အပိုင်း❤၁၇❤

292 14 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၇)🌈
❤❤❤❤❤❤
               ""နွေချို..ကိုယ့်ကို.ထားမသွားပါနဲ့နော်..​ကိုယ်တောင်းပန်ပါတယ်..နွေချို..နွေချို..မသွားပါနဲ့..မသွားပါနဲ့.""
မိုးရိပ်.အိမ်မက်ယောင်ရင်း...ငိုရှိုက်နေလေသည်။
""မိုးရိပ်..မိုးရိပ်..ငါဒီမှာ.ရှိတယ်လေ..မိုးရိပ်..""
နွေချို..မိုးရိပ်ရဲ့ကိုယ်လေးကို
.အသာလှုပ်နိုးရင်း..ပါးပြင်ပေါ်မှာ.မျက်ရည်များနှင့်ရွဲနေလေပြီ..။
""နွေချို..​ကိုယ်.အိမ်မက်ဆိုးတွေ.မက်တယ်..မင်းက.ကိုယ့်ကို.ခွင့်မလွှတ်နိုင်လို့..အဝေးကိုထွက်သွားတယ်တဲ့..ကိုယ်..ကိုယ်......""
""အဲ့ဒါက.အိမ်မက်လေ..အရူးရဲ့..အပြင်မှာ.တကယ်မှ.မဟုတ်တာကို...""
နွေချို.ပြောရင်း.ရှိုက်​ငိုနေမိ၏။
မိုးရိပ်.ကပျာကယာ ထထိုင်လိုက်ပြီး..
""မငိုပါနဲ့..နွေချိုရယ်..ကိုယ်.
တောင်းပန်ပါတယ်...""
မိုးရိပ်..မျက်ရည်တွေကို.သုတ်ပေးလိုက်ပြီး.နွေချိုကိုယ်လေးကို.တင်းကြပ်နေအောင်ဖက်ထားလိုက်၏။
""နွေချိုလေး...ကိုယ့်ရဲ့
.summer(ဆမ်းမား)လေး..ကိုယ့်ကို.ထားမသွားပါနဲ့နော်.ဘယ်လိုအဆိုးတွေနဲ့ဘဲ.ကြုံကြုံ..ကိုယ့်​ရဲ့ဘေးနားမှာ..ရှိနေပေးပါနော်..""
""စိတ်ချပါမိုးရိပ်. ငါ့ရဲ့.Rain(ရိန်း)
လေး..ငါ.တစ်သက်လုံး.မင်းရဲ့ဘေးနားမှာဘဲ..ရှိနေမှာပါ..ချစ်တယ်..Rain(ရိန်း)...""
""ငါလည်း.မင်းလိုပါဘဲ.. summer(ဆမ်းမား)လေး""
မိုးရိပ်ရဲ့..စကားကြောင့်..နွေချို.မချိပြုံးလေးပြုံးလိုက်မိ၏။ဒီလိုအခြေနေမျိုးတောင်.ရောက်နေပြီ..မိုးရိပ်ရယ်..မင်းနုတ်ခမ်းဖျားကနေ..ငါ့ကို.ချစ်တယ်ဆိုတဲ့.စကားကို.ပြောမထွက်သေးပါလား.နော်..။
         အသာ.ပင့်သက်တစ်ချက်ကို ရှိုက်ရင်း..
""ဒါဆို..မင်းက.လူလိမ်ဘဲ..""
ရုတ်တရက်..ကောက်ကာငင်ကာ.ရန်တွေ့စကားဆိုလာသည့်.နွေချိုကြောင့်..မိုးရိပ်..ကြောင်အသွားလေသည်။
""ဟမ်..ဘာကိုပြောချင်တာလဲ..""
""ဘာကိုပြောချင်တာလဲ..ဟုတ်လား..မင်း..ငါ့ကြောင့်.လူပျိုဘဝပျက်သွားပြီဆိုပြီး..ငါ့ဆီကနေ..လျော်ကြေးတောင်းနေတာကို.ပြောတာ...""
""သြော်..အဲ့ဒါက..အဲ့ဒါက..ဘာဘဲဖြစ်ဖြစ်မင်းကြောင့်ဘဲလေ..""
""ဘာ..မင်းကလေ.လူလိမ်တင်မဟုတ်ဘူး..ကလိမ်ကကျစ် ပါကျတတ်သေးတယ်နော်..""
နွေချို..ပြောပြီး မိုးရိပ် ရင်ခွင်ထဲကနေ.အတင်းရုန်းထွက်လိုက်၏။
"""တောင်းပန်ပါတယ်..နွေချို..မင်း.ကိုငါ့အနားမှာ.ရှိနေစေချင်လို့..
တမင်..ကလိမ်ကကျစ်ကျခဲ့တာပါ.
စွဲမက်ရှင်နဲ့.ဖြစ်ခဲ့တဲ့ကိစ္စကလည်း..ငါလုံးဝမသိခဲ့တာ.အမှန်ပါ..အဲတုန်းကအရက်တွေမူးနေလို့..မမှတ်မိတော့ဘူး..ယုံပေးပါနော်..ကိုယ့်ရဲ့summer(ဆမ်းမား)လေး..""
တစ်လုံးချင်း.လေးနက်စွာ.ပြော​နေသည့်..မိုးရိပ်ကို ကြည့်ပြီး..နွေချို..ခပ်ရဲ့ရဲ့လေးပြုံးလိုက်မိသည်။
""အင်း...ဒီ​တ​စ်လောကလုံး.လူတွေအားလုံး..မင်းကိုမယုံကြည်ကြရင်တောင်...ငါကတော့
.အမြဲတမ်း.မင်းကိုယုံကြည်နေမှာပါ..မင်းဘက်ကနေ.
အမြဲတမ်း.ရပ်တည်ပေးသွားမှာပါ...""
နွေချိုဆိုလိုက်တော့.မိုးရိပ်.ရင်ထဲ.နွေးထွေးသွားသလို.ခံစားလိုက်ရ၏။
ဟုတ်တယ်..မိုးရိပ်..ငါအမြဲတမ်း.မင်းကိုဘဲမျက်စိစုံမှိတ်.ယုံကြည်နေမှာပါ..။မင်းငါ့ကို.လိမ်ညာနေတယ်ဆိုရင်တောင်မှ..ငါမင်းကို.ယုံကြည်နေဦးမှာပါ..။မင်းလိုအပ်နေတဲ့အချိန်ထိ..ငါ.မင်းဘေးနားမှာ.ရှိနေပေးမှာပါ..။မင်းမလိုအပ်တော့ဘူးဆိုရင်လည်း..ငါတိတ်တဆိတ်နဲ့.ပျောက်ကွယ်ပေးသွားမှာပါ..မိုးရိပ်..။.ငါမင်းကိုချစ်တယ်..။
❤❤❤
           ""စွဲမက်ရှင်..မင်းဒီကို.ဘာလာလုပ်တာလဲ..သူ့ကို.ဘယ်သူအိမ်ထဲ.ဝင်ခွင့်ပြုလိုက်တာလဲ..""
ဧည့်ခန်းထဲမှာ.အခန့်သားထိုင်နေသည့်.စွဲမက်ရှင်ကို.မြင်လိုက်ရတော့.မိုးရိပ်.ဒေါသတွေထောင်းခနဲ့ထွက်သွားလေသည်။တော်သေးသည်။သူ.နွေချိုကိုပါသူ့အတူ.ခေါ်သွားပေလို့သာ.ဟု.တွေးပြီး.မိုရိပ်.သူ့ဘေးနားက.နွေချိုလက်လေးကိုတင်းနေအောင်.ဆုပ်ကိုင်လိုက်၏။
""သူက.မကြာခင်..ဒီအိမ်ရဲ့အိမ်ကြီးရှင်သခင်မ.ဖြစ်လာတော့သူလေ..ဘယ်သူ့တားမြစ်ရဲမှာလား.."
အသံနဲ့အတူ...ခပ်ချောချော
..မိန်းမကြီးတစ်ဦး..မီးဖိုဆောင်ဘက်ကနေ.ထွက်လာလေသည်။
""မာမီ...မာမီကပါ..ဒီကို..ဘာကိစ္စနဲ့ရောက်နေရတာလဲ..""
""အမယ်လေး..ကိုယ့်သားရင်း..အိမ်ကိုတောင်..အကြောင်းကိစ္စရှိမှ..လာရမှာလား..""
""အဟက်..မာမီကရော..ဘယ်အချိန်တုန်းကများ..သား.ဆိုပြီး..သတိတရနဲ့..ဂရုစိုက်ပေးဖူးလို့လဲ..""
မိုးရိပ်စိတ်ရှုပ်ထွေးစွာ.ဆိုလိုက်တော့..မိုးရိပ်..အမေက..ဟက်ခနဲ့.တစ်ချက်ထရယ်လိုက်ပြီး..
"""တစ်ခါလာလဲ..မင်းက..ဒီအကြောင်းနဲ့ကိုင်ပေါက်နေတော့တာဘဲ.ငါဒီကို.လာတာ..မိဘတစ်ဦးအနေနဲ့.ကိုယ့်သားသမီး.လမ်းကြောင်းမှန်ပေါ်.ရောက်အောင်..လာဆွဲတင်ပေးတာ..မိုးရိပ်..မင်းက.မင်းအဖေလိုဘဲ..မုန်းစရာကောင်းနေပေမယ့်..မင်းအဖေကတော့...တာဝန်ယူလိုစိတ်​အပြည့်ရှိခဲ့တယ်..ငါ..ရှည်ရှည်ဝေးဝေးတွေ..ပြောမနေချင်ဘူးမိုးရိပ်.မင်းလည်း.မကြာခင်..အဖေတစ်ယောက်ဖြစ်လာတော့မှာ....နောက်ပြီး..သမီးလေး.စွဲမက်က..မင်းရဲ့ရင်သွေး​လေး
ကို.လွယ်ထားနေရတာ..မင်းအနေနဲ့ဂရုစိုက်ပေးသင့်တယ်..မင်းဘေးနားက..အဲ့ကောင်စုတ်လေးနားမှာဘဲ.ကပ်မနေနဲ့..""
မိုးရိပ်အမေက.ရှည်လျားစွာ.ပြောလိုက်ပြီးနောက်.မောဟိုက်သည့်ဟန်နှင့်...
""ဟဲ..ဟိုကောင်စုတ်လေး..ငါ့အတွက်..ရေအေးအေးလေးတစ်ခွက်.သွားခပ်ပေးစမ်း..""
နွေချိုကို.လက်ညိုးထိုးပြီး..ခိုင်းလိုက်တာကြောင့်..မိုးရိပ်မျက်နှာ.တင်းမာသွားလေသည်။
"အန်တီမေတင်...ရေတစ်ခွက်.ခပ်လာပေးပါ..""
ထမင်းချက်.ဒေါ်မေတင်ကို.အော်ပြီး.ခိုင်းလိုက်တော့..မိုးရိပ်..အမေက.စိတ်တိုင်းမကျဟန်နှင့်..
""ဟဲ့...ဟိုအကောင်..နင်နားလေးနေလား..ငါကနင့်ကို.ရေတစ်ခွက်သွားခပ်ခိုင်းနေတာလေ...သွားမခပ်သေးဘဲနဲ့..ဘာရပ်လုပ်နေတာလဲ...""
ထိုအချိန်..မီးဖိုချောင်ထဲကနေ..ရေခွက်လေးကိုင်ပြီး..ဒေါ်မေတင်..ထွက်လာလေသည်။
""အဲ့မယ်..မာမီ.သောက်ချင်နေတဲ့.ရေတစ်ခွက်..မဆိုင်တဲ့.လူကို..ပတ်ပြီး.ရမ်းမနေပါနဲ့...""
မိုးရိပ်..ပြောလိုက်တော့..မိုးရိပ်၏အမေ.စိတ်တိုသွားကာ..သူ့ရှေ့.လာချပေးသွားသည့်.ရေခွက်ကို..ကြမ်းပြင်ပေါ်သို့..ပစ်ပေါက်ကွဲလိုက်သည်။
""ခွမ်း...""
​ရေခွက်ကြမ်းပြင်.မိတ်ဆက်သွားသည့်..အသံက..ကျယ်လောင်စွာထွက်ပေါ်သွားပြီးနောက်...
""မိုးရိပ်.နင်တစ်ခုသိထားရမှာက..
နင့်ရဲ့အကောင်ကို..နင့်ဘေးနားမှာထားချင်ရင်..အခိုင်းစေတစ်ယောက်လိုဘဲ..ထားခွင့်.ပြုနိုင်မယ်..
သူ့က..ဘာအရေးမှမပါတဲ့..အခိုင်းစေတစ်ဦးဘဲ...ဟဲ့..ဟိုအကောင်.နင်နားလေးနေလား...ငါ့အတွက်.ရေတစ်ခွက်ခပ်ပေးပြီး..ဒီကြမ်းပြင်ပေါ်က.ဟာတွေကို..ရှင်းလိုက်..""
အမိန့်သံဆန်ဆန်.စေခိုင်းမှုကြောင့်..နွေချို..မီးဖိုချောင်ထဲဝင်မည်အပြု..မိုးရိပ်က..နွေချို.လက်ကိုဆွဲထားလိုက်သည်။
""ဒါ..ဘယ်လဲ..နွေချို..မင်းလုပ်ပေးစရာမလိုဘူး...ဒီမှာ.မာမီ..အိမ်ကြီးရှင်မ.တစ်ယောက်လို.အာဏာရှင်ဆန်ချင်ရင်..ကိုယ့်အိမ်မှာဘဲ..သွားဆန်ပါ..ဒါ..ကျွန်တော်ရဲ့အိမ်..ကျွန်တော်ပိုင်တဲ့.အိမ်...မာမီလာပြီး..ခြယ်လှယ်ချင်သလို..ခြယ်လှယ်လို့မရဘူး..""
မိုးရိပ်က..ပြတ်သားစွာ.တစ်လုံးချင်းပြောလိုက်၏။
""မိုးရိပ်..မင်း...""
မိုးရိပ်အမေ..ဒေါသထွက်သွားကာ..အသားများတဆတ်ဆတ်တုန်လာပြီး..မိုးရိပ်.ပါးကိိုရိုက်ဖို့ရန်.လက်တစ်ဖက်ကို.အမြှောက်..ထိုမြှောက်တက်လာသည့်..လက်ကို..ဦးမာန်ကို.ဖမ်းဆီးဆုပ်ကိုင်လိုက်ပြီး...
""ပစ်ထားတုန်းက..ပစ်ထားပြီးတော့..အခုကျမှ..အမိန့်တွေ..အာဏာတွေ.လာပေးနေတာ.မကောင်းဘူးထင်တယ်..""
         မာသည်လဲမဟုတ်..ပျော့သည်လဲမဟုတ်သော.လေသံနှင့်..ဦးမာန်ဆိုလိုက်သည်။
""တောက်..အခိုင်းစေတစ်ဦးက.အခိုင်းစေတစ်ဦးလိုဘဲ.နေပါ..ရှင့်ကိုယ်ရှင်.ဘာထင်နေတာလဲ..မာန်ခ.""
မိုးရိပ်အမေက..ဦးမာန်ကို.ဒေါသအမျက်ချောင်းချောင်းထနေသည့်..အကြည့်နဲ့.စိုက်ကြည့်လိုက်ပြီး.ဆိုလိုက်တော့..ဦးမာန်က.မခို့တရို့လေး.ပြုံးလိုက်လေသည်။
""ဒီမှာ..ဒေါ်မြကေဇင်..ခင်ဗျားဒီထက်ပိုပြီး..မလွန်လာပါနဲ့...""
မိုးရိပ်အမေကို..ဦးမာန်က.ခင်ဗျားဟု.နာမ်စားသုံးလိုက်တာကြောင့်.မိုးရိပ်အမေအပါဝင်..ကျန်သည့်သူတွေအကုန်လုံး..အံ့အားသင့်သွားရလေ၏။
""ဘာ..ဟဲ့.အကောင်.ကျွန်ပါးဝလို့.နင်လို.အဆင့်မရှိတဲ့ကောင်ကများ..ငါ့ကို..ခင်ဗျားလေး.ဘာလေးနဲ့.""
မိုးရိပ်အမေ အကြီးကျယ်ဒေါသထွက်သွားရသလို.စွဲမက်ရှင်ကလည်း.ဦးမာန်ကို.ရွံ့ရှာသလို.မျက်ဝန်းများနှင့်စိုက်ကြည့်နေလေသည်။
         ဦးမာန်ကတော့..ထိုအရာကိုတွေကို.မမူ့သည့်ပုံမျိုးနှင့်..မိုးရိပ်နဲ့.နွေချိုအနားကို..တိုးကပ်သွားပြီး..
""ခင်ဗျား.မေ့နေတာလား..ဒေါ်မြကေဇင်..ခင်ဗျားနဲ့..ခင်ဗျားရဲ့.ယောက္ခထီး.ဦးမိုးထက်(မိုးရိပ်ရဲ့အဘိုး)တို့နှစ်ယောက်..မိုးရိပ်ကို..မိုးရိပ်အဖေလက်ထဲ.ပါမသွားအောင်.နည်းမျိုးစုံသုံးပြီး..တားဆီးခဲ့ကြတယ်လေ..နောက်ဆုံးတော့..မိုးရိပ်အဖေကို.သူ့သားနဲ့တွေ့ခွင့်မရအောင်ထိ..ဥပဒေနဲ့.လက်တစ်လုံးခြား.လုပ်ခဲ့ပြီး..မိုးရိပ်နဲ့သူ့အဖေကို.ခင်ဗျားတို့ခွဲခဲ့ကြတယ်လေ..
နောက်တော့.မိုးရိပ်လေးကိုလဲ.ခင်ဗျားတို့က.ဂရုမစိုက်ကြဘူး..ငယ်ရွယ်သေးတဲ့.ကလေးလေးတစ်ဦးကို..ဒီလိုအိမ်ကြီးမှာ.တစ်ယောက်တည်း..အဖော်မဲ့စွာနဲ့.ပစ်ထားခဲ့ကြတယ်လေ..ပတ်ဝန်းကျင်က.ဝိုင်းပြီး.ကဲ့ရဲ့ပြောဆိုမှာကို..ကြောက်လို့သာ..ကလေးထိန်းတစ်ဦးငှားပေးထားခဲ့တာလေ..အဲ့တုန်းက..ကလေးထိန်းအသုံးမကျခဲ့လို့..မိုးရိပ်လေး.လှေကားထိပ်ပေါ်က.ပြုတ်ကျပြီး.လက်ကျိုးခဲ့ရသေးတယ်..မိုးရိပ်ရဲ့အဖေက..ခင်​ဗျားတို့အကြောင်းကို..​ကောင်းကောင်းသိနေတော့.သူ့ရဲ့သားကို.စိတ်မချခဲ့ဘူး..
သူ့ရဲ့သူငယ်ချင်းအရင်း​ကြီး
ဖြစ်တဲ့..ကျွန်တော့်ဆီမှာ..အကူညီတောင်းခဲ့လို့..ကျွန်တော်..ခင်ဗျားတို့ဆီမှာ.ကလေးထိန်းအဖြစ်နဲ့.လာရောက်လုပ်ကိုင်ခဲ့တာပါ..""
ရှည်လျားစွာပြောဆိုနေသည့်.ဦးမာန်စကားများကို..အကုန်လုံး.အံ့သြတကြီးနဲ့.နားစိုက်ထောင်နေကြလေသည်။
       ""အဲတုန်းက..ကျွန်တော်.ခင်ဗျားတို့ကို..လက်မှတ်ထိုးခိုင်းခဲ့တဲ့.စာချုပ်တစ်ခုရှိခဲ့တယ်ဆိုတာကိုတော့..ခင်ဗျား.မှတ်မိနေဦးမယ်ထင်ပါတယ်...""
ဦးမာန်..ပြုံးစစလေးနဲ့.မေးလိုက်တော့.မိုးရိပ်အမေက..မျက်မှောင်ကြုပ်လိုက်ပြီး...
""ဘာလဲ..အဲ့တုန်းက.ရှင်လက်မှတ်ထိုးခိုင်းခဲ့တာ..အလုပ်ခန့်တဲ့စာချုပ်.တစ်ခုဘဲ.မဟုတ်ဘူးလား..""
"အဟက်..မဟုတ်ဘူး..အဲ့ဒါ.အလုပ်ခန့်တဲ့စာချုပ်မဟုတ်ဘူး..မိုးရိပ်လေးကို..ကျွန်တော်ရဲ့.မွေးစားသားအဖြစ်..
မွေးစားခွင့်ပြုတဲ့စာချုပ်လေ..""
""ဘာ..""
""ဟင်..""
ဦးမာန်စကားကြောင့်..အခန်းထဲမှာ.ရှိကြတဲ့..လူတွေအကုန်လုံး..ဟာခနဲ့.ဟင်ခနဲ့ဖြစ်သွားရလေသည်။
""ဒါ..ဒါဆိုရင်.ရှင်က..လူလိမ်ဘဲ..""
""အဟက်..လူလိမ်ဟုတ်လား.
..မဟုတ်ပါဘူး..အဲ့တုန်းက..
မိုးရိပ်ရဲ့.အဘွား
..ခင်ဗျား.ယောက္ခမ.ကြီးကိုယ်တိုင်က.သူ့မသေခင်..သူပိုင်တဲ့.ပစ္စည်းတွေကို..မိုးရိပ်နာမည်နဲ့လွဲပေးခဲ့တယ်လေ..သူက..ခင်ဗျားကိုရော..သူ့ရဲ့ယောကျ်ားကိုပါ..မယုံကြည်ခဲ့ဘူး..ရောဂါကြောင့်..အိပ်ရာထဲဗုန်းဗုန်း..လဲနေခဲ့ရလို့သာ..သူ့ရဲ့သားကို.သူကာကွယ်မပေးနိုင်ခဲ့တာပါ.ဒါပေမယ့်...ကျွန်တော့်ကို.တိိတ်တဆိတ်နဲ့ခေါ်တွေ့ပြီး.မိုးရိပ်လေးကို..ကျွန်တော်ဆီမှာမွေးစားခွင့်ပြုပေးခဲ့ပြီး..မိုးရိပ်ရမဲ့..အမွေပစ္စည်းတွေကို..ထိန်းသိမ်းစောင့်ရှောက်ခိုင်းခဲ့တာပါ..အဲ့ဆိုရင်တော့..ခင်ဗျား..သဘောပေါက်သင့်ပြီ.ထင်တာဘဲ..မိုးရိပ်ကို...ဘာလုပ်ပါ.ညာလုပ်ပါဆိုပြီး..ခင်ဗျားဆီမှာ.ပြောပိုင်ခွင့်လုံးဝ.မရှိဘူးလို့..ထင်ပါတယ်..""
ဦးမာန်က..အေးအေးတည်ငြိမ်စွာနဲ့ပြောလိုက်တော့..မိုးရိပ်အမေ..တစ်ယောက်..အရှိူက်တည့်တည့်ကို.လက်သီးနဲ့ထိုးချခံလိုက်ရသလိုမျိုး..ခံစားလိုက်လေသည်။
""ကလိမ်ကကျစ်တွေ..ဒါဆို..ရှင်က..မိုးရိပ်ရဲ့အဖေ.ယောကျ်ားမပီသတဲ့အကောင်နဲ့..သူ့ရဲ့အမေလူမမာ.အဘွားကြီးနဲ့ပေါင်းပြီး..ကျွန်မတို့ကို..မလိမ့်တပတ်လုပ်လိုက်တာပေါ့လေ..ဟုတ်လား..ယုတ်မာလိုက်ကြတာ..အကြံပက်စက်လိုက်ကြတာ..""
မိုးရိပ်အမေက..ဦးမာန်ကို.လက်ညိုးငေါက်ငေါက်ထိုးပြီး..ဆိုသည်။
      စွဲမက်ရှင်လဲ..မျက်စိ.မျက်နှာပျက်ယွင်းသွားကာ..အံ့ကိုတင်းတင်းကြိတ်လိုက်ပြီး...
""ထားလိုက်ပါတော့..ဦးမာန်..ကျွန်မကိုရော..ဘယ်လိုလုပ်ပေးမှာလဲ..ကျွန်မဗိုက်ထဲက..အပြစ်မရှိတဲ့ကလေးကိုရော..ဘယ်လိုလုပ်ပေးကြမှာလဲ..""
စွဲမက်ရှင်က..ဦးမာန်ကိုရော.မိုး​ရိပ်ကိုပါ.စူးစိုက်ကြည့်ပြီး.ပြောလာလေသည်။
""စိတ်အေးအေးထားပါ..ကလေးမ.မင်းအတွက်.မနစ်နာအောင်..ဦးစီစဥ်ပေးပါ့မယ်. ""
""ရပါတယ်..ကျွန်မက..ကျွန်မအတွက်.မပူပါဘူး..ကျွန်မ.ဗိုက်ထဲက..ကလေးလေး..အတွက်ဘဲ.ပူတာပါ...ဒီမှာရိပ်..စွဲမက်ကိုလက်ထပ်ပေးပါ..စွဲမက်ဗိုက်ထဲက..ကလေးလေးရဲ့..တရားဝင်အဖေအဖြစ်.အမည်ခံပေးပါ..ရိပ်နဲ့နွေချိုကို..စွဲမက်မခွဲပါဘူး..အချိန်အတိုင်းတာလေးတစ်ခုထိ.ဘဲ..စွဲမက်.ရဲ့ခင်ပွန်းအဖြစ်တည်ရှ်ိနေပေးဖို့ကိုဘဲ..စွဲမက်က.တောင်းဆိုနေတာပါ..အချိန်တန်ရင်..စွဲမက်လေ ရိပ်ကို..ကွာရှင်းပေးမှာပါ..ရိပ်ရယ်.စွဲမက်ဗိုက်ထဲက..ရိပ်ရဲ့.ရင်သွေးလေးကို..နည်းနည်းလောက်လေးဘဲဖြစ်ဖြစ်.ငဲ့ညှာပေးပါနော်..""
စွဲမက်ရှင်က.မျက်ရည်လည်ရွဲ..
ပြောဆိုလိုက်တော့..မိုးရိပ်..တွေဝေသွားလေသည်။ထိုအတူ..နွေချိုရင်ထဲ၌လည်း.စိတ်မကောင်းဖြစ်သွားရချေ၏။ဂရုဏာသက်​သည့်.မျက်ဝန်းများနှင့်..စွဲမက်ရှင်ကို.ငေးစိုက်ကြည့်နေမိ၏။
""ဒီမှာ..သမီး.စွဲမက်ရှင်..သားမိုးရိပ်ကို..စဥ်းစားချိန်လေးတော့.ပေးပါဦးလားကွယ်.အခုတော့..ဒေါ်မြကေဇင်နဲ့အတူ..ပြန်လိုက်ကြပါဦး..""
ဦးမာန်က..ထိုသို့ပြောလိုက်တော့..မိုးရိပ်အမေ..မျက်နှာက.တင်းမာသွားသလို..စွဲမက်ရှင်၏မျက်နှာသည်လည်း..တစ်ချက်မျှ.မဲ့ကျသွားလေသည်။သို့ပေမယ့်..ဟန်ဆောင်ကောင်းသူပီပီ.ချက်ချင်း.မျက်နှာငယ်လေးအသွင်ပြောင်းလိုက်ပြီး..
""ဟုတ်ကဲ့ပါ...ဦးမာန်..အမေ..သမီးတို့သွားကြရအောင်နော်..""
ဆိုပြီး.မိုးရိပ်အမေ.လက်ကိုဆွဲပြီး.ထိုနေရာကနေ.ထွက်လာခဲ့လေတော့၏။
❤❤❤❤
အပိုင်း🍓၁၈🍓ဆက်ဖတ်ပါလို့😁😁😁။
        🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now