အပိုင်း❤၅❤

319 14 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၅)🌈
❤❤❤❤❤❤
   ပါးပြင်ပေါ် ပေါက်ခနဲ့ ကျဆင်းလာသည့်.မျက်ရည်တစ်စက်ကို.လက်နဲ့အသာ.သုတ်လိုက်ရင်း..အောက်နုတ်ခမ်းလေးကိုဖိကိုက်ထားနေမိတော့၏။
💜💜💜
     အပြင်မှာ မိုးတွေသည်းထန်အောင်ရွာနေသည့်.နေ့တစ်နေ့.။မိုးရိပ်ကတော့..သူ့အမေ.နေမကောင်းဘူးဆိုလို့..သတင်းသွားမေးနေ​လေရဲ့။..နွေချိုတစ်ယောက်တည်း.ပျင်းပျင်းနဲ့.ဧည့်ခန်းထဲကဆိုဖာပေါ်မှာ.ထိုင်ရင်း..ရုပ်ရှင်ကြည့်နေ၏။ထိုအချိန်.ပေါ်တီကိုအောက်သို့.ထိုးရပ်လာသည့်ကားနီလေးတစ်စင်း.။နွေချိုတစ်ချက်မျှ လှမ်းကြည့်လိုက်တော့..ကားပေါ်ကနေ..ဆင်းလာသည့်စွဲမက်ရှင်တစ်ယောက်..ကပျာကယာ..ဧည့်ခန်းထဲပြေးဝင်လာ၏.။စီးထားသည့်.​ဒေါက်ဖိနပ်နဲ့.ကြမ်းပြင်.မိတ်ဆက်သည့်.အသံတညံညံနှင့်..နွေချိုအနားကိုရောက်လာခဲ့၏။
""ဟဲ..ရိပ်ရှိလား..""
""မိုးရိပ်လား..မရှိဘူး..သူ့အမေ.နေမကောင်းလို့..သတင်းသွားမေးတယ်.""
နွေချို.မာသည်လဲမဟုတ်..ပျော့သည်လည်းမဟုတ်သော.ပုံမှန်လေသံနှင့်.ပြန်ဖြေလိုက်သည်။ဒါကို.စွဲမက်ရှင်က.သဘောမကျဟန်နှင့်.
""ဟဲ့အကောင်..ငါ့ဘယ်သူလဲဆိုတာကို.နင့်မသိဘူးလား..ငါ့ကိုများ.ဒီလိုလေသံမျိုးနဲ့.ပြန်ပြောရဲတယ်နော်..""
""ဘာ..ဒီမှာ..မစွဲမက်ရှင်.ကျွန်တော်က.ဒီလိုလေသံမျိုးနဲ့.ပြန်မဖြေလို့.ဘယ်
လိုလေသံမျိုးနဲ့ ပြန်ဖြေရမှာလဲ.ပြော.""
နွေချို.စိတ်ပေါက်.ပေါက်နဲ့.ပြန်မေးလိုက်တော့.စွဲမက်ရှင်.ရှုးရှုးရှဲရှဲဖြစ်သွားကာ..
""အမယ်လေး..အမယ်လေး..ဟဲ့..နင့်ငါ့ကို.ဘယ်လိုပြန်ပြောလိုက်တာလဲ..ဟဲ့အကောင်..ကျွန်က.ကျွန်လိုနေဟဲ့. ကိုယ့်ရဲ့သခင်ကိုများ.ပြူးပြဲပြီး..ရန်ပြန်ခံတွေ့နေရအောင်..နင့်ကိုယ်နင့်ဘာထင်နေသလဲ...""
စွဲမက်ရှင်ရဲ့.ရင့်ရင့်သီးသီးစကားများကြောင့်.နွေချို.ထောင်းခနဲ့.ဒေါသထွက်သွားကာ..
""အဲ့..စကားက.ငါ့ကနင့်ကိုမေးရမှာ.မဟုတ်ဘူးလား..ကျက်သ​တုံးမရဲ့..""
""ဘာ..ဘာ..နင်.ငါ့ကို.ဘယ်လိုခေါ်လိုက်တယ်. ""
""ကြားတဲ့အတိုင်းဘဲလေ..ကျက်သတုံးမ.လို့ခေါ်လိုက်တာ..နင့်နားလေးနေလား...""
""အမယ်လေး..ကျွန်စုတ်က.ကျွန်ပါးဝနေလိုက်တာ..နင့်.ထမင်းအိုးကွဲပြီးလို့သာ.မှတ်လိုက်တော့.ဟဲ့ .ကျွန်ကောင်အစုတ်ပလုတ်ရဲ့..""
""ဘာ..ငါ့ထမင်းအိုးကွဲမယ်.ဟုတ်လား..ကွဲတော့လည်း
.ပေါင်းအိုးအသစ်ဝယ်လိုက်ရုံပေါ့ ..
ဘာများခက်တာမှတ်လို့..""
""နင့်..နင်.ကျွန်ပါးဝတဲ့ကောင်.ငါ့က..နင့်သခင်ရဲ့..ချစ်သူနော်..""
""အင်းလေ..ချစ်သူဖြစ်တော့ရော..ငါက.ဘာလုပ်ရမှာလဲ.""
""ကျွန်ကောင်..အစုတ်ပျက်..ငါကတစ်ချိန်ကျရင်..နင့်.သခင်ရဲ့.သခင်ကတော်.ဖြစ်လာမဲ့သူဟဲ့...ကျွန်စုတ်ကများ.ကျွန်ပါးဝလို့..ကိုယ့်အဆင့်ကိုယ် မသိတဲ့အကောင်.ကဲဟာ..""
စွဲမင်ရှင်..နွေချိုရဲ့ပါးပြင်ကိုရိုက်လိုက်ပေမယ့်..နွေချိုက..ဆတ်ခနဲ့.စွဲမက်ရှင်ရဲ့.လက်ကိုဖမ်းဆွဲလိုက်၏။
""ဟဲ.ကျွန်ကောင်..အစုတ်ပျက်..နင့်ရဲ.ညစ်ပတ်နေတဲ့..လက်နဲ့..ငါ့အသားကိုမထိနဲ့.ရွံ့တယ်. ""
""သြော်..အေး..ဟုတ်သားဘဲ..နင် ရွံ့သင့်တယ်..ကျက်သရေတုံးမရဲ့..ငါ.စောစောကမှ..အိမ်သာတက်လာတာ..လက်ဆေးဖို့လည်း.မေ့​သွားသေးတယ်..အဟက်.""
နွေချို..စွဲမက်ရှင်ရဲ့.လက်ကိုလွှတ်ပေးလိုက်ပြီး..ပြောင်ချော်ချော်.မျက်​နှာပေးလေးနဲ့.စွဲမက်ရှင်ရဲ့လက်ကို.ဖမ်းကိုင်လိုက်တဲ့..သူ့လက်ကို.သူ.နမ်းရှိူက်ရင်း..
""ဟီး..ဟီး..အနံ့လေး.နည်းနည်းလေးဘဲ.ထွက်တာပါ..ဟေ့ ကျက်သရေတုံးမ..နင်မယုံရင်.နမ်းကြည့်ပါလား.""
ဆိုပြီး..စွဲမက်ရှင်.မျက်နှာ​နားထိုးပေးလိုက်တော့..
""ဝေါ့...ဝေါ့...ကျွန်ကောင်.အစုတ်ပျက်.နင်.လက်ညစ်ပတ်ကြီးကို..ငါ့မျက်နှာကနေ..ဖယ်စမ်း..ကျွန်ကောင်...ဝေါ့..""
သူ့အတွေးနဲ့သူ..​ထိုးပြီး.အော့အန်နေသည့်.စွဲမက်ရှင်ကို.ကြည့်ရင်း.နွေချို.ပြီတီတီ.မျက်နှားဘေးလေးနဲ့..
""ဟေ့..ဟေ့.ကျက်သတုံးမ..နင်အန်ချင်ရင်..အိမ်သာထဲသွားအန်..သူများ.အိမ်.ညစ်ပတ်မယ်..ငါ့က.ရွံ့တတ်တယ် ""
""ကျွန်ကောင်..နင်.အရမ်းလွန်လာနေပြီနော်..""
""ဒီမှာ..ကျက်သတုံးမရဲ့...နင်က.မင်းတုန်းမင်းခေတ်က.လက်ကျန်ကြီးမို့..ပါးစပ်ကနေ..ကျွန်တွေ.သခင်တွေ.လာပြောနေတာလား..ငါတို့ရောက်နေတာ..ကျွန်ခေတ်တွေ..သခင်ခေတ်တွေမဟုတ်တော့ဘူး..အင်တာနက်ခေတ်..ကမ္ဘာကြီးကရွာတစ်ရွာဖြစ်သွားပြီဆိုတဲ့ခေတ်.ဆိုရှယ်.မီဒီယာခေတ်ရောက်နေပြီ..သိရဲ့လား.""
နဂိုကမှ.စွဲမက်ရှင်ကို.အမြင်မကြည်တာနဲ.နွေချို..ပါးစပ်ထဲရှိရာ..ပြောပြီး.ရန်ပြန်ခံတွေ့လိုက်၏။
""ကျွန်ပါးဝတဲ့အကောင်က.ငါ့ကိုများ..ဒီလိုမျိုး.ပြန်ခံပြီးပြောရဲတယ်ပေါ့..""
""ဖြန်း..""
""အ..""
စွဲမက်ရှင်က..နွေချို.မျက်နှာကို.အလစ်မှာ.ဖြတ်ရိုက်လိုက်တာကြောင့်.နွေချို.ဘယ်ဘက်ပါးလေး.ပူထူသွားရလေသည်။
""ဘာတွေဖြစ်နေကြတာလဲ..!!!""
ထိုအချိန်..အချိန်ကိုက်..မိုးရိပ်ရောက်လာခဲ့လေသည်။
""အဟင်..ဟင့်..ရိပ်.သိလား..ရိပ်အိမ်က.အလုပ်သမားက..စွဲမက်ကို.စော်ကား​တယ်..ရိပ်ရဲ့..အဟင့်..ဟင့်.စွဲမက်မကျေနပ်ဘူး..စွဲမက်ကျေနပ်အောင်..အဲ့ကျွန်ကောင်ကို..ရိပ်ဆုံးမ.ပေးပါနော်..အဟင့်.ဟင့်.""
စွဲမက်ရှင်က.မူယာမာယာနဲ့.မိုးရိပ်အနားကိုတိုးကပ်ပြီး..ပလီပလာပြောလိုက်တော့.နွေချို.အံ့သြသွားရလေသည်။ဘယ်လောက်တောင်.မူယာမာယာများလိုက်တဲ့မိန်းမလည်း..။စောစောကတော့..ရန်တွေ့နေလိုက်တာ..စျေးတန်းထဲက..ငါးစိမ်းသည်ကြီးလိုဘဲ. ။
     နွေချို.မိုးရိပ်မျက်နှာကို.ဖျတ်ခနဲ့.ကြည့်လိုက်တော့..မိုးရိပ်မျက်နှာပေါ်မှာ.ဖြတ်ပြေးနေသည့်. ဒေါသရိပ်တွေကိုမြင်လိုက်ရတော့..နွေချို.ရင်ထဲအောင့်သွားသလို..။ဟုတ်မှာပေါ့. ။နွေချိုက..သူ့ရဲ့ချစ်သူကို..ရစရာမရှိအောင်.ပြန်ခံပြီး.ပြောနေတဲ့သူဆိုတော့  ။ဟို.ကျက်သတုံးမ.ပြောသလို..နွေချိုက ဒီအိမ်မှာ ကျွန်ဘဲလေ..။နွေချို.​ကိုယ့်အတွေးနဲ့ကိုယ် ဝမ်းနည်းလာပြီးမျက်ရည်တွေရစ်ဝဲလို့လာခဲ့၏။
     နွေချိုအနားကို.တိုးကပ်သွားသည့် မိုးရိပ်ကိုကြည့်ရင်း..စွဲမက်ရှင် အောင်နိုင်သူလိုမျိုး.ပြုံးနေမိ၏။ဟွန့်..ကိုယ့်နေရာကိုယ်.မသိတဲ့..ကျွန်ကောင်..။နင့်တော့ နာပြီသာ.မှတ်တော့  ။ရိပ်က.ငါ့ကိုအရမ်းချစ်တာ.။ငါ့ကို ဒီလိုမျိုး.လာချိုးတဲ့နင်တော့ .ရိပ်လက်ချက်နဲ့.သေပြီးသာမှတ်..။စွဲမက်ရှင်.ကိုယ့်အတွေးနဲ့ကို.ပြုံးပျော်နေမိ၏။
      မိုးရိပ်.နွေချို.ပါးပြင်လေးကို.အသာ.ဆတ်ခနဲ့.ဆွဲကိုင်လိုက်ပြီး..
""အရမ်းနာသွားလား..နွေချို..""
မိုးရိပ်အသံက ဝမ်းနည်းမှုတွေ.ရောယှက်နေ၏။နွေချို.မထင်မှတ်ထားတာကြောင့်.မိုးရိပ်ကို.အံ့သြတကြီး.ငေး​စိုက်ကြည့်လိုက်၏။ထိုအချိန်.နွေချို.ပါးပြင်ပေါ်.လိမ့်ဆင်းသွားသည့်.မျက်ရည်တစ်စက်ကြောင့်..မိုးရိပ်.ဒေါသတွေအလိပ်လိုက်ဆောင့်တက်သွား၏။
      စွဲမက်ရှင်လည်း..သူမ.ထင်ထားနဲ့တခြားစီ.ပြုမူလိုက်တဲ့..မိုးရိပ်ကြောင့်..တအံ့သြဖြစ်သွားရလေသည်။
""ရိပ်..အဲ့ကျွန်ကောင်က..စွဲမက်ကို..စော်ကားမော်ကား.ဆက်ဆံတယ်.နောက်ပြီး..စွဲမက်ရဲ့.အသားကိုလည်း.သူ့ရဲ့.ညစ်ပတ်တဲ့လက်တွေနဲ့ကိုင်တယ်..အဟင့်.ဟင့်..ရိပ်..အဲ့ကျွန်ပါးဝတဲ့ကောင်ကို.ဆုံးမပေးပါ..""
""တော်လောက်ပြီ.ထင်တယ်..စွဲမက်ရှင်..မင်း.ပါးစပ်ကနေ.ကျွန်ကောင်.ကျွန်ကောင်ဆိုပြီး..သုံးနှုန်းနေတဲ့သူက..ငါ့အချစ်ရဆုံး.သူငယ်ချင်းကွ..ငါတောင်သူ့ကို..ထိခိုက်နာကျင်အောင်.မလုပ်ရက်တာကို..မင်းက.ဘာမို့လို့..သူ့ပါး​ကိုရိုက်ရတာလဲ..ဟမ်..မင်းကိုယ်မင်း.ဘာထင်နေသလဲ..စွဲမက်ရှင်..""
မိုးရိပ်..ဒေါသတကြီးနဲ့..စွဲမက်ရှင်ရဲ့ ပုခုံးနှစ်ဖက်ကို.ခပ်ကြမ်းကြမ်းလှုပ်ရမ်း.ရင်းနဲ့ပြောလိုက်တာပါ..။တစ်ခါမှ.သူမ.ကို.​ဒီလိုခပ်ကြမ်းကြမ်းပုံစံမျိုးနဲ့.မပြောဆိုခဲ့ဖူးတဲ့..မိုးရိပ်က..ဒီလို.အဆင့်တန်းမရှိတဲ့  ကျွန်ကောင်အတွက်နဲ့..သူမ.ကို.အခုလိုဆက်ဆံပြောဆိုနေပြီပေါ့  ။စွဲမက်ရှင်..အောက်နုတ်ခမ်းကိုဖိကိုက်ထားရင်း.နွေချိုကို..မုန်းတီးတဲ့မျက်ဝန်းများနဲ့စိုက်ကြည့်လိုက်သည်။
နင်ကဘာမို့လို့လဲ..။နင်လိုအဆင့်တန်းမရှိတဲ့..ကျွန်ကောင်အတွက်နဲ့..ငါ့ဒီလို.စော်ကားခံနေရတာ.နင့်ကိုမကျေနပ်ဘူး..မကျေနပ်ဘူး..။
   စွဲမက်ရှင်..ပါးပြင်ပေါ်.မျက်ရည်များစီးကျလာတာမြင်တော့မှ..မိုးရိပ်.ဒေါသတွေ.ပြေလျော့သွားကာ..
""Sorry စွဲမက်..ကိုယ်  စိတ်မထိန်းနိုင်သလို.ဖြစ်သွားတယ်..မင်းမှတ်ထားပါ..စွဲမက်..နွေချို..က..ဒီအိမ်ရဲ့အလုပ်သမားမဟုတ်ဘူး..သူက.ကိုယ်တန်ဖိုးထားရတဲ့.ကိုယ့်ရဲ့.အချစ်ဆုံးသူငယ်ချင်း..""
စွဲမက်ရှင်.ပါးပြင်ပေါ်က မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး
""ရပါတယ် ရိပ်ရဲ့.စွဲမက်ဘက်ကလည်း.လွန်သွားပါတယ်..နွေချို.ဟုတ်လား..စောစောက.စွဲမက်ပြောတာလွန်သွားရင်.တောင်းပန်ပါတယ်  ""
ဟန်ဆောင်ကောင်းတဲ့ စွဲမက်ရှင်တစ်ယောက်..အခြေနေတွေကို.ထိန်းလိုက်ပြီး..မိုးရိပ်ကျေနပ်အောင်..နွေချို.ကို.အပေါ်ယံတောင်းပန်ပြလိုက်ပြီး.ထွက်လာခဲ့၏။နွေချို..ငါနင့်ကိုမုန်းတယ်..။ဒီနေ့ဖြစ်ခဲ့တဲ့..အဖြစ်ပျက်တွေရဲ့လျော်ကြေးကို.နင့်တစ်နေ့..ဘဝနဲ့ရင်းပြီးတော့ကို.ပေးဆပ်ရလိမ့်မယ်..။
💜💜💜
""မိုးရိပ်..ငါတောင်းပန်ပါတယ်..""
""ဟင်..မင်းက.ဘာကို..တောင်းပန်နေတာလဲ..""
""စောစောက..မင်းရဲ့ချစ်သူကို.ငါ.ကောင်းကောင်းမွန်မွန်​ပြန်ပြောလိုက်ရမှာ..""
""နွေချို..မင်းမမှားဘူး..စွဲမက်ရှင်က..အရမ်းကို.ဘဝင်မြင့်နေတဲ့.မိန်းကလေးတစ်ဦးလေ..
နောက်ပြီး.သူက..သူများတွေကို..မတူသလိုမတန်သလိုမျိုး.ပြောဆိုဆက်ဆံတတ်သေးတယ်...မင်းသည်းမခံနိုင်တာ..ငါနားလည်တယ်..နွေချို..ဒါပေမယ့်..မင်းပါးရိုက်ခံရတာကိုတော့..ငါမကျေနပ်ဘူး..စွဲမက်ရှင်နေရာမှာ.တခြားသူတစ်ယောက်ဆိုရင်.အဲ့လူကို.ငါတစစီဖြစ်အောင်လုပ်ပစ်မှာ..""
မိုးရိပ်စကားကြောင့်..နွေချို.ရင်ထဲ.နွေးထွေးသွားသလိုမျိုး.ခံစားလိုက်ရ၏။
ထိုအချိန်..စွဲမက်ရှင်.ရိုက်သွားသည့်.ဘယ်ဘက်ပါး​လေးကို.မိုးရိပ်က..ပြွတ်ခနဲ့မည်အောင်.နမ်းရှိုက်လိုက်တာကြောင့်..နွေချို.အံ့အားသင့်သွားကာ..
""ဘာ..ဘာလုပ်တာလဲ..မိုးရိပ်.""
""အဟက်..မင်းကလည်းကွာ..ငယ်ငယ်တုန်းက.မင်းအနာတရ.ဖြစ်တိုင်း..ငါအမြဲတမ်း.အာဘွားပေးနေကျနေလေ..မင်းမေ့နေပြီလား..""
""ဟင့်အင်း.မမေ့ပါဘူး..အဲ့တုန်းက.ငယ်သေးတယ်လေ..အခုက.""
နွေချို.တစ်ကိုယ်လုံး​ရှက်သွေးကြောင့်.ရှိန်းတိန်းဖိန်းတိန်းလေးဖြစ်နေမိ၏။
""အခုက.ဘာဖြစ်နေလို့လဲ..နွေချို.မင်းက.ငါ့အတွက်..ငယ်ငယ်တုန်း
ကရော..ဒီအချိန်ထိရော..ငါ့အရမ်းချစ်ရတဲ့.သူငယ်ချင်းဘဲ..ဥစ္စာ..""
မိုးရိပ်..ထိုသို့ပြောလိုက်တော့..နွေချို.ရင်တွေ.အဆမတန်ခုန်လို့နေ၏။.နွေချိုတစ်ယောက်..သူ့ရင်ခုန်သံတွေကို..မိုးရိပ်ကြားသွားမှာကိုကြောက်မိသည်။မခုန်ပါနဲ့တော့လား..။သူနဲ့ငါက..ဒီဘဝ.တစ်သက်လုံး..သူငယ်ချင်းအဆင့်ကနေ.တက်လို့.မရတော့ဘူးလေ. ။ဒါကို..မင်းက.ဘာကိုမျှော်လင့်နေပြီး..ခုန်နေရတာလဲ.ကွာ..။
💜💜💜
အပိုင်း🍓၆🍓မျှော်..။
                               🍉ညှို့စက်ကွင်း🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now