အပိုင်း❤၁၆❤

287 12 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၆)🌈
❤❤❤❤❤❤
         မိုးရိပ်နမ်းသွားသည့်..ပါးလေးကို..လက်နဲ့ကိုင်ရင်း..
""မိုးရိပ်..သူ့ငါကို..
Summer(ဆမ်းမား)လို့ခေါ်လိုက်တာလား.ငါ့နာမည်က.နွေချို​လေ..summer(ဆမ်းမား)မှ.မဟုတ်တာကို..""
""အဟက်..အရမ်းကြည်နူးနေကြတယ်ပေါ့လေ..""
ခပ်နဲ့တဲ့တဲ့ဆိုလိုက်သည့် စကားသံကြောင့်.နွေချို.မော့ကြည့်လိုက်တော့.စွဲမက်ရှင်..။နွေချိုတစ်ကိုယ်လုံး အေးခဲသွားပြီး..စွဲမက်ရှင်ကို.ပြူးကြောင်ကြောင်လေး ငေးကြည့်နေမိ၏။
""မတွေ့ရတာကြာပြီနော်..နွေချို..အခုရက်ပိုင်း အရမ်းကိုစိတ်ချမ်းသာကိုယ်ချမ်းသာ.နဲ့ပျော်နေပုံဘဲ..""
စွဲမက်ရှင်.နွေချိုကို.မလိုတမာ စူးစိုက်ကြည့်ပြီး..နွေချို..စိတ်မသက်မသာဖြစ်အောင်..တမင်.စကားတွေနဲ.ထိုးဆွနေခြင်း​ဖြစ်သည်။​
        နွေချို.ကတော့.ဘာစကားတစ်ခွန်းမှမဆိုနိုင်ဘဲ..​စွဲမက်ရှင်ကိုသာ..ငေးကြည့်နေမိ၏။
""အဟက်..ဘာလဲ..တို့ကိုတွေ့လိုက်ရလို့..စိတ်ထဲမလုံမလဲဖြစ်နေတာလား.နွေချို...""
""ဖြစ်စရာလား...စိတ်မလုံမလဲဖြစ်ရအောင်..ကျွန်တော်က.အပြစ်ကျူးလွန်ထားတဲ့သူမှ မဟုတ်တာ..""
နွေချို.ပြန်​ဖြေလိုက်သည့်စကားကြောင့်..စွဲမက်ရှင်.ရင်ထဲအောင့်သက်ကြီး.ဖြစ်သွားကာ..အရှက်ပြေ..
ရယ်မောလိုက်ရင်း...
""ဟား...ဟား...ဟား.ဟုတ်ပါတယ်လေ..သူများ.ရည်းစားကိုဖြတ်ခုတ်သွားတာက..အပြစ်တစ်ခုမှ..မဟုတ်တာဘဲလေ..အဟား..ဟား..""
စွဲမက်ရှင်.စကားကြောင့်.နွေချို.ရင်ထဲ.သိမ်ငယ်စိတ်.အနည်းငယ်.
ပေါက်ဖွားသွားရလေသည်။စွဲမက်ရှင်ပြောတာကလည်း.မမှားပေ..။မိမိကြောင့်.သူ့တို့ချစ်သူ.နှစ်ဦး.ကွဲကွာသွားခဲ့ရသည်မဟုတ်ပါလား..။
""အဟက်..ထားလိုက်ပါတော့..ပြီးခဲ့တာတွေလည်း ပြီးသွားပြီဘဲလေ.အခုဆို..နွေချို..မိုးရိပ်နဲ့အတူတူနေတာ..
၂လတောင်ပြည့်တော့မယ်နော်.မိုးရိပ်က..နွေချိုကိုတော့ပြောလားမသိဘူး.စွဲမက်နဲ့တွဲတုန်းကတော့..နေ့တိုင်း.တွေ့တိုင်း.အမြဲတမ်းချစ်တယ်..ဆိုတဲ့စကားတစ်ခွန်းကို.နားရှက်အောင်.ပြောတတ်တယ်လေ..အဟင်း..အဟင်း..အဲ့အပြောလေးတွေကြောင့်လဲ..ဒီကကြွေခဲ့ရတာပေါ့..အဟင်း.အဟင်း..""
စွဲမက်ရှင်..စကားကြောင့်.နွေချို..မျက်နှာလေး.ညှို့းငယ်ကျသွားလေသည်။မိုးရိပ်က.စွဲမက်နဲ့တွဲတုန်းကတော့ချစ်တယ်.ဆိုတဲ့စကားကို.​ဖောဖောသီသီ..သုံးခဲ့သည့်ပုံ...။မိမိနဲ့ကျတော့.ချစ်တယ်ဆိုသော.စကားလေးတစ်ခွန်းတောင်.မပြောခဲ့သောသူ..။နွေချို.အတွေးတွေနဲ့အတူ.ရင်ထဲကဝမ်းနည်းစိတ်တွေက.မျက်ရည်အဖြစ်ပြောင်းလဲသွားကာ.မျက်ဝန်းအိမ်တစ်ခုလုံး.မျက်ရည်များနှင့်ပြည့်လျှံလို့သွားလေသည်။
      ပါးပြင်ပေါ်သို့.နယ်မကျူးလာစေရင်.မျက်တောင်.ရှည်များနှင့်.​ပုတ်ထုတ်ပြီး..အောက်နုတ်ခမ်းကိုသာ.ဖိကိုက်ထားနေမိ၏။
""စွဲမက်ရှင်..မင်း..ဘာလာလုပ်တာလဲ..""
နွေချိုဘေးနားမှာ.စွဲမက်ရှင်.ကို​တွေ့လိုက်ရတော့.မိုးရိပ်.ရင်တစ်ခုထဲ.ထူပူလို့သွားရလေသည်။.
""သြော်..ရိပ်ကလဲ..​ရေခဲမုန့်ဆိုင်ကို.ရောက်နေမှတော့.ရေခဲမုန့်စားမလို့ပေါ့လို့..အခုတလော..စွဲမက်လေ.အချိုကို.အရမ်းခံ​တွင်းတွေ့နေတာ.""
""အဟက်....ဟုတ်လား..အဲ့ဒါဆိုရင်.စိတ်ကြိုက်သုံး​ဆောင်ပါ..နွေချို. ကိုယ်တို့တွေ.သွားကြရအောင်. ""
မိုးရိပ်..နွေချို.လက်မောင်းကို.ဆွဲကိုင်လိုက်ပြီးဆိုလိုက်၏။
""နေပါဦး..ရိပ်ရဲ့..တွေ့တုန်းတွေ့ခိုက်.ရိပ်.သိအောင်ပြောပြဖို့.ကိစ္စတစ်ခု..စွဲမက်ဆီမှာရှိသေးတယ်..""
""ဟုတ်လား..ဘာလဲ.မြန်မြန်ပြော..ငါမအားဘူး..""
""​ဒီနေရာမှာ.ပြောပြရမှာလား.အဟင်း..ဒီကိစ္စအကြောင်းကို.နွေချိုရှေ့မှာ.မပြောပြချင်ဘူး.ရိပ်..အခုကိစ္စက.ရိပ်နဲ့စွဲမက်တို့ရဲ့နှစ်ယောက်အကြောင်းလေ..""
စွဲမက်ရှင်က.နွေချိုဆီကို.အကြည့်တစ်ချက်ဝေ့ရင်း.ဆိုလိုက်လေသည်။
""မိုးရိပ်..ငါ.ကားပေါ်မှာ.သွားစောင့်နေလိုက်မယ်လေ..မင်း.ပြောပြီးရင်.နောက်ကလိုက်လာခဲ့လေ..""
နွေချိုပြောလိုက်တော့..မိုးရိပ်စိတ်မချသည့် မျက်ဝန်းများနှင့်စိုက်ကြည့်လာသည်။
""စိတ်ချပါ..ငါကားပေါ်မှာဘဲ ရှိနေမှာပါ..""
နွေချို.ပြုံးပြီး.ပြောလိုက်တော့.​မိုးရိပ်ခွင့်ပြုသည့်သဘောနှင့်.ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
     နွေချို..ထိုနေရာကနေ.အလျင်မြန်ထွက်လာခဲ့ပြီး.ကားပေါ်မှာ စောင့်နေခဲ့လေသည်။အချိန်အတော်ကြာသည့်အထိ.မိုးရိပ်ရောက်မလာခဲ့ပေ..။စွဲမက်ရှင်နဲ့.ဘာတွေပြောနေလို့.ဒီလောက်ထိ ကြာနေသည်မသိ ။
""စောင့်ရတာ ကြာသွားလား..""
""အင်း.ရပါတယ်.စွဲမက်ရှင်က.ဘာတွေပြောနေလို့လဲဟင်..""
နွေချို.မေးလိုက်တော့..မိုးရိပ်.မျက်နှာတစ်ချက် ကွက်ခနဲ့ပျက်သွားလေသည်။
""ဘာမှ.မဟုတ်ပါဘူး.summer(ဆမ်းမား)ရဲ့.စိတ်ထဲ.မထားနဲ့.နော်..""
မိုးရိပ်ပြောရင်း.နွေချို.ပါးလေးကိုနမ်းရင်း.အာရုံပြောင်းလိုက်လေသည်။
"ဟာ..မိုးရိပ်.မင်းဘယ်လိုဖြစ်နေတာလဲ..နောက်ပြီး.ငါ့ကိုဘာဖြစ်လို့.summer(ဆမ်းမား)လို့ခေါ်နေတာလဲ...""
""အဟင်း..ငတုံးလေး..မင်းနာမည်က.နွေချိုလေအဲ့ဒါကြောင့်..ငါ့ကချစ်စနိုးလေးနဲ့..မင်းကို summer(ဆမ်းမား) နွေရာသီလို့ခေါ်တာလေ..ဘာဖြစ်လို့လဲ..""
""အံမယ်..အဲ့ဒါဆိုရင်..ငါလည်းမင်းကို.Rain(ရိန်း.)လို့ဘဲ.ခေါ်မယ်..""
""Rain(ရိန်း)ဟုတ်လား..ကောင်းသားဘဲ..summer(ဆမ်းမား)လေး.
.စိတ်တိုင်းကျ.ခေါ်စေဗျား.""
မိုးရိပ်..ပြောရင်း.နွေချို.ကိုယ်လေးကို..သူ့ရင်ခွင်ထဲ.ဆွဲသွင်းပြီးဖက်ထားလိုက်သည်။
❤❤❤
      တစ်လမ်းလုံး မိုးရိပ် စကားတစ်ခွန်းမှမဆို..။မျက်နှာကလည်း.တစ်စုံတစ်ခုကို စိုးထိတ်ပြီး.စိတ်ရှုပ်ထွေးနေသည့်ပုံ.ပေါက်နေလေသည်။စွဲမက်ရှင်..မိုးရိပ်.ကိုဘာတွေ.ပြောလိုက်လို့..မိုးရိပ်..အခုလို.စိတ်ညစ်သွားသည်မသိ..။အိမ်ရောက်မှာဘဲ..အသာချော့မေးမည်ဟု.နွေချို..စိတ်.ထဲတေးထားလိုက်​
တော့၏။
          နွေချိုတို့.ကားလေးခြံထဲကို ဝင်လာတော့..တိုက်ရှေ့မှာ.အခန့်သားရပ်ထားသည့်.အနက်ရောင်.ကားတစ်စီးကြောင့်..မိုးရိပ်.မျက်မှောင်ကြုပ်လိုက်လေသည်။ကားပေါ်က..ဆင်းပြီးအိမ်ထဲဝင်လိုက်တော့..အသက်၆၀ကျော်
.နီးပါးလောက်ရှိမည့်..လူကြီး.တစ်ဦးက.....
".မင်းလည်း..မင်းအဖေလိုဘဲ.အသုံးမကျတဲ့ကောင်...ရွံ့စရာကောင်းတဲ့အကောင်..ဒီလို..အဆင့်မရှိတဲ့.ယောကျ်ားတစ်ဦးကို..အိမ်ပေါ်မှာ.ခေါ်ထားပြီး.ခွေးဇာတ်ခင်းနေတယ်ပေါ့လေ..""
မိုးရိပ်ကို.လက်ညှိုး.ငေါက်ငေါက်ထိုးပြီး..မာကျောခက်ထန်စွာနဲ့.မြည်တွန်တောက်တီးလေတော့၏။
      နွေချိုမှာတော့ ထိုလူကြီးကို ကြည့်ပြီး အံ့အားသင့် ကြောက်ရွံ့နေမိ၏။
""အဘိုးက.ဘယ်လိုဖြစ်ပြီး.ဒီကိုရောက်နေတာလဲ..""
မိုးရိပ်က.ထိုလူကြီးကို.အဘိုးဟု.နာမ်စားသုံးပြီးပြောလိုက်တာကြောင့်..ထိုလူကြီးမှာ.မိုးရိပ်၏အဘိုးဖြစ်ကြောင်းကို.နွေချို.ရိပ်မိလိုက်လေသည်။
""ဟွန့်..မင်းလုပ်ပုံ.အသုံးမကျလို့.ငါ့ရောက်လာရတာပေါ့...မင်း.အခုချက်ချင်း.အဲ့ဒီအဆင့်မရှိတဲ့..ယောကျ်ားပျက်ကို..အိမ်ပေါ်ကနေ နှင်ချပစ်လိုက်စမ်း..""
နွေချိုကို.မီးဝင်းဝင်းတောက်နေသည့်.မျက်ဝန်းနှင့်စိုက်ကြည့်ပြီး.မိုးရိပ်အဘိုးက.​ပြောလာလေသည်။နွေချို.ရှက်လည်းရှက်..ကြောက်လည်းကြောက်.ဖြစ်သွားကာ..မျက်ရည်များဝဲတက်လာပြီး.တစ်ကိုယ်လုံး.တုန်ယင်နေရှာ၏။
""အဘိုး..တော်သင့်ပြီထင်တယ်နော်..
ကျွန်တော်အိမ်ပေါ်မှာ ဘယ်သူ့ကိုဘဲခေါ်ထား.ခေါ်ထား..အဘိုး.အပူမပါဘူးထင်တယ်..ပြန်ပါတော့..မဖိတ်ခေါ်ဘဲ.ရောက်လာတဲ့.ဧည့်သည်ကို..ဧည်ခံဖို့အတွက်..ကျွန်တော်ဆီမှာ.အချိန်မရှိလို့ပါ...""
""ဘာ..မိုးရိပ်..မင်းဘာပြောလိုက်တယ်..မင်းက..ဒီလို.အဆင့်တန်းမရှိတဲ့.ကောင်အတွက်နဲ့..ငါ့ကို.ပြန်ပြီးအာခံရဲတယ်ပေါ့လေ..ဟုတ်လား..""
""အဘိုး...ပြန်ပါတော့ဗျာ.ကျွန်တော်ဘာသာ.အေးဆေးနေပါစေ..အဘိုး.ဘယ်တုန်းကစပြီး.ကျွန်တော့်အပေါ်မှာ...ဂရုစိုက်ဖူးလို့လဲ..အရင်တုန်းကလိုဘဲ...အရေးမစိုက်ဘဲ.ဘာသိဘာသာ.နေ.နေပေးပါလား...""
မိုးရိပ်စကားကြောင့်.မိုးရိပ်အဘိုး..ဒေါသထွက်သွားကာ..
""တောက်....ကျေးဇူးကန်းတဲ့အကောင်..မင်းက.မင်းရဲ့အသုံးမကျတဲ့အဖေလောက်တောင်မှ..သောက်သုံးမကျတဲ့ကောင်ဘဲ...​အေး..မင်းအဖေတောင်မှ..မင်းကို.သူ့အမျိုးဆက်အဖြစ်ချန်ထားခဲ့သလိုဘဲ.မင်းလည်း..မင်းရဲ့မျိုးဆက်.ကျန်​ခဲ့အောင်.အမြန်ဆုံး.မိန်းမယူဖို့အတွက်ဘဲ..စဥ်းစားထားပါ...""
""အဘိုး...ကျွန်တော်..ဒီတစ်သက်ဘယ်တော့မှ.မိန်းမယူမှာမဟုတ်ဘူး..
ကျွန်တော်ကို.မိန်းမပေးစားဖို့အတွက်လဲ..အတင်းကြပ်မတိုက်တွန်းပါနဲ့..အဘိုးရဲ့..ဂုဏ်သိက္ခာ တွေမကျစေချင်ရင်..ဒီအတိုင်းလေးဘဲ..ကျွန်တော့်ကို.လွှတ်ထားပေးပါ..""
""​မင်း...ငါ့ကိုလာပြီး..အာခံမနေနဲ့..
မင်းခေါင်းထဲမြဲမြဲမှတ်ထားရမှာက..မင်း.မြေးမလေး.စွဲမက်ရှင်နဲ့.လက်ထပ်ဖို့အတွက်ကိုဘဲ..ခေါင်းထဲထည့်ထားပါ...""
""အဘိုး....""
""တိတ်စမ်း...မိုးရိပ်..မင်းကြောင့်.ငါ့တို့မိသားစု.မျိုးရိုးဂုဏ်သိက္ခာကျဆင်းအောင်..မလုပ်နဲ့ကွ.. လူသိရှင်ကြား.
.အရှက်တကွဲမဖြစ်ရအောင်.မင်းဘက်ကနေ..အသာတကြည်လက်ခံပါ..""
""အသာတကြည်လက်မခံနိုင်ဘူးဆိုရင်ရော...""
""ဘာ...ဘာပြောတယ်..မိုးရိပ်..မင်းကလေ..ရွံ့စရာကောင်းရုံတင်မကဘူး.တာဝန်ယူလိုတဲ့စိတ်လည်း.မရှိတဲ့ကောင်ဘဲ..မင်းကြောင့်..တဖက်က.မိန်းကလေး.ဘယ်လောက်ထိ.နစ်နာသွားသလဲ..မင်းသိလား..""
မိုးရိပ်..သူ့အဘိုးစကားများကြောင့်..ကျောက်ရုပ်တစ်ရုပ်လို..ငြိမ်သက်သွားပြီး..အံ့ကိုတင်းတင်းကြိတ်နေလေသည်။မိုးရိပ်အဘိုးက.နွေချိုကို.စူးစိုက်ကြည့်လိုက်ပြီး...။
""..အတိတ်ဘဝက.သူများသားမယားကိုစော်ကားခဲ့လို့..သူများမိသားစုကို..ဖျက်လိုဖျက်ဆီးလုပ်ခဲ့လို့..ဒီဘဝမှာ.အခြောက်လာဖြစ်တာတောင်မှ..မင်းက.ထပ်ပြီး.သူများမိသားစုဘဝကိုဖျက်ဆီး.ပစ်ချင်နေသေးတာလား.""
နွေချို..ကြောက်လန့်တကြားနဲ့ခေါင်းကိုခါရမ်းပြလိုက်၏။
""အဲ့ဒါဆိုရင်.မင်းသူ့အနားကနေ..ထွက်သွားလေ...ဘာဖြစ်လို့.အရှက်မရှိ..သူ့ဘေးနားမှာ.ကပ်နေ.နေရတာလဲ.""
နွေချို..ပါးပြင်ပေါ်သို့.မျက်ရည်များက.အတားဆီးမရှိ..စီးကျလို့လာခဲ့၏။
""တော်ပါတော့..အဘိုးရယ်..ထွက်သွားပါတော့..အပြစ်မရှိတဲ့သူကို.အပြစ်တင်စကားတွေပြောမနေပါနဲ့တော့..ထွက်သွားပါတော့..""
""အေး..ငါထွက်သွားမှာပါ..မသွားသေးခင်.နောက်ဆုံးအနေနဲ့.ပြောလိုက်မယ်..မိုးရိပ်..မင်းစွဲမက်​ရှင်ကို.လက်ထပ်ယူရမယ်..မင်းနဲ့ရတဲ့..သူ့ရဲ့ကိုယ်ဝန်ကို.မင်းအပြည့်ဝ တာဝန်ယူရမယ်..ဒါဘဲ...""
ပြတ်သားစွာထွက်ပေါ်လာသည့်..
မိုးရိပ်.အဘိုး၏..စကားများကြောင့်.နွေချို..အံ့သြလွန်းလို့.မျက်ဝန်းအစုံက.ပြူးကျယ်လို့သွားရလေသည်။
မိုးရိပ်အဘိုး.ထွက်သွားတော့.နွေချို.ရင်ထဲ..ပဲ့တင်ထပ်သွားရသည့်.စကားလေးတစ်ခွန်းကတော့.။
        ကိုယ်ဝန်...။စွဲမက်ရှင်ဆီမှာ.မိုးရိပ်နဲ့ရတဲ့.ကိုယ်ဝန်ရှိနေတယ်..။
နွေချို..ရင်ထဲ..ထိတ်လန့်တုန်လှုပ်သွားကာရုပ်ကြိုးပျက်..ကြမ်းပြင်ပေါ်သို့..ဒူးထောက်..ထိုင်ချလိုက်၏။
""နွေချို...နွေချို...""
မိုးရိပ်.စိုးရိမ်တကြီး..နွေချို..ကိုယ်လေးကိုပွေ့ထူပေးလိုက်၏။
""ကိုယ်ဝန်.ဟုတ်လား..မိုးရိပ်..စွဲ..စွဲမက်ရှင်ဆီမှာ..မင်းနဲ့ရတဲ့..ကိုယ်ဝန်ရှိနေပြီဆိုတာ..တကယ်လား..""
ထိတ်လန့်တုန်လှုပ်နေသည့်.မျက်ဝန်းတစ်စုံနဲ့..​စိုက်ကြည့်ရင်း.မေးနေသောနွေချိုကို.ကြည့်ရင်း.မိုးရိပ်.ရင်ထဲမချိ..။ပါးပြင်ပေါ်သို့..ပေါက်ခနဲ့..ကျဆင်းလာသည့်.မျက်ရည်စတွေနဲ့အတူ..ခေါင်းကိုသာ.အကြိမ်ကြိမ်.ညိတ်ပြရင်း..
""ဟုတ်တယ်..နွေချို..ကိုယ်လည်း.ဒီ​နေ့မှ..စွဲမက်ပြောပြလို့..သိခဲ့ရတာ..
တောင်းပန်ပါတယ်.နွေချို..ကိုယ်...ကိုယ်...""
မိုးရိပ်စကားစတွေ.ရှေ့ဆက်မပြောနိုင်တော့..။လည်ချောင်းဝထဲ.တစ်ဆို့နေကာ..ရင်ထဲမှာလည်း.မွန်းကြပ်နေ၏။
      နွေချို.မိုးရိပ်ရင်ခွင်ထဲ..ခေါင်းလေးတိုးဝင်လိုက်ပြီး.မိုးရိပ်၏ခါးကို.တင်းကြပ်နေအောင်..ဖက်ထားလိုက်၏။
""မိုးရိပ်..ရှေ့ဆက်..မင်းဘယ်လိုလုပ်မယ်.စဥ်းစားထားလဲ...""
""မမေးပါနဲ့လား..နွေချိုရာ..ဒီအချိန်မှာ..ဒီကိစ္စနဲ့ပတ်သက်ပြီး.ကိုယ့်ကို.မေးခွန်းမထုတ်ပါနဲ့လားကွာ.""
""ဟုတ်ပါပြီ..မိုးရိပ်..ဒါပေမယ့်..အဲ့ဒါကသာ.တကယ့်အမှန်တရားတစ်ခုဆိုရင်...ငါဘာလုပ်သင့်လဲ
..မိုးရိပ်..မင်း.အဘိုးပြောသလို..ငါ...""
နွေချို.စကားမဆုံးသေးခင်..နွေချို.နုတ်ခမ်းလေးကို..မိုးရိပ်..ငုံ့ပြီး.နမ်းပစ်လိုက်​၏။
""မပြောပါနဲ့..နွေချို..မင်း.ငါ့အနားကနေ.ထွက်သွားမယ်ဆိုတဲ့.စကားကို.မပြောပါနဲ့..နောက်ပြီး.ငါ့ကိုကတိတစ်ခုပေးပါ..မင်းငါ့​အနားကနေ.ဘယ်တော့မှ.ထွက်မသွားပါဘူးဆိုတဲ့.ကတိ...မင်းသာ.အနားမှာမရှိတော့ဘူးဆိုရင်..ငါသေသွားလိမ့်မယ်.နွေချို...ငါသေသွားလိမ့်မယ်..""
မိုးရိပ်.နွေချိုကိုယ်လေးကိုတင်းကြပ်နေအောင်..ဖက်ပြီး.ငိုကြွေးလိုက်၏။
          မိုးရိပ်ရဲ့ ကျောပြင်လေးကို..နွေချိုပွတ်သပ်..နှစ်သိမ့်ပေးရင်း..သူ့ကိုယ်တိုင်ကလည်း.မျက်ရည်များ.မစဲငိုကြွေးနေမိ၏။တစ်ဦးကိုတစ်ဦး.ပွေ့ဖက်ထားရင်.ငိုကြွေးနေကြသည့်..ကလေးနှစ်ယောက်ကို.ကြည့်ရင်း.ဦးမာန်.စိတ်ထဲမကောင်း..။ငယ်ငယ်လေးကတည်းက..ပိုးမွေးသလို..ပြုစု​ပျိုးထောင်ပေးလာခဲ့ရသည့်မိုးရိပ်..။သူ့အတွက်ကတော့.သားအရင်းနဲ့မခြား.တန်ဖိုးထားရသည့်ကလေး..။ထိုကလေးရဲ့ ပျော်ရွှင်မှုက.သူ့ဘဝရဲ့ပန်းတိုင်.။.စိတ်ချပါ..သားမိုးရိပ်လေး..သား​လေးရဲ့.
ပျော်ရွှင်မှုကို..ဦးမာန် ကာကွယ်ပေးပါ့မယ်ကွယ်..။
❤❤❤❤
အပိုင်း🍓၁၇🍓ဆက်ဖတ်ပါလို့😚😚။
       🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now