အပိုင်း❤၇❤

297 14 0
                                    


""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၇)🌈
❤❤❤❤❤❤
          ""ရိပ်..ဟိုမှာ. နွေချိုနဲ့.နှင်းသွေးဝိုင်မလား..""
​မိုးရိပ် စွဲမက်ရှင်နဲ့အတူ..စားသောက်ဆိုင်တစ်ဆိုင်မှာ..နေ့လည်စာ.အတူစားနေစဥ်..စွဲမက်ရှင်က..တစ်နေရာကို.မေးငေါ့ပြပြီးပြောလာတာကြောင့်..မိုးရိပ်လှည့်ကြည့်လိုက်တော့.။သူတို့နဲ့မလှမ်းမကမ်း..ထောင့်နေရာက.စားပွဲဝိုင်းမှာ..ထိုင်နေကြသည့်.နွေချိုနဲ့.နှင်းသွေးဝိုင်..။မီးနူး.စာအုပ်ကို.ကြည့်လိုက်..တစ်ယောက်မျက်နှာကို.တစ်ယောက်ကြည့်ပြီး..ရယ်လိုက်ဖြစ်နေကြသည်။
""သူတို့နှစ်ယောက်က.လိုက်သားဘဲနော်..ရိပ်.မဟုတ်လွဲရော..သူတို့နှစ်ယောက်က..တွဲများတွဲနေကြသလား.မသိဘူး..""
စွဲမက်ရှင်.၏စကားများက.မိုးရိပ်နားထဲသို့..သံရည်ပူတွေလောင်းချခံလိုက်ရသည့်နှယ်...။ရင်ထဲ.အလိုမကျ..။မိုးရိပ်ဘာကို.အလိုမကျဖြစ်နေသည်ကို.မိမိဘာသာ.မသိ...။အလိုလိုနေရင်း.ဒေါသတွေဘဲ..​ထွက်နေမိ၏။
    နောက်တစ်ခေါက်..နွေချိုတို့ဆီကို..လှမ်းကြည့်လိုက်တော့..နွေချိုက.နှင်းသွေးဝိုင်ကို..ဘာတွေခွံ့ကျွေးနေသည်မသိ..။ခွံ့ကျွေးပြီး..ပြုံးပျော်နေသည့်.နွေချိုမျက်နှာလေးကို..မိုးရိပ်.မီးဝင်းဝင်းတောက်နေသည့်.ဒေါသမျက်လုံးများနှင့်စိုက်ကြည့်နေမိ၏။
""အမယ်...ကြည်နူးနေလိုက်ကြတာ..
ညားခါကာစ လင်မယားကျနေတာဘဲ..အဟက်..""
ခနဲ့သလိုနဲ့.စွဲမက်ရှင်ကပြောလိုက်တော့..မိုးရိပ်.ထိုင်နေရာကနေ.ဝုန်းခနဲ့.ထလိုက်၏။အနီးက.ဝိတ်တာ.ကောင်လေးကိုခေါ်ပြီး.မိုးရိပ်ပိုက်ဆံရှင်းကာ..ထွက်သွားလေသည်။
""ရိပ်..""
ခြေလှမ်းကျဲကြီးများနှင့်ထွက်သွား​သော..မိုးရိပ်နောက်ကို စွဲမက်ရှင်.ကပျာကယာ.ထလိုက်လာခဲ့၏။
""ဟဲ့..နွေချို..ဒီဟာလေး.စားကြည့်..အရမ်းကောင်းတယ်..""
နှင်းသွေးဝိုင်က..နွေချိုပန်းကန်တဲ့.ဟင်းတွေခတ်ထည့်ပေးပြီးပြောလိုက်၏။
""အင်း..ဝိုင်.ဒါလေးလဲ.မစိုးဘူးသိလား..စားကောင်းတယ်..စားကြည့်.""
""ဟုတ်လား..ငါ့ကိုခွံ့ကျွေး..""
နွေချို..နှင်းသွေးဝိုင်ကို.ခွံ့ကျွေးနေ​ရင်း..မိုးရိပ်..သူတို့ကို.မျက်ထောင့်နီကြီး.နဲ့စိုက်ကြည့်နေသည်ကို.လှမ်းမြင်လိုက်ရ၏။
""မိုးရိပ်..""
""ဟမ်..မိုးရိပ်..ရောက်နေလို့လား""
ဆိုပြီး..နှင်းသွေးဝိုင်.နွေချိုလှမ်းကြည့်နေသည့်နေရာဆီကို.ကြည့်လိုက်သည်။
""ဟဲ့..မိုးရိပ်...ထမင်းလာစားတာလား""
နှင်းသွေးဝိုင်က..ဝမ်းသာအားရနဲ့..လှမ်းမေးလိုက်တော့.မိုးရိပ်က.ဘာတစ်ခွန်းမှမပြောဘဲ.တင်းမာနေသည့်.မျက်နှာထားနှင့်..ဆိုင်ထဲကနေ.ထွက်သွားလေသည်။
""မိုး..မိုးရိပ်..ဘာဖြစ်သွားတာလဲ မသိဘူး..ငါလှမ်းနုတ်ဆက်တာတောင်.အရေးမလုပ်ဘူး..""
ဟု.နှင်းသွေးဝိုင်က..ဝမ်းနည်းနေသည့်လေသံလေးနဲ့ပြောလိုက်တော့.
""ဝိုင်ရယ်..စိတ်ထဲမထားပါနဲ့..မိုးရိပ်.လည်း.သူအကြောင်းနဲ့သူမို့.နေမှာပါ.""
ဟု.နွေချို.နှင်းသွေးဝိုင်ကို.နှစ်သိမ့်ပေးလိုက်၏။
❤❤❤❤
     ""ဟင်..မိုးရိပ်..ဒီနေ့.အိမ်ပြန်လာတာ စောတယ်နော်.""
နွေချို.တိုက်ထဲဝင်လာတော့ဧည့်ခန်းထဲတွင်ထိုင်နေသည့်..မိုးရိပ်ကိုတွေ့လိုက်ရ၏။
""အိမ်မှာမနေဘဲ..မင်းက.ဘယ်တွေလျှောက်သွားနေတာလဲနွေချို..""
ခက်ထန် မာကျောစွာနဲ့ မေးလိုက်တာကြောင့်..နွေချို.အံ့အားသင့်သွားမိသည်။
""မင်း..နှင်းသွေးဝိုင်နဲ့အတူ.နေ့လည်စာအတူစားတာ..ဒီလောက်ထိ ကြာလို့လားကွ.""
""မကြာပါဘူး...ငါတို့..""
""တော်တော့  မင်းတို့နှစ်ယောက် ဘယ်တွေသွားပြီး. ​ဘာလုပ်သလဲဆိုတာကို ငါမသိချင်ဘူး..အေး..ငါတစ်ခုတော့.ပြောလိုက်မယ်.နွေချို..မင်းက..ငါ့ရဲ့အလုပ်သမား..ငါအလုပ်သွား.အလုပ်ပြန်.မင်းကို.အိမ်မှာရှိနေတာကိုဘဲ.မြင်ချင်တယ်..ငါ့အလုပ်ကပြန်လာရင်..ကြိုဆိုရမဲ့.ဝတ္တရားမင်းမှာရှိတယ်.""
အကြောင်းရင်းမဲ့စွာ.ဒေါနဲ့မောနဲ့.ပြော
ဆိုသည့်..မိုးရိပ်ကို..နွေချို..တအံ့တသြနဲ့ငေးစိုက်နေကြည့်နေမိ၏။
""မိုးရိပ်..မင်းဘာဖြစ်နေတာလဲ..""
""ငါက.ဘာဖြစ်နေလို့လဲ..""
""မင်း ဘာဖြစ်နေလဲဆိုတာကို..မင်းဘာသာတောင်.မင်းမသိဘူးလား..အခုတလော..မင်း.ငါ့ကို.မမြင်ချင်လို့.အကြောင်းပြချက်မရှိ ..ရှောင်နေခဲ့တာမဟုတ်ဘူးလား.ဟော.ဒီနေ့လေးတစ်နေ့ဘဲ..ငါ.စိတ်တွေမွန်းကျပ်နေလို့.ဝိုင်နဲ့ အတူလျှောက်လည်မိတော့လည်း..မင်း​အိမ်ပြန်လာတာ ငါ့ကိုမတွေ့လို့ဆိုပြီး..ရန်လုပ်နေပြန်တယ်လေ..""
နွေချို..စိတ်ရှုပ်ထွေးစွာနဲ့ ပြန်မေးလိုက်တော့..မိုးရိပ်က.နွေချိုရဲ.ပုခုံးနှစ်ဖက်ကို
တင်းကြပ်နေအောင်..ချုပ်ကိုင်လိုက်ပြီး....
""ငါပြောပြီး​ပြီလေ...မင်းကို.ငါရှောင်နေတာမဟုတ်ပါဘူးလို့..မင်းဘာသာ.အတွေးတွေလွန်နေတာ..နွေချို..မနက်ဖြန်ကစပြီး..မင်း.မနက်စောစောထပြီး..ငါ့အတွက်.မနက်စာ.ပြင်ပေးရမယ်..နောက်ပြီး.ငါ့အခန်းထဲကိုလာပြီး..ငါ့အလုပ်သွားဖို့အတွက်..အဝတ်စားတွေလည်း.ပြင်ဆင်ပေးရမယ်..​ငါ့အခန်းကိုလည်း.မင်းကိုယ်တိုင်.သန်ရှင်းရေးလုပ်ပေးရမယ်..ငါ့ရဲ့ ဝေယျာဝစ္စ တွေအကုန်လုံးကို..မင်းကိုယ်တိုင်.လုပ်ပေးရမယ်..""
မိုးရိပ်..နွေချို.ကိုစူးရဲစွာနဲ့ ကြည့်ပြီး.ခက်ထန်မာကျောစွာ​.ပြောလိုက်၏။
"ဟုတ်ကဲ့ပါ.boss
..bossစိတ်တိုင်းကျ.ဖြစ်စေရပါမယ်..""
ဟု.နွေချို.ခနဲ့လိုက်တော့..မိုးရိပ်.ရှုးရှုးရှားရှား..သွားကာ..
""နွေချို..မင်းငါ့ကိုလာပြီး..မရွဲ့နဲ့..""
""ရွဲ့နေတာမဟုတ်ဘူး..မင်းကငါ့ရဲ့အလုပ်ရှင်လေ..ငါ့က.မင်းရဲ့.အလုပ်သမားဆိုတော့..မင်းကို.bossလို့ခေါ်တာ.မှားလား..""
""ကောင်းပြီလေ..မင်းက.ဒီလိုဆိုမှတော့..ငါ့ကို.bossလို့မခေါ်နဲ့..သခင်လေးလို့ဘဲ.ခေါ်..""
မိုးရိပ်စကားကြောင့်..နွေချို.ရင်ထဲ.အောင့်ခနဲ့ ဖြစ်သွားကာ.
""ဟုတ်ပါပြီ..သခင်လေး.
.အခု.ကျွန်တော်.သွားနားလို့ရပြီ.မလား.မနက်ဖြန်ကစပြီး..သခင်လေးရဲ့.ဝေယျာဝစ္စတွေအကုန်လုံးကို..လိုက်လုပ်ပေးပါ့မယ်..""
နွေချို.ရင်ထဲက ဝမ်းနည်းစိတ်တွေကို..ထိန်းချုပ်ရင်းဆိုသည်။
""နေဦး..ငါမအိပ်ခင်..ငါ့ရဲ့ခြေထောက်ကို.ရေနွေး..နွေးနွေးလေးနဲ့.ဆေးချင်သေးတယ်..အဲ့ဒါ.မင်းဆေးပေးဖို့..အတွက်.ငါ့အခန်းထဲကို.
လိုက်ခဲ့...""
မိုးရိပ်..အာဏာသံဆန်ဆန်နှင့်ပြောပြီး..ချာခနဲ့.လှည့်ထွက်သွားလေသည်။.နွေချို.မိုးရိပ်ရဲ့ကျောပြင်ကို..ငေးကြည့်ရင်း..သူ့ရဲ့မာနလေးတွေ..တစစီတွေ ရိုက်ချိုးခံလိုက်ရသလိုမျိုး..ခံစားလိုက်ရ၏။အပြစ်မရှိတဲ့
အောက်နုတ်ခမ်းလေးကိုဘဲ..ပြတ်ထွက်သွားမတတ်.ဖိကိုက်လိုက်တော့..။
နွေချို.အောက်နုတ်ခမ်းလေး.စပ်ဖျဥ်းဖျဥ်းဖြစ်သွားကာ..သွေးများထွက်လာလေတော့သည်။.နုတ်ခမ်းပေါ်က.သွေးတွေကို..လက်ခုံနဲ့သုတ်လိုက်ပြီး..မိုးရိပ်နောက်ကို လိုက်လာခဲ့၏။
❤❤
       ရေဇလုံလေးထဲကို.ရေပူနဲ့​ေရအေး..အနေတော်ရောစပ်လိုက်ပြီး..နွေချို.မ.ယူလာခဲ့၏။မိုးရိပ်ကတော့..ကုတင်ပေါ် မိန့်မိန့်ကြီး.ထိုင်နေလေသည်။နွေချို..မိုးရိပ်နားကိုရောက်တော့..ရေဇလုံလေးကို.အောက်ချလိုက်ပြီး..ကြမ်းပြင်ပေါ်..ဒူးထောက်ထိုင်ချလိုက်သည်။နောက်တော့ မိုးရိပ်ရဲ့ ​ခြေထောက်နှစ်ဘက်ကို ဆွဲမ ယူပြီး.ရေဇလုံထဲကို..စိမ်ပေးလိုက်၏။
""အား..လန်းဆန်းသွားတာဘဲ..ငါညောင်းနေလို့..ငါ့ခြေထောက်တွေကိုလည်း.နှိပ်ပေးဦး..""
နွေချို..ဘာတစ်ခွန်းမှ မဆိုတော့ဘဲ.မိုးရိပ်ရဲ့ခြေထောက်တွေကို နှိပ်ပေးလိုက်၏။အချိန်​အတော်ကြာသည့်ထိ..နှိပ်ပေးလိုက်ပြီး..မိုးရိပ်ရဲ့.ခြေထောက်တွေကို..သေချာပွတ်ဆေးပေးလိုက်၏။ထိုအချိန်..တင်းထားနေသည့်.ကြားထဲကနေ.ပေါက်ခနဲ့ ကြွေဆင်းသွားကြသည့် မျက်ရည်စတွေ. ။
နွေချိုက.ဆင်းရဲသည်.။ကြုံရာ.အလုပ်ကို​ဝင်လုပ်ဖို့အတွက်.သူ.ဝန်မလေး..။
သို့ပေမယ့်..သူ့.အချစ်ရဆုံးသော
​သူက..အကြောင်းရင်းမရှိ..သူ့ရဲ့မာနတွေကို.အစစီရိုက်ချိုးကာ..သူ့အားနှိမ်ပေါက်နှင့်ဆက်ဆံနေသည်ကိုတော့..နွေချို. မခံစားနိုင်..။တွေးရင်းနှင့်.ရင်ထဲ.ဝမ်းနည်းမှုတွေ.သိမ်ငယ်တွေမှုက.ကြီးစိုးလာသလို.မျက်ဝန်းအိမ်ထဲ.ပြည့်နှက်လာသည့်.မျက်ရည်စတွေကို.ထိန်းရင်း.အောက်နုတ်ခမ်းကိုသာ.ဖိကိုက်​ထားနေမိတော့၏။
""ကဲ..ရပြီ..မင်းသွားလို့ရပြီ..""
မိုးရိပ်ဆီကနေ..ခွင့်ပြုချက်ကို.ရတော့.နွေချို.ဆတ်ခနဲ့ထလိုက်ပြီး..ရေဇလုံလေးကိုယူပြီး ထထွက်သွားဖို့အလုပ်..။နွေချို.နုတ်ခမ်းထောင့်စွန်းလေးဆီက.သွေးစတွေကို.မိုးရိပ်မြင်သွားလေသည်။
""နွေချို..မင်းနုတ်ခမ်းက.ဘာဖြစ်တာလဲ..""
""ဘာမှ မဖြစ်ပါဘူး..သခင်လေး.စိတ်ပူပေးစရာမလိုပါဘူး..ကောင်းသောည.ပါသခင်လေး..""
နွေချို..အေးစက်စွာဆိုရင်း.မိုးရိပ်.အခန်းထဲကနေထွက်လာခဲ့၏။အခန်းပြင်ဘက်ကိုရောက်တော့မှ..ထိန်းထားသည့်.မျက်ရည်တွေက.အတားဆီးမရှိ..ပါးပြင်ပေါ်သို့..အလုအယက်..စီးကျလို့လာတော့၏။မိုးရိပ်..မင်းဘက်က.အရင်.သခင်နဲ့ကျွန်ဇာတ်ကို.စ.ကချင်နေမှတော့..ငါ့ကလည်း..လိုက်.က​ပေး
ရတော့မှာပေါ့...။
❤❤❤
""ကလောင်...ကလောင်..ကလောင်.""
".သခင်လေး..သခင်လေး..ထတော့..ထတော့လေ ""
ခေါင်းလောင်းတီးသံနဲ့အတူ..ချိုချိုစူးစူး.နွေချို.အသံလေးကြောင့်ပါ..မိုးရိပ်..အိပ်ရာကနေလန့်နိုးလာခဲ့၏။
""ကောင်းသောမနက်ခင်းပါ..သခင်လေး..""
ဆိုပြီး..နွေချိုက..နားရွတ်တက်ချိတ်.မတက်.ပြုံးပြကာ..သူ့ခါးလေးကို.ကိုင်းညွှတ်ရင်း..ယဥ်ကျေးသိမ့်မွေ့စွာပြောလာလေသည်။
""ဟမ်...မနက်စောစောစီးစီး..မင်းက.ငါ့အခန်းထဲ.ဘာလာလုပ်တာလဲ..လက်ထဲမှာလဲ..ခေါင်းလောင်းကြီးနဲ့..""
""သြော်.သခင်လေးဘဲ..ပြောထားတယ်လေ..မနက်စောစောထပြီး.သခင်လေးရဲ့ ဝေယျာဝစ္စ တွေကို လုပ်ပေးရမယ်ဆို.အခု.မနက်၆နာရီခွဲနေပြီလေ..ထပါတော့.သခင်လေးရယ်..သွား..သွား
..မျက်နှာသွားသစ်..""
နွေချိုက..သူ့လက်ထဲက.ခေါင်းလောင်းကို.စားပွဲပေါ်တင်​လိုက်ပြီး..မိုးရိပ်ခြုံထားသည့်.စောင်ကို.ဆတ်ခနဲ့.ဆွဲယူလိုက်လေသည်။
""ဟာ.ဟေ့..ဟေ့.နေဦး..""
မိုးရိပ်..တားမြစ်လိုက်သော်လည်း.နောက်ကျသွား၏။
နွေချို.လက်ထဲ စောင်လေးပါသွားသလို..underpants(အတွင်းခံ.)တစ်ထည်လေးသာ.ဝတ်ဆင်ထားသည့်.မိုးရိပ်ရဲ.ပြေပြစ်ခန့်ညားလှသည့်..ခန္ဓာကိုယ်က..ဘွားခနဲ့ပေါ်သွားလေပြီ..။
""အား..!!""
ဆိုပြီး.နွေချို.မျက်နှာလေး.ရဲတက်.ထူပူသွားကာ..ချက်ချင်း.တစ်ဘက်သို့လှည့်လိုက်၏။
""ဟေ့..ယောကျ်ားအချင်းချင်း..ရှက်စရာမရှိ..လာပြီး..ရှက်မနေနဲ့..မင်းက.
တခြားယောကျ်ားလေးတစ်ယောက်ကို underpants(အတွင်းခံ)လေးနဲ့တွေ့လိုက်ရလို့..ရှက်ပြရအောင်.မင်းက..gayလား.""
မိုးရိပ်က.နွေချိုကို.ခနဲ့လိုက်တော့..။နွေချို.အနည်းငယ်တင်းသွားလေပြီ..။
""အဟက်..မဟုတ်တာဘဲ..သခင်လေးရယ်..အင်းလေ.သခင်လေးကိုယ်တိုင်ကတောင်.အရှက်မရှိတာ.နွေချိုလည်း.မရှက်တော့ဘူးနော်..""
နွေချို..သွားကြားထဲက လေသံလေးနဲ့ဆိုလိုက်ပြီး..မိုးရိပ်ဘက်ကို.လှည့်ကြည့်လိုက်ပြီး..သူ့မျက်လုံးလေးတွေ.မှေးမှိတ်သွားသည့်အထိကို.ပြုံးပြလိုက်၏။
""အဟင်း..သခင်လေးက..gymတွေဘာတွေ.ဆော့တယ်နဲ့တူတယ်..ခန္ဓာကိုယ်က..တောင့်ပြီး.ကြည့်လို့အရမ်းကောင်းတာဘဲနော်.""
နွေချို...မမှိတ်မသုန်နဲ့.မိုးရိပ်.တစ်ကိုယ်လုံးကို.စိုက်.ကြည့်ကာတမင်သပ်သပ်..သူ့ရဲ့အပေါ်နုတ်ခမ်းလေးကို
လျှာလေးနဲ့သပ်ပြလိုက်ပြီး.ဆိုလိုက်၏။နွေချို.တမင်ရွဲ့ပြီး.လုပ်ပြနေသည့် ပုံစံလေးက..ချစ်စဖွယ်ကောင်းနေသလို..အပေါ်နုတ်ခမ်းလေးကို.လျှာနဲ့သပ်လိုက်သည့်ပုံစံလေးကတော့..မိုးရိပ်.ရင်ထဲကို.ဝုန်းဒိုင်းကြဲစေခဲ့၏။မိုးရိပ်.အယောင်ယောင်မှားမှားနဲ့.တံထွေးတစ်ချက်မြိုချလိုက်ပြီး.ကုတင်ပေါ်က.ခေါင်းအုံးနဲ့နွေချိုပစ်ပေါက်လိုက်၏။
""ငါ့အိပ်ရာ.သေသေချာချာ.သပ်သပ်ရပ်ရပ်.သိမ်းထားလိုက်.နောက်ပြီး.
အိပ်ရာခင်းနဲ့ခေါင်းအုံးဖုံးကိုလည်း.လျှော်ထားလိုက်..လက်နဲ့သေချာ.ပွတ်တိုက်ပြီးလျော်နော်..""
မိုးရိပ်ထို့သို့ပြောပြီး.ရေချိုးခန်းထဲ.ပြေးဝင်သွားလေသည်။ထိုအခါကျမှဘဲ.နွေချိုတစ်ယောက်.ပင့်သက်ရှိုက်နိုင်တော့၏။အဆီပိုမရှိ.ကျစ်လျစ်.သန်မာ
နေသည့်ကြွက်သားများနှင့်
.မိုးရိပ်၏.ခန္ဓာကိုယ်အလှက.နွေချို.မျက်ဝန်းထဲ.ခဏတာ.စွဲသွားလေပြီ..။နေ​ချို.အယောင်ယောင်မှားမှားနဲ့.သူ့အင်္ကျီ​အောက်စလေးကိုမပြီး..သူ့ရဲ့ဗိုက်သား.ချပ်ချပ်လေးကို.ငုံ့ကြည့်လိုက်မိ၏။
""အိပ်ရာ မသိမ်းသေးဘဲနဲ့.ဘာလုပ်နေတာလဲ..""
ရေချိုးခန်း.ပေါက်ဝ​ကနေ..လှမ်းအော်လိုက်သည့်.မိုးရိပ်ကြောင့်..နွေချို..ကိုယ်လေးတုန်သွားကာ..ပျာပျာသလဲ..အိပ်ရာခင်းတွေကို..ခေါက်​ပြီး သိမ်းလိုက်၏။
❤❤❤
အပိုင်း🍓၈🍓မျှော်ပေးဦး။
                            🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now