အပိုင်း❤၂၁❤

298 12 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂၁)🌈
❤❤❤❤❤❤
      ""မင်းက..မင်းရဲ့ ဂုဏ်သိက္ခာ ကျမှာစိုးလို့.ငါဗိုက်ထဲက..အပြစ်မရှိတဲ့ကလေးလေးကို..ဖျက်ချချင်နေတယ်ဆို.တဲ့သဘောလား.မိုးရိပ်.""
နွေချို..မိုးရိပ်ကိုစူးရဲစွာစိုက်ကြည့်ကာ..အံ့ကကြိတ်ရင်း.မေးလိုက်သည်။
""ဟုတ်တယ်.."
မိုးရိပ်..ရင်နာနာနဲ့..ခပ်မာမာလေးဘဲခေါင်းညိတ်ပြလိုက်၏။
""အဟား...မင်းက.အရမ်းရက်စက်တဲ့ကောင်ဘဲ..မင်းရဲ့ ဂုဏ်သိက္ခာ.
အတွက်နဲ့..မင်းရဲ့ရင်သွေးလေး..မဟုတ်ဘူး..ငါ့ရဲ့ရင်သွေးလေးကိုသတ်ဖို့ကြိုးစားနေတာပေါ့လေ..မုန်းတယ်..မိုးရိပ်..မုန်းတယ်..မင်းလို.အတ္တကြီးတဲ့ကောင်ကို.ငါမုန်းတယ်..စိတ်ချ..မင်း.ငါ့ရဲ့ရင်သွေးလေးကြောင့်.မင်း.ရဲ့ ဂုဏ်သိက္ခာ ဘယ်တော့မှမကျစေရဘူး..စိတ်ချပါ..မင်းရဲ့မျက်စိရှေ့မှာ..ငါရော.ငါ့ရင်သွေးလေးပါ..ဘယ်တော့.မှ.ပေါ်မလာစေရဘူးလို့.ငါကတိပေးတယ်..""
နွေချို..မိုးရိပ်ကို.နာကျည်းစွာစိုက်ကြည့်လိုကပြီး.တစ်လုံးချင်းဆိုလာလေသည်။မိုးရိပ် နွေချိုရဲ့ လက်ကောက်လက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး..
""နွေချို..မင်း.ငါပြောတဲ့အတိုင်းဘဲ လုပ်ရမယ်....""
""ဘာမှ.လာမပြောနဲ့.မိုးရိပ်..မင်းလုပ်ခိုင်းတဲ့အတိုင်း..ငါမလုပ်နိုင်ဘူး..ငါက.မင်းလို..ရက်စက်တတ်တဲ့လူစားမျိုးလဲမဟုတ်ဘူး..ငါ့ဗိုက်ထဲက..ကလေးကငါ့ကလေး..မင်းနဲ့မဆိုင်ဘူး..လွှတ်...ငါ.မင်းရဲ့ဘေးနားမှာ..​တစ်စက္ကန့်လေးတောင်မှ. မနေချင်ဘူး..လွှတ်..လွှတ်...""
နွေချို..အတင်းရုန်းကန်ပြီး.ပြောနေတာကြောင့်..မိုးရိပ်..ပိုပြီး..နွေချိုလက်ကို..တင်းကြပ်နေအောင်.ဖိကိုင်လိုက်၏။
""မင်းရူးနေလား..မင်းကို.ဘယ်သူ့က.ကလေးမွေးခိုင်းနေလို့.မွေးချင်နေရတာလဲ..ဘယ်သူကရော.မင်းကို.မွေးခွင့်ပြုနေလို့လဲ..ငါ​ပြောပြီးပြီ.နွေချို..မင်းဒီကလေးကို.မွေးခွင့်မရှိဘူး..ဖျက်ချရမယ်..ဒါဘဲ..""
""အား...မိုးရိပ်..မင်းကို.မုန်းတယ်..လွှတ်...မင်းဖျက်ချခိုင်းတိုင်း.ငါလုပ်ရမှာလား..မလုပ်နိုင်ဘူး.ငါဗိုက်ထဲမှာ.သူ့ဘာသာ.ရှိနေတဲ့.ကလေးကို.မင်းကဘာဖြစ်လို့.ဖျက်ချချင်နေတာလဲ..ငါမလုပ်နိုင်ဘူးနော်..မိုးရိပ်.မင်း.ဒီကလေးကို..တစ်ခုခုလုပ်ချင်တယ်ဆိုရင်.ငါ့ကိုအရင်သတ်ပစ်လိုက်မှရမယ်..မိုးရိပ်..ငါကိုအရင်.သေအောင်သတ်ပြီးမှ..မင်းလုပ်ချင်ရာ လုပ်...""
နွေချို..ငိုကြွေးရင်း.နာကျည်းစွာနဲ့.ပြောလိုက်လေသည်။
""နွေချို..မင်းက..ငါ့ကြိုးဆွဲရာကို.ကရမဲ့..ရုပ်သေးရုပ်ဘဲ..မင်းဆီမှာ.. တောင်းဆိုပိုင်ခွင့်..ငြင်းဆန်ပိုင်ခွင့်ဘာတစ်ခုမှ..မရှိဘူး...""
မိုးရိပ်..အေးစက်မာကျောစွာ..ပြောပြီး..နွေချို.ဆွဲခေါ်လာခဲ့လသည်။
""လွှတ်...မိုးရိပ်..မင်း.ငါ့ကိုလွှတ်..လွှတ်.....""
နွေချိုအတင်းရုန်းကန်နေပါသော်..အားချင်းကမမျှ..။မိုးရိပ်..ဆွဲခေါ်ရာ.နောက်ကို.နွေချို..ရုန်းရင်းဆန်ခတ်နဲ့.ပါသွားလေသည်။နောက်တော့.နွေချို.ငိုရှိုက်ရတာ.မောဟိုက်လာပြီး..ခေါင်းတွေ..မူးလာကာ..နေရာမှာဘဲ.လဲကျသွားလေသည်။
""နွေချို..နွေချို....""
နားထဲ..မိုးရိပ်၏.စိုးရိပ်တကြီးခေါ်သံကိုနွေချို.ခပ်သဲ့သဲ့လေးကြားနေရလေသည်။မုန်းတယ်..မိုးရိပ်..။ငါတို့နှစ်ယောက်ရဲ့..ချစ်ခြင်းတရား​တွေကနေ.ပေါက်ဖွားလာမဲ့..ရင်သွေးလေးကို.မင်းမို့.ဖျက်ဆီးပစ်ဖို့ကြိုးစားရက်တယ်..မိုးရိပ်..။
🥺🥺🥺
     ""ဒေါက်တာ..နွေချိုရဲ့အခြေနေက..""
""သိပ်ပြီး.စိတ်ပူစရာမလိုပါဘူး..လူနာကစိတ်လှုပ်ရှားပြီး.မူးလဲသွားတာပါ..နောက်ပြီး.ကိုယ်ဝန်ကလည်းရှိနေတော့လေ..အခုရက်ပိုင်းသေချာလေး.ဂရုစိုက်ပေးပါ..""
""ဟုတ်ကဲ့ပါ..ဒေါက်တာ.""
မိုးရိပ်..နွေချိုရဲ့လက်လေးကို.အသာခပ်ဖွဖွကိုင်လိုက်ပြီး..အသံတိတ်ငိုရှိုက်နေမိ၏။
""မိုးရိပ်...""
နောက်နားဆီကနေ..ခပ်တိုးတိုးလေး.ခေါ်လိုက်သည့်.နှင်းသွေးဝိုင်ကို.မိုးရိပ်အသာငှဲ့ကြည့်လိုက်၏။
""ငါ..ဦးမာန်ပြောပြထားလို့.အကုန်လုံးသိပြီးပြီ..မိုးရိပ်..နင်.အရမ်း.အတ္တကြီးနေသလိုမျိုးဖြစ်မနေဘူးလား..""
""ဝိုင်..နင်ကဘာသိလို့..ငါ့ကိုလာပြီး.ဆရာလာလုပ်နေတာလဲ..""
မိုးရိပ်.၏အသံက.ဒေါသကြောင့်.အနည်းငယ်.မာကျောသွားလေသည်။.
""ဒီမှာပြောရတာ..အဆင်မပြေဘူး.မိုးရိပ်..နင်ငါနဲ့အတူ.အပြင်ခဏလိုက်ခဲ့..ငါဒီကိစ္စကို.နင်နဲ့သေချာ.ပြောမှဖြစ်မယ်....နင်နွေချိုကို.တကယ်ချစ်တယ်..သနားတယ်ဆိုရင်..ငါနဲ့ခဏလိုက်ခဲ့..""
နှင်းသွေးဝိုင်.ခပ်ပြတ်ပြတ်ပြောပြီး.လူနာခန်းထဲကနေ.ထွက်လာခဲ့လိုက်သည်။သူမ.အခုချိန်မှာ
နွေချိုကို..သနားသလို..မိုးရိပ်ကိုလည်း.သနားသည်။သူတို့နှစ်ယောက်ကြားမှာ..ပေါင်းကူးတံတားလေးတစ်ခုအဖြစ်နဲ့.သူမ.ရပ်တည်ပေးချင်သည်။သူမ..နွေချိုရဲ့ခံစားချက်တွေကို.နားလည်သည်.။နွေချိုကို.ဆုံရှုံးရမှာကြောက်နေသည့်..မိုးရိပ်ရဲ့စိတ်ကိုလည်းနားလည်သည်။
❤❤❤
       နှင်းသွေးဝိုင်နဲ့ မိုးရိပ်တို့နှစ်ယောက်.ဆေးရုံရဲ့ ဝရံတာဘက်.လူရှင်းသည့်.နေရာတစ်ခုမှာ.မတ်တပ်ကိုယ်စီရပ်ရင်း...
""မိုးရိပ်..နင်.အရမ်းကိုအတ္တကြီးတယ်..""
ဟု.နှင်းသွေးဝိုင်က.စကားကိုအစချီပြီးဆိုလိုက်၏။
""ဝိုင်..ငါအခုချိန်မှာ..​နွေချိုကို.ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့.ငါကိုအတ္တကြီးခွင့်ပြုပါကွာ..""
""မိုးရိပ်..ငါနင့်ခံစားချ​က်ကို.နားမလည်လို့.အခုလိုတွေ.ပြောနေတာမဟုတ်ဘူးနော်..ကံကြမ္မာက..နင်တို့နှစ်ယောက်ကို.မျက်နှာသာပေးတဲ့အနေနဲ့..​ရင်သွေးရတနာလေး လက်ဆောင်ပေးနေတာလေ..အဲ့ဒါက..ဝမ်းသာရမဲ့ ကိစ္စ..မင်္ဂလာကိစ္စဟဲ့..""
""ဒါပေမယ့်.ဝိုင်..နွေချိုက ယောကျ်ားလေးလေ..ဘယ်လိုလုပ်ပြီး.ကလေးမွေးနိုင်မှာလဲ ..တချို့.ကိုယ်ဝန်​ဆောင်မိခင်တွေတောင်မှ..ကလေးမမွေးနိုင်လို့..အသက်ဆုံးရှုံးသွားကြရတဲ့.လူတွေမှအများကြီးဘဲ..ငါ.အရဲစွန့်ပြီး.နွေချိုကို..ကိုယ်ဝန်မဆောင်ခိုင်းရက်ဘူး.ဝိုင်..""
မိုးရိပ်.ရင်နင့်စွာ.နဲ့.ငိုရှိုက်သံနှောရင်း.ဆိုလာတော့..နှင်းသွေးဝိုင်.ရင်ထဲမကောင်း..။
""ဒါပေမယ့်..ဒါပေမယ့်..မိုးရိပ်ရယ်..နင်တို့သွေးသားနဲ့.ဖြစ်တည်လာတဲ့..ရင်သွေးလေးကို..မခိုင်လုံတဲ့အကြောင်းပြချက်​တစ်ခုတည်း
အတွက်နဲ့..သတ်ပစ်မလို့လား..""
""မခိုင်လုံတဲ့အကြောင်းပြချက်.ဟုတ်လား..ဝိုင်..ဟင့်အင်း..
မဟုတ်ဘူး.ဝိုင်..ယောကျ်ားလေးတွေ.သားမွေးတယ်ဆိုတဲ့ကိစ္စက.အရင်တုန်းကလည်း.မရှိခဲ့ဖူးဘူး..အခုချိန်ထိလည်း.မကြားဖူးသေးဘူး..
ဒီလို.အထူးဆန်းဖြစ်နေတဲ့ကိစ္စမျိုးကို..ငါက..ဂဃနဏမသိရသေးဘဲနဲ့..နွေချိုကို.အရဲစွန့်ပြီး..ကိုယ်ဝန်ဆောင်ခိုင်းရမှာလား..ဝိုင်..အဲ့ကိုယ်ဝန်က.နွေချိုအတွက်..၁%လောက်လေးဘဲ.အန္တရာယ် ရှိနေတယ်ဆိုရင်တောင်.ငါကတော့..ဖျက်ချပစ်မှာဘဲ..ဝိုင်..""
မိုးရိပ်ပြတ်သားစွာ.ပြောလာသည့်.စကားများကြောင့်..ဝိုင်ရင်ထဲ.လေးဆင်းသွားရပြန်၏။
""ဒါပေမယ့်..မိုးရိပ်..နွေချို.ဒီကိုယ်ဝန်ကိုဆောင်လို့ရှိရင်..သေချာပေါက်.အသက်.အန္တရာယ် ကြုံနိုင်တယ်ဆိုရင်တော့ တစ်မျိုးလေ..အခုဟာက.ထင်ကြေးဘဲရှိသေးတာလေ..ထင်ကြေးနဲ့.နင့်က.နင်ရဲ့ရင်သွေးလေးကို.သတ်ပစ်မလို့လား.""
""တော်တော့.ဝိုင်.ဆက်မပြောပါနဲ့တော့..ငါ.မသေချာတဲ့အရာတစ်ခုအတွက်နဲ့..နွေချိုရဲ့အသက်ကို..လောင်းကြေးမထပ်ရဲဘူး..
နောက်ပြီး..ဘဝဆိုတာ.ရုပ်ရှင်တွေ
ထဲကလို..စာအုပ်ထဲကလို..လွယ်ကူမနေဘူး..ပြတ်သားသင့်ရင်.ပြတ်သားရမှာဘဲ..""
""အေး.နင်ကသာ.ပြတ်သားနေ..နင်နွေချိုဘက်ကိုကျ.တော့ မစဥ်းစားပေးဘူးလား..နွေချိုအနေနဲ့..သူ့ဗိုက်ထဲ
မှာ.တည်လာတဲ့.ရင်သွေးလေးကို..နင်လို.သွေးအေးအေးနဲ့.ဖျက်ချရက်ပါ့မလား..သူ့ရင်ထဲမှာပေါက်ဖွား
လာမဲ့..မိခင်တစ်ယောက်ရဲ့မေတ္တာဓာတ်ကြောင့်..သူသေချာပေါက်..သူ့ဗိုက်ထဲက.ရင်သွေးလေးကို.သူကာကွယ်ပေးဖို့ ကြိုးစားနေမှာဘဲ မိုးရိပ်..သူ့အတွက်..အသက် အန္တရာယ် ရှိနေတယ်ဆိုရင်တောင်မှပေါ့...""
""သိတယ်..သိလို့လဲ..ငါသူ့ကိုမသိပေးဘဲ..ဖျက်ချဖို့လုပ်ခဲ့တာလေ..မမျှော်လင့်ဘဲ.သူသိ​သွားတာ​ကတော့..ငါလည်းမတတ်နိုင်ဘူး.ဝိုင်..သူသဘောတူသည်ဖြစ်စေ..သဘောမတူသည်ဖြစ်စေ..မနက်ဖြန်.သူဒီကိုယ်ဝန်ကိုဖျက်ချရမှာဘဲ..""
မိုးရိပ်..အံ့ကိုကြိတ်ပြီးပြောလိုက်သည်။
""ဟာ..ဒါဆို..ဒုက္ခပါဘဲ..နွေချို..သူထွက်ပြေးသွားရင်.ဘယ်လိုလုပ်မလဲ..သူနင်နဲ့.ဝေးရာကိုထွက်ပြေးသွားဖို့..ကြိုးစားမှာ.သေချာတယ်.မိုးရိပ်..""
နှင်းသွေးဝိုင်.အထိတ်တလန့်ဆိုလာတော့..မိုးရိပ်ရင်ထဲ..ဒိန်းခနဲ့ ဖြစ်သွားလေသည်။
      မသိစိတ်ထဲကနေ..လှုံ့ဆော်နေကြသည့်..စိုးရိပ်စိတ်များကြောင့်..မိုးရိပ်..
ချက်ချင်းဆိုသလို..နွေချို.ရှိရာ.လူနာခန်းဆီကို.ထွက်လာလိုက်ခဲ့၏။
❤❤❤
       အခန်းထဲကို အလျှင်အမြန် ဖွင့်ဝင်လိုက်တော့..လစ်ဟာနေသည့်.လူနာကုတင်လေးက..မိုးရိပ်ကို.ခြောက်ခြားဖွယ်ရာစောင့်ကြိုနေ၏။မိုးရိပ်..စိတ်တွေအတိုင်းအဆ မရှိ.လှုပ်ရှားသွားပြီး..ရေချိုးခန်း..အိမ်သာခန်းထဲကို..ဖွင့်ကြည့်လိုက်သည်.နွေချိုကိုမတွေ့..။
""နွေချို...နွေချို...""
နုတ်ကနေ..နွေချိုနာမည်ကို.အရူးတစ်ယောက်လို.အော်ခေါ်နေမိသည်။
နောက်တော့.ကုတင်ပေါ်မှာ.တင်ထားသည့်စာလေးတစ်စောင်.။
     ဒါဆိုသေချာပြီပေါ့..နွေချို..သူနဲ့ဝေးရာ ထွက်​သွားပြီလား..။တုန်လှုပ်​ခြောက်ခြားစွာနဲ့ စာလေးကိုကောက်ဖတ်လိုက်တော့..
💌 မိုးရိပ်..မင်းရဲ့ ဂုဏ်သိက္ခာ တွေ.မကျဆင်းရအောင်..ငါအဝေးတစ်နေရာကို.ထွက်သွားပါပြီ..။ကျေးဇူးပြုပြီး.ငါ့ကိုလိုက်မရှာပါနဲ့..။စိတ်ချပါ..ငါသေတဲ့အထိ..ငါ.မင်းရှေ့မှာ..ပေါ်မလာစေရပါဘူး..။ငါ့ဗိုက်ထဲက.ကလေးကြောင့်လဲ..မင်းဒုက္ခမရောက်စေရပါဘူး..။ ဒီကလေးက..မင်းနဲ့မဆိုင်တဲ့. ငါ့ရဲ့ရင်သွေးလေးပါ..။တောင်းပန်ပါတယ် မိုးရိပ်..။ငါ..ငါဗိုက်ထဲက ကလေးလေးကို မသတ်ရက်ဘူး..။ငါ အသက်နဲ့ရင်းပြီး..ငါ့ဗိုက်ထဲက.က​လေးလေးကို..ကာကွယ်သွားမယ်..။
      လောကကြီးက ငါ့လို.ယောကျ်ားတစ်ဦးအတွက်..ပေးအပ်လာတဲ့..လက်ဆောင်ကို.ငါတန်ဖိုးထားသင့်တယ်လေ..မိုးရိပ်..။ယောကျ်ားတစ်ဦးဖြစ်နေပေမယ့်..မိခင်တစ်ဦးဖြစ်ခွင့်ရတာ..ငါအရမ်းကံကောင်းနေပါပြီ..။
ငါ..ငါ့​ရင်သွေးလေးကို ငါ.မဖျက်ချရက်ဘူး..မိုးရိပ်..။ငါရင်သွေးလေးကို ကာကွယ်ရမယ်..။ငါရဲ့ ရင်သွေးလေးအတွက်..ငါသတ္တိရှိရမယ်..။မိခင်တစ်ဦးအနေနဲ့..ငါ့ရဲ့ ရင်သွေးလေးကို.သတ္တိရှိရှိမွေးဖွားဖို့ ငါဆုံးဖြတ်လိုက်ပါပြီ..မိုးရိပ်..။ငါရဲ့ရင်သွေးလေးအတွက်..ငါက.မိခင်ဆိုလည်းဟုတ်တယ်..။ဖခင်ဆိုရင်လည်းမမှားဘူး..။
မိုးရိပ်..အစစအရာရာအဆင်ပြေပါစေ..။အပြီးတိုင် ထာဝရ ငါနူတ်ဆက်ခဲ့
ပါတယ်နော်.။. ဘယ်တော့မှ ပြန်ဆုံတွေ့ခွင့်မရှိ​တော့မဲ့..မင်းရဲ့.သူငယ်ချင်းချစ်သူလေး..
                       နွေချို💌
မိုးရိပ်..စာကိုအပြီးထိဖတ်လိုက်ပြီးနောက်..မျက်ရည်များ အတားအစီးမရှိ စီးကျလာလေးသည်။
""ဟင့်အင်း..နွေချို..မင်းဒီလို..လုပ်လို့မရဘူးလေ..နွေချို..မင်း.ငါ့ကို.ဒီလို..ထားရစ်ခဲ့လို့.မရဘူးလေ..နွေချို...""
မိုးရိပ်..ရှိုက်ငိုရင်း..အော်ပြောရင်းနဲ့..အခန်းထဲကနေအရူးတစ်ယောက်လို.ပြေးထွက်လာခဲ့လေသည်။
     ထိုအချိန်..မိုးရိပ်ဆီကို...နှင်းသွေးဝိုင်..ပြေးလာပြီး.အမောတကောနှင့်.
""မိုးရိပ်..မိုးရိပ်..နွေချို.လေ..နွေချို..ဒုက္ခရောက်နေပြီ..""
""ဘာ..ဘာပြောတယ်..ဝိုင်..စကားကိုသေချာ.ရှင်းအောင်ပြောစမ်းပါ..""
""နွေချို..ထွက်သွားတော့..ဦးမာန်က.လိုက်တားတာ..ဆေးရုံနဲ့မလှမ်းမကမ်းတစ်နေရာကိုရောက်တော့..နွေချိုနဲ့.ဦးမာန်တို့ဘေးနားကို.အနက်ရောင်ကားတစ်စီးထိုးရပ်လာပြီး..လူ၃ဦး.ဆင်းလာ​တယ်..အဲ့.လူ​တွေက.ဦးမာန်ကို.ထိုးနှက်ပြီး..နွေချိုကို..ကားပေါ်.ဇွတ်အတင်း.ဆွဲတင်ပြီး.ခေါ်သွားတယ်တဲ့..""
နှင်းသွေးဝိုင်စကားများကြောင့်..မိုးရိပ်.မူးမေ့လဲသွားမတတ်ကို.ဖြစ်သွားရလေသည်။ရင်ထဲ နာကျင်မှုတွေရော..စိုးထိတ်ပူပင်မှုတွေရောရောယှက်နေကာ..အရူးတစ်ပိုင်းလုံးလုံးကို.ဖြစ်သွားရလေသည်။
""ဘယ်သူတွေလဲ..နွေချိုကို.ဖမ်းခေါ်သွားကြတာ..ဘယ်သူတွေရှိမလဲ..
မိုးရိပ်.စဥ်းစားပါဦး..နွေချို..နွေချို.အီး..ဟီး..ဟီး..သူတစ်ခုခုဖြစ်သွားရင်.ဘယ်လိုလုပ်မလဲ..."
နှင်းသွေးဝိုင်.ထိတ်လန့်တကြား.ဆိုရင်း..သူရူးတစ်ယောက်ပမာ..နေရာမှာတင်ဘဲ..ထိုင်ချရင်း..ငိုကြွေးနေလေတော့သည်။
    မိုးရိပ်အပြေးအလွှားစဥ်းစားကြည့်လိုက်တော့..ခေါင်းထဲသို့.ပေါ်လာသည့်.လူတစ်ဦး..။သေချာသည်.အခုချိန်မှာ.နွေချိုကို.ဒုက္ခပေးချင်လောက်အောင်ထိ.မုန်းတီးနေမဲ့သူက..စွဲမက်ရှင်.ဘဲဖြစ်နေမှာမလွဲ.။သေချာသည်..။နွေချိုကို..ဖမ်းခေါ်သွားတာ..စွဲမက်ရှင်ရဲ့လူတွေဘဲဖြစ်ရမည်..။မိုးရိပ်..မျက်ဝန်းထဲ..လူသတ်ချင်သည့်.အခိုးငွေ့များနှင့်..ပြည့်နှက်သွားလေသည်။..နွေချိုကို.ဒုက္ခပေးလာမည့်.ဘယ်သူ့ကိုမဆို..အခုချိန်မှာ.မိုးရိပ်အမှုန့်ချေမိမှာမလွဲ..။စွဲမက်ရှင်.မင်း.ငါ့အကြောင်းသိအောင်.ပြရသေးတာပေါ့. ။
❤❤❤❤❤
အပိုင်း🍓၂၂🍓လေးမျှော်ပေးကြဦး..။
          🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now