""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၁)🌈
❤❤❤❤❤❤
မိုးရိပ်.ဒေါနဲ့မောနဲ့.ခြံထဲကနေ.ကားကို.ဒရပ်ကြမ်း.မောင်းထွက်သွားလေသည်။စွဲမက်ရှင်.ခပ်ကြမ်းကြမ်းမောင်းထွက်သွားတဲ့.မိုးရိပ်ကားကို..အလိုမကျဟန်နဲ့ မျက်မှောင်ကြုပ်ပြီး.ကြည့်မိသည်။မိုးရိပ်နဲ့.သူမ..မတွေ့တာ..၃ရက်ရှိပြီလေ...။ဖုန်းလည်းမဆက်.။အဆက်သွယ်လည်းမလုပ်နဲ့..အတော့်ကို.နေနိုင်လွန်းသူကြီး..။စွဲမက်ရှင်.အရင်ကစိတ်မျိုးနဲ့သာဆိုရင်..မိုးရိပ်ကိုလှည့်တောင်ကြည့်မှာမဟုတ်တော့ဘူး..။အခုတော့.သူမ.ဘက်က.မိုးရိပ်ကို..ရင်နင့်အောင်ချစ်မြတ်နိုးမိနေတော့လည်း..အခုလို.အောက်ကျခံပြီး.အနောက်ကနေ.တကောက်ကောက်လိုက်နေရခြင်းသာ..။သူမ..မိုးရိပ်ကိုချစ်သည်.။လက်လွတ်အဆုံးရှုံးမခံနိုင်ပေ..။အခုလည်း.မိုးရိပ်ကို.ပျာယာခတ်ပြီး..အသိစိတ်လွတ်အောင်.ဘယ်လိုလူစားမျိုးက.ပြုစားနေတာလဲမသိ..။စွဲမက်ရှင်.ဘာမှတွေးမနေတော့ဘဲ..။မိုးရိပ်ကားနောက်ကိုသာ.လိုက်သွားလေတော့သည်။
💙💙💙
""တီးတောင်...တီးတောင်...တီးတောင်...တီးတောင်...""
အဆက်မပြတ်ထွက်ပေါ်နေသည့်.လူခေါ်ဘဲလ်သံ..။စိတ်မရှည်စွာနဲ့.လူခေါ်ဘဲလ်ကိုသာ..အကြိမ်ကြိမ်နှိပ်နေသည့်..မိုးရိပ်..။အပြေးတစ်ပိုင်းနဲ့.ခြံတံခါးကို.လာဖွင့်ပေးသူက..။လေးကြိုင်ဆိုသောသူလည်းမဟုတ်..။လေးစိုးဆိုပါသော.မိမိ၏ဖခင်လည်းမဟုတ်..။
လူပုံစံက.ခပ်နွဲ့နွဲ့နှင့်..မိုးရိပ်ကြည့်လိုက်သည်နှင့်.တန်းပြီးသိလိုက်ပြီ..။ထိုသူက.gayတစ်ဦး..။
""ဘယ်..ဘယ်သူနဲ့.တွေ့ချင်လို့လဲ..""
""ဖယ်စမ်းပါ..ခင်ဗျားရဲ့.ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့..ရှေ့မှာ.လာပိတ်ရပ်မနေနဲ့..""
မိုးရိပ်.ထိုသူ၏ကိုယ်ကို.ပုခုံးစွန်းနဲ့တိုက်ပြီး.ခြံထဲကို.လှမ်းဝင်ခဲ့လိုက်၏။
""ဟာ..ဟေ့..ဟေ့..မင်း.ဘယ်သူလဲ..ဒီလို..သူများခြံထဲကို..ကျူးကျူးကျော်ကျော်..ဝင်စရာလား..""
ထိုလူက..မိုးရိပ်နောက်ကို.ပြေးလိုက်ပြီးတားမြစ်နေတာကြောင့်.ခြံတံခါးကိုပိတ်ဖို့မေ့လျော့သွားလေသည်။စွဲမက်ရှင်.ခပ်လှမ်းလှမ်းလေးမှာ.ကားကိုရပ်လိုက်ပြီး..မိုးရိပ်.ဘယ်သူနဲ့လာတွေ့တာလဲ.ဆိုပြီး.စပ်စုလိုတဲ့စိတ်တွေနဲ့.ခြံထဲကိုအသာတိတ်တိတ်လေး..ခိုးဝင်လာခဲ့လေသည်။
ခြံထဲက..ဆူဆူညံညံအသံတွေ
ကြောင့်.လေးစိုးထွက်ကြည့်လိုက်တော့..
""ဘယ်မှာလဲ..သူဘယ်မှာလဲ..""
မိုးရိပ်က.ဒေါသတကြီးနဲ့.မေးလိုက်သည်။မိုးရိပ်ဘေးနားကနေ.ကပ်ပါလာသည့်သူက..လေးစိုးကို..ကြောင်စီစီနဲ့ငေးကြည့်နေ၏။
""မေးနေတယ်လေ...သူဘယ်မှာလဲလို့..
""
လေးစိုး..သားဖြစ်သူကို.ကြည့်ရင်း.
နွေချိုရှိနေသည့်.အခန်းလေးထဲကို.လက်ညိုးထိုးပြလိုက်၏။
မိုးရိပ်..ဘာမှပြောမနေတော့ဘဲ..လေးစိုးညွှန်ပြတဲ့.အခန်းလေးထဲကိုဘဲ.ဖွင့်ဝင်လိုက်တော့သည်။
❤❤❤
""လေးကြိုင်.သား.ဘာသာခပ်သောက်ပါမယ်..""
""သား.နွေချိုကလည်းကွာ.လေးကြိုင်.ခွံ့ကျွေးချင်လို့ပါ..""
""ဟုတ်..သား.လေးကြိုင်တို့ကို.ဒုက္ခလာပေးသလိုမျိုးများ.ဖြစ်နေလားဟင်..""
""နွေချိုရယ်..အားငယ်တဲ့စကားတွေကို..မပြောပါနဲ့ကွာ...လေးကြိုင်တို့က.မိသားစုတွေဘဲလေ..."
လေးကြိုင်ပြောလိုက်သည့်စကားက. နွေချိုရင်ကိုနွေးထွေးသွားစေခဲ့သည်။
ထိုအချိန်..အခန်းတံခါးဝုန်းခနဲ့.ဖွင့်ပြီး.ဝင်လာသည့် မိုးရိပ်ကြောင့်.လေးကြိုင်ရော..နွေချိုပါ..ထိတ်လန့်တုန်လှုပ်လို့သွားလေသည်။
""မိုး....မိုးရိပ်..""
""နွေချို..ဒါက..ဘာသဘောလဲ.သူတို့က.ဘာတွေလဲ.ဆိုတာကို.သိရက်နဲ့.မင်းကဒီမှာ လာနေသေးတယ်ပေါ့..""
".သူတို့က.ငါရဲ့မိသားစုဝင်တွေဆီမှာ.လာပြန်နေတာ.ဘာများဆန်းနေလို့လဲ..မိုးရိပ်ရဲ့. ""
""နွေချို..သူတို့က..ရွံ့စရာကောင်းတဲ့သူတွေကွ...မင်းရဲ့မိသားစုမဟုတ်ဘူး..လာ..ငါနဲ့အတူ..ပြန်လာခဲ့..""
မိုးရိပ်ပြောရင်း..နွေချိုလက်လေးကို.ဆွဲခေါ်လိုက်သည်။နွေချို.သူ့လက်ကို.ဆွဲခေါ်နေသည့်.မိုးရိပ်၏လက်ကို.ပုတ်ထုတ်လိုက်ပြီး..
""မလိုက်ဘူး..မိုးရိပ်...ငါက.ဒီနေရာနဲ့ဘဲ.သက်ဆိုင်တဲ့သူတစ်ဦး..""
""ဟင့်အင်း..နွေချို..ငါမင်းကို..ဒီလိုလူစားမျိုးတွေရဲ့လက်ထဲမှာ..ချန်မထားရက်ဘူး..အခုချက်ချင်းငါနဲ့ပြန်လိုက်ခဲ့..""
""မလိုက်ဘူးလို့..ပြောနေတယ်လေ....မင်းနုတ်ကနေ..ရွံ့စရာကောင်းတဲ့သူတွေလို့ ပြောနေတဲ့လူတွေလိုမျိုး..ငါလဲ..gayတစ်ဦးဘဲကွ..""
""ဘာ...မင်းဘာပြောလိုက်တယ်..နွေချို..""
".မင်းကြားတဲ့အတိုင်းဘဲလေ..ငါက.gayလို့..ယောကျ်ားချင်းကြိုက်တဲ့သူတစ်ဦးလို့..""
""ဘာပြောတယ်..မင်း.ငါ့ကို ရွဲ့ပြောနေတာလား. ""
""အဟက်..ဒီလိုအရာက..ရွဲ့ပြောစရာလား..မိုးရိပ်..မင်းသွားပါတော့ကွာ...ငါ့က.မင်းအရမ်းရွံ့မုန်းနေတဲ့.လူစားမျိုးလေ..မင်းသွားပါတော့...""
နွေချို..မျက်နှာကိုတစ်ဖက်သို့.လွဲထားလိုက်ပြီး.ဆိုလိုက်၏။ဟုတ်တယ်..။မိုးရိပ်..မင်းငါ့ကိုကြည့်နေမဲ့အကြည့်တွေကို..ငါရင်မဆိုင်နိုင်သေးဘူး..။
မင်း.ငါ့ကို.အံ့သြရွံ့ရှာမှုတွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့.ကြည့်နေမှာကို.ငါရင်မဆိုင်ရဲဘူး.။
""နွေချို...!!!.""
""သွားပါတော့..မိုးရိပ်..သွားပါတော့ကွာ...ဒီထက်ပိုပြီး..ငါ့ကို.မနှိပ်စက်ပါနဲ့တော့..ငါ့နဲ့သက်ဆိုင်တဲ့.ဒီနေရာလေးမှာဘဲ..ငါနေပါရစေ..""
တုန်ယင်နေတဲ့ အသံလေးနဲ့.ပြောလာတဲ့.နွေချိုကို.ကြည့်ရင်း.မိုးရိပ်အံကိုတင်းတင်းကြိတ်ပြီး.ထွက်လာခဲ့တော့သည်။ရင်ထဲမှာလည်း အဖြေရှာလို့မရတဲ့.ခံစားချက်တွေနဲ့.ရှုပ်ထွေးနေ
လေသည်။ဘာကို.ဒေါသထွက်နေမှန်းမသိ..မိုးရိပ်.ဒေါသတွေဖြစ်နေမိ၏။
ထွက်သွားတဲ့မိုးရိပ်ရဲ့.ကျောပြင်ကိုကြည့်ရင်း..နွေချို..ရှိုက်ငိုနေမိ၏။
မိမိကိုယ်တိုင်..ဒီဘဝကိုရွေးချယ်ခဲ့တာမှမဟုတ်တာ..။မိမိရဲ့နှလုံးသားက.မချစ်သင့်တဲ့သူတစ်ယောက်ကိုမှ.စွဲစွဲလမ်းလမ်း.သွားချစ်မိနေတာကိုး..။
ချစ်တယ်.မိုးရိပ်..။ငါဒီအတိုင်းလေးဘဲ..မင်းကို.ချစ်နေမှာပါ..။မင်းထင်နေသလို..ညစ်ညမ်းတဲ့ ချစ်ခြင်းမျိုးနဲ့တော့ မဟုတ်ဘူး..။ဖြူစင်တဲ့ချစ်ခြင်းမျိုးနဲ့ငါမင်းကိုချစ်တယ်..။မိုးရိပ်ရယ်..လူသားတိုင်း..သွေးနဲ့ကိုယ်.သားနဲ့ကိုယ်ဘဲလေကွာ..။တစ်ခါတစ်လေ.သွေးသားဆန္ဒတွေရဲ့အလိုအတိုင်း..မင်းနဲ့ငါ..........။
❤❤❤
ဘားဆိုင်လေးတစ်ဆိုင်မှာ.ထိုင်ရင်း.မိုးရိပ်..အရက်တွေ.မူးနေအောင်.သောက်နေမိ၏။မိုးရိပ်ရဲ့.ပုံစံကိုကြည့်ရင်း..စွဲမက်ရှင်.ရင်ထဲမချိ..။.အခြောက်တစ်ယောက်အတွက်နဲ့ခံစားပြနေသည့်.မိုးရိပ်ကိုလည်း စွဲမက်ရှင်.စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်နေမိ၏။.(စာဖတ်သူတွေမေ့နေစိုးလို့.စွဲမက်ရှင်က.အပေါ်က.မိုးရိပ်နဲ့နွေချိုတို့အကြောင်းကို.ခိုးကြည့်ခဲ့တယ်နော်..😁)
""ရိပ်..တော်တော့ကွာ..အရမ်းမူးနေပြီ..""
စွဲမက်ရှင်..တားလိုက်တော့.မိုးရိပ်က.မဲ့ပြုံးပြုံးလိုက်ပြီး..
""ဖယ်ပါ...ငါ.ဒီနေ့မူးအောင်သောက်ပါရစေ..ရင်ထဲမှာ..မွန်းကြပ်နေလွန်းလို့ပါ...""
🍺🍺🍺
ထိုနေ့ညက..မိုးရိပ်တစ်ယောက်.လူမှန်းသူမှန်းမသိအောင်မူးခဲ့လေသည်။နုတ်ကနေလည်း.နွေချို.နာမည်.တကြော်ကြော်.အော်ခေါ်နေမိသည်ကိုလည်း စွဲမက်ရှင်ကလွဲ၍တခြားမည်သူမှသိလိမ့်မည်မထင်..။
""တောက်...!!! .ရိပ်ရာ..နင်ရက်စက်တယ်...ငါ့လို.ချောမောလှပတဲ့မိန်းမတစ်ယောက်က..အဆင့်တန်းမရှိတဲ့ အခြောက်တစ်ကောင်လောက်တောင်မှ..ဆွဲဆောင်မှုမရှိတော့ဘူးတဲ့လား..""
စွဲမက်ရှင်.အောက်နုတ်ခမ်းကိုသာ.ဖိကိုက်နေမိ၏။
🖤🖤🖤
""အား...ကျွတ်...ကျွတ်...""
မိုးရိပ်နိုးလာတော့..ခေါင်းထဲမူးနောက်နောက်နှင့်..။မျက်လုံးဖွင့်ကြည့်လိုက်တော့.မိမိရောက်နေတာ.ဟော်တည်အခန်းတစ်ခန်းမှာမှန်း..သိလိုက်ရလေသည်။ထိုအချိန်.ရေချိုးခန်းထဲကနေ..တဘက်တစ်ထည်ကို.မလုံတလုံ..ရင်လျားပြီး.ထွက်လာသည့် စွဲမက်ရှင်ကြောင့်..မိုးရိပ်..မျက်မှောင်ကြုပ်လိုက်မိ၏။
""အဟင်း..ဟင်း..လူဆိုးလေး..နိုးလာပြီလား..ရေချိုးလိုက်ဦး..""
""စွဲမက်..မင်းက.ဘယ်လိုဖြစ်ပြီး...""
""ဘာလဲ..မနေ့ညက..ဘာတွေဖြစ်ခဲ့လဲဆိုတာကို..ရိပ်.မမှတ်မိတော့ဘူးလို့တော့..လာမပြောနဲ့နော်..မနေ့ညက.ရိပ်.အရမ်းမူးနေလို့..စွဲမက်..ဟော်တည်ကို.ခေါ်လာတာ..ည.ကအရမ်းဆိုးတယ်နော်..လူဆိုးလေး..အဟင်း.အဟင်း..""
အနှောင့်သွား.မလွတ် ပြောလာသည့်.စွဲမက်ရှင်ရဲ့စကားတွေရယ်..ဘာအဝတ်စားမှ.မရှိတော့သည့်.မိမိခန္ဓာကိုယ်ရယ်ကြောင့်.မိုးရိပ်.အနည်းငယ်တုန်လှုပ်သွားရ၏။မနေ့ညက...မနေ့ညက...သူ.စွဲမက်ရှင်နဲ့....အား.....!!!!! ။
❤❤❤
နေ့စဥ်ရက်ဆက်..နွေချိုရှိရာ စားသောက်ဆိုင်.လေးဆီကို.မိုးရိပ်ပုံမှန်.ရောက်ဖြစ်နေလေသည်။ဆိုင်ထဲကိုတော့ သူမဝင်ဖြစ်..။အဝေးတစ်နေရာဆီကနေ.ငေးကြည့်နေခြင်းသာ.။မှန်အကြည်တွေ..ကာထားတာကြောင့်.စားသောက်ဆိုင်လေးထဲ.မှာ.လှုပ်ရှားသွားလာနေတဲ့နွေချိုပုံရိပ်လေးတွေကို.အဝေးတစ်နေရာကနေ.မိုးရိပ်.ငေးကြည့်နေခြင်းဖြစ်သည်။တစ်ခါတစ်ရံ..မိမိမဟုတ်တဲ့.သူတွေကို.ဖော်ရွေစွာပြုံးရယ်နေတဲ့..နွေချိုကို.ကြည့်ရင်း.သူ့ရင်ထဲတဆစ်ဆစ်နာကျင်နေခဲ့ရ၏။
နွေချိုအပေါ်မှာ.ထားရှိတဲ့.သူ့ရဲ့ခံစားချက်တွေရဲ့ အစစ်မှန်က ဘာလဲ..။gayမဟုတ်ဘူး..ဟစ်ကြွေးနေပေမယ့်.မိမိနှလုံးသားတွေက.နွေချိုမှ.နွေချို.တမ်းတနေလေသည်။လွမ်းတယ်.နွေချို..။ငါ့ကို..အသိစိတ်ပျောက်အောင်.ပြုစားခဲ့တဲ့.မင်းကို.ငါ့အရမ်းချစ်သလို..။မုန်းလည်းမုန်းတယ်...။
🖤🖤🖤🖤
""ဇေ...နင့်နဲ့ငါ.အပျင်းပြေ.ကစားပွဲလေးတစ်ခုလောက်.ကစားရအောင်လေ..""
""စွဲမက်..ကစားပွဲဆိုတာ.လောင်းကြေးမပါရင်..ပျင်းစရာကြီး..,""
""အဟက်..ဇေ.ရာ..စွဲမက်ရှင်ပါတဲ့...လောင်းကြေးကတော့..စိန်လက်စွပ်တစ်ကွင်းကြေးလေ..ဘယ်လိုလဲ..""
""အင်း..စိတ်ဝင်စားစရာဘဲ..ကဲ.ပြောစမ်းပါဦး..ဘယ်လိုကစားပွဲလဲဆိုတာ..""
""အဟား...ဇေ.ရာ..နင့်အတွက်တော့.လွယ်ကူမဲ့ကစားပွဲလေးပါဟာ..ရော့..သူနာမည်က..နွေချိုတဲ့..""
စွဲမက်ရှင်..နွေချို.ပုံလေးကိုထိုးပေးလိုက်သည်။
""အင်း.ဟင်း..""
""နင်.သူကို.တစ်လအတွင်း..ရအောင်လိုက်နိုင်ရင်.နင်နိုင်ပြီ""
""ဟင်..စွဲမက်..နင့်က.ငါ့ကို.ယောကျ်ားလေးတစ်ဦး.ကိုလိုက်ခိုင်းနေတာလား..""
""အဟက်..gayတစ်ယောက်လို့ပြောရင်.ပိုမှန်လိမ့်မယ်..ဇေ.ရာ.နင်လုပ်မနေစမ်းပါနဲ့..နင်.ယောကျ်ား.မိန်းမ.မခွဲခြား.ဘူးဆိုတာကို.ငါ့သိပါတယ်..နောက်ပြီး.သူပုံစံလေးကလည်း နင်အကြိုက်လေးဘဲလေ..လုပ်စမ်းပါ..ဆွဲစားပစ်လိုက်စမ်းပါဟာ..""
ဇေ...တစ်ယောက်.နွေချို.ပုံလေးကိုကြည့်ရင်း...အပြုံးတစ်ပွင့်ခြွေချလိုက်၏။
""နောက်ပြီးလေ..ဇေ..နင့်သူကို.စိတ်ကြိုက်.သုံးဆောင်နိုင်အောင်..ငါ.တစ်ဖက်တစ်လမ်းကနေ..ကူညီပေးဦးမှာပါ..ငါ.သူ့ရဲ့ဘဝတစ်ခုလုံး.စုတ်ပြတ်သတ်သွားတာကို.မြင်ချင်တယ်..""
🖤🖤🖤🖤
အပိုင်း🍓၁၂🍓မျှော်ပေးဦး.။စာကတိုသွားတယ်.စိတ်မဆိုးကြနဲ့😁 ။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
သူငယ်ချင်းချစ်သူ
RomanceZG ❤UNI ငယ်စဥ်ကတည်းက သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ဦးရဲ့ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ.. ဖတ်ပေးကြပါဦးနော်😘😘။ ZG❤UNI ငယ်စဉ်ကတည်းက အရမ်းချစ်ကကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ပေးကြပါဦးနော်