရွတ်လိုက်မိ၏။
     နွေချို အိမ်ပြောင်းသွားပြီဆိုတဲ့..
အကြောင်းကိုကြားပြီးကတည်းက..
ဂဏာမငြိမ်ဖြစ်နေသည့်.မိုးရိပ်ကိုကြည့်ရင်း..ဦးမာန်.သက်ပြင်းလေးခိုးချလိုက်မိ၏။
🍎🍎🍎🍎
         ဆောင်းနှင်းဝိုင် တို့တိုက်ရှေ့ကိုရောက်တော့ မိုးရိပ်..ကားပေါ်ဆင်းပြီး..လူခေါ်ဘဲလ်ကို.နှိပ်လိုက်၏။
ခဏအကြာ​တွင်.ခြံစောင့်ဦးလေးကြီး တစ်ယောက်.ထွက်လာပြီး..။
""ဘယ်သူနဲ့တွေ့ချင်လို့လဲ..""
""ဝိုင်..အဲ..နှင်းသွေးဝိုင်ရှိလား.သူနဲ့တွေ့ချင်လို့..""
မိုးရိပ်ခြံစောင့်ဦးလေးကြီးကို..ပြောနေစဥ်..
""ဦးမြင့်..ခြံရှေ့မှာ..ဘယ်သူရောက်နေလို့လဲ..""
""သြော်..တူမကြီးနဲ့တွေ့ချင်လို့တဲ့..""
""ဟင်..ဘယ်သူများပါလိမ့်..ဟုတ်ကဲ့..ဝိုင်လာခဲ့မယ်နော်..""
ပြောပြောဆိုဆိုနဲ့.နှင်းသွေးဝိုင်..ခြံရှေ့ကိုထွက်လာခဲ့၏.။နှင်းသွေးဝိုင်ဆိုတာ.ဟိုအရင်တုန်းကလို.ပိန်ပိန်ပါးပါးနဲ့ချာတိတ်မ လေးမဟုတ်တော့..။ခန္ဓာကိုယ်အချိုးစား.ပြည့်တင်း.သွယ်လျပြီး..အရမ်းကိုလှပနေသည့်..မိန်းမပျိုလေးတစ်ဦး.ဖြစ်နေချေပြီ..။
        မိုးရိပ်ကို..​ကြောင်အအ.လေးနဲ့ငေးကြည့်ရင်းနဲ့..နှင်းသွေးဝိုင်စိတ်ထဲ.ရင်းနှီးနေသလို.ခံစားနေရပေမယ့်.ရုတ်တရက်.ဘယ်သူမှန်း.မသိ.။
""ဘယ်သူလဲ..မသိဘူး..""
""နှင်းသွေးဝိုင်.ငါလေ..မိုးရိပ်..""
""ဟယ်..မိုးရိပ်..ကြည့်စမ်းပါဦး.
ချောပြီး.ခန့်လာလိုက်တာ..ငါတောင်.ရုတ်တရက်.မမှတ်မိဘူး..""
နှင်းသွေးဝိုင်.တအံ့သြနဲ့.မိုးရိပ်ကို.ငေးကြည့်ရင်း..ပြောလိုက်၏။
""နင်..ဘယ်တုန်းက မြန်မာပြည်ကို.ပြန်ရောက်လာတာလဲ..""
""ဒီနေ့ဘဲ..ပြန်ရောက်လာတာ..ရောက်.ရောက်ချင်း.နွေချိုဆီကို.သွားတာ.နွေချို.အိမ်ပြောင်းသွား
ပြီဆိုလို့..နင့်ဆီကို.ရောက်လာတာ..""
""သြော်..""
ဆိုပြီး.မှိုင်ကျသွားသည့်.​နှင်းသွေးဝိုင်ကို.မိုးရိပ် အလိုမကျဟန်ကြည့်လိုက်ပြီး..
""ဝိုင်..နင်..နွေချို.ဘယ်ကိုပြောင်းသွားတာလဲဆိုတာကို..နင်သိတယ်မလား..""
မိုးရိပ် အမေးစကားကြောင့်..နှင်းသွေးဝိုင်.မျက်နှာလေးညှိုးကျသွားကာ..မျက်ရည်များရစ်ဝဲလာလေသည်။ထိုနောက်.ခေါင်းကိုဖြေးညှင်းစွာနဲ့.ခါရမ်းရင်း..
""နွေချို..သူ.ဘယ်မှာရှိနေလဲဆိုတာကို.ငါမသိဘူး..မိုးရိပ်.""
""ဘာ..!!!..နှင်းသွေးဝိုင်.နင်ဘာပြောလိုက်တယ်..နွေချိုဘယ်မှာ.ရှိတယ်ဆိုတာကို.နင်မသိဘူး.ဟုတ်လား..တစ်ရက်ကွက်တည်း..တစ်မြို့တည်း.အတူတူနေပြီး..ကိုယ့်သူငယ်ချင်း.တစ်ယောက်လုံး.ဘယ်ရောက်သွားလဲ.ဆိုတာကို..နင်မသိဘူးလား...""
မိုးရိပ်.ဒေါသတကြီးနဲ့အော်ပြောလိုက်​၏။
""မိုးရိပ်..နင်.အချိန်ရတယ်ဆိုရင်..အိမ်ထဲဝင်ထိုင်ဦးလေ...ငါ..နင့်ကို.နွေချိုအကြောင်းတွေကို.ပြောပြပါ့မယ်..
နင့်ဘန်ကောက်ကို.ထွက်သွားပြီးတဲ့နောက်ပိုင်း.နွေချိုရဲ့ဘဝက.အရမ်းကိုဆိုးဝါးလာခဲ့တာဟ...သူ နဲ့ငါ.နောက်ဆုံးတွေ့ခဲ့တာကတော့.လွန်ခဲ့တဲ့.၇လကျော်ကျော်.လောက်ကဘဲ..
နောက်ပိုင်း..သူ့အိမ်ရောင်းသွားတယ်ဆိုတဲ့သတင်းသဲ့သဲ့လေးဘဲ.ငါကြားခဲ့ရတယ်.အဲ့နောက်ပိုင်း.သူနဲ့ငါ.အဆက်သွယ်ပြတ်သွားခဲ့တာပေါ့ဟာ..""
ဟု.နှင်းသွေးဝိုင်က ရှင်းပြရင်းနဲ့.မိုးရိပ်ကို.အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
❤❤❤❤❤
အပိုင်း🍓၃🍓လေးမျှော်ပေးဦးနော်.😘။ပထမ ရေးပြီးသားလေးပျက်သွားတာ အရမ်းနှာမြောမိတယ်.။အ​သစ်ပြန်ပြီး ရေးရလို့.စာတိုသွားတယ်.​sorryပါနော်..။
                  🍎ညှို့စက်ကွင်း🍎

သူငယ်ချင်းချစ်သူWhere stories live. Discover now