""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၉)🌈
❤❤❤❤❤❤
""ကိုယ့်ရဲ့ summer(ဆမ်းမား)
လေး ဘယ်နားက.နေလို့မကောင်းဖြစ်နေတာလဲ ဟင်..""
မိုးရိပ်.အိပ်ရာပေါ်မှာ ခွေခွေလေး လှဲအိပ်နေတဲ့..နွေချိုရဲ့နဖူးလေးကို.အသာနမ်းရှိုက်ပြီး.မေးလိုက်၏။
""သိပ်ပြီး.စိတ်မပူပါနဲ့နော်..ဒီအတိုင်း..ကိုယ်လက်တွေ မအီမသာဖြစ်ရုံလေးပါ..""
နွေချို.ခပ်ရဲ့ရဲ့ ပြုံးရင်း ဆိုလိုက်တော့..မိုးရိပ်.ရင်ထဲနာကျင်သွားရသလို..။
""ဆရာဝန်ခေါ်လိုက်မယ်နော်..""
""မခေါ်ပါနဲ့..ဆရာဝန်ခေါ်ရလောက်အောင်ထိလဲ..မဟုတ်ပါဘူး..""
""သေချာရဲ့လားကွာ..အခုရက်ပိုင်း.မင်းပိန်သွားသလိုဘဲ..""
မိုးရိပ်နာကျင်စွာ.ဆိုပြီး..နွေချို.လက်လေးကိုကြင်နာစွာဆုပ်ကိုင်လိုက်သည်။
""အင်း..စိတ်ပူအောင်လုပ်မိလို့.တောင်းပန်ပါတယ်.""
နွေချို.ပြုံးရင်းပြောလိုက်သည်။
""ဘာကိုတောင်းပန်နေတာလဲ.အရူးလေးရဲ့..မင်းကိုယ်စား ကိုယ်ဘဲ နေမကောင်းဖြစ်လိုက်ချင်တော့တယ်ကွာ..ကိုယ်သိပ်ချစ်တဲ့ မင်းလေး..နေမကောင်းဖြစ်နေတာကို..ကိုယ်မကြည့်ရက်ဘူး..""
မိုးရိပ်.ဆို့နစ်စွာပြောရင်း.နွေချိုကိုယ်လေးကို.တင်းကြပ်နေအောင်.ထွေးပိုက်လို့ထားလိုက်၏။
""အား..အရမ်းကြီးမဖက်နဲ့..အသက်ရှုရခက်လို့...""
ခါးကို.တင်းကြပ်နေအောင်.ဖက်ထားသည့်.မိုးရိပ်ရဲ့လက်တွေကို.ဆွဲခွာရင်း.နွေချိုပြောလိုက်သည်။
အခုရက်ပိုင်း..ဗိုက်ထဲက တင်းကြပ်ကြပ်ကြီး..နွေချို.ခံစားနေရ၏။
""ဟင်..ဟုတ်လား.sorry..sorry..""
မိုးရိပ်.ဆိုရင်း..နွေချိုခါးလေးကို.ဖက်ထားသည့်.သူ့ရဲ့လက်တွေကိုဖြေလျော့ပေးသည်။နောက်တော့.နွေချို.နဖူးလေးကို.အနမ်းပေးရင်း..ကလေးငယ်လေးတစ်ဦးလို..ကျောပြင်ကို.ပွတ်သပ်ပေးရင်း.ချော့သိပ်ပေးလိုက်၏။
အပြစ်ကင်းစင်ပြီး.ချစ်စရာကောင်းလွန်းလှတဲ့.နွေချို.မျက်နှာလေးကို..အသာငေးကြည့်ရင်း..အကြိမ်ကြိမ်အခါခါ.အသာခိုးနမ်းရင်း.ထိုနေ့ညတစ်ညတာကို.မိုးရိပ်ကုန်ဆုံးစေခဲ့လေသည်။
❤❤❤
စွဲမက်ရှင်တစ်ယောက်.မှန်းချက်နဲ့.နှမ်းထွက်မကိုက်ဖြစ်သွားရလေသည်။သူမ.ကို.ဦးမာန်ခေါ်လာသည့်.နေရာက.ဆေးရုံ..။စွဲမက်ရှင်..စိတ်အလိုမကျဟန်နဲ့..မျက်နှာမဲ့ကျသွားပြီး...
""ဦးမာန်..စွဲမက်ကို ဘာဖြစ်လို့..ဆေးရုံကိုခေါ်လာရတာလဲ..""
အလိုမကျမှုကြောင့်..မာဆတ်ဆတ်ထွက်ပေါ်လာသည့်.အမေးစကားကြောင့်..ဦးမာန်ပြုံးလိုက်မိ၏။
""အရေးကြီးတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ပါ..""
ထိုသို့သာ ပြောပြီး..ကားပေါ်ကနေ.ဦးမာန်.ဆင်းသွားလေသည်။စွဲမက်ရှင်..အီလည်လည်ကြီးနဲ့.ကားပေါ်ဆင်းပြီး..ဦးမာန်နောက်ကို.လိုက်လာခဲ့၏။
ဦးမာန်က စွဲမက်ရှင်ကို..ဆရာဝန်တစ်ဦးနဲ့ မိတ်ဆက်ပေးလေသည်။
""သူက ဒေါက်တာ ဦးမြတ်ဝေ တဲ့လေ..""
""ဟုတ်ကဲ့..တွေ့ရတာ ဝမ်းသာပါတယ်..""
..သူမ.နဲ့ဒီအတိုင်း မိတ်ဆက်ပေးသည်အထင်နဲ့ ဝတ်ကျေတန်းကျေ ပြန်လည်း ၍ခွန်းတုန့်ပြန်လိုက်သည်။
""ကိုမာန်..စစ်ဆေးပေးရမှာက..သူလား..""
""အင်း..ဟုတ်တယ်..ဒေါက်တာ..
ဂရုစိုက်ပေးပါဦးနော်..""
ဦးမာန်နဲ့.ဒေါက်တာဦးမြတ်ဝေ.တို့အပြန်လှယ်ပြောလိုက်သည့်.စကားများကြောင့်.စွဲမက်ရှင်.မျက်မှောင်ကြုပ်လိုက်မိ၏။
""သြော်..သမီးကို.ပြောဖို့မေ့နေတာ..ဒေါက်တာက..သာမန်ဒေါက်တာမဟုတ်ဘူးလေ..သားဖွားမီးယပ်.အထူးကုဒေါက်တာလေ..""
""ဘာ..!!!""
ဦးမာန်ပြောလိုက်တော့..စွဲမက်ရှင်.မျက်ဝန်းအစုံဟာ..ပြူးကျယ်သွားပြီး..သိသိသာသာ မျက်နှာ ပျက်ယွင်းသွားလေသည်။
""ဒါက ဘာသဘောလဲ..ဦးမာန်..ကျွန်မကို..ဒီလိုသားဖွားဆရာဝန်နဲ့ လာတွေ့ပေးတာ ဘာသဘောလဲ..""
စွဲမက်ရှင်က..ဦးမာန်ကို လက်ညိုးထိုးရင်း..ရှုးရှုးရှားရှား ဆိုလာလေသည်။
""ဘာသဘောလဲ..ဟုတ်လား
..ကိုယ်ဝန်ဆောင်တစ်ဦးကို..သားဖွားဆရာဝန်နဲ့ပေးတွေ့တာ..မှားနေလို့လား..""
ဦးမာန်.တည်ငြိမ်စွာမေးလိုက်တော့..စွဲမက်ရှင်..ဂဏာမငြိမ် ဖြစ်သွားကာ..
""ကျွန်မ.ကိုယ်ဝန်က..အခုမှ.လနုသေးတယ်လေ..နောက်ပြီး..ကျွန်မ....""
""သမီး..ကိုယ်ဝန်ဆောင်ဖြစ်လာပြီဆိုတာနဲ့..မပေါ့ဆဘဲနဲ့.ဂရုစိုက်သင့်တယ်လေ..ကိုယ်ဝန်လနုရင်.ပိုပြီးတော့တောင်..ဂရုစိုက်သင့်သေးတယ်လေ..
ဦးမာန်က...သမီးတစ်ခုခုဖြစ်သွားမှာ စိုးရိပ်လို့ပါ...""
ဦးမာန်က.ပြုံးစစနဲ့ပြောလိုက်တော့..စွဲမက်ရှင်..ဇောချွေးများ.ပြန်လာပြီး.လူက.ကတုန်ကယင်ဖြစ်လာလေသည်။
""ကျေးဇူးတင်ပါတယ်.ဦးမာန်ရဲ့..သမီး.သီးသန့်ပြနေတဲ့ ဆရာဝန်ရှိပါတယ်..တခြားဆရာဝန်နဲ့.ပြစရာမလိုပါဘူး..""
အထစ်.ထစ်.အငေါ့ငေါ့ဆိုရင်း..ထိုနေရာကနေ.လှည့်ထွက်သွားဖို့ရန်.ကြိုးစားနေသည့်.စွဲမက်ရှင်၏.လက်မောင်းကို.ဦးမာန်.ဖမ်းဆွဲထားလိုက်ပြီး...
""ဒီမှာ..ကလေးမ..မင်းဥာဏ်လေး.တစ်ထွာတစ်မိုက်.လောက်နဲ့..ငါ့ကိုလာပြီး.လှည့်စားဖို့မကြိုးစားနဲ့..မင်းဆီမှာ.ကိုယ်ဝန်တကယ့်ရှိလား.မရှိလား.သေချာမသိရသေးဘဲနဲ့.သားမိုးရိပ်နဲ့.မင်းကို.ပေးစားလိမ့်မယ်လို့..မင်းထင်နေတာလား...အေးအေးဆေးဆေး.နဲ့..ကိုယ်ဝန်တကယ်ရှိ.မရှိ.အစစ်ဆေးခံပါ..မင်းဆီမှာ.တကယ်ကိုယ်ဝန်ရှိနေတယ်ဆိုရင်..မင်းကြောက်လန့်နေဖို့မှ.မလိုတာ...""
အေးစက်စွာနဲ့.ဦးမာန်ပြောလိုက်တော့.စွဲမက်ရှင်.တစ်ယောက်အကြံအိုက်သွားသည့်ပုံ...။
နောက်တော့ သူနာပြုလေးနှစ်ယောက် ရောက်လာပြီး.စွဲမက်ရှင်ကို.ဘယ်တစ်ယောက်.ညာတစ်ယောက်..ညှပ်ပြီး.ခေါ်ဆောင်သွားလေသည်။ရုန်းရင်း.ကန်ရင်း.ပါသွားသည့်စွဲမက်ရှင်အဖြစ်ကို.ကြည့်ရင်း..ဦးမာန်မပြုံးဘဲမနေနိုင်..။
သိပ်တောင်မကြာလိုက်..
""ဖယ်...ဖယ်ကြစမ်းပါ..ငါ့က..အခုမှ.အပျိုဘဲ.ရှိသေးတယ်..အဲ့ဒါတွေနဲ့.စမ်းသပ်စရာလား..""
စူးစူးဝါးဝါး အော်သံနဲ့အတူ..ရှုးရှုးရှဲရှဲနှင့် အခန်းထဲကနေ.ထွက်လာပါသော..စွဲမက်ရှင်...။သူ့ကို.ဘာပစ္စည်းကိရိယာတွေနဲ့.စမ်းသပ်ဖို့ကြိုးစားလိုက်လို့လဲမသိ..။ဒေါနဲ့မောနဲ့.ငါက.အပျိုဘဲရှိသေးတယ်ဆိုတဲ့..စကားကို..ကုန်းအော်ရင်း..ထွက်လာလေသည်။
""ဒီမှာ..အဘိုးကြီး..ရှင်.တမင်သိရဲ့သားနဲ့..ကျွန်မ.ကို.ပညာပြလိုက်တာပေါ့လေ...""
""အဟား...ကိုယ်ဝန်ရှိပါပြီ.ဆိုပြီး..အတင်းကြပ်.အသနားခံခဲ့တဲ့သူက.ဘယ်သူလဲ..""
""ရှင်...ရှင်...""
စွဲမက်ရှင်..ဦးမာန်ကိုစူးရဲစွာကြည့်လိုက်၏။
""ဘာလဲ..မင်းက..မိုးရိပ်အမေနဲ့အဘိုးကို.အပိုင်ကိုင်ပြီး..မိုးရိပ်ကို.သိမ်းပိုက်နိုင်လိမ့်မယ်လို့.ထင်နေခဲ့တာလား..""
ဦးမာန်၏အမေးစကားကို.စွဲမက်ရှင်.မဖြေနိုင်ပါ...။တကယ်လဲ..သူမ..ထိုသို့အပီတွက်.ခဲ့ခြင်းဖြစ်၏။.ကြားထဲကနေ.မိုးရိပ်အဖေနဲ့အဘွားကြောင့်..ကံကြမ္မာက.တဆစ်ချိုးပြောင်းလဲသွားပြီး..ဦးမာန်က.အဓိက.ကျသည့်.ဇာတ်ကောင်ဖြစ်သွားခဲ့ရလို့သာ..သူမ.၏အကြံစည်တွေ.ပျက်သွားရခြင်းသာ..။စွဲမက်ရှင်..အောက်နုတ်ခမ်းကို.ဖိကိုက်ထားပြီး..ဦးမာန်ကို.ခါးသီးစွာနဲ့.စိုက်ကြည့်နေမိ၏။
မိုးရိပ်မူးနေခဲ့သည့်.ညက.သူမနဲ့.မိုးရိပ်တို့.ဘာမှမဖြစ်ခဲ့ကြပေ.။သို့ပေမယ့်..သို့လော.သို့လောနဲ့..သူမနဲ့မိုးရိပ်..မှားယွင်းခဲ့သလို.ပုံစံမျိုး.သူမ.ဟန်လုပ်ခဲ့ခြင်းဖြစ်သည်..။မိုးရိပ်ကို.ပိုင်ဆိုင်ရဖို့အတွက်..မရှိသည့်.ကိုယ်ဝန်ကိုဗန်းပြ..။မျက်ရည်ခံထိုးပြီး..မိုးရိပ်ရဲ့အဘိုးနဲ့အမေကို.မိမိဘက်ပါအောင်.သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။အခုတော့...အခုတော့..။
မထင်မှတ်ထားတဲ့.လှည့်ကွက်လေးတစ်ခုကြောင့်..သူမ..စီစဥ်ထားတာတွေ.အားလုံး.သဲထဲရေသွန်.ဖြစ်သွားခဲ့ရလေပြီ..။ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်ရင်း..
""ကျွန်မ ဘက်က ရိပ်ကို..ဒီအတိုင်း.လက်လွှတ်အဆုံးရှုံမခံနိုင်လို့..ကိုယ်ဝန်ရှိဟန်ဆောင်ခဲ့တာပါ..ကျွန်မ..ရိပ်ကို.တကယ်ချစ်လို့ပါရှင်..ဦးမာန်..သဘောတူပေးပါ..""
ဟု.သနားစဖွယ်ဆိုလာပြန်၏။
""ဒီမှာ ကလေးမ..မင်းတကယ် သား.မိုးရိပ်ကိုချစ်တယ်ဆိုရင်..လက်လွှတ်ပေးသင့်ပါတယ်..အခုဆို..သားမိုးရိပ်.ဘဝက.အေးချမ်း.ပြီးသာယာနေပြီလေ..သားမိုးရိပ်ရဲ့ ပျော်ရွှင်နေတဲ့.ဘဝလေးကို..ဖျက်ဆီးဖို့.မင်းမကြိုးစားချင်စမ်းပါနဲ့..""
ပြတ်သား.စွာထွက်ပေါ်လာသည့် ဦးမာန်စကားများကြောင့်.စွဲမက်ရှင်.ဒေါသယမ်းမီးကွဲသွားရလေသည်။
တောက်..မကျေနပ်ဘူး..ဦးမာန်ခ..။နောက်ပြီး..မိုးရိပ်..ငါနင့်ကို.လုံးဝမကျေနပ်ဘူး..။ငါ့ရဲ့အချစ်တွေကိုလျစ်လျူရှု့ခဲ့တဲ့.နင့်ကို.ငါ့လက်စားချေမယ်..။စိတ်ချ..နင်မြတ်နိုးတန်ဖိုးထားတဲ့..နွေချိုဆိုတဲ့အကောင်ကို..ငါဖျက်ဆီးပြမယ်..နင့်တို့တွေ..စောင့်ကြည့်နေလိုက်ကြစမ်းပါ
.ဟား..ဟား..ဟား.။
🖤🖤🖤
""ဘယ်လို..ဦးမာန်..စွဲမက်ရှင်ဆီမှာ.ကျွန်တော်နဲ့ရတဲ့..ကိုယ်ဝန်ဆိုတာ လုံးဝမရှိခဲ့ဘူးပေါ့.. ""
မိုးရိပ်က..အံ့သြတကြီးနဲ့.မေးလိုက်တော့.ဦးမာန်ပြုံးလိုက်မိ၏။
""အင်း..ဟုတ်တယ်..သားနဲ့ရတဲ့.ကိုယ်ဝန်ရှိဖို့နေ.နေသာ..သားနဲ့တောင်.မမှားယွင်းခဲ့ဖူးပါဘူးတဲ့..""
ဦးမာန်စကားကြောင့်..မိုးရိပ်..ဝမ်းသားလွန်းလို့..ထခုန်လိုက်မိသည်။
""ဘာ..တကယ်ပြောနေတာလား..ဦးမာန်..တကယ်ကြီးပေါ့..ဒါဆို.အားလုံးက..စွဲမက်ရှင်ဖန်တီးထားတဲ့.လိမ်ဆင်ကြီးပေါ့...ကြားလား..နွေချို..ကိုယ်နဲ့စွဲမက်ရှင်က.မမှားယွင်းခဲ့ဖူးဘူးတဲ့...""
ပျော်ရွှင်မြူးတူးစွာ.ဆိုရင်း.နွေချိုကိုယ်လေးကို.ခါးကနေ.ပင့်မြှောက်ကာချီလိုက်ပြီး..လေပေါ်တစ်ပတ်ဝှေ့ရမ်းလိုက်လေသည်။
မိုးရိပ်နဲ့.နွေချိုကို.ဦးမာန်ပြုံးပြီးကြည့်နေမိသည်။
""မိုးရိပ်...မိုးရိပ်..ငါ့ကိုပြန်ချပေးပါတော့..""
နွေချို..ခေါင်းထဲမူးနောက်နောက်ဖြစ်လာတာကြောင့်..မိုးရိပ်ကို လှမ်း၍တားလိုက်ရလေသည်။
မိုးရိပ်..နွေချိုကိုယ်လေးကို.ပြန်ချပေးလိုက်...ယိုင်ခနဲ့ ဖြစ်သွားတာကြောင့်..မိုးရိပ်ရင်ထဲ.စိုးရိမ်စိတ်အပူလှိုင်းလေးဖြတ်ပြေးသွားလေသည်။
""နွေချို..ဘာဖြစ်တာလဲ..""
""ဘာမှမဖြစ်ပါဘူး.ခေါင်းနည်းနည်းလေး.မူးသွားတာပါ..""
ခပ်ဖွဖွပြုံးရင်းနွေချို.ပြန်ဖြေလိုက်သည်။
""ဟုတ်လား..သား..မမေတင်ရေ..
သားနွေချိုအတွက်..သံပရာသီးလေးဖျော်ခဲ့ပေးပါဦး..""
ဦးမာန်က မီးဖိုချောင်ထဲက..ဒေါ်မေတင်ကို.လှမ်းအော်ပြီး ခိုင်းလိုက်တာကြောင့်..နွေချို..လှမ်းတားမည်အလုပ်..ခေါင်းထဲမိုက်ခနဲ့.ဖြစ်သွားပြီး..ခန္ဓာကိုယ်က ယိမ်းယိုင်သွားလေသည်။.ဘေးနား မိုးရိပ် စိုးရိမ်တကြီးနဲ့.နွေချိုကိုယ်လေးကို.လှမ်းထိန်းလိုက်တော့..ရင်ခွင်.ထဲပျော့ခွေကျလာလေသည်။
""နွေချို..နွေချို...""
မိုးရိပ်.စိုးရိမ်တကြီး.နဲ့နွေချိုပါးလေးကို..အသာ.လက်နဲ့ဖျစ်ညှစ်ကိုင်ပြီး..ခေါ်လိုက်သော်လည်း..နွေချိုမှာ.မလှုပ်တော့ပေ..။
""ဟာ..နွေချို...နွေချို...ဦးမာန်..လုပ်ပါဦး..နွေချိုကို.ခေါ်လို့မရတော့ဘူး..နွေချို..နွေချို..""
ငိုသံပါလေးနဲ့.မိုးရိပ်.ပြောလိုက်သည်။
""သားမိုးရိပ်.စိတ်ကိုအေးအေးထားနော်..အရင်ဦးဆုံး.သားနွေချိုကို.ဆေးရုံပို့ရအောင်.ဟုတ်ပြီလား..ဦးအသိဆေးရုံဆီကို.သွားကြမယ်..လာထ...""
ဦးမာန်.ပြောလိုက်တော့..မိုးရိပ်.အသာခေါင်းညိတ်ပြပြီး..နွေချိုကိုယ်လေးကို.ပွေ့ချီလိုက်သည်။
❤❤❤
ဆေးရုံရောက်ပြီး.မကြာမှီ...
"ဒေါက်တာ..နွေချိုက..ဘာဖြစ်တာလဲ.ဟင်..""
မိုးရိပ်.ဒေါက်တာကို.အားကိုးတကြီး.
မေးလိုက်တော့..ဒေါက်တာက.ခေါင်းခါရမ်းပြီး..
""လူနာက.အားနည်းပြီးမူးလဲသွားတယ်ထင်တာဘဲ..ကျန်တာ..စစ်ဆေးကြည့်တာ..ဘာမှမဖြစ်ဘူး..ဒါပေမယ့်.....""
ဒေါက်တာ..ရှေ့ဆက်ပြောဖို့.ခက်ခဲနေသည့်ပုံနဲ့..ဦးမာန်ကို..ကြည့်လိုက်..မိုးရိပ်ကို.ကြည့်နေလိုက်.လုပ်နေ၏။
""ဘာဖြစ်လို့လဲ.ဒေါက်တာ..ပြောစရာရှိတာ.ပြောစမ်းပါ..ကျွန်တော်.ရင်ပူလွန်းလို့.သေတော့မယ်..""
မိုးရိပ်.စိတ်မရှည်စွာ..အော်ပြောလိုက်သည်။ဒေါက်တာ.သက်ပြင်းတစ်ချက်ကိုခပ်လေးလေး.ချလိုက်ပြီး.။
""လူနာ ခံစားနေရတဲ့ ဝေဒနာတွေက..ကိုယ်ဝန်ဆောင်တွေမှာ.ဖြစ်ပေါ်နေကျ.လက္ခဏာတွေ ဖြစ်နေတယ်..""
""ဗျာ...""
""အခုလိုပြောရတာ.ရူးကြောင်ကြောင်နိုင်မှန်းသိပေမယ့်..လူနာဆီမှာ.ကိုယ်ဝန်တကယ်ရှိ မရှိ..စစ်ဆေးလိုက်တာက.အကောင်းဆုံးထင်ပါတယ်.""
ဒေါက်တာ.စကားကြောင့်..မိုးရိပ်.ကြောင်အသွားကာ..
""ဘယ်လို..ဒေါက်တာ.ပြောချင်နေတာက..နွေချိုဆီမှာ.ကိုယ်ဝန်ရှိနေနိုင်တယ်လို့.ဆိုလိုချင်နေတာလား..မဖြစ်နိုင်တာ..နွေချိုက.ယောကျ်ားလေးတစ်ဦးလေ..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..""
""အဲ့ဒါတော့..ကိုယ်လဲ သိပါတယ်..ဒါပေမယ့်..စစ်ဆေးသင့်တယ်လို့.ထင်တယ်.""
""ကောင်းပါပြီ..ဒေါက်တာ..စစ်ဆေးပေးပါ..""
ဟု.ဦးမာန်က..ဝင်ရောက်၍ဖြေပေးလိုက်သည်။မိုးရိပ်ကတော့..ကြောင်အစွာနဲ့..ကုတင်ပေါ်မှာ.လှဲလှောင်းနေသည့်..နွေချိုမျက်နှာလေးကို..မမှိတ်မသုန်နဲ့စိုက်ကြည့်နေမိသည်။ကိုယ်ဝန်..။ဘယ်လိုလုပ်ပြီး...ဖြစ်နိုင်မှာလဲ..။တကယ်ဆိုရင်..အဲ့ဒီအဖြစ်ပျက်က..
ကျွန်တော်အတွက် ဝမ်းသာစရာလား..။ဒါမှမဟုတ်..သဘာဝမဆန်တဲ့ကိုယ်ဝန်တစ်ခုကို..လွယ်ထားရတဲ့.နွေချိုအတွက်..အန္တရာယ် တစ်ခုလား.။
ဘာတွေလဲ..ကံကြမ္မာကြီးရယ်..ကျွန်တော့်ကို..မကျီစယ်ပါနဲ့ဗျာ.။
❤❤❤
အပိုင်း🍓၂၀🍓မျှော်ပေးဦးနော်.။
ဦးက.စာရေးတာမတော်ဘူးဆိုတာကို..ကိုယ့်ဘာသာသိတယ်နော်.။သဘာဝမဆန်ဘူး.ယုတ္တိမရှိဘူးဆိုပြီး..မလှောင်ကြပါနဲ့..။မကြိုက်ရင်.ရှေ့ဆက်မဖတ်ကြနဲ့နော်..။
လှောင်ရင်.friend ဆိုရင်.umမှာနော်🤭🤭။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
သူငယ်ချင်းချစ်သူ
RomanceZG ❤UNI ငယ်စဥ်ကတည်းက သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ဦးရဲ့ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ.. ဖတ်ပေးကြပါဦးနော်😘😘။ ZG❤UNI ငယ်စဉ်ကတည်းက အရမ်းချစ်ကကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ပေးကြပါဦးနော်