အပိုင်း❤၂၂❤

286 14 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂၂)🌈
❤❤❤❤❤❤
         စွဲမက်ရှင်.မင်း.ငါ့အကြောင်းသိအောင်.ပြရသေးတာပေါ့. ..ဟုစိတ်ထဲကကြုံးဝါးလိုက်ပြီး....စွဲမက်ရှင်ဆီသို့ မိုးရိပ် ထွက်လာခဲ့၏။မိုးရိပ်နောက်ကို နှင်းသွေးဝိုင်လိုက်လာခဲ့ဖို့ ကြိုးစားခဲ့ပေမယ့်မိုးရိပ်က..သူမ..ကို​​ခေါ်မသွားခဲ့ပေ။သူမ အနေနဲ့ နွေချိုကို..စိတ်ပူသည်။​နွေချို ဘာမှမဖြစ်ပါစေနဲ့ဟုသာ..စိတ်ထဲကနေ အကြိမ်ကြမ်..ဆုတောင်းနေမိတော့၏။
    ""ဘာ..စွဲမက်ရှင် မရှိဘူး ဟုတ်လား..""
မိုးရိပ်..ဒေါသကြောင့်..ခြံစောင့်ဦးလေးကြီးကို တွန်းထုတ်လိုက်ပြီး.ခြံထဲကို ဝင်မည်အလုပ်...
""တကယ်ပြောနေတာပါ..မမလေးစွဲမက်ရှင်..ဘန်ကောက်ကို..ထွက်သွားတာ..တစ်ပတ်လောက်တောင်..ရှိနေပါပြီ..""
""မယုံဘူး..ငါ့ကိုလွှတ်စမ်း...စွဲမက်ရှင်..စွဲမက်ရှင်.မင်းအခုချက်ချင်းထွက်လာခဲ့စမ်း...ထွက်လာလို့ပြောနေတယ်လေ..စွဲမက်ရှင်..!!.""
မိုးရိပ်..ဒေါနဲ့မောနဲ့အော်ဟစ်နေမိ၏။
""​ဒီမှာ မောင်ရင်..မင်းဒီလို.ဆက်လုပ်နေဦးမယ်ဆိုရင်..ဦးကြီး..ရဲကို ခေါ်လိုက်မှာနော်..""
""ဟာ..​ပိုတောင်ကောင်းသေးတယ်..ခေါ်လိုက်..ခင်​ဗျားတို့မမလေးကို..ပြန်ပေးဆွဲမှုနဲ့..တစ်ခါတည်း.တရားစွဲပစ်လိုက်ဦးမယ်..ခေါ်လိုက်.""
မိုးရိပ်စိတ်တိုတိုနဲ့..အော်ဟစ်သောင်းကျန်းနေမိ၏။ထိုအချိန်..နှင်းသွေးဝိုင်နှင့်အတူ..ဦးမာန်ရောက်လာလေသည်။
""သား..မိုးရိပ်.တော်တော့..ဦးမာန်တို့ပြန်ကြရအောင်..""
""ဟင့်အင်း..မပြန်နိုင်ဘူး..ဦးမာန်..နွေချိုကို..သူတို့ခေါ်ထားတာ..သေချာတယ်..စွဲမက်ရှင်..မင်း..နွေချိုကို..​ပြန်လွှတ်ပေးပါ...စွဲမက်ရှင်...""
မိုးရိပ်.ဆို့နင့်ကြေကွဲစွာအော်ရင်း..ငိုကြွေးနေမိ၏။
""နွေချို...နွေချို..""
""လာပါ..သားရယ်..ဦးမာန်တို့.ရဲစခန်းကိုအကြောင်းကြားထားပြီးပါပြီကွယ်..""
ဦးမာန် မိုးရိပ်ကိုအတင်း ဆွဲခေါ်လာခဲ့၏။အခုရက်ပိုင်းနွေချို စ်ိတ်ကြောင့်..မိုးရိပ်..ကောင်းကောင်းမစား..ကောင်းကောင်းမအိပ်ခဲ့သည့်.ဒဏ်တွေကြောင့်..မူးမေ့လဲကျသွားလေသည်။နွေချို...မင်း.အခုဘယ်ရောက်နေတာလဲ..။နောက်ပြီးမင်း.အရမ်းဘဲကြောက်နေမလားဟင်.။နောက်ပြီး..ငါ့ကို..ရက်စက်တဲ့သူဆိုပြီး..မင်းအရမ်းမုန်းနေပြီလား..။နွေချို....နွေချို...ကိုယ့်ရဲ့နွေချိုလေး..။
😢😢😢
           နွေချို..အသိစိတ်ဝင်လာတော့
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသလို..ခေါင်းထဲက..မူးနောက်နေသည့်.ခံစားချက်တွေကို.အရင်ဆုံး..ခံစားလိုက်ရလေသည်။
""အင်း...အား...အ့...""
မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်၏။ထိုင်ခုံ တစ်ခုံပေါ်မှာ ထိုင်ခုံ
နဲ့တွဲပြီး.နွေချိုတစ်ကိုယ်လုံးကို ကြိုးနဲ့ချည်ထားလေသည်။နွေချို.တုတ်တုတ်မျှလှုပ်မရ..။ထိတ်လန့်တုန်လှုပ်မှုတွေနဲ့အတူ..အော်ဖို့ကြိုးစားလိုက်ပေမယ့်..ပါးစပ်ကို.တိတ်တွေနဲ့ကပ်ထားတာကြောင့်..ဝူးဝူးဝါးဝါး.အသံဘဲထွက်သွားလေသည်။
   .ဘေးဘီကို ဝေ့ကြည့်လိုက်တော့..
အမှောင်ထု.တွေဘဲကြီးစိုးနေသည့်..အခန်းငယ်လေးတစ်ခု..။ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ ရုန်းကြည့်ပေမယ့်..ဘာမှ အရာမယွင်း..။အသံကုန် အော်ဟစ်ပြီး အကူညီတောင်းချင်ပေမယ့်..ပါးစပ်မှာ.ကပ်ထားသည့်..တိတ်တွေကြောင့်..အသံမထွက်..။ကြောက်သည်။နွေချို..သေလုမတတ်အောင်.ကြောက်လန့်နေမိသည်။သူ့ရဲ့ခေါင်းမာမှုတွေကြောင့်..ဖြစ်ပေါ်လာသည့်..ဆိုးကျိုးတွေ။သူ..မိုးရိပ်ကို.နားကျည်းသည့်စိတ်တွေနဲ့အတူ..အဝေးတစ်နေရာကိုထွက်သွားဖို့ကြိုးစားခဲ့၏။ဦးမာန်.သူ့ကိုလိုက်ပြီးတားခဲ့လေသည်။အဖြစ်ပျက်အကြောင်းရာစုံတွေကို.ရှင်းပြခဲ့သည်။မိုးရိပ်က.မိမိကိုအသက်အန္တရာယ်နဲ့မကြုံ​တွေ့စေချင်လို့..ကိုယ်ဝန်ကိုမဆောင်စေချင်တာဖြစ်ကြောင်းကို.ဦးမာန်ရှင်းပြနေတုန်း.သူတို့အနားကို.အနက်ရောင်ကားတစ်စီးထိုးရပ်လာပြီး.လူ၃ဦး.ဆင်းလာကာ..ဦးမာန်ကိုထိုးနှက်ပြီး..သူ့ကိုကားပေါ် ဇွတ်အတင်း ဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်။
ကားပေါ်ရောက်တော့..သူ့ပါးစပ်နဲ့.နှာခေါင်းကို..လက်ကိုင်ပုဝါနဲ့အုပ်လေသည်။နောက်တော့ သူခေါင်းထဲမူးနောက်လာပြီး..သတိလစ်သွားကာ.ဘာမှ မသိတော့..။
""ကိုယ်ဝန်..ဟုတ်သားဘဲ.ငါ့ဆီမှာ..ငါ့ရဲ့ဗိုက်ထဲမှာ..ရင်သွေးလေးရှိနေတယ်..ကလေးလေး.ဘာမှမဖြစ်ဘူးမလား..မကြောက်နဲ့နော်..ကလေးလေး​.
ဖေ​ဖေရှိတယ်.မကြောက်နဲ့...မကြောက်နဲ့...""
စိတ်ထဲကနေ..နွေချို.အားခဲရင်း.ဗိုက်ထဲက.ကလေးလေးကိုရည်မှန်းပြီး..မကြောက်ဖို့ပြောနေပေမယ့်..။..နွေချို.အရမ်းဘဲကြောက်နေမိသည်။​အမှောင်ကိုလည်း ကြောက်သည်။သူကို ဘယ်သူတွေက ဘာလုပ်ချင်လို့..ဒီကိုဖမ်းခေါ်လာတာလဲ.တွေးရင်းနဲ့လည်း.ရင်လေးနေမိသည်။နောက်ပြီး..မိုးရိပ်ကိုလည်း.အရမ်းလွမ်းနေမိသည်။ဟုတ်တယ်..မိုးရိပ်..။အခုချိန်မှာ..ငါမင်းကို.အရမ်းသတိရနေတယ်။နောက်ပြီး.ငါကြောက်တယ်.မိုးရိပ်..။နွေချိုတွေးရင်း..ပါးပြင်ပေါ် မျက်ရည်များက အတားဆီးမရှိ စီးကျနေတော့သည်။
❤❤❤
          ""ဖြန်း....""
ဆိုတဲ့ မြည်သံနဲ့အတူ..ဘယ်ဘက်ပါးတစ်ခြမ်းလုံးထူပူသွားတာကြောင့်..နွေချ်ိုလန့်နိုးလာခဲ့လေသည်။စူးရှနေသည့်..နေရောင်ခြည်ကြောင့်..မျက်လုံး​တို့ကို..ပြန်မှိတ်လိုက်သည့်.ခဏ..။
""ဖြန်း.....""
""အ့...""
ဒုတိယအကြိမ်မြောက်..​ညာဘက်ပါးပြင်ပေါ်ကျရောက်လာသည့်.. လက်ဝါးချက်..။
"ဟဲ့..အကောင်..နင်နိုးနေပြီမလား..ထတော့လေ...""
""ဖြန်း...""   
ပြောပြောဆိုဆို ​ပါးကို ရိုက်ချလိုက်တာကြောင့်..နွေချို.ပါးနှစ်ဘက်လုံး..ထူပူသွားကာ နာကျင်မှုတွေကလည်း အတိုင်းအဆမရှိ..။
။နွေချို..မျက်လုံးဖွင့်ကြည့်လိုက်တော့..သူ့ရှေ့မှာ..ခါးတစ်ဘက်ထောက်ပြီး..ရပ်ကြည့်နေသည့်..စွဲမက်ရှင်..။​နွေချိုကို ကြည့်ပြီး..သူမ..ရဲ့မျက်နှာ တစ်ချက်မဲ့ကြသွားပြီး..မလိုတမာ အကြည့်မျိုးနဲ့ နွေချိုကို စူးစိုက်ကြည့်နေလေသည်။
""​ဖြန်း...ဖြန်း...""
အညှာတာမရှိသည့်..ရိုက်ချက်တွေက..နွေချိုပါးပြင်ပေါ်သို့ နှစ်ချက်ဆင့်၍ကျရောက်လာပြန်၏။ရိုက်ချက်တွေက အမုန်းတရားကြောင့်.ပြင်းထန်လွန်းလှသည်။နွေချိုရဲ့ ​ဖြူနုလှသော ပါးပြင်လေးမှာ..ချက်ချင်းဆိုသလို..လက်ဝါးရာနီနီကြီးများစွဲထင်​သွားလေသည်။စွဲမက်ရှင်က..​နွေချ်ို.ပါးစပ်မှာ.ကပ်ထားသည့်..တိတ်ကို.အညှာတာကင်းမဲ့စွာနဲ့.ဆွဲခွာပစ်လိုက်တာကြောင့်..နွေချို..စပ်ဖျဥ်းဖျဥ်းနဲ့.နာကျင်သွားရလေသည်။
""အ့..စွဲမက်ရှင်..ခင်ဗျားဘာဖြစ်လို့..ကျွန်တော့်ကို..ဖမ်းထားရတာလဲ..""
"အဆင့်မရှိ​တဲ့ကောင်...နင့်ကြောင့်..ငါအစော်ကားခံခဲ့ရတယ်.နင့်ကြောင့်..ငါ့ရဲ့.သိက္ခာ တွေချနင်းခံခဲ့ရတယ်..နင့်ကြောင့်..ငါခံစားခဲ့ရတဲ့.အကြွေးတွေကို..နင့်ဒီနေ့ပြန်ဆပ်ရမယ်..""
""ဖြန်း...ဖြန်း...""
​စွဲမက်ရှင်..​ပြောပြောဆိုဆိုနဲ့.နွေချိုပါးကို.ဘယ်ပြန်ညာပြန်..ရိုက်ချလိုက်၏။
စွဲမက်ရှင်၏ရိုက်ချက်များကြောင့်..နွေချို.နုတ်ခမ်းထောင့်စွန်းလေး..ကွဲသွားပြီး..သွေးများစီးကျလာလေသည်။
      ဒါကို စွဲမက်ရှင်က..အရသာခံပြီးကြည့်ကာ..အော်ရယ်နေလေသည်။
နွေချို..အခုမှသတိထားမိသည်.။သူ့ကိုစွဲမက်ရှင်..မညှာမတာ ရိုက်နှက်နေသည်ကို..ဖုန်းနဲ့ယောကျ်ားတစ်ဦးက ရိုက်ကူးနေလေသည်။
""စွဲမက်ရှင်..ခင်ဗျား
ဘာဖြစ်ချင်နေတာလဲ..မိုးရိပ်သိသွားရင်..ခင်ဗျားမလွယ်ဘူးနော်.""
""အဟက်..ဟား...ဟား...ငါက.မင်းရဲ့လင်တော်မောင်ကို..ကြောက်စရာလား...စိတ်ချ..မင်းရဲ့.လင်တော်မောင်လည်း..မင်းရဲ့ရှေ့မှာရောက်လာစေရမယ်..နွေချို...ဒင်းက..ငါ့ရဲ့အသည်းကိုခွဲခဲ့သလို..ဒင်းရဲ့ရှေ့မှာလည်း..ဒင်း.အရမ်းကိုချစ်လှပါချည့်ရဲ့ဆိုတဲ့..မင်းကို..အစစီနှိပ်စက်ပြမယ်..နွေချို..အခုက..ပါးပါးလေးဘဲ..ရှိသေးတယ်..အဟား..ဟား..""
စွဲမက်ပြောရင်း..ဟားတိုက်ကာရယ်မောနေလေသည်။.နောက်တော့..သူမ..နောက်က.လူတစ်ဦးထံ..တစ်စုံတစ်ခုလှမ်းတောင်းနေသလိုမျိုး..သူမ.ရဲလက်တွေကို.ဆန့်တန်းလိုက်တော့..ထိုလူကလည်း.အလိုက်တသိနဲ့..စွဲမက်ရှင်.လက်ထဲကို.ဓားမြှောင် တစ်ချောင်း.ထည့်ပေးလိုက်လေသည်။
""ဒန်နီ...သေချာရိုက်နော်..သူလေး..နာကျင်နေတဲ့.မျက်နှာကိုသေချာရိုက်...""
စွဲမက်ရှင်.ပြောပြောဆိုဆိုနဲ့.သူမ.လက်ထဲက.ဓားမြှောင်နဲ့.နွေချိုရဲ့..လက်ကောက်ဝတ်လေးကို.အသာလပ်ဖွဖွ.​အပေါ်ယံလေး
လှီးဖြတ်လိုက်လေသည်။သွေးတွေ..တဖြေးဖြေးနဲ့..စိမ့်ထွက်စီးကျလာသလို..နာကျင်မှုကြောင့်..နွေချို.မအော်မိအောင်..ကြိုးစားလိုက်သော်လည်း..နာကျင်မှုတွေက.နွေချို.မျက်နှာပေါ်မှာ.အထင်းသားပေါ်လွင်နေလေသည်။တစ်ချက်.နှစ်ချက်..သုံးချက်..စီ.နွေချို..လက်နှစ်ဖက်လုံး..ဓားနဲ့မွှန်းခြင်းကို.ခံလိုက်ရလေသည်။အံကြိတ်ပြီး..နာကျင်မှုတောင့်ခံနေရှာသည့်..နွေချိုမျက်နှာကို.စွဲမက်ရှင်.သေချာ.စူးစိုက်ကြည့်လိုက်သည်။နောက်တော့..သူမ..ဓားနဲ့မွှန်းထားသည့်..နွေချို.လက်ကောက်ဝတ်နှစ်ဖက်လုံးကို..သူမ.၏လက်နှစ်ဖက်နှင့်..ဖိ​ကိုင်လိုက်တာကြောင့်..သွေးများက.မြင်မကောင်းအောင်.စီးကျလာသည်။.နာကျင်မှုကလည်း..ပြောမ​ပြတတ်လောက်အောင်.နာကျင်လွန်းလှသည်။..
""အော်လိုက်စမ်းပါ...နွေချို..နာနာကျင်ကျင်နဲ့..ညည်းတွားလိုက်စမ်းပါ..""
စွဲမက်ရှင်.ပြောလည်း.ပြော.နွေချို.လက်ကောက်ဝတ်နှစ်ဖက်ကို.အားနဲ့ဖိကိုင်လိုက်တာကြောင့်...နွေချို..အသည်းခိုက်မတတ်နာကျင်သွားရလေသည်။
""ခင်ဗျား...စိတ်ကျေနပ်မှု
ရအောင်.ကျွန်တော် အော်လိမ့်မယ်လို့ မထင်နဲ့  စွဲမက်ရှင်..ထွီ....""
နွေချို..စွဲမက်ရှင်ကို..မုန်းတီးရွံ့ရှာစွာစိုက်ကြည့်ကာ..တစ်လုံးချင်းပြောလိုက်ပြီး  စွဲမက်ရှင်မျက်နှာကို.တံထွေးကို..ထွေးပစ်လိုက်၏။
""ဟာ...တောက်...အရိုင်းဆိုင်းကောင်..""
""ဖြန်း...ဖြန်း...""
စွဲမက်ရှင်..သူ့မ..မျက်နှာပေါ်စင်ကျလာသည့်..တံထွေးတွေကို.သူမရဲ့ တံတောင်ဆစ်နဲ့. ကပျာကယာ.သုတ်လိုက်ပြီး..နွေချိုကို.ပါးနှစ်ချက် ဆင့်ရိုက်လိုက်သည်။
""ဟာ...ဒီအရိုင်းဆိုင်းကတော့..မမလေးကိုများ...""
""ခွပ်...""
""အ့...""
စွဲမက်ရှင်.ဘေးနားမှာရပ်နေသည့်
..ကောင်က..နွေချို..ကို.လက်သီးနဲ့ဝင်ထိုးလိုက်တာကြောင့်..နွေချို..မျက်လုံးများ..ပြာလာကာ..
နောက်တော့ သတိလစ်သွားလေတော့သည်။
""ဟွန့်...ပျော့ညံ့လိုက်တာ..သူ့ရဲ့ဒဏ်ရာတွေကို..ပတ်တီးစည်းပေးထားလိုက်...တော်ကြာ..မိုးရိပ်ရဲ့ရှေ့မှာ..မနှိပ်စက်.ရသေးဘဲနဲ့..သေသွားလိမ့်ဦးမယ်..""
စွဲမက်ရှင်..နွေချိုကို..ရွံ့ရှာဖွယ်ရာ.ကြည့်လိုက်ရင်းဆိုလိုက်သည်။
""ဒန်နီ...အဲ့ဖုန်းကို..မိုးရိပ်လက်ထဲ.သေချာထည့်ပြီး..သူ့ကိုခေါ်လာခဲ့လိုက်..သူတစ်ယောက်တည်းကိုဘဲ..ရအောင်.ခေါ်ခဲ့နော်..နောက်က.အစွယ်အပွားတွေ..ပါမလာစေနဲ့.""
❤❤❤
         နှင်းသွေးဝိုင်..တအိအိနဲ့ ငိုရှိုက်နေမိသည်။သူမ သာ..မိုးရိပ်ကို  နွေချိုအနားကနေ ခေါ်ထုတ်မသွားခဲ့ဘူးဆိုရင်..နွေချိုလည်း.ထွက်သွားဖို့အတွက်..အခွင့်ရေးရှိခဲ့လိမ့်မည်မဟုတ်..။ဒါတွေအားလုံးက..ငါ့မှားတာ..ငါ့ကြားထဲကနေ..သူတို့နှစ်ယောက်ကို..ပေါင်းစည်းပေးဖို့ကြိုးစားတာက..ပိုပြီး.ဝေးကွာစေခဲ့ပြီ...ငါကြောင့်..ငါ့ကြောင့်..နွေချို..ဘာမှမဖြစ်ပါစေနဲ့..။တွေးရင်း ငိုရှိူက်နေမိ၏။
""ဟာ..ငါဒီလို​ငိုနေရုံနဲ့မပြီးသေးဘူးလေ..အခုချိန်.မိုးရိပ်ဘေးနားမှာ..နေပြီး..ငါအားပေးနေရမှာလေ..""
ပါးပြင်ပေါ်က မျက်ရည်စတွေကို.သုတ်ပြီး..မိုးရိပ်အိမ်ဆီကိုထွက်လာခဲ့လေသည်။
❤❤❤
     ""ဟဲလို..ရိပ်..""
""စွဲမက်ရှင်..အယုတ်တမာမ..မင်း..နွေချိုကို..ဘာဖြစ်လို့..ဖမ်းခေါ်သွားရတာလဲ..ဟမ်..""
""အဟက်..ဟား..ဟား..စိတ်ကိုလျော့ပါ..​ရိပ်ရဲ့..အခုနွေချိုနဲ့မတွေ့ချင်ဘူးလား..နွေချိုနဲ့တွေ့ချင်တယ်ဆိုရင်..စွဲမက်ပြောသလို လုပ်..""
""ပြော..ငါကဘာလုပ်ရမှာလဲ."
""အခု..ရိပ်အိမ်မှာမလား..""
""ဟုတ်တယ်..""
""ကောင်းတယ်..ခဏနေရင်..ရိပ်တို့လမ်းထိပ်ဆီကို..စွဲမက်ရဲ့လူတွေကိုလွှတ်လိုက်မယ်..တစ်ခုတော့ရှိတယ်နော်..ရိပ်တစ်ယောက်တည်းဘဲ..လာရမှာ..ဒီကြားထဲ.ဟိုတိုင်..ဒီတိုင်..နုတ်ဆော့ခဲ့လို့ရှိရင်..နွေချိုရဲ့အလောင်းကိုတောင်..ရိပ်ပြန်ကောက်လို့ရမှာ.မဟုတ်ဘူးနော်..တစ်ခါတည်းအလောင်းပါ.လက်စဖျောက်ပစ်လိုက်မယ်..အဟွင်း..ဟွင်း..""
""တောက်...အယုတ်တမာမ..မင်း.လုပ်ရဲရင်.လုပ်ကြည့်လိုက်လေ...""
""အဟက်..ဟား..ဟား..လုပ်ရဲလို့.အခု.​လုပ်တောင်ပြီးပြီလေ.ရိပ်ရဲ့..အခုဘဲ..လမ်းထိပ်ကိုထွက်လာခဲ့ပါ..ရိပ်တစ်ယောက်တည်းဘဲနော်.အဟင်း..အဟင်း..""
ဆိုပြီး.စွဲမက်ရှင်.ဖုန်းချသွားလေသည်။မိုးရိပ်.ရင်ထဲ.နွေချိုကို.တွေးပူသွားပြီး.ဘာမှမစဥ်းစားတော့ဘဲ.အခန်းထဲကနေ.ပြေးထွက်လာခဲ့၏။နွေချို..နွေချို.ဘာမှမဖြစ်စေရဘူး..ကိုယ်လာခဲ့မယ်နော်.နွေချို..။
       မိုးရိပ်..အရူးတစ်ယောက်ပမာ..လမ်းထိပ်ဆီကို..ပြေးလာခဲ့သည်။လမ်းထိပ်ဆီမှာ အသင့်စောင့်ကြိုနေသည့် မနက်ရောင် ကားတစ်စီး..။ကားပေါ်ကနေ လူတစ်ဦး.ဆင်းလာပြီး..မိုးရိပ်ဆီကို ဖုန်းလေးတစ်လုံး..လှမ်းပေးလာသည်။
     မိုးရိပ်  ဖုန်းလေးကိုယူကြည့်လိုက်တော့..ဖုန်း screen လေးပေါ်  ပေါ်လာသည့်နွေချို၏ပုံရိပ်တွေ..။စွဲမက်ရှင်..မညှာမတာနဲ့.နွေချိုကိုရိုက်နှက်နေသည့် ပုံရိပ်များက..မိုးရိပ်ရင်ကို.ဓားထက်ထက်နဲ့ထိုးခွဲလိုက်သလို..။အံ့ကိုကြိတ် အနားကလူကို..စိတ်ရှိလက်ရှိ  ထိုးနှက်ပစ်လိုက်ချင်သော်လည်း..နွေချိုက.သူ့တို့လက်ထဲမှာ..
""မမလေးက ပြောသလို..ကျုပ်တို့နဲ့.အသာတကြည်​.လိုက်ခဲ့ပါ..""
မိုးရိပ်..အံကိုကြိတ်ပြီး..ထိုလူ့ကို.စူးရဲစွာစိုက်ကြည့်လိုက်ပြီး..ကားပေါ်တက်လိုက်လေသည်..။ကားပေါ်ရောက်တော့..ကားထဲမှာ.ထိုင်နေသည့်လူတစ်ဦးက..မိုးရိပ်၏လက်တွေကို.ချုပ်ကိုင်လိုက်သလို.မိုးရိပ်.အနောက်ကတက်လာသည့်.လူကလည်း..မိုးရိပ်၏မျက်လုံးတွေကို.အဝတ်စနှင့်.စည်းနှောင်လိုက်လေသည်။.ထိုနောက်..ကားလေး.​တရွေ့ရွေ့နဲ့.ထွက်ခွာသွားလေပြီ..။ထိုအခြင်းရာကို..မိုးရိပ်အိမ်ဆီကို.လာနေသည့်..နှင်းသွေးဝိုင်.မြင်လိုက်ရလေသည်။ မသင်္ကာတာနဲ့..ထိုကားနောက်ဆီကို..နှင်း​သွေးဝိုင်နောက်ယောင်ခံပြီး
.လိုက်သွားလိုက်၏။ နွေချိုကို ဖမ်းခေါ်သွားသည့် လူတွေနဲ့.များ..သက်ဆိုင်လေမလားဆိုသော.အတွေး​များကြောင့်..ဦးမာန်ဆီကို..နှင်းသွေးဝိုင်ဖုန်းဆက်ပြီး.အကြောင်းကြားလိုက်လေသည်။
သူတို့.မိုးရိပ်ကိုခေါ်သွားတဲ့နေရာကိုရောက်ရင်..နေရာအတိအကျ.နောက်တစ်ခေါက်..ပြန်ပြီး.ပြောဖို့ဆက်သွယ်လိုက်မည်ဟု.ပြောရင်းဖုန်းချလိုက်လေသည်။ရင်ထဲတွင်တော့..မိုးရိပ်နဲ့.နွေချို.ဘာမှမဖြစ်ကြပါစေနဲ့ဟု.သာ.အကြိမ်ကြိမ်အခါခါဆုတောင်းနေမိတော့၏။
❤❤❤
အပိုင်း🍓၂၃🍓လေးမျှော်ပေးကြဦးနော်😚😚။စာရေးညံ့သော ဦးက.readerလေးတွေကို အရမ်းချစ်ပါတယ်နော်.အာဘွား😘😘။
                       🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now