အပိုင်း❤၂၄❤

350 14 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၂၄)🌈
❤❤❤❤❤❤
       ထိုအချိန်..​စွဲမက်ရှင်က.ဓားမြှောင်ကို ဆွဲယူလိုက်ပြီး..ထလာကာ.မိုးရိပ်ဆီသို့ တရှိန်ထိုး ပြေးသွားလေသည်။
""မိုးရိပ်..""
ဝိုင် အထိတ်တလန့် လှမ်းအော်လိုက်တော့...မိုးရိပ်..လှည့်ကြည့်လိုက်သည်။.ထိုအချိန်..ဝိုင်ကလည်း..မိုးရိပ်တို့ကို.စိုးရိမ်ပူပင်နေသည့်.စိတ်တွေ.ပြည့်နှက်နေတာကြောင့်..ဘယ်က နေဘယ်လို စွဲမက်ရှင် အနားရောက်သွားသည်မသိ..။မိုးရိပ်ဆီကို.ဦးတည်နေသည့်...ဓားမြှောင်ကိုင်ထားသည့် လက်ကို..ဘေ့စ်ဘော.တုတ်တံနဲ့..အားကုန်လွဲပြီး.ရိုက်ချလိုက်သည်။.အားပါလား.မပါလား.မသိ.။အရိုက်ခံလိုက်ရသည့်..စွဲမက်ရှင်၏.လက်ရိုးကျိုးသည့်အသံ..ဂျွတ်ခနဲ့တောင်.မည်သွားသည်ဟုတောင်..မိုးရိပ်ထင်လိုက်မိသည်။
""အား...!!!""
နာကျင်မှုကြောင့်.စွဲမက်ရှင်..အော်ဟစ်.ညည်းညူနေလေသည်။ကြမ်းပြင်ပေါ်.ဒူးထောက်ထိုင်ချလိုက်ပြီး..ငိုကြွေးနေသော..စွဲမက်ရှင်ကိုကြည့်ရင်း..ဝိုင်.စိတ်ထဲ.အပြစ်မကင်းသလို...။
""မိုးရိပ်..သွား..သွားတော့လေ..ဘာရပ်​ကြည့်နေတာလဲ..နွေချို​ကို..ဆေးရုံသွားပို့လိုက်ပါ...""
ဝိုင်က ပြောလိုက်တော့ မိုးရိပ်ကပြုံးသည်။
""ဝိုင်..ကျေးဇူးပါ..နင့်က.ငါနဲ့နွေချိုကို..ကာကွယ်စောင့်ရှောက်ပေးတဲ့အတွက်..ကျေးဇူးပါ..""
မိုးရိပ်စကားကြောင့်..ဝိုင်ပီတိပြုံးလေးပြုံးလိုက်မိသည်။ထိုအချိန်..ကားသံတွေနဲ့အတူ..ခြံထဲကို..ဦးမာန်နဲ့ရဲများ.ရောက်လာကြသည်။
""ဟော..ဦးမာန်တို့တောင်..ရောက်လာကြပြီ..""
ထိုအချိန်...
""ရဲတွေရောက်လာ​ကြပြီ..ဟုတ်လား..
ငါဆိုတဲ့..စွဲမက်ရှင်က..ထောင်တော့အကျမခံနိုင်ဘူး...ငါထောင်မကျချင်ဘူး..""
အရူးတစ်​ယောက်လို..တီးတိုးစွာ.ရေရွတ်ပြီး..ကြမ်းပြင်ပေါ် က..ဓားမြှောင်ကို..ဘက်လက်နဲ့ကောက်ကိုက်လိုက်ပြီး..သူ့ဘယ်ဘက်ရင်ဘတ်ထဲသို့.ထိုးစိုက်လိုက်လေသည်။
""ဟာ...ဟေ့..အရူးမ..မလုပ်နဲ့လေ.."
ဝိုင်လှမ်းတားလိုက်သော်လည်း..မမှီတော့..။ကြမ်းပြင်ပေါ်..လဲကျသွားသည့်.ခန္ဓာကိုယ်နဲ့အတူ..စီးကျလာသည့်..သွေးတွေ...။နောက်တော့ ငြိမ်ကျသွားလေသည်။
""သား..မိုးရိပ်..ဘာဖြစ်​သွားသေးလဲ..""
""ဟင့်အင်း..ကျွန်တော်က ဘာမှ မဖြစ်ဘူး..နွေချို.""
""လာ..သား..ဦးမာန်တို့..နွေချိိုကို..ဆေးရုံသွားပို့မှ.ဖြစ်မယ်..အခု..ရဲတွေလဲ..ရောက်နေပြီဘဲ.သူတို့အလုပ်သူတို့လုပ်ကြပါလိမ့်မယ်..""
""ဟုတ်တယ်..မိုးရိပ်.နင်တို့သွားနှင့်ကြ..ငါဒီမှာ..ရဲအရာရှ်ိတွေမေးမြန်းတာတွေကို..ဖြေထားလိုက်မယ်..""
မိုးရိပ်..သူ့ရင်ခွင်ထဲက.နွေချိုကို ငုံ့ကြည့်ပြီး..ခေါင်းည်ိတ်လိုက်သည်။နောက်တော့ ကြမ်းပြင်ပေါ်မှာ ငြိမ်သက်သွားသည့် စွဲမက်ရှင်ကို ဂရုဏာသက်စွာ ​ကြည့်လိုက်ပြီး..ထိုနေရာကနေ ထွက်လာခဲ့တော့၏။
❤❤❤
       ""လူနာရဲ့အခြေနေက တည်​ငြိမ်သွားပါပြီ...ဒါပေမယ့်..ဒီထက်နည်းနည်းလေးသာ..ဒဏ်ရာက.နက်သွားရင်တော့..မတွေးရဲစရာပေါ့..""
""ဟုတ်ကဲ့..ကျေးဇူးပါ.
.ဒေါက်တာ..နောက်ပြီး..ဗိုက်ထဲက..ကလေးလေးလဲ..ဘာမှမဖြစ်ပါဘူးနော်.."
"ဟုတ်ကဲ့..ဗိုက်ထဲက.ကလေးလဲ.ဘာမှမဖြစ်ပါဘူး..စစ်ဆေးကြည့်ရသလောက်ကတော့..ကျန်းမာပါတယ်..လူနာကို.​အားဆေးနဲ့.အိပ်ဆေး.ထိုးပေးထားလို့.သူ.အချိန်​အတော်ကြာကြာအိပ်နေပါလိမ့်ဦးမယ်..""
""ဟုတ်ကဲ့..ကျေးဇူးပါ..ဒေါက်တာ..""
ဒေါက်တာ ထွက်သွားတော့ မိုးရိပ် နွေချိုဘေးနား ထိုင်လိုက်သည်။
ဆေးပိုက်တွေသွင်းထားသည့်.လက်လေးကိုကြည့်ရင်..ရင်ထဲမချိ..။အသာ.နဖူးကို.ငုံ့နမ်းလိုက်ပြီး..
""ကျေးဇူးတင်ပါတယ်..နွေချို..မင်း.ဘေးရန်အန္တာရယ်.ကင်းကင်းနဲ့.ငါ့ရဲ့ဘေးနားကို.ရောက်လာလို့ကျေးဇူးတင်ပါတယ်..နွေချို..""
တီးတိုးစွာ ရေရွတ်ပြီး..အသံတိတ် ငိုရှိုက်နေမိ၏။ထိုအချိန်.အခန်းတံခါးဖွင့်လိုက်သည့်.အသံကြောင့်.မိုးရိပ်လှည့်ကြည့်လိုက်သည်။
""ဝိုင်..""
""နွေချို..သက်သာရဲ့လား..မိုးရိပ်..""
""အင်း..သက်သာတယ်..ဝိုင်..
နင်အချိန်မှီ.ရောက်လာလို့.နွေချို.အသက်ရှင်သွားတာ..
ဝိုင်..ကျေးဇူးတင်ပါတယ်...."".
မိုးရိပ်ဆိုရင်း..ဝိုင်ကိုတင်းကြပ်နေအောင်ဖက်ထားလိုက်၏။
""ကျေးဇူးတင်စရာ မလိုပါဘူး.မိုးရိပ်ရယ်..နင်နဲ့နွေချိုက..ငါ့အတွက်.တန်ဖိုးဖြတ်လို့.မရတဲ့..ငါ့အချစ်ဆုံးသူငယ်ချင်းတွေဘဲလေ..
နင်လဲ..တခြားအတွေး.မတွေးနဲ့တော့..
လောကကြီး ပေးအပ်လာတဲ့..လက်ဆောင်မွန်ကို..ကျေးဇူးတင်စွာနဲ့လက်ခံလိုက်ပါ..,""
""အေးပါ..ငါလဲ.အတွေးပြောင်းသွားပါပြီ..ငါတို့ရဲ့.ရင်သွေးလေးကို..ဖျက်ချဖို့.မကြိုးစားတော့ပါဘူး..""
""ကောင်းတယ်..မိုးရိပ်..နွေချိုအတွက်.ပူစရာမလိုပါဘူး.သူ့ဘေးနားမှာ..သူ့ကိုအရမ်းချစ်ကြတဲ့.နင်ရော.ငါရော.ရှိနေတာဘဲလေ..""
ဝိုင်စကားကြောင့်.မိုးရိပ်ပြုံးလိုက်မိသည်။
""စိတ်ပူမနေပါနဲ့သားရယ်..သားရဲ့..ရင်သွေးလေးကို..သူလွယ်ထားနေရတဲ့.ကာလပတ်လုံး..သူ့ဘာတစ်ခုမှ.မဖြစ်စေရဘူးလို့..မေမေ.အာမခံပါတယ်ကွယ်..""
အခန်းထဲကို..မိုးရိပ်အမေ..ဒေါ်မြကေဇင် ဝင်လာပြီး ပြောလာလေသည်။
မိုးရိပ် သူ့အမေကို တအံ့တသြငေးကြည့်နေရင်း..
""မေမေက..ဒီကို.ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ...""
""အမယ်လေးတော်..သားနဲ့..ချွေးမ.အဲ.သားမက်..ဟာ.မသိတော့ဘူး..သားတို့..​ပြန်ပေးဆွဲခံရပြီး..အသက်အန္တာရယ်.နဲ့​ကြုံတွေ့လာရတာကို..အမေရင်းဖြစ်တဲ့..ဒီအမေက..အိမ်မှာ အေးဆေးနေနိုင်ပါ့မလား..ကောင်စုတ်လေးရဲ့..""
မျက်ရည်လေး ကလယ်ကလယ်နဲ့ ဆိုလာတာကြောင့်.မိုးရိပ်..သူ့အမေကို..ငေးစိုက်ကြည့်နေမိ၏။
""မေမေ..သားကို..ငယ်ငယ်က ဂရုမစိုက်ခဲ့ဘူးဆိုတာ မေမေ ဝန်ခံပါတယ်..အဲတုန်းက ရှက်စိတ်နဲ့.မာနစိတ်တွေကြောင့် သားကို..မေမေပစ်ထားမိသလိုဖြစ်ခဲ့တယ်..အခုမေမေရဲ့အမှားတွေကို.ပြင်ဆင်ခွင့်လေးတောင် မပေးချင်တော့ဘူးလား..""
မိုးရိပ်..ပြောင်းလဲသွားတဲ့ သူ့အမေကို ငေးကြည့်နေမိတယ်..။
""ပြင်ဆင်ခွင့်​ပေးတာ.မပေးတာက..မင်းအပိုင်းဘဲ..မိုးရိပ်..မင်းရဲ့..ချစ်သူက..ငါတို့ရဲ့မျိုးဆက်ကို.လွယ်ထားနေရပြီ​ဆိုတော့..သူဟာ.ယောကျ်ားဖြစ်ဖြစ်..မိန်းမဖြစ်ဖြစ်..ငါတို့ဘက်က..သူ့ကိုလက်ခံပေးဖို့အသင့်ဘဲ..""
""အဘိုး..""
အခန်းထဲကို.ဝင်ရောက်လာပြီး.ပြောလိုက်သည့်.မိုးရိပ်အဘိုးစကားကြောင့်..မိုးရိပ်..ရင်ထဲ..တလှပ်လှပ်ခုန်နေ၏။
""သူဆေးရုံက ဆင်းလာရင်..မင်းတို့နှစ်ယောက်အတွက်.အသိမှတ်ပြု
.မင်္ဂလာပွဲလေးလုပ်ပေးမယ်
....နောက်ပြီး..ငါမသေခင်..ငါ့အတွက်..မြစ်လေးတစ်ယောက်ရအောင်.လုပ်ပေးလို့..တကယ်ကျေးဇူးတင်မိပါတယ်..""
လေသံကတော့ ခပ်မာမာ ။သို့ပေမယ့်..သူတို့နှစ်ဦးကို တရားဝင် ခွင့်ပြုတယ်ဆိုတော့.မိုးရိပ်..ရင်ထဲအတိုင်းအဆမရှိ..ပျော်နေမိတာက အမှန်..။.နွေချိုကို ဂရုစိုက်ဖို့နဲ့....
စောင့်ရှောက်ပေးဖို့ အတွတ်တွတ်မှာကြားပြီး.မိုးရိပ်၏အဘိုးနဲ့အမေ.ပြန်သွားကြလေသည်။
""နွေချို..မင်းသာ.သတိပြန်ရလာရင်..ငါအတွက်.အရာအာလုံးပြည့်စုံပါပြီကွာ...""
❤❤❤❤
            မုန်တိုင်းပြီးတော့.လေ​ပြေညှင်းလေး.ကျရောက်လာသလို..။
စိတ်ကူးထဲမှာတောင်.ထည့်မယဥ်ဖူးခဲ့တဲ့..မင်္ဂလာပွဲလေး...။အကျဥ်းရုံး
လေးဆိုပေမယ့်လဲ..နွေချို.ပျော်​သည်။.သူ့ဘဝမှာ..မတောင့်ဖူးတဲ့.အချစ်မျိုးနဲ့လဲ.အချစ်ခံခဲ့ရဖူးပြီ..။နောက်ပြီး..ကံကြမ္မာက သူ့ကိုမျက်နှာသာပေးသည့်အနေနဲ့..ချစ်ရသူရဲ့.ရင်သွေးလေးကို.လွယ်ခွင့်ပြုခဲ့သည်။.အခုဆို.အားလုံးရဲ့ချစ်ခြင်းတရားတွေကို..နွေချို..ပိုင်ဆိုင်နေရပြီလေ..။အရင်က.ခါးခါးသီးသီး..သူ့ကိုမုန်းတီးခဲ့ကြတဲ့..မိုးရိပ်အဘိုးနဲ့အမေကတောင်..နွေချိုတို့အပေါ်.နားလည်မှုတွေ ပေးလာခဲ့သည်။
      ""ပြီးပြီလား..sunmer(ဆမ်းမား)လေး..""
မိုးရိပ်..နွေချို.ဆီကိုလှမ်းလာပြီးမေးလိုက်သည်။.အပြာနုရောင်..
အနောက်တိုင်း..သတို့သားဝတ်စုံ​နဲ့.မိုးရိပ်က.အလွန်တရာမှကို.ချောမောခန့်ညားလွန်းနေသည်။
""အရာအားလုံးအတွက်..ကျေးဇူးတင်ပါတယ်..""
နွေချို..တုန်ယင်နေသည့် အသံလေးနှင့်ဆိုလိုက်တော့..မိုးရိပ်..ပြုံးလိုက်သည်။
""အရူးလေး..ဒီနေ့က. ကိုယ့်တို့နှစ်ယောက်..မင်္ဂလာဆောင်တဲ့နေ့လေ..ငိုစရာလား..""
""ဝမ်းသာလွန်းလို့..ငိုမိတာပါ..""
""မငိုနဲ့တော့..အလှတွေပျက်ကုန်လိမ့်မယ်..သတို့သားလေးရဲ့..""
မိုးရိပ်ဆိုရင်း..နွေချို..နဖူးလေးကို.ခပ်ဖွဖွနမ်းလိုက်သည်။
"ဟဲ့...ဟဲ့..အမယ်လေး...နင်တို့နှစ်ယောက်ကတော့လေ..နောက်ကျမှဘဲ..ချစ်ကြတော့..အခုဧည့်သည်တွေရောက်လာကြပြီ..အမြန်ဆင်းလာကြတော့..""
ဝိုင်က..အခန်းတံခါးပေါက်ကလေးကနေ ခေါင်း​ပြူဝင်လာပြီး..ပြောလာလေသည်။နွေချို.ရှက်ကိုးရှက်ကန်းနဲ့.ခေါင်းညိတ်ပြလိုက်ပြီး..မိုးရိပ်​လက်မောင်းကို.ကိုင်ပြီး.ထလိုက်၏။
ရင်ထဲမှာလဲ တလှပ်လှပ်နဲ့..ရင်ဖ်ိုနေမိသည်။.သို့ပေမယ့်.မိုးရိပ်မျက်နှာပေါ်က တောက်ပနေသည့်.အပြုံးပန်းလေးတွေကြောင့်..နွေချို.ကြောက်စိတ်လေးတွေတော့..ပြေပျက်သွားခဲ့ရလေသည်။
     ခြံလေးထဲမှာ ကျင်းပနေသည့်..အကျဥ်းရုံး..လက်ထပ်ပါတီပွဲလေး..။
အင်္ကျီ ဆင်တူ..သတို့သားလေးနှစ်ဦးတို့ရဲ့.အပြုံးလေးတွေက.ကောင်းကင်ပေါ်က.ကြယ်တွေအလား..လင်းလက်တောက်ပလို့နေ၏။
      ရယ်သံမောသံတွေနဲ့.ပြည့်နှက်နေသည့်...ဂုဏ်ပကာသန ကင်းမဲ့လှသည့်.မင်္ဂလာပွဲလေး..။ဖြူစင်ရိုးသားပြီး.အချစ်တစ်ခုကိုအချစ်တစ်ခုလိုသာ.မြင်ပေးကြသည့်..လူတွေကြား​မှာ..ထိုလူငယ်လေးနှစ်ဦး၏ချစ်ခြင်းတရားတွေက..ရောင်သွေးစုံလင်နေသည့်.ပန်းခင်းကြီးအလား..လှပတင့်တယ်နေလျှက်..။
       မိုးရိပ်၏အဖေ.လေးစိုးနဲ့လေးကြိုင်တို့မှာလဲ..မိုးရိပ်နဲ့နွေချိုတို့ကို..ကြည့်ရင်း.ပီတီအပြုံးများနှင့်အတူ.ပီတိမျက်ရည်များကလဲမဆဲ.ဖြစ်နေလေသည်။
       နောက်တော့..နွေချိုကို.စောင့်ရှောက်ဖို့ရန်..တစ်ယောက်တစ်ခွန်း
ဆူညံ့စွာ.တိုင်ပင်ပြောဆိုနေကြသည်ကလည်း..နွေချိုအတွက်..အိမ်မက်လေအလား..။ဒီကမ္ဘာပေါ်မှာ.မိမိလောက်ကံကောင်းသည့်လူသား.ရှိမှာမဟုတ်တော့ဘူးဟု.တွေးရင်း.ပီတိမျက်ရည်လေးများ.ခိုးကျနေမ်ိတော့၏။
❤❤❤
          နေ့တစ်နေ့ကို မိုးရိပ်၏အနမ်းလေးတစ်ပွင့်နဲ့ စခဲ့ရသည်။.​မီးဖိုချောင်အတွင်းထဲက..မိုးရိပ်အမေနဲ့.လေးကြိုင်တို့ရဲ့..ရန်ပွဲကလည်း နေ့စဥ်နဲ့အမျှရိုးအီလို့မသွား​ခဲ့..။နောက်ဆုံးမှာတော့..မိုးရိပ်ရဲ့အမေက..လေးကြိုင်ရဲ့.လက်ရာကို.ဘယ်လိုမှ.လိုက်မမှီလေသောကြောင့်သာ.လက်လျော့သွားခဲ့ရလေသည်။သို့ပေမယ့်တော့..ဆရာလုပ်စွမ်းကတော့.တစ်စက်လေးမှ.မလျော့..။လေးကြိုင်ရဲ့.လက်ရာအစွမ်းက..နွေချိုကို.ခံတွင်းလိုက်စေခဲ့သည်။
     နွေချိုဘေးနားမှာ အမြဲတမ်း..
ကိုယ်ရံတော်လို..ဝိုင်က စောင့်ရှောက်ပေးသည်။.အခုဆို ​သူ့ကို ဒုက္ခပေးမည့်.စွဲမက်ရှင်လဲမရှိတော့ပေ..အရာအားလုံးက.အဆင်ပြေလွန်းနေတော့၏။မိုးရိပ်ကတော့ နွေချိုကိုအရိပ်တကြည့်ကြည့်နှင့်..မျက်စိအောက်က အပျောက်မခံ..။နည်းနည်းလေးနေမကောင်းဖြစ်တာနဲ့ ဆရာဝန်က ခေါ်ပြီးသား..။မိုးရိပ်၏ သဲသဲလှုပ် ဂရုစိုက်မှုတွေကို ဝိုင်ကနှာခေါင်းရှုံ့ကာ.ဟားတိုက်စမြဲ..။ထိုအခါတိုင်း.ဝိုင်နဲ့မိုးရိပ်တို့၏.ရန်ပွဲက.မပြီးနိုင်မစီးနိုင်.။သိုပေမယ့်..ရယ်မောခြင်းနှင့်အဆုံးသတ်စမြဲ..။
    တစ်ရက်နဲ့တစ်ရက်..နွေချို.ဗိုက်ချပ်ချပ်လေးများကလည်း.ပူလာလေသည်။ဗိုက်လေးပူလာတဲ့အမျှ..နွေချို.၏ပုံစံက.တစ်မျိုး​ပြောင်းလာလိို့ခဲ့သည်။.မိုးရိပ်အပေါ်..ကလေးလေးတစ်ယောက်လို.ဂျီကျတတ်လာသည်။နောက်ပြီး..ခဏခဏလဲ.စိတ်အလိုမကျဖြစ်နေတတ်သည်။ထိုသို့လက္ခဏာတွေ က ကိုယ်ဝန်ဆောင်တွေအမြဲဖြစ်လေ့ရှ်ိကြောင်း.မိုးရိပ်အမေက..ရှင်းပြလေသည်။
🖤🖤🖤
""မွမွ...ဗိုက်ထဲက.ပူကျူးလေးရေ..goid night ပါ.""
နွေချို.ဗိုက်ပူပူလေးကို.နမ်းရှိုက်ရင်း.မိုးရိပ်ဆိုလိုက်တော့ နွေချို.မျက်နှာလေးစူပုပ်ပုပ်..။
""ဟောဗျာ..မျက်နှာက..ဘာဖြစ်နေတာလဲ..summer(ဆမ်းမား).""
""သွားပါ...ဗိုက်ထဲက..ပူကျူးလေးကိုဘဲ.ချစ်နေလိုက်တော့..ဘာမှ လာမပြောနဲ့..""
""ဟောဗျာ..ဗိုက်ထဲက.ပူကျူးလေးနဲ့အပြိုင်..မနာလို.ဖြစ်နေတာလား..
Summer(ဆမ်းမား)လေးကလဲ..ကလေးဆန်လိုက်တာကွာ..""
""ဟာ..မသိဘူး..အဟင့်..အဟင့်..
ဗိုက်က.တစ်နေ့တခြား..ပူ.ပူလာနေတာ..နေရထိုင်ရလဲခက်တယ်..နောက်ပြီး..မြင်လား..ခြေထောက်တွေလဲ.ယောင်နေပြီ..အဲ့ဒါတွေက..မင်းကြောင့်ဖြစ်တာ..အဟင့်..အဟင့်..အကျင့်မကောင်းတဲ့ကောင်..မင်းကြောင့်..ဖြစ်တာ...အီး..ဟီး..ဟီး..""
နွေချို..ဘာကို.စိတ်အလိုမကျဖြစ်နေမှန်းလဲ.မိမိကိုယ်ကိုမသိ..။မိုးရိပ်မြင်ရင်.စိတ်တိုသည်။မမြင်ရပြန်တော့လဲ.သူ့အနားမရှိရလေကောင်းလားဆိုပြီး..စိတ်တိုပြန်သည်။အခုလဲ..မိုးရိပ်ကို.ရစ်စရာမရှိ..။ကြံဖန်ရစ်ပြီး.ငိုနေပြန်သည်။
""ဟာ..နွေချိုကလဲ..မငိုရဘူးလေ..​မင်းငို​လို့ရှိရင်..ဗိုက်ထဲက..ကလေးလေး..ရုပ်ဆိုးတတ်တယ်တဲ့..""
""ဟင်..ဟုတ်လို့လား..""
"ဟုတ်တယ်..မယုံရင်..မေမေကိုမေးကြည့်..မငိုပါနဲ့တော့.ကိုယ့်ရဲ့ချစ်တုံး
လေးကလဲ.."
မိုးရိပ်ပြောရင်းနဲ့.နွေချိုနုတ်ခမ်းလေးကို.အသာခပ်ဖွဖွ..နမ်းရှိုက်လိုက်တော့မှာ..ပြုံးတော်မူလေသည်။
   နွေချိုကိုယ်လေးကို.ဖက်ထားပေးပြီး..ကျောလေးကို.ပွတ်သပ်ပေးလိုက်တော့..ကလေးငယ်လေးတစ်ဦးလို.အိပ်ပျော်သွားလေတော့သည်။
❤❤❤
ကဲဇာတ်သိမ်းပိုင်းလေးပါ.တစ်ခါတည်း.တင်ပေးထားပါတယ်နော်.😚။
               🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now