အပိုင်❤၁၃❤

328 11 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၃)🌈
❤❤❤❤❤❤
        နွေချို..ဇေ.ပြောလိုက်တဲ့
nightclub.ဆီကိုရောက်လာခဲ့၏။
ဇေက အပြင်ဘက်မှာထွက်စောင့်နေလေသည်။
""နွေ..ရောက်လာသားဘဲနော်..""
""ဟုတ်...ဒါနဲ့ဝိုင်ရော..""
""ဝိုင်လား...အထဲမှာရှိတယ်လေ..လာ...""
ဆိုပြီး..နွေချိုလက်ကို.ဆွဲခေါ်သွား၏။
ဆူညံနေသည့်.သီချင်းသံဇဥ်နှင့်အတူ..တိုးဝှေ့ပြီး.ကခုန်နေကြသည့်လူတွေ.ကြား..နှင်းသွေးဝိုင်ကို..နွေချိုရှာနေမိ၏။
""နွေ..ဒီမှာထိုင်ဦး..ဘာသောက်မလဲ..""
""ဟင့်အင်း..ဘာမှမသောက်ချင်ဘူး..ဝိုင်ရော..ဝိုင်ဘယ်မှာလဲ..""
""နွေကလည်း.ရောက်တုန်းရောက်ခိုက်..ပျော်ပျော်နေစမ်းပါ..ဝိုင်ရှိပါတယ်..ခဏနေရင်..ရောက်လာလိမ့်မယ်..ရော့..ဒါလေးအရင်သောက်ထားဦး..""
""ဟင့်အင်း..တော်ပြီ..ကျွန်တော်.မသောက်ချင်ဘူး..""
""ကလပ်ကိုရောက်လာပြီးမှတော့.နည်းနည်း​ပါးပါးလေး.သောက်သင့်ပါတယ်..သောက်ပါ..အရမ်းမပြင်းပါဘူး...""
ဇေက.ဇွတ်အတင်း..​တိုက်နေလေသောကြောင့်.နွေချို အငြင်းရခက်နေ၏။
".ဇေ...""
ရုတ်တရက်..ရင်းနှီးနေသည့်အသံကြောင့်..နွေချို..မော့ကြည့်လိုက်တော့..စွဲမက်ရှင်..။နောက်ပြီး.သူ့ဘေးနားမှာ.သုန်မှုန်နေသည့်.မျက်နှာပေးနှင့်.မိုးရိပ်..။နွေချို.ရင်ထဲထိတ်ခနဲ့ဖြစ်သွားသလို..မိုးရိပ်မျက်နှာသည်မှာလဲ..ပို၍ခက်ထန်သွား၏။
     စွဲမက်ရှင်တစ်ယောက်..မမျှော်လင့်ဘဲ.ဇေ.နဲ့နွေချိုကိုတွေ့လိုက်ရတော့.အကြံအိုက်သွား၏။နောက်တော့..ဇေကို.မျက်နှာရိပ်မျက်နှာကဲ​
ပြပြီး.ခေါ်ထုတ်သွားလေသည်။
""ဟဲ့..ဇေ..နင်ကဘယ်လိုဖြစ်ပြီး.ဒီကိုရောက်နေတာလဲ..""
""စွဲမက်ကလည်း..နင့်နဲ့ပြိုင်ထားတဲ့ကစားပွဲကို.ငါ့ကစားနေတာလေ..""
""ကျစ်..နင့်သူ့ကို.ဒီနေရာကိုခေါ်ထားမယ်.ဆိုရင်လည်း.ငါ့ကို
လက်တို့ထားလေ...""
""ဟား...ဘာဖြစ်လို့လဲ.စွဲမက်ရ..ငါကနင့်ကိုကြွားချင်လို့.တမင်ဒီ​နေရာကိုရွေးထားတာ.ဒီနေ့ညငါ.သူ့ကို.အပိုင်ကြံတော့မယ်လေ..""
""အဟင်း..ဟုတ်လား.အေး.ရတဲ့နည်းနဲ့သာ.ကြံ..ဒါပေမယ့်.နင်နေရာရွေ့မှ.ဖြစ်လိမ့်မယ်..""
""ဟင်.ဘာဖြစ်လို့လဲ.""
""သူက..ရိပ်ရဲ့သူငယ်ချင်းလေ..""
""ဟေ...ဟုတ်လား..ကျစ်.အဲ့ဒါမှ.ဒုက္ခဘဲ...သူ.သောက်လိုက်ပြီလား.မသိဘူး.""
""ဟင်..ဘာကိုလဲ..ဘာကိုသောက်လိုက်ရင်.ဒုက္ခဖြစ်မှာလဲ..""
""အေး..သူက.ချဥ်းကပ်ရတာ.ခက််တယ်လေ..အဲ့တော့..ငါ.သူ့ကိုဆေးခတ်ပြီး.အပိုင်ကြံမလို့..အခုတော့..ဘယ်လိုလုပ်မလဲ..အစီစဥ်တွေက.တလွဲဖြစ်ကုန်ပြီ.""
""ဟင့်အင်း..မဖြစ်စေရဘူး..နင်.သူ့ကိုဒီနေ့.မရ.ရတဲ့နည်းနဲ့သာ.အပိုင်သိမ်းပစ်လိုက်..နောက်ပြီး.ရိပ်နဲ့သူက.သူငယ်ချင်းတွေဆိုပေမယ့်..သူ့က.
Gayဖြစ်နေတာကို.ရိပ်သိသွားတော့..သူ့ကို.အရမ်းမုန်းနေတာလေ.""
​ဇေ.နားလေးကို.ကပ်ပြီး.စွဲမက်ရှင်တစ်ယောက်..တီးတိုးစွာပြောပြလိုက်၏။
❤❤❤
      ""အဟက်...ဘာလဲ..မင်းက.အခုဆို.သူငယ်ချင်းအသစ်တွေဘာတွေရပြီး..ကလပ်တွေဘာတွေတောင်.တက်နေပြီပေါ့..""
ခနဲ့တဲ့တဲ့နှင့်. မိုးရိပ်.ဆိုလိုက်၏။
နွေချို.ဘာတစ်ခွန်းမှ.မပြော..။အသာ.မျက်လွှာ​တို့ကို.ချထားပေမယ့်..သူ့ကို.မိုးရိပ်.စူးစိုက်ပြီးကြည့်နေသည်ကိုတော့..သူသိသည်။
""အေးလေ..မင်းလို.gayတစ်ယောက်က.ဒီလိုအပျော်ပါးတွေကို.သဘောကျတာ.မဆန်းပါဘူး..""
မိုးရိပ်၏စကားကြောင့်..နွေချိုရင်ထဲ.အောင့်ခနဲ့ဖြစ်သွား၏။
""ဒါဆို.မင်းတို့လို့.မြင့်မြတ်တဲ့ ယောကျ်ားတွေကရော..အပျော်ပါး.မမက်ကြလို့လား..ဒီကလပ်ထဲမှာပျော်နေကြတဲ့.ယောကျ်ားတွေ.
အကုန်လုံးက.gayတွေချည်းဘဲလား..""
နွေချို..မိုးရိပ်.၏စကားတွေကိုပြန်လည်ချေပလိုက်၏။
        စူးခနဲ့.ကျရောက်လာသည့် မိုးရိပ်အကြည့်တွေ၏ဒဏ်ကိုရှောင်ရင်း.နွေချို.ယောင်ရမ်းပြီးရှေ့က.ဇေ.သူ့အတွက်.ချပေးထားသည့်.အရက်တွေကိုမော့သောက်ပစ်လိုက်၏။
""ဟာ...ဟေ့.မင်းသောက်နိုင်လို့.သောက်နေတာလား..""
""ဘာလဲ..ငါကgayဆိုပြီး.အရက်မသောက်နိုင်ဘူးလို့.ထင်နေတာလား..""
နွေချို.မိုးရိပ်ကိုရွဲ့ချင်တာနဲ့..ရှေ့က.အရက်ပုလင်းထဲတွေ.အရက်တွေကိုငှဲ့ပြီးသောက်ပစ်လိုက်၏။ပူဆင်းသွားသည့်.ခါးသက်သက် အရက်၏အရသာကြောင့်.နွေချို.မျက်နှာလေးရှုံ့မဲ့သွား၏။
""အဟက်.ငါ့ကိုရွဲ့ချင်တာနဲ့ မသောက်နိုင်ဘဲ.ဇွတ်သောက်မနေနဲ့ တော်ကြာ.အန်ဖက်စို့ပြီး.သေနေဦးမယ်..""
ဟုဆိုလာသည့်မိုးရိပ်.ဆီကို.နွေချို.၏မျက်စောင်းက.ဒိုင်းခနဲ့​ကျရောက်သွား၏။
""စိတ်ချ...မင်းပို့သ.တဲ့မေတ္တာကြောင့်..ငါအသက်ကရှည်ဦးမှာ.သိလား.""
နွေချို.ပြန်ပြီး.ပက်ခနဲ့ပြောလိုက်တော့.မိုးရိပ်..ရယ်ချင်ချင်ဖြစ်သွားရလေသည်။ဒီကောင်လေး.
အရက်လေးနည်းနည်း.ဝင်လာတော့ လျှာကသွက်ချင်လာသလို..။ရစ်ချင်လာသလို.ဖြစ်နေပြီကိုး.။မိုးရိပ်ကို..မကြည်ပေါက်နဲ့ကြည့်လာပြီး..
""မြင့်မြတ်လှတဲ့..သခင်လေး...ဟော့ဒီက..ရွံ့ရှာစရာ.gayလေးကိုဘဲ.စိုက်ကြည့်မနေနဲ့..ဟိုလူတွေကြားလဲ..သွားကဦးလေ...""
""ဘာလဲ..မင်းက.ငါ့ကတာကိုကြည့်ချင်လို့လား..""
မိုးရိပ်..နွေချို.မျက်နှာနားတိုးကပ်ပြီး..ပြောလိုက်တော့.
""ဟိုး...ဟိုး..ခပ်ဝေးဝေးက.ပြောလည်း.ရပါတယ်..နမ်းမှလည်း မဟုတ်ဘဲနဲ့..မျက်နှာကြီးက..ဘာဖြစ်လို့.ကပ်လာရတာလဲ..""
နွေချို..ကိုယ်လေးကိုနောက်သို့..ယိမ်းလိုက်ပြီး.ဆိုလိုက်၏။နွေချိုစကားကြောင့်.မိုးရိပ်ရင်.ထဲ..ကလိကလိဖြစ်သွားကာ..
""ဘာလဲ..မင်းက.အနမ်းခံချင်နေတာလား..."
.နွေချို..နုတ်ခမ်း​နဲ့သူနုတ်ခမ်း.ထိကပ်လုနီးပါးဖြစ်အောင်.တိုးကပ်လိုက်ပြီးဆိုလိုက်၏။နွေချို.ခနဲ့တဲ့တဲ့.အပြုံးတစ်ချက်..ခြွေလိုက်ပြီး..မိုးရိပ်ပါးနှစ်ဘက်ကို.သူလက်နှစ်ဘက်နဲ့ထိန်းကိုင်ပြီး..နုတ်ခမ်းကို.ထိတယ်ဆိုရုံလေး.ဖိနမ်းလိုက်၏။ရုတ်တရက်.ဆိုတော့.မိုးရိပ်ကြောင်ပြီး.မျက်ဝန်းအစုံဟာလဲ.ပြူးကျယ်လို့သွားလေသည်။
""အဟင်း...လေကြီးလေကျယ်..တွေဆိုတတ်တဲ့..​သခင်လေးရဲ့နုတ်ခမ်းကို.ချိုလိမ့်မယ်.ထင်ထားတာ..ထင်ထားသလောက်လဲမချိုဘူး..""
""ဘာ...""
နွေချို.စကားကြောင့်.မိုးရိပ်တစ်ယောက်..အနာပေါ်တုတ်ကျသွားသလို.ခံစားလိုက်ရ၏။သူမှာတော့.ရုတ်တရက်.အနမ်းခံလိုက်ရလို့.ရင်တွေအဆမတန်ခုန်နေပါတယ်ဆိုမှ..ခနဲ့တဲ့တဲ့ ..ဆိုလာသည့် စကားကြောင့်..မိုးရိပ်တစ်ယောက်.ရင်ထဲအောင့်သက်သွားရလေသည်။
မိုးရိပ် နွေချိုကိုပြန်ပြီးရန်လုပ်ဖို့ရန် ဟန်ပြင်လိုက်​တော့..
    ""အဟင်း.ပျင်းနေပြီလား.ရိပ်.""
စွဲမက်ရှင်တို့ ပြန်ရောက်လာတာကြောင့်..မပြောဖြစ်လိုက်တော့ပေ..။
""ကိုဇေ...ဝိုင်ရော...ဝိုင်ဘယ်မှာလဲ.""
နွေချိုမေးလိုက်တော့.မိုးရိပ်.မျက်မှောင်ကြုပ်လိုက်မိ၏။
""သြော်.အင်း.ဝိုင်တို့လား.သူတို့.ဆိုင်ပြောင်းသွားကြတယ်..""
""ဟင်.ဟုတ်လား..ဘယ်ဆိုင်ကို.ပြောင်းသွားတာလဲ..ဒါနဲ့..ကိုဇေ.ကျွ​န်တော့်ကို လိမ်နေတာတော့မဟုတ်ပါဘူးနော်..""
""လိမ်စရာလား.နွေရဲ့..ကိုယ်က.နွေကိုဘယ်တော့မှ.မလိမ်ပါဘူး..""
ဇေဆိုရင်း..နွေချို.နဖူးပေါ်ကျနေသည့်.ဆံပင်လေးတွေကို.သပ်ပေးလိုက်၏။(စိတ်ကူးယဥ်ပြီးရေးထားတာကြောင့်.စိတ်ကြွဆေးသောက်ပြီးရင်.ဘယ်လိုခံစားရလဲ.ဦးလည်းမသိဘူး..ဒီအတိုင်း.ရေးလိုက်တာနော်..😁)
         နွေချို..တစ်ကိုယ်လုံး..ပူလောင်နေသလိုမျိုး.ခံစားလာရပြီး..တစ်စုံတစ်ခုကိုတောင်းတနေမိ၏။စောစောက..မိုးရိပ်ကို.သူ့ရွဲ့​
ပြီးနမ်းလိုက်ကတည်းက. သူစိတ်တွေကြွနေမိ၏။နေရ.ထိုင်ရ.ခက်ခဲနေရသည့်ကြားတဲ့..ဇေကပါ.သူ့ကို..မထိတထိနဲ့.ကျီစယ်နေပြန်တော့နွေချို.စိတ်တွေထိန်းမရတော့..။
""ဟို..ဟိုလေ..toilet ခဏသွားချင်လို့..toiletက ဘယ်နားမှာလဲ..""
""သြော်..toiletသွားချင်နေတာလားကိုယ်လိုက်ပို့ပေးမယ်..လာ.ထ.""
နွေချို.ထလိုက်တော့..ဇေ.ခတ်ထားသည့်.စိတ်ကြွဆေးအရှိန်ရယ်..အရက်အရှိန်ရယ်ကြောင့်.လူကယိုင်ခနဲ့ဖြစ်သွားပြီး..ဇေ.ရင်ခွင်ထဲကိုမှီလိုက်သလိုဖြစ်သွား၏။မိုးရိပ်.နွေချိုနဲ့ဇေ.ပုံစံကိုကြည့်ပြီး..ရင်ထဲ.တင်းခနဲ့ဖြစ်သွားကာ.ဒေါသမီးတောက်မျက်ဝန်းတစ်စုံနှင့်စူးစိုက်ကြည့်နေမိ၏။
      ဇေ က..သူခတ်ထားတဲ့.ဆေးအစွမ်းပြပြီးဆိုတာကို.သိလိုက်တော့..လှစ်ခနဲ့.ပြုံးလိုက်သည်။အသာနွေချို.ခါးကိုဖက်ထိန်းပြီး.toilet.ဆီကိုခေါ်သွားလေတော့သည်။
❤❤❤
      ""အင်း...အွန်း..ကိုဇေ...ဒါ.ဘာလုပ်တာလဲ..""
toilet ထဲကိုရောက်တော့လူရှင်းနေတာကြောင့်.ဇေ.ခပ်သွက်သွက်ဘဲ.လှုပ်ရှားလာတော့သည်။နွေချိုကိုယ်လေးကို.နံရံမှာ.ဖိကပ်လိုက်ပြီး..နွေချို၏နုတ်ခမ်းရဲရဲလေးတွေကို.စတင်ပြီး.သုံးဆောင်လိုက်တော့၏။ဇေ.၏ရင်ဘတ်ကို.တွန်းထုတ်ဖို့..နွေချို..ကြိုးစားနေပေမယ့်လဲ.အရာမထင်..။ပိုဆိုးနေသည်က..ဇေရဲ့.အထိတွေ့တွေကို.သာယာနေသော.စိတ်..။နွေချို.ထိန်းချုပ်သော်လည်းမရ..။ဆေးကအစွမ်းပြနေလေပြီ.။ပို၍..ပို၍သာ.တပ်မက်လာသည့်..အရိုင်းဆန်သည့်စိတ်တွေက..နွေချို၏အသိစိတ်တွေကို..ချိုးနှိပ်ပစ်လိုက်တော့၏။
         ဇေ၏.အနမ်းတွေကျရောက်လာသည့်နေရာတိုင်းက.ပူလောင်နေပြီး..။
လူကို.မရိုးမရွဖြစ်စေသည်။
""နွေ...နွေ...ကိုယ်နဲ့အတူ..လိုက်ခဲ့မယ်မဟုတ်လား..ကိုယ်.နွေကိုပိုပြီးခံစားရကောင်းအောင်.လုပ်ပေးမယ်လေ..""
နား.နားကပ်ပြီး.ဆိုလာသည့်.ဇေစကား.ကြောင့်.နွေချို.အသိစိတ်တွေ.ပျောက်ဆုံးကုန်လုနီးပါးဖြစ်သွားရ၏။
""ဟင့်အင်း..ဟင့်အင်း...ကိုဇေ..မလုပ်ပါနဲ့တော့..ဖယ်..ဖယ်ပေး.ပါ..""
နွေချို.နောက်ဆုံးချိန်ထိ..အသိစိတ်တို့ကို.ပျောက်မသွားအောင်..ထိန်းချုပ်ရင်း..ဇေ.ကိုယ်ကိုတွန်းထုတ်ပစ်လိုက်၏။ရုတ်တရက်..အသိစိတ်တွေပျောက်သွားအောင်ထိ..စိတ်ကြွလာတာ.သွေးရိုးသားရိုးမှ.ဟုတ်ရဲ့လား..။
         နွေချိုအပြေးအလွှား.အတွေးတွေနဲ့အလုပ်ရှုပ်နေသလို..ဇေကလည်း..နွေချို.၏လည်တိုင်ကျော့ကျော့လေးကို..အငမ်းမရ.နမ်း.ရှိူက်နေ၏။
""ငြင်းဆန်မနေပါနဲ့တော့..နွေ...စိတ်တွေကိုထိန်းချုပ်မထားနဲ့.လွှတ်ချလိုက်တော့...မင်းထိန်းချုပ်ထားနေလဲ.အလကားဘဲ..ဆေးစွမ်းကို.မင်းတောင့်မခံနိူင်ပါဘူး..နွေ...""
""ဘာ.ဘာပြောလိုက်တယ်..ဆေး..ဆေးဟုတ်လား
..ခင်ဗျား.ကျွန်တော့်ကို.ဆေးခတ်လိုက်တာလား...""
နွေချိုရင်ထဲ.ထိတ်ခနဲ့ဖြစ်သွားလေသည်။အမှန်တကယ်..​သူဆေးမိသွားတာလား..။ဆေးအစွမ်းကြောင့်.ထကြွသောင်းကျန်းလာတဲ့.အမှောင်စိတ်တွေကို..သူထိန်းလို့မရတော့. ။အမှန်တကယ်ဘဲ..ဒီလူလက်ထဲမှာ.သူ့ဘဝ.ပျက်ကတော့မှာလား...။တွေးရင်း..နွေချိုရင်ထဲ.ပူလောင်လာပြီး..မျက်ရည်တွေ.တသွင်သွင်စီးကျလာ၏။ထိုအချိန်...
""ဒါ..ဘာလုပ်နေကြတာလဲ...""
ခက်ထန်မာကြောစွာ.ထွက်ပေါ်လာသည်ရင်းနှီးနေသည့်အသံလေးတစ်သံ..။နွေချို.ရင်ထဲလှိုက်ခနဲ့.ပျော်မိသွားသည်။မိုးရိပ်...။
""ဘာလုပ်နေလဲ.ဆိုတာကို..မမြင်ဘူးလား..မိုးရိပ်..ငါတို့ချစ်သူနှစ်ဦး..ရင်ထဲကအချစ်တွေလျှံကျ​လာပြီး..တစ်ယောက်နဲ့တစ်ယောက်နဲ့ချစ်ရည်လူးမလို့လေ...""
ဇေ.စကားကြောင့်..နွေချို...ရင်ထဲထိတ်ခနဲ့ဖြစ်သွားရပြန်၏။
""ဟင့်အင်း...မဟုတ်ဘူး..မိုးရိပ်..ငါ..""
""ရှက်မနေပါနဲ့.နွေရဲ့..မင်းစိတ်တွေအရမ်းထန်​လာလို့.ကိုယ့်ကို.တောင်းဆိုတုန်းက.တောင်းဆိုနေပြီးတော့.လူမိသွားမှ..ရှက်မနေပါနဲ့...""
ဇေက..နွေချို.ကိုယ်လေးကို..တင်းကြပ်နေအောင်ဖက်ရင်းဆိုလိုက်တော့
မိုးရိပ်..ဒေါသတွေ.အထိန်းချုပ်မဲ့စွာပေါက်ကွဲလာတော့၏။
    ဇေရင်ခွင်ထဲ.နွေချိုကိုယ်လေးကို.ဆွဲထုတ်လိုက်ပြီး...ဇေကို.စ်ိတ်ရှိလက်ရှိ.ဆွဲထိုးပစ်လိုက်၏။
""ခွပ်...ခွပ်...""
""မှတ်ထား..ဟေ့ကောင်..မင်း.လူရွေးတာမှားသွားပြီ..နောက်တစ်ခါ.သူ့အနားမှာ..မင်းကိုငါမမြင်ချင်ဘူး...နောက်တစ်ခါဆိုရင်.မင်းအသေဘဲ...တောက်......."
မိုးရိပ် ဇေကို.ကြိမ်းဝါးလိုက်ပြီး.နွေချိုကို.ဆွဲခေါ်လာခဲ့၏။.ဆေးအရှိန်ကြောင့်..နွေချို.လမ်းကိုတောင်.ကောင်းကောင်းမလျှောက်နိုင်တော့ဘဲ..ခွေခနဲ့..လဲကျသွားသည်။
""ဟာ...အရေးထဲ..မင်းကတစ်မှောင့်..""
မိုးရိပ်..အလိုမကျဟန်..ရေရွတ်လိုက်ပြီး.နွေချိုကိုယ်လေးကို.ပွေ့ချီပြီး..ခေါ်လာခဲ့တော့သည်။
❤❤❤
     ကားပေါ်ကိုရောက်တော့..
""မိုး..မိုး.ရိပ်...ငါ့ကို.ဆေးခန်းပို့ပေးပါ...."
တုန်တုန်ယင်ယင်နှင့်ဆိုလာသည့်.​နွေချိုကို..မိုးရိပ်..သုန်မှုန်စွာနဲ့စိုက်ကြည့်လိုက်ပြီး...
""မင်းက.ဘာဖြစ်​နေတာလဲ..ဟိုအကောင်ပြောသလို..စိတ်ထနေတာလား...""
""အင်း....""
မိုးရိပ်.ရွဲ့ပြီးမေးလိုက်သည့်စကားကို..နွေချို.မျက်နှာပူပူနဲ့ခေါင်းညိတ်ပြလိုက်တော့.
""ဘာ..ဘာပြောလိုက်တယ်..""
,"ဖြေးဖြေး.အော်ပါ..ငါ..ငါ့ကို..ဟိုလူ..ဆေးခတ်လိုက်လို့...""
""ဘာ...ဟာ..အဲ့လူယုတ်မာကို.ငါသွားသတ်မယ်.....""
""တော်ပါတော့..မိုးရိပ်.ရာ..ငါတောင်းပန်ပါတယ်.ငါ့ကို.အိမ်ပြန်ပို့ပေးပါတော့နော်..""
""ဟင်..စောစောက.ဆေးခန်းပို့ဆို.""
""ဆေးခန်း..သွားပြရမှာ..ငါ့ရှက်လို့..
အိမ်ကိုဘဲ.ပို့ပေးပါ..""
နွေချို..ရှက်.ရှက်နဲ့.ငိုရှိုက်မိ​နေသလို.ဆေးအရှိန်ကြောင့်.တစ်ကိုယ်လုံးယားယံနေပြီး...ထကြွ​လာသည့်စိတ်ရိုင်း..တွေကို.ထိန်းချုပ်နေရလေသည်။
❤❤❤
        ""ဟင်..မိုး..မိုးရိပ်...ငါ့ကို.အိမ်ပြန်ပို့ပေးပါဆိုမှ..ဘာဖြစ်လို့..မင်းအိမ်ကိုခေါ်လာရတာလဲ..""
""လျှာမရှည်နဲ့..မင်းကိုဒီလို
ပုံစံမျိုးနဲ့..ဟိုအိမ်ကိုပြန်ပို့ပေးမယ်.ထင်နေလို့လား..""
မိုးရိပ်ဆိုပြီး..ကားပေါ်ကနေဆင်းပြီး.နွေချို.ဘက်က.ကားတံခါးကိုဖွင့်လိုက်သည်။ထိုနောက်.နွေချိုကိုယ်လေးကိုပွေ့ချီလိုက်၏။
         မိုးရိပ်..သူ့ကိုပွေ့ချီလိုက်တော့.သူစိတ်တွေလွတ်ထွက်သွားလေသည်။မိုးရိပ်.လည်ပင်း​ကိုသိုင်းဖက်လိုက်ပြီး..မိုးရိပ်.နုတ်ခမ်းလေးကို..နမ်းရှိုက်လိုက်၏။
""ဟာ...ဟေ့ကောင်..စိတ်ကိုထိန်းဦးလေ...""
မိုးရိပ်..လှမ်းဟန့်လိုက်သော်လည်း.နွေချိုမှာတော့.ဆေးအစွမ်းကြောင့်.အသိစိတ်တို့ပျောက်ဆုံး​လို့နေပြီဖြစ်သည်။
       မိုးရိပ်..နွေချိုကိုယ်လေးကိုပွေ့ချီပြီး..အခန်းထဲ.ခေါ်လာသည့်အထိ..နွေချိုမှာတော့.မိုးရိပ်၏လည်တိုင်တွေကို.နမ်းရှိုက်ရင်းလိုက်ပါလာခဲ့၏။
အသာ..အိပ်ရာပေါ်ချပေးလိုက်တော့.လူကို.လွှတ်မပေးဘဲ..အတင်းဖက်တွယ်ရင်း.နမ်းရှိုက်နေပြန်၏။
""ဟာ..ဒီကောင်တော့...ကျစ်...""
မိုးရိပ်..နွေချိုကိုယ်​ကိုအတင်းခွာချပြီး.အိပ်ရာပေါ်.ပစ်လဲပစ်လိုက်ပြီး..
အခန်းထဲက.နေထွက်လာခဲ့၏။
         သို့ပေမယ့် သိပ်မကြာပါ.စိတ်မချတာနဲ့.အခန်း..ထဲ.ပြန်ဝင်လာကြည့်တော့..အိပ်ရာ.ပေါ်လူးလိမ့်နေသည့်.နွေချိုပုံစံကြောင့်..မိုးရိပ်စိတ်တွေထိန်းချုပ်လို့မ​ရတော့ပေ..။ထကြွလာသည့်.စိတ်ရိုင်းတွေကို.မိုးရိပ်လွှတ်ပေးလိုက်တော့သည်။
""ဒီလိုဖြစ်အောင်..မင်းဘက်က.လုပ်နေတာနော်.နွေချို...မင်းမြူဆွယ်..လို့.ငါစိတ်ပါလာတာ..မင်းအပြစ်တွေကြောင့်ဘဲ...""
မိုးရိပ်.ဆိုလိုက်ပြီး..နွေချို..ကိုယ်ပေါ်..အုပ်မိုးလိုက်ပြီး.နွေချို.နုတ်ခမ်းလေးတွေကိုနမ်းရှိုက်လိုက်၏။
          ချိုမြိန်.ပြင်းရှလှသည့်.အနမ်းတစ်ပွင့်.မှာသည်...ရင်ထဲက.ထကြွလာသည့်ချစ်စိတ်တွေနဲ့အတူ..နွေချိုခန္ဓာကိုယ်အနှံ့.အနမ်းရာတွေ.ထင်ကျန်ရစ်အောင်..နမ်းရှိုက်လိုက်ရင်း...
""နွေချို...မင်းက.ငါ့အပိုင်ဖြစ်ကြောင်း​.တံဆိပ်ခတ်လိုက်ပြီ...မင်းကို.ငါပိုင်တယ်...""
🌚🌚🌚
အပိုင်း🍓၁၄🍓မျှော်.. ။ဦးလည်း.ဒီလောက်ထိဘဲမှောင်ပေးနိုင်မယ်ကွယ်
🌚🌚။
                 🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now