အပိုင်း❤၁၂❤

299 15 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၂)🌈
❤❤❤❤❤❤
         စွဲမက်ရှင်၏စိန်ခေါ်မှုကြောင့်.ဇေ.တစ်ယောက်..နွေချိုရှိရာ..စားသောက်ဆိုင်လေးဆီကို..နေ့စဥ်မပြတ်..ဝင်ထွက်သွားလာနေတာ.၂ပတ်ကျော်တောင်ကြာပြီဖြစ်သည်။
လေးကြိုင်.တို့.လေးစိုးတို့အတွက်..ပုံမှန် တစ်ဦးလိုဖြစ်နေလေသည်။.နွေချိုသည်လည်း..မိမိဆိုင်ကို.အမြဲတစေ.အားပေးနေသော.ဖောက်သည်တစ်ဦးအနေနဲ့..ဇေကို.ခင်မင်ရင်းနှီးစပြုနေပြီဖြစ်၏။    
      တစ်နေ့...နှင်းသွေးဝိုင်.ရောက်လာပြီး.သူနဲ့အတူ..ကုန်တိုက်သွားဖို့ရန်.ဇွတ်အတင်းခေါ်လေသောကြောင့်..နွေချို မငြင်းသာဘဲ.လိုက်သွားရလေသည်။
""နွေချို..ငါ ဖိနပ်ဆိုင်ထဲဝင်ကြည့်ပြီးရင်.ရုပ်ရှင်သွားကြည့်မှာနော်..အဲ့ဒါပြီးရင်..မုန့်စားမယ်..ညမိုးချုပ်မှဘဲ.နင့်ကို.ပြန်လိုက်ပို့ပေးတော့မယ်..ရလား.""
""ဟင်..ငါကမရဘူးပြောရင်..နင်က.ချက်ချင်း.ပြန်ပို့ပေးမှာကျနေတာဘဲ.""
""အဟီး..ဟီး..မပို့ပေးပါဘူး..အောင်မယ်လေး.""
နွေချိုကိုလှည့်ပြီးပြောနေရင်းကနေ.နှင်းသွေးဝိုင်.တစ်ယောက် သူ့ရှေ့ကလူတစ်ဦး ဝင်တိုက်မိသွား၏။
""ဟာ..ကျစ်..လူတစ်ယောက်လုံးလာနေတာကို.မမြင်ဘူးလား..""
""Sorryပါရှင်..ဝိုင်..မမြင်လိုက်လို့ပါ..""
နှင်းသွေးဝိုင်..ကြမ်းပြင်ပေါ်သို့.ပြန့်ကျဲသွားသည့် ပစ္စည်းတွေကိုလိုက်​ေပးရင်း.တောင်းပန်စကားဆိုလိုက်၏။
""တောင်းပန်ပါတယ်..ကျွန်တော့်သူငယ်ချင်းက..တကယ်မမြင်လိုက်လို့ပါ..""
နွေချိုကပါ.ထပ်လောင်းပြီး.တောင်းပန်စကားဆို​လိုက်တော့..
""သြော်..ဘယ်သူများလဲလို့.နွေချို..""
""ဟင်..ကိုဇေ..""
""သူက.ဘယ်သူလေးလဲ..နွေချိုရဲ့ချစ်သူလား..""
""ဟာ..မဟုတ်ပါဘူး.သူငယ်ချင်းပါ.ကိုဇေရဲ့.""
နွေချိုနဲ့ဇေကို.​နှင်းသွေးဝိုင်ကြောင်အအလေးနဲ့ငေးကြည့်ရင်း..
""ဟဲ့..နွေချို..သူက.ဘယ်သူလေးလဲ..""
""သြော်.ဆိုင်ကိုအမြဲတမ်း..လာအားပေးနေကျ..ဖောက်သည်လေ..ကိုဇေ..တဲ့..""
ဆိုပြီး..နွေချိုကမိတ်ဆက်ပေးလိုက်၏။
""တွေ့ရတာ ဝမ်းသားပါတယ်နော်.ကိုဇေ..ဝိုင်နာမည်က..နှင်းသွေးဝိုင်လို့ခေါ်ပြာတယ်.နွေချိုရဲ့.အချစ်ဆုံးသူငယ်ချင်းလေ..""
""သြော်..ဟုတ်လား..တွေ့ရတာဝမ်းသာပါတယ်..မိတ်​ဖြစ်ဆွေဖြစ်..ကိုယ်တစ်ခုခုလောက်.လိုက်ကျွေးချင်တယ်..အချိန်.ရလားမသိ..""
ဟုဇေက.မေးလိုက်သည်။
""ဟင့်အင်း..အချိန်မရဘူး.."
""ဟုတ်..ရတယ်ပေါ့..""
နွေချိုက.ငြင်းဆန်လိုက်ပေမယ့်.နှင်းသွေးဝိုင်ကလက်ခံလိုက်သည်။ပြိုင်တူ.တစ်ယောက်က.ခေါင်းခါပြီး.တစ်ယောက်က.ခေါင်းညိတ်လိုက်တာကြောင့်ဇေတစ်ယောက်..ကြောင်သွားရ၏။
""ဟာ..ဝိုင်..နင်ဘဲ..စောစောက.ဖိနပ်လည်းဝယ်မယ်.ရုပ်ရှင်လည်းကြည့်ဦးမှာဆို..""
""ဟယ်..နင်ကလည်း.ကိုဇေကို.အားနာစရာဟယ်..""
နွေချို..နှင်းသွေးဝိုင်ကို.မှုန်ကုပ်ကုပ်ကြည့်လိုက်၏။
""လာပါ.နွေချိုကလည်း....ကိုယ်က.ခင်လို့.ပါ..""
ဟုဇေကပါ.ဇွတ်အတင်း.ပြောလာတာကြောင့်နွေချို.မငြင်းသာတော့ပေ..။
❤❤❤   
            စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြလေသည်။ဇေက.
.toilet.ခဏဆိုပြီး.ထွက်သွားလေသည်။တစ်ခါတစ်လေ..ဇေ.နွေချိုကို.ကြည့်လာသည့်.အကြည့်တွေကို.နွေချို.သိပ်မကြိုက်..။ဇွတ်အတင်းလူကို.လာရောနေကတည်းက.နွေချို.ဘက်ကခပ်ကင်းကင်းနေဖို့ရန်က.
ဆုံးဖြတ်ပြီးသား..။
""ဝိုင်..ဒါစားပြီးရင်.ပြန်မယ်.."",
""ဟယ်...နွေချိုကလည်း..ကိုဇေကိုအားနာစရာကြီး..""
""ဝိုင်.သူစိမ်းတစ်ယောက်ကို.ဘာမှအားနာစရာမလိုဘူး..""
""ဟယ်..နွေချိုကလည်း..ကိုဇေက.သူစိမ်းမဟုတ်တော့ဘူးလေ.အခုငါတို့နဲ့ခင်သွားပြီဘဲဟာကို.နင်သိပ်ချေမနေနဲ့..ကိုဇေပုံစံလေးက..ချစ်ရာကောင်းပါတယ်ဟ..""
""နှာဗူးမ...ဝိုင်.နင်ယောကျ်ားလေးတစ်ယောက်ကို.မျက်စိနဲ့မြင်အောင်ကြည့်..နှာခေါင်းကြီးနဲ့ဘဲ.ကြည့်မနေနဲ့ဦး..""
""နွေချို..နင်.နော်..ငါ့ကိုများ.နှာဗူးမ.လေးဘာလေးနဲ့..ဘာဖြစ်လဲဟယ်..ငါက.ချစ်စရာကောင်းရင်.ဗူးမှာဘဲ..""
""အေးပါ.ဗူး..ဗူး..ကြိုက်သလိုဗူးဒါပေမယ့်..အိန္ဒြေပျက်လောက်အောင်ထိတော့.မဗူးနဲ့..""
""ဟီး..ဟီး..နွေချိုကလည်း..""
နှင်းသွေးဝိုင်ကိုကြည့်ရင်း..နွေချိုလေးပင်စွာနဲ့..ခေါင်းကိုသာ.ခါရမ်းလိုက်မိတော့သည်။
        နှင်းသွေးဝိုင်တစ်ယောက်.ဇေဆိုသောသူနဲ့..အချိန်ခဏလေးအတွင်းမှာ.ခင်မင်ရင်းနှီးသွားလေသည်။
ရင်နှီးမှုက.မြန်ဆန်လွန်းတာကြောင့်နွေချို..နှင်းသွေးဝိုင်အတွက်..ရင်မအေး..။ဇေ.ဆိုသောလူရဲ့အကြောင်းကို.သေချာမသိသေးဘဲ..လွယ်လွယ်လေးနဲ့.ခင်မင်သွားရသလားဆိုပြီး.နွေချို..နှင်းသွေးဝိုင်ကို.အပြစ်တင်မိ၏။
နှင်းသွေးဝိုင်.ကရိုးသားတယ်.ဖြူစင်တယ်.လူတစ်ဦးကိုလွယ်လွယ်လေးပစ်ယုံတတ်သူ.။သူမ.ထိခိုက်နာကျင်မှာကိုနွေချို.မလိုလားဘူး..။
❤❤❤
             ည ၁၁နာရီ..။ဖုန်းမြည်သံကြောင့်.နွေချိုကြည့်လိုက်တော့..ဖုန်းနံပတ်က.စိမ်းနေ၏။
""ဟဲလို..""
""ဟဲလို..နွေ..ကိုယ်ပါ..""
ဆိုပြီး.တစ်ဖက်ကပြန်ဖြေလာတာကြောင့်နွေချိုအလိုလို..နေရင်း.မျက်မှောင်ကြုပ်လိုက်၏။
""ကိုယ်ဆိုတာ.ဘယ်သူလဲ..""
""နွေကလည်း..ကိုယ်.ဇေပါကွာ..""
""ဗျာ..ကိုဇေလား..""
""အင်း..ဟုတ်တယ်.နွေ.အခုကစပြီး.နွေကို...ကိုယ်..နွေလို့ဘဲခေါ်မယ်နော်. ""
""ရပါတယ်..ကိုဇေ.ဘယ်လိုခေါ်ခေါ်.ကျွန်တော်ဘက်က.ကိစ္စမရှိပါဘူး..ဒါနဲ့.ကျွန်တော်ဖုန်းနံပတ်ကို.ဘယ်လိုလုပ်ပြီး.သိတာလဲ..""
""အဟက်..နွေကလည်း..ဘာဖြစ်လို့.ဒီလောက်တောင်.ရိုးသားနေရတာလဲ..
ဝိုင်တစ်ယောက်လုံး.ကိုယ့်ဘက်မှာရှိနေတာလေကွာ..သူ့ဆီကနေ..နွေရဲ့ဖုန်းနံပတ်ကိုသိတာလေ..""
ဟုပြောလာလေသည်။
ကျစ်..မသာမ..နှင်းသွေးဝိုင်ဟု.နွေချို.စိတ်ထဲကနေ.ဝိုင်ကို.လှမ်းဆဲလိုက်မိ၏။
""ဟုတ်ပါပြီ..အခုကျွန်တော်ဆီကို.ဘာကိစ္စရှိလို့.ဖုန်းဆက်တာလဲ..""
""ဟား..သူစိမ်းဆန်လိုက်တာ.နွေရာ..""
""ဘယ်လို..ကိုဇေနဲ့ကျွန်တော်က.အစကတည်းက.သူစိမ်းတွေဘဲလေ..""
""ဟင်း..နွေက..ကိုယ့်နဲ့.မခင်ချင်ဘူးလား..ဘာဖြစ်လို့လဲ..နွေ..ကိုယ့်ဆီမှာ.နွေမကြိုက်တဲ့.ဘာအချက်တွေများရှိနေလို့လဲဟင်..ကိုယ်အတတ်နိုင်ဆုံးပြင်ပါ့မယ်..""
""ဟင်း..ကိုဇေ..အရေးတကြီးပြောစရာမရှိဘူးဆိုရင်လည်း..ကျွန်တော်.ဖုန်းချလိုက်တော့မယ်..""
""နေပါဦးနွေရယ်..ကိုယ့်ကိုနွေနဲ့ခင်မင်မှုရအောင်.အခွင့်ရေးလေးတစ်ကြိမ်လောက်.မပေးချင်ဘူးလား..""
""ကျစ်..ပြောရခက်လိုက်တာ.ကိုဇေရာ..ကျွန်တော့်လို..အညတရ..သာမန်လူတန်းစားမျိုးနဲ့မှ..ဘာကြောင့်ခင်မင်ချင်နေရတာလဲဗျာ..""
""No.. no..နွေက..ကိုယ့်အတွက်..တော့.အညတရလဲမဟုတ်ဘူး..သာမန်လဲမဟုတ်ဘူး..နွေက..ကိုယ့်အတွက်.တော့.အရမ်းအရေးကြီးတဲ့သူတစ်ယောက်လေ  ""
""ဟို..အားတော့နာပါတယ်.ကိုဇေ..ကျွန်တော်.အရမ်းအိပ်ချင်​နေပြီ..ဖုန်းချလိုက်တော့မယ်နော်..""
ဆိုပြီး.နွေချို.ဖုန်းချလိုက်၏။သက်ပြင်းကို.အကြိမ်ကြိမ်ချရင်း.ဇေဆိုသောသူနဲ့..ဘယ်လိုနှစ်ပါးသွားရမလဲဆိုကိုသာ.တွေးနေမိတော့၏။
🖤🖤🖤
        အခုဆို.နှင်းသွေးဝိုင်ကို ဇေနဲ့အမြဲတွဲတွေ့နေတတ်၏။တကယ့်ကို ငယ်ပေါင်းကြီးဖော်လို..ရင်းနှီးခင်မင်နေလေသည်။ဇေကလည်း.နွေချိုဆီကို.ညတိုင်း.ဖုန်းဆက်ပြီး.အနှောင့်သွားမလွတ်သော.စကားများဆိုတတ်သလို.နွေချိုကလည်း.အလိမ္မာသုံးပြီး.ရှောင်ရှားခဲ့လေသည်။
       အခုဆိုရင်.​နှင်းသွေးဝိုင်က.ဇေနဲ့အတူ.nightclub တွေပါတက်သည်ဟုကြားရတော့.နွေချို.ရင်ထဲ.နှင်းသွေးဝိုင်ကိုစိတ်မချ..။
""ဝိုင်..နင်က.မိန်းကလေးနော်..အနေထိုင်ဆင်ခြင်.."
""ကျစ်.နွေချိုကလည်း..ငါက.ဘာတွေလုပ်နေလို့လဲ..ကိုယ့်ဘာသာ.အေးဆေးနေ.နေတာကို..""
""နင့်..ကိုဇေနဲ့အတူ.nightclub.တွေဘာတွေ.တောင်.သွားနေတယ်ဆို..အဲ့ဒါအေးဆေးနေတာလား..""
""ကျစ်..နွေချိုကလည်းကွာ..ဘာဖြစ်လဲ..night outထွက်တာ.အခုခေတ်ကြီးထဲမှာ.မဆန်းတော့ပါဘူးဟာ..နောက်ပြီး..သူငယ်ချင်းတွေလည်း.အများကြီး..ပါနေတာဘဲလေ..နင့်သာ..ခေတ်နောက်ကျနေတာ..အဘိုးကြီးအိုပေါက်စလေးရဲ့.သိလား..""
""ဝိုင်..နင်.သတိထားပါဟာ..ငါနင့်ကိုစိတ်ပူလို့.သတိပေးနေတာ..သိလား. ""
""နွေချိုရယ်..နင်ဟာလေ.ပူစရာမရှိ.ကြံဖန်ပြီးတော့ကို.ပူတယ်..ကိုဇေက.လူကောင်းပါဟ..နောက်ပြီး.ပျော်လည်းပျော်တတ်တယ်..ဟီး..ငါတော့.သူ့ကိုလုံးဝကို.ပစ်ကြွေနေပြီ.""
"နှာဗူးမ..ဗူးဖို့လောက်ဘဲ.ခေါင်းထဲမှာရှိတယ်..လူဆိုး.လူကောင်းဆိုပြီး..ခေါင်းမှာဂျိုမပါဘူး..သိလား..""
""ဟီး..ဟီး.ဟီး..အဲ့လိုသာ.ပါကြေးဆိုရင်..နင်ခေါင်းမှာ.ဂျိုအရင်ပေါက်မှာသိလား..""
""နှာဗူးမ...ငါထုလိုက်လို့...ပုနေတဲ့နင့်အရပ်လေး.ပိုပုသွားမယ်..ဟွန့်..""
🖤🖤🖤
           နွေချို..ဆိုင်က.သန့်ရှင်းလုပ်နေတုန်း..ဖုန်းမြည်လာ​လို့.ကြည့်လိုက်တော့..ဇေ..။နွေချို..မျက်နှာတစ်လုံး.သုန်မှုန်သွားပြီး..
""ဘာလဲ..အရေးတကြီးပြောစရာမရှိရင်..ဖုန်းချလိုက်တော့မယ်..""
""ဟာ.နွေကလည်း..ကိုယ့်ကိုဆို..အရမ်းကြီးသူစိမ်းဆန်တာဘဲ.ကွာ...""
""ကျွန်တော်အလုပ်မပြီးသေးဘူးဗျ..ပြောစရာရှိရင်.အမြန်ပြော..""
""ဟုတ်ပါပြီ..ကိုယ်အခု nightclub.
တစ်ခုမှာရောက်နေတာ..နောက်ပြီး.ဝိုင်လေ..""
""ဝိုင်..ဟုတ်လား..ဝိုင်ဘာဖြစ်လို့လဲ..""
ဇေစကား..ထဲမှာ.ဝိုင်နာမည်ပါလာတော့.နွေချို.ရင်ထဲဒိန်းခနဲ့ဖြစ်သွားလေသည်။
""ဝိုင်ဘာမှမဖြစ်ပါဘူး..သူ့ကို..ကိုယ်ဘယ်လိုမှကို..မထိန်းနိုင်တော့ဘူး..ကိုယ်သူငယ်ချင်း..နိုင်.နဲ့အပြိုင်.ဘီယာတွေသောက်နေတယ်..ကိုယ်တားတာဘယ်လိုမှကိုတားလို့မရတော့ဘူး..အဲ့ဒါဖြစ်နိုင်ရင်.နွေ.လာတားပေးပါ့လား..""
ဇေစကားများကို.နွေချ်ိုငြိမ်ပြီး.​နားထောင်နေမိ၏။ဝိုင်..ဘီယာတွေ.သောက်နေတယ်..။   
""ဟဲလို..နွေ..လာခဲ့ပါနော်..တော်ကြာ.ဝိုင်.အရမ်းမူးနေမှာစိုးလို့..နောက်ပြီး.မနက်ဖြန်.ဝိုင်အတွက်.အရေးကြီးတဲ့အလုပ်စည်းဝေးပွဲလည်းရှိတယ်လို့.အသံကြားတယ်..လာခဲ့ပါနော်.နွေ.."" 
ဇေ စကားကြောင့်နွေချို တွေဝေလို့သွားလေသည်။
      နောက်ဆုံးတော့လည်း.ချစ်သူငယ်ချင်းလေး နှင်းသွေးဝိုင်ကို.စိတ်မချတာနဲ့..နွေချို..ဇေ.ပြောပြတဲ့.. nightclub.ဆီကိုထွက်လာခဲ့တော့၏။
🖤🖤🖤
အပိုင်း🍓၁၃🍓လေးမျှော်ပေးကြဦး.။စာကတိုမှန်းသိတယ်..။ဒီနေ့စိတ်သိပ်မကြည်လို့..စာရေးတဲ့အထဲ.အာရုံစိုက်မရလို့နော်.သဲတို့ စိတ်မဆိုးကြနဲ့.။ချစ်တယ်နော်.အာဘွား😘😘😘။
                            🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now