အပိုင်း❤၈❤

296 13 0
                                    


""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၈)🌈
❤❤❤❤❤❤
          နွေချို.ရေမိုးချိုးပြီး.ရေချိုးခန်းထဲကနေ..ထွက်လာသည်။အပေါ်ပိုင်း.ဗလာကျင်း.အောက်ခါး.အရှက်ဖုံးရုံသာ.တဘတ်အကြီးတစ်ထည်နှင့် ပတ်ထားလေသည်။ဘာရယ်မဟုတ် မိမိအခန်းထဲက.ကိုယ်လုံးပေါ်မှန်ရှေ့ကိုရောက်တော့ မဆီမဆိုင် ဟို​တစ်နေ့က..underpants(အတွင်းခံ)လေးတစ်ထည်နဲ့.မိုးရိပ်ရဲ့..ကျစ်လစ်.ခန့်ညားလှတဲ့..ခန္ဓာကိုယ်အလှကို ပြေးမြင်နေမိ၏။နွေချိုက..မိုးရိပ်ကို.တဖက်သတ်.ချစ်နေတဲ့သူဆိုတော့..မိုးရိပ်ရဲ့.ထိုပုံစံလေးကို.ပြန်မြင်ယောင်မိတိုင်း.နွေချို.ရင်တွေ.အဆမတန်ခုန်နေမိသည်။နွေချိုလည်း.မိမိအခန်းထဲမှာဆိုပြီး..အောက်ခါးက.တဘတ်ကိုချွတ်ချလိုက်ပြီး..​မှန်ထဲ.ပေါ်လာသည့်.မိမိ၏ပုံရိပ်လွှာကို.​ကြည့်ပြီး..စိတ်ထဲအလိုမကျ..။အဆီပိုမရှိ.ကျစ်လျစ်.သန်မာ
နေသည့်ကြွက်သားများနှင့်
.မိုးရိပ်၏.ခန္ဓာကိုယ်အလှနဲ့..မိမိ၏ခန္ဓာကိုယ် အတော့်လေးကိုကွာခြားလွန်းလှ၏။နှင်းပွင့်တွေလို.ကြည်လင်​ဖြူနုနေတဲ့အသားရည်နဲ့.
အရမ်းပိန်နေသည်မဟုတ်သော..အဆီမရှိသည့်.ခန္ဓာကိုယ်သေးသေးလေး..။ပြားကပ်နေသည့်.ဗိုက်သားဖွေးဖွေးတွေရယ်..။သေးသွယ်သွယ်.ပေါင်တံက..​ခြေသလုံးသားတွေနဲ့က.တစ်ထပ်တည်း.။အဆီပိုမရှိသလို..ကြွက်သားများလည်း.မရှိသည့်
..မိမိ၏ခန္ဓာကိုယ်.သေးသေးလေးလေးကို နွေချို.စိတ်ပျက်လက်ပျက်..ကြည့်ရင်း..သက်ပြင်းတစ်ချက်ချလိုက်၏။
""နွေချိုရေ..ငါ.ဒီမှာ...""
ဆိုပြီး.ပြောပြောဆိုဆို..ဝင်ရောက်လာသည့်..မိုးရိပ်..ဘာအဝတ်စားမှ.ဝတ်ဆင်ထားခြင်းမရှိသည့်.နွေချို.ကိုမြင်လိုက်ရတော့..ပြောနေသည့်.စကား​တွေတောင်.လည်ပင်းဝမှာ.ပျောက်ဆုံးသွားကာ.ကြောင်ပြီး.ရပ်ကြည့်နေသည်။နွေချိုမှာလည်း.ရုတ်တရက်.ဝင်ချလာသည့်..မိုးရိပ်ကို.တခဏတာ.အံ့သြမှင်သက်စွာ.​ငေးကြည့်နေမိသည်။နောက်တော့မှ..
"""အား...!!!!!!..""
ဆိုပြီး..ကုတင်ပေါ်.ဒိုင်ဗင်ထိုးချလိုက်ပြီး..ပျာပျာသလဲ.သူကိုယ်လေးကို
စောင်တွေနဲ့ဖုံးအုပ်လိုက်၏။
မိုးရိပ်ကတော့.အကြည့်တစ်ချက်မှ မလွဲ.နွေချို.လှုပ်ရှားမှုတိုင်းကို..အသက်မရှုစတမ်း.ငေးမောကြည့်နေ၏။
""တံခါးလေး.ဘာလေးမခေါက်ဘဲနဲ့.သူများအခန်းထဲကို..အခုလိုမျိုး..ဝင်ချင်တိုင်း..ဝင်လာရသလား..""
နွေချို ရှက် ရှက်နဲ့.အော်လိုက်တော့.။
""အံမယ်..ဒီတိုက်က ငါပိုင်တာလေ..ငါပိုင်တဲ့တိုက်ထဲမှာ...ငါဝင်ချင်တဲ့.အခန်းထဲကို.ဝင်ချင်တဲ့အချိန်..ဝင်မှာဘဲ..""
ဟု.ညစ်ကျယ်ကျယ်လေးနဲ့.မိုးရိပ်ကပြန်ပြောလိုက်တော့..နွေချိုမျက်နှာလေး.ရှုံ့မဲ့သွားကာ...
""ဟုတ်ပါပြီ..သခင်လေးရယ်..ပြောတော်မူပါဦး..ကျွန်တော်မျိုးအခန်းထဲကို..တံခါးမခေါက်ဘဲ.ဝင်လာရတဲ့အကြောင်းရင်းလေး..""
ဆိုပြီး..ခပ်ရွဲ့ရွဲ့မေးလိုက်တော့..မိုးရိပ်.တစ်ချက်မျှ.ဟက်ခနဲ့.ရယ်လိုက်ပြီး..
""ရော့...ဒီမှာ..ဒီနေ့ည.ဝိုင်ရဲ့မွေးနေ့ပါတီပွဲတက်ရင်.မင်းဝတ်ဖို့အတွက် ဝတ်စုံ.လာပေးတာ..""
ဆိုပြီး..နွေချိုကုတင်ပေါ်သို့ သူ့လက်ထဲမှာ.ကိုင်ထားသည့်.အဝတ်စားအိတ်တွေကိုပစ်ပေးလိုက်၏။
""ဟို..ဟိုတစ်ခါက..သခင်လေး.ဝယ်ပေးထားတဲ့.အဝတ်စားအသစ်တွေရှိပါသေးတယ်..""
""လျှာမရှည်နဲ့..ဒါဝတ်လိုက်ဆို..ဝတ်လိုက်ပေါ့...""
""ဟုတ်..ဟုတ်ကဲ့..သခင်လေး..ဒါဘဲ.မလား..""
""အင်း..အခုကတည်းက.ပြင်ဆင်ထားလိုက်.စွဲမက်လာရင်..သွားမယ်..မစောင့်ရစေနဲ့နော်.""
မိုးရိပ်..အမိန့်သံဆန်ဆန်ပြောလိုက်ပြီး..အခန်းထဲကနေ.ထွက်လာခဲ့၏။
အခန်း​အပြင်ဘက်ရောက်မှ..သက်မ.တစ်ချက်.ရှိုက်လိုက်ပြီး.။.စောစောက..တခဏတာမျှ..တွေ့လိုက်ရသည့်.နွေချို ရုပ်ပုံလွှာလေးကို.ပြန်တွေးရင်း..မျက်နှာကြီးက.အလိုလိုနေရင်း.ပြုံးဖြီးနေမိ၏။ဝုန်းဒိုင်းကျဲ.ခုန်ပေါက်နေသည့်.ရင်ခုန်သံတွေကို.အလျှင်မြန်ထိန်းချုပ်လိုက်ပြီး..
ခေါင်းကိုတစ်ချက်မျှခါရမ်းလိုက်၏။
           မိုးရိပ်ထွက်သွားတော့မှဘဲ..နွေချို.သက်ပြင်းချနိုင်တော့၏။
""အီး...အမယ်လေး..ရှက်လိုက်တာ..ရှက်လိုက်တာ..မိုးရိပ်..မြင်သွားလား.မသိဘူး..နွေချို..နွေချို..မင်းတော်တော်လေးကို.အနေထိုင်မတတ်ပါလား..နော်..""
နွေချိုတစ်ယောက်.ကိုယ့်ဘာသာ.မြည်တွန်တောက်တီးလိုက်ပြီး..အလျှင်မြန်. အဝတ်စားလဲလိုက်၏။
❤❤❤
        ""ရိပ်...သွားမယ်လေ..ဘာစောင့်နေတာလဲ..""
စွဲမက်ရှင်က.ပြောလိုက်တော့..မိုးရိပ်.မျက်နှာက.အလိုမကျဟန်နဲ့..
""နွေချို...နွေချို...!!!""
ဆိုပြီး..ဒေါသတကြီး.အော်ခေါ်လိုက်သည်။
""လာပြီ..လာပြီ...""
ဆိုပြီး.လှေကားပေါ်ကနေ.ပျာပျာသလဲ.ပြေးဆင်းလာရှာသည့်နွေချို..အောက်ရောက်ဖို့.လှေကားနှစ်ထစ်.ကျန်မှ..ခြေချော်ကျသွားလေသည်။
""အား...!!!""
သွားပြီ...။ကြမ်းပြင်ပေါ်.ဗိုင်းခနဲ့လဲပြီဆိုတဲ့အတွေးနဲ့..နွေချို.မျက်လုံးအစုံကို.မှိတ်ထားလိုက်မိ၏။သို့ပေမယ့်.နွေချို.တွေးထင်ထားသလိုမျိုး.ကြမ်းပြင်နဲ့မိတ်ဆက်ရမည့်အစား..နွေးထွေး.နူးညံ့နေသည့်.အထိတွေ့များကြောင့်..နွေချို.မျက်လုံးလေးတစ်ဖက်ကို.ဖွင့်ကြည့်လိုက်တော့..နွေချို.တစ်ကိုယ်လုံးက..မိုးရိပ်ရဲ့ ရင်ခွင်ပြင်ကျယ်ကြီးထဲမှာ..ပုံလျှက်သား..။ကြည့်ရတာ.နွေချို.ခြေချော်ကျသွားသည့်အချိန်..မိုးရိပ်က.အောက်ကနေ..နွေချို.ကိုယ်လေးကို.စီးဖမ်းလိုက်သည့်ပုံ..။တစ်ခဏတာမျှ.အံ့သြမှင်သက်စွာ.တစ်ယောက်မျက်ဝန်းကိုတစ်ယောက်.စိုက်ကြည့်နေမိ၏။
""ဟဲ့..နွေချို..နင်ဟာ.လေ.ယောကျ်ားလေးတန်မဲ့..နမော်နမဲ့နိုင်လိုက်တာ..""
စွဲမက်ရှင်က..အော်ပြောလိုက်မှဘဲ..နှစ်ဦးသား..ခန္ဓာကိုယ်ချင်း.ခွာလိုက်ကြ၏။
""အဟင်း...သွားမယ်..နောက်တောင်ကျနေပြီ..""
မိုးရိပ်..အသံခပ်မာမာနဲ့..ကိုယ်ဟန်ဖို့.ပြောလိုက်ပြီး..ထွက်သွားလေသည်။​စွဲမက်ရှင်လည်း. နွေချိုကို.မကျေနပ်သည့်အကြည့်မျိုးနဲ့တစ်ချက်ကြည့်လိုက်ပြီး..မိုးရိပ်နောက်.ပြေးလိုက်သွား၏။
      တရိပ်ရိပ်နဲ့ပြေးလွှားနေသည့်.ကားလေးပေါ်မှာ လူသုံးဦးသား.
ကိုယ်စီကိုယ်စီ.နုတ်ဆိတ်နေကာ တိတ်ဆိတ်နေကြ၏။မိုးရိပ်က.ကားကို.ဂရုတစိုက်မောင်းနှင်နေသလို.မိုးရိပ်ဘေးနားမှာ ထိုင်နေသည့်.စွဲမက်ရှင်ကလည်း.နောက်ခန်းထဲမှာ.ငြိမ်သက်စွာထိုင်နေသည့်နွေချိုဆီကို..နောက်ကြည့်မှန်ကနေ.တစ်ဆင့် လှမ်းကြည့်နေမိ၏။
      မိုးပြာ​နုရောင်.အနောက်တိုင်းဝတ်စုံနဲ့နွေချိုက.အင်မတန်လိုက်ဖက်ပြီး..ကြည့်လို့ကောင်းနေလေသည်။ယောကျ်ားလေးတန်မဲ့နဲ့.နှင်းပွင့်တွေလို.ကြည်လင်ဖွေးဖြူနေသည့်အသားရည်တွေကိုပိုင်ဆိုင်ထားသလို..ဆေးဆိုးအကူမပါ.ပါဘဲနီမြန်းနေသော.နုတ်ခမ်းရဲရဲလေးတွေက...ဝါဂွမ်းဖြူပေါ်မှာ တင်ထားသည့်.ပတ္တမြားခဲလေးအလား..
.စွဲမက်ရှင်၏မနာလိုစိတ်တွေကို.တူးဆွနေလေ၏။မုန်းဖို့ကောင်းလိုက်တာ..။ဒင်းလို.အဆင့်တန်းမရှိတဲ့.ကျွန်သာသာ.ကောင်မျိုးဆီမှာ..မိန်းကလေးရှုံးလောက်တဲ့..အလှတရားတွေ.ဘာဖြစ်လို့များ ပိုင်ဆိုင်နေရတာလဲ..။
❤❤❤
         ဂါဝန်နက်ပြာရောင်.လေးနဲ့.နှင်းသွေးဝိုင်တစ်ယောက်.အလှကြီးလှနေလေတော့၏။ဒီနေ့က.သူမ၏အသက် ၂၂နှစ်ပြည့်တဲ့နေ့လေ..။
""နွေချို..မိုးရိပ်.တို့ရောက်လာကြပြီလား..""
နှင်းသွေးဝိုင်.နွေချိုတို့ကို.ဆီးကြိုလိုက်၏။ခြံဝန်းလေးထဲမှာဧည့်သည်တချို့တို့နှင့်ပြည့်နှက်နေပြီ ဖြစ်သည်။.နှင်းသွေးဝိုင်.မိုးရိပ်တို့ကို နေရာချပေးလိုက်ပြီး..
""နွေချို.နင်ကတိပေးထားတဲ့အတိုင်း.သီချင်းတစ်ပုဒ်တက်ဆိုပေးရမယ်နော်..""
ဆိုပြီး.နွေချိုနားကပ်ပြီးပြောလာလေသည်။နွေချ်ိုက ပြုံးရင်းခေါင်းညိတ်ပြလိုက်၏။မိုးရိပ်ကတော့..မျက်မှောင်ကြုပ်ကြီးနဲ့..နှင်းသွေးဝိုင်နဲ့.နွေချိုတို့ကို.စိုက်ကြည့်နေ၏။ထိုအချိန်..​တီးဝိုင်းအဖွဲ့မှာ သီဆိုနေသည့်.သီချင်းက.ပြီးဆုံးသွားလေသည်။
""နွေချို..နွေချို..နင်အခုဘဲ.တက်ဆိုလိုက်ဟာ..လာ..လာ..""
နှင်းသွေးဝိုင်က.နွေချိုလက်ကို.ဇွတ်အတင်းဆွဲခေါ်သွားလေသည်။တီးဝိုင်းအဖွဲ့နားရောက်တော့..
""ဝိုင်သူငယ်ချင်း.နွေချိုကို.သီချင်းတစ်ပုဒ်လောက်.ပေးဆိုပါဦးနော်..""
""သြော်.အင်း.ရတယ်.ညီမလေး..ဘာသီချင်းဆိုမှာလဲ..""
""အင်း.အယ်လွန်းဝါရဲ့.သူငယ်ချင်းချစ်သူ.သီချင်း​ကို.ဆိုမှာပါ.နော်.နွေချို.ဝိုင်အတွက်.အဲ့သီချင်းလေး.ဆိုပေးပါနော်..""
နွေချိုရဲ့လက်မောင်းကို.ဆွဲရမ်းရင်း.ကလေးငယ်လေးတစ်ဦး.ချွဲနွဲ့ပြီး.တောင်းဆိုနေရှာသည့် နှင်းသွေးဝိုင်.။နွေချို.ပြုံးပြီး..စင်ပေါ်ကိုတက်လာခဲ့၏။.ထွက်ပေါ်လာသည့်.သံဇဥ်တွေကို.အာရုံစိုက်.နားထောင်ပြီး..ဂရုတစိုက်.သီချင်းစာသားတွေကို.သီဆိုလိုက်၏။
🎶🎤ရင်မှာ အချစ်များ ချစ်မိနေလား.
မရေရာဘူး...စိတ်ထဲက..
ငယ်ငယ်က...သံယောဇဥ်..
ခင်မင်ရုံ..စိတ်ကလေးများ...
ရင်မှာ..အချစ်ရဲ့.စိတ်ရိုင်းများ..
ဖြူစင်တဲ့နှလုံးသား.
.အရောင်ပြောင်းသွား...
နားလည်ပါ..သူငယ်ချင်းချစ်သူလေးရာ
ငယ်ငယ်တုန်းက ခင်တယ် ခုချစ်ရတဲ့
သူငယ်ချင်းချစ်သူလေးရယ်..
ခုချစ်ရတဲ့.ငယ်ငယ်တုန်းက.ခင်တယ်
သူငယ်ချင်းချစ်သူလေးရယ်.
ကြင်သူရှိနှင့်ရင်လည်း..
စာနာ.နားလည်ပေးပါ့မယ်..
ခွင့်လွှတ်နိုင်တယ်..
သူငယ်ချင်း ချစ်သူလေးရယ်..🎶🎶🎤
ထွက်ပေါ်လာတဲ့ နွေချိုရဲ့ ချိုစူးစူးသီချင်းသံကြောင့်.ခြံထဲက
.ဧည့်ပရိတ်သတ်တွေအကုန်လုံး ငြိမ်ကျသွား၏။
       မိုးရိပ်မှာလဲ..စင်ပေါ်မှာ.သီဆိုနေသည့်နွေချိုဆီကို.မျက်တောင်မခတ်စတမ်း.စိုက်ကြည့်နေ၏။ဒါကိုစွဲမက်ရှင်.သတိထားမိတော့.အလိုလိုနေရင်း..ပေါက်ဖွားလာသည့်.သဝန်တိုမှုတွေ  ။စွဲမက်ရှင်..မိုးရိပ်၏ပါးပြင်လေးကို..ဆွဲနမ်းလိုက်တော့..မိုးရိပ်.တအံ့သြတကြီး..စွဲမက်ရှင်ကို.လှည့်ကြည့်လိုက်၏။စွဲမက်ရှင်.မိုးရိပ်၏ပါးပြင်လေးကိုနမ်းလိုက်သည်ကို.နွေချို.လှမ်းမြင်လိုက်ရလေသည်။ထိုအချိန်.စွဲမက်ရှင်က..မိုးရိပ်ရဲ့.နက်ခ်တိုင်ကိုဆွဲပြီး.နုတ်ခမ်းကို.ပါနမ်းရှိုက်လိုက်တော့..နွေချိုရင်ထဲ.စူးခနဲ့.နာကျင်သွားကာ..မျက်ရည်များဝဲတက်လို့လာခဲ့၏။
      အကြည့်တွေကို နှင်းသွေးဝိုင်ဆီကို လွဲလိုက်ရင်း..သီချင်းကိုသာ ဟန်မပျက် နွေချို သီဆိုနေလိုက်၏။

သူငယ်ချင်းချစ်သူWhere stories live. Discover now