အပိုင်း❤၄❤

362 16 0
                                    

""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၄)🌈
❤❤❤❤❤❤
        သူ့ရဲ့စူးရှတောက်ပနေတဲ့မျက်ဝန်းနက်နက်လေးတွေကို.မိုးရိပ်ငေးကြည့်နေရင်း...
""နွေချို....!!!!""
""မိုးရိပ်..!!!..မိုးရိပ်လား..""
နွေချို..မျက်လုံးအဝိုင်းသားလေးနဲ့.မိုးရိပ်ကို.ငေးကြည့်နေမိ၏။.၅နှစ်တာအတွင်းမှာ..မယုံကြည်နိုင်လောက်အောင်..ပြောင်းလဲသွားတဲ့.မိုးရိပ်ကို..​နွေချို.ကြောင်အစွာနဲ့.ငေးကြည့်နေမိတယ်..။မိုးရိပ်က..လေးစိုးရဲ့သား..ဟူသော.စကားလေးတစ်ခွန်း.ကို.စိတ်ထဲကနေ.နွေချို.အကြိမ်ကြိမ်ရွတ်ဖတ်နေမိ၏။
လေးစိုးရော..လေးကြိုင်ပါ.နွေချိုနဲ့မိုးရိပ်ကို.အံ့သြမှင်သက်စွာနဲ့.ငေးကြည့်နေကြသည်။မိုးရိပ်ရဲ့မျက်ဝန်းတွေက..ရုတ်ချည်း​..ထိတ်လန့်တုန်လှုပ်မှုတွေနဲ့လွှမ်းခြုံသွားပြီး..။
""မင်းက..ဘယ်လိုဖြစ်ပြီး..ဒီမှာရောက်နေတာလဲ..ဟမ်..သူတို့က.ဘာတွေလဲ.ဆိုတာကို.မင်းမသိဘူးလား..""
နွေချိုကို.ရုတ်တရက်.ငေါက်ငန်းပြောဆိုလာလေသည်။
""ဟမ်...မိုးရိပ်..မင်း..""
""လာ...ငါနဲ့အခုချက်ချင်း.ပြန်လိုက်ခဲ့..""
နွေချို.စကားမဆုံးသေးခင်..​မိုးရိပ်.နွေချိုလက်ကို.အတင်းဆွဲခေါ်သွားလေသည်။
""ဟာ..မိုးရိပ်..မင်းဘာလုပ်တာလဲ..ငါက..ဒီမှာနေပြီး.အလုပ်လုပ်နေတဲ့သူ.""
""ဘာ...မင်းရူးနေသလား..မင်းကို..သူတို့လက်ထဲမှာ.ငါမထားခဲ့နိုင်ဘူး..ငါနဲ့.အခုချက်ချင်းပြန်လိုက်ခဲ့..ဒါဘဲ..""
မိုးရိပ်.အတင်းကြီးကို.နွေချိုအား​ဆွဲခေါ်သွားလေသည်။နွေချို.ယက်ကန်.ယက်ကန်နဲ့.မိုးရိပ်ဆွဲခေါ်ရာနောက်.ပါသွားရင်း..​လေးစိုးနဲ့လေးကြိုင်တို့ကို.အားတုန့်အားနာ.လှမ်းကြည့်လိုက်၏။
   ""မိုးရိပ် မင်း..ဘာဖြစ်နေတာလဲ..လူကြီးတွေကို.အားနာစရာကြီး..""
""ဘာ အားနာစရာမှမလိုဘူး..မင်းကို.သူတို့တွေ ဘာလုပ်သေးလဲ...""
""ဟမ်..မင်းစကားကြီးက ဘာလဲ..""
"ကျစ်..ကြာတယ်..မရှည်နဲ့..လာ.ကားပေါ်တက်..ငါနဲ့လိုက်ခဲ့ဆို..လိုက်ခဲ့..""
မိုးရိပ်၏.တချက်လွှတ်အမိန့်စကားကြောင့်..နွေချို.ဘာမှပြန်မပြောတော့ဘဲ..မိုးရိပ်နောက်ကိုသာ.လိုက်သွားလိုက်၏။
💜💜💜
         ကားပေါ်ရောက်တဲ့အထိ နွေချို.လက်ကို..တင်းကြပ်နေအောင်.မိုးရိပ်ဆုပ်ကိုင်ထားလေသည်။
""မိုးရိပ်...""
""ဟင်..ဘာလဲ..""
""လက်..ငါ့လက်ကိုလွှတ်ပေးဦးလေ.ငါထွက်မပြေးပါဘူးကွ..""
နွေချိုပြောလိုက်တော့..မိုးရိပ်.ရှက်ကိုးရှက်ကန်းနဲ့.လက်လွှတ်ပေးလိုက်သည်။
       ""မိုးရိပ်..မင်းရဲ့အဖေက..""
""တော်တော့..နွေချို..မင်းမေးမဲ့စကားကို.မမေးနဲ့တော့.ငါ့ရဲ့အဖေက..ငါငယ်ငယ်လေးကတည်းက.သေသွားပြီ..""
မိုးရိပ်ကို.ကြည့်ရင်းနွေချို.သက်ပြင်းတစ်ချက်ချလိုက်၏။
""မိုးရိပ်...ဘာဘဲဖြစ်ဖြစ်.ငါ.ပြန်သွားရမယ်လေ..ငါက.သူတို့ဆီမှာနေရင်း.အလုပ်လုပ်နေတာဆိုတော့..""
""ထွက်လိုက်တော့.နွေချို..ငါက..မင်းကို..သူ့တို့ဆီပြန်ပို့ပေးလိမ့်မယ်​လို့..မင်းထင်​နေသလား...ဟင့်အင်း..မင်းပြန်မသွားရတော့ဘူး..ဒီနေ့ကစပြီး..မင်း.ငါနဲ့အတူနေပြီး..ငါ့ဆီမှာ အလုပ်လုပ်ရမယ်..ဒါဘဲ..""
""ဘာ..""
နွေချို.မိုးရိပ်ကို..တအံ့တသြနဲ့..ငေးကြည့်နေမိ၏.။ငယ်ငယ်လေးကတည်းက..မိုးရိပ်ရဲ့.စကားကို.မြေဝယ်မကျနားထောင်လာခဲ့သည့်သူ.ပီပီ..နွေချို..ပြန်လည်ငြင်းဆန်မနေတော့ဘဲ.အသာငြိမ်နေလိုက်လေသည်။
မင်းသဘောဆန္ဒတိုင်း.ဘယ်အရာမဆို.ငါလိုက်လျောမှာပါ..မိုးရိပ်..။
မင်းသာ.ပျော်ရွှင်မယ်ဆိုရင်..ငါလေ..မင်းစိတ်တိုင်းကျ..မင်းခိုင်းရာလုပ်.စေရာမှာနေမဲ့သူ.တစ်ယောက်ပါ..မိုးရိပ်..။
💜💜💜
     ""နွေချို..ကောင်စုတ်. နင်.အတော့်ကို.နေနိုင်တဲ့ကောင်ဟာ..ငါကို.အဆက်သွယ်တောင်မလုပ်ဘူး..""
နှင်းသွေးဝိုင်..နွေချိုအား.ရန်တွေ့ပြီး..နွေချိုပုခုံးတွေကို..လက်သီးဆုပ်နုနုလေး​တွေနဲ့..လိုက်ထိုးနေလေသည်။
""ဝိုင်..ရယ်.ငါ.လည်း.နင့်ကိုလွမ်းပါတယ်..အလုပ်တွေ မအားတာနဲ့.နင့်ကို..မဆက်သွယ်မိတာပါ..စိတ်မဆိုးပါနဲ့..""
""ငါက နင့်ကို စိတ်ဆိုးနေတာမဟုတ်ဘူး..နွေချို..စိတ်ပူနေတာ..သိရဲ့လား..ငါ.နင့်ကို.စိတ်ပူနေတာဟဲ့..ကောင်စုတ်လေးရဲ့..""
နှင်းသွေးဝိုင်.ပြောရင်း.မျက်ရည်များ.ရစ်ဝဲလာကာ..နွေချိုကိုဖက်ရင်း.ငိုကြွေးနေလေတော့သည်။
   ""တော်တော့  ဝိုင်...သိပ်ပြီး.အဖြစ်သည်းပြမနေနဲ့.နောက်ပြီး..နင်အနေထိုင်လည်းဆင်ခြင်ဦး..နွေချိုကို..အရင်တုန်းကလို.နင်ဖက်ချင်တိုင်း.ဖက်လို့မရဘူး..လူမြင်လို့မသင့်တော်တော့ဘူး..""
မိုးရိပ်က..အလိုမကျဟန်နဲ့.ဝင်ပြောလိုက်သည့်စကားကြောင့်.နွေချို..နှင်းသွေးဝိုင်အား...အားနာမိသွား၏။
""အစုတ်ပလုတ်..မိုးရိပ်.စုတ်..နင်ကျတော့..နွေချိုကို.ဖက်ချင်တိုင်းဖက်နေပြီးတော့..ငါကျတော့..လူမြင်လို့မကောင်းဘူးလေး.ဘာလေးနဲ့...ဘာမှ လာမပြောနဲ့..နွေချိုက.ငါ့သူငယ်ချင်း..ငါဖက်ချင်ရင်.ဖက်မှာဘဲ..""
နှင်းသွေးဝိုင်က.ထိုသို့ပြောပြီး..နွေချိုရင်ခွင်ထဲကို.ခေါင်းလေးတိုးဝင်ပြီး.ခါးကိုတင်းကြပ်နေအောင်.ဖက်ပြလိုက်၏။
"နှင်းသွေးဝိုင်..နင်ဟာလေ..အသက်ကြီးလာလေ.အရှက်နည်းလေဘဲ..ကိုယ့်ကိုယ်ကို.မိန်းကလေးဆိုတာကိုလည်း..သတိထားဦး..နင့်ကြောင့်..မိန်းကလေး.သိက္ခာ မကျစေနဲ့..""
""မိုးရိပ်..နင်..နင်ဟာလေ..ငါကိုဆို..အရမ်းပြောတာဘဲ..""
""ပြောမှာဘဲ...နင်ကလေ..ငါဒီလောက်ပြောနေတာတောင်..နင့်ရဲ့လုပ်ရပ်တွေက.တစ်စက်ကလေးမှကို.အချိုးကျတယ်.မရှိဘူး..""
""တော်ပြီ.. ငါပြန်တော့မယ်...ကြာရင်..ငါ့ သိက္ခာတွေတပြားမှတောင်ကျန်မှာမဟုတ်တော့ဘူး..""
""အဟက်..ဝိုင်..နင့်ဆီမှာ..သိက္ခာ ဆိုတာရော..ရှိလို့လား..""
""မိုးရိပ်..နင်..နင်..""
မိုးရိပ်စကားကြောင့်.နှင်းသွေးဝိုင်..ရှုးရှုးရှဲရှဲဖြစ်သွားပြီး..ထွက်သွားလေတော့သည်။
""မိုးရိပ်..မင်းကလည်း..ဝိုင်ကို..အဲ့လောက်ထိ.မပြောပါနဲ့ကွာ...ဝိုင်သနားပါတယ်ကွာ..""
""ဘာ...အဟက်..မင်းကဘာလဲ..နွေချို..နှင်းသွေးဝိုင်ကို..ငါဒီလိုဘဲ.ပြောလာတာလေ..မင်းက.အခုကျမှ..သူ့ဘက်ကနေ.ထနာပြရအောင်..မင်းနဲ့သူက..သူငယ်ချင်းအဆင့်ထက်ကျော်နေကြပြီလား..""
ခနဲ့တဲ့တဲ့ မေးလာသည့်အမေးစကားကြောင့်နွေချို.ခေါင်းကိုခါရမ်းရင်း..
""မိုးရိပ်..မင်းထင်ရာတွေလျှောက်ပြောမနေနဲ့..ငါနဲ့ဝိုင်က.အခုထိ.ရိုးသားဖြူစင်
တဲ့သူငယ်ချင်းတွေဘဲရှိသေးတာကွ..နောက်ပြီး...ငါ.ဝိုင်ကို.သူငယ်ချင်းအဆင့်ထက်ပိုပြီးလည်း.မချစ်ပါဘူး..""
နွေချို..စကားကိုမိုးရိပ်နားထောင်ရင်း.သဘောကျစွာ ပြုံးလိုက်ပြီး..
"""အင်းပါ..ငါပင်ပန်းနေပြီ..သွားနားတော့မယ်..မင်းလည်း.မင်းအခန်းမှာသွားနားတော့..""
💜💜💜
        ""ဟာ..သား.နွေချို..မင်း..ဒါတွေကို.လုပ်စရာမလိုဘူးလေ..""
မနက်စောစောစီးစီး.ကားရေဆေးသည့်.နွေချ်ိုကို..ဦးမာန်.အသည်းသန်တားမြစ်လိုက်၏။
""သြော်..ဦးမာန်ကလည်း..သားက.ဒီအိမ်ရဲ့အလုပ်သမားလေ..အလုပ်သမားဆိုတော့..ဒီအလုပ်တွေကို.လုပ်ရမှာပေါ့..""
""နွေချို..မိုးရိပ်က.. မင်းကို.တကယ်အလုပ်သမားလိုသဘောထားပြီ..ခေါ်လာတာမှမဟုတ်တာ..မင်းကို..မိုးရိပ်က.ဟန်ဆောင်အလုပ်သမားအဖြစ်နဲ့.သူ့အနားမှာခေါ်ထား​ပြီး.စောင့်ရှောက်မလို့လေ..မင်းကို.သူဒီလိုမျိုးမြင်ရင်.သူစိတ်မကောင်းဖြစ်လိမ့်မယ်..""
""ဦးမာန်ပြောတာအမှန်တွေချည်းဘဲ..နွေချို..မင်းက.ငါ့အတွက်.သီးသန့်အလုပ်သမားလေ..မင်း.ငါခိုင်းတာကိုဘဲ.လုပ်ရမှာ..အဲ့လိုအလုပ်တွေလုပ်စရာမလိုဘူး..ထားလိုက်..ကဲ..သွား.အဝတ်စားသွားလဲချည်..ခဏနေရင်ငါနဲ့အတူ.အပြင်သွားမယ်.""
""အပြင်ကိုသွားမယ်..ဟုတ်လား..""
""ဟုတ်တယ်လေ..အဝတ်စားသွားလဲလေ..ဘာပြူးကြည့်နေတာလဲ..""
""မိုးရိပ်..မင်းမနေ့က..ငါ့ကိုဒီအတိုင်းကြီး.ခေါ်ချလိုက်တာလေ..ငါ့အဝတ်စားတွေအကုန်လုံး​..ဟိုမှာ.ကျန်ခဲ့တယ်​..ငါခဏနေရင်..ပြန်သွားယူမလို့ဘဲ..""
""အာ...ဟုတ်သားဘဲ..ငါမေ့နေတာ..မင်းပြန်သွားယူစရာမလိုဘူး..အရင်ဆုံး..ငါအဝတ်စားတွေကို..ခဏယူဝတ်ထားလို့ရတယ်လေ..လာ..""
မိုးရိပ်.နွေချိုလက်ကို.ဆွဲပြီး.သူ့အခန်းထဲ..ခေါ်လာခဲ့၏။
""ကဲ..နွေချို.အရင်ဦးဆုံး.ရေသွားချိုးလိုက်.ငါ.မင်းအတွက်..အဝတ်စား.ထုတ်ထားပေးမယ်..""
""အင်း..""
နွေချို.အူလည်လည်လေးနဲ့..ခေါင်းကုတ်ရင်း.ရေချိုးခန်းထဲဝင်သွားလေသည်။
    ရေချိုးပြီးလို့.ရေချိုးခန်းထဲက.နွေချိုထွက်အလာ..
""ရော့..ဒီမှာ.မင်းဝတ်ဖို့အတွက်.အဝတ်စားတွေ...""
အခန်းထဲမှာ.မိုးရိပ်မရှိလောက်တော့ဘူး.အထင်နဲ့..အောက်ပိုင်းကို.တဘက်လေးတစ်ထည်နဲ့သာ.ပတ်ပြီးထွက်အလာ..စီးကြိုပြီး.မိုးရိပ်ကထိုသို့ပြော
လိုက်တော့. ။နွေချို.မျက်နှာတစ်ခုလုံး.ရဲတက်သွားကာ..မလုံမလဲ.ကိုယ်ရင်ဘတ်ကို ကိုယ်..လက်နဲ့ကာထားလိုက်မိသည်။
""မင်းကလည်း..သူငယ်ချင်း
.အချင်းချင်း.လာရှက်နေသေးတယ်...ရော့..ဒီမှာ..underpants(အတွင်းခံ.)အသစ်နော်.မဝတ်ရသေးဘူးရယ်..""
မိုးရိပ်က.underpants (အတွင်းခံ)..အနက်ရောင်လေးကို.မြှောက်ပြရင်း.ပြောနေတာကြောင့်.နွေချို..တစ်ကိုယ်လုံး.ထူပူသွားကာ..ဆတ်ခနဲ့..ဆွဲလုလိုက်ရင်း..
""အင်း..ဟုတ်ပါပြီ..ကိုယ်တော်ချောရယ်..ငါ့အဝတ်စားလဲမလို့..မင်းအခန်းထဲကနေ..ခဏထွက်ပေးဦး..""
,""နွေချို..မင်းကလည်း.ယောကျ်ားလေးအချင်းချင်း..ရှက်စရာလား..""
မိုးရိပ်..နွေချို.ကိုသေချာစိုက်ကြည့်ရင်း..ခါးမှာပတ်ထားတဲ့.တဘက်လေးဆီသို့.လက်လှမ်းလာကြောင့်..
""မိုးရိပ်..မင်း.မစ.နဲ့တော့..""
""အဟား..ဟား..ဟုတ်ပါပြီ..ကွာ..""
မိုးရိပ်.သဘောကျစွာနဲ့ရယ်မောပြီး.ထွက်သွားလေတော့သည်။
မိုးရိပ်.ထွက်သွားမှဘဲ..နွေချို..သက်ပြင်းချနိုင်တော့သည်.။
        နွေချိုက..မိမိကိုယ့်ကိုယ်.gayဟုခံယူထားပြီးပြီ.ဖြစ်သည်။.သူ.မိုးရိပ်ကို.စ​ပြီးချစ်နေကတည်းက..သူဟာ.gayဖြစ်နေကြောင်းကို.လက်ခံခဲ့တာပါ..။အခုချိန်မှာ gayဆိုရင်..အရမ်းမုန်းတီးနေတဲ့..မိုးရိပ်ကြောင့်..နွေချို.အစစအရာရာ.အနေထိုင်ဆင်ခြင်သင့်ပြီလေ..။အကယ်၍များ..။အကယ်၍များ..နွေချို.gayဖြစ်နေကြောင်းကိုသာ..မိုးရိပ်သိသွားခဲ့ပါရင်..။
💜💜💜
        ""ရော့..နွေချို..""
ဆိုပြီး..သော့တွဲလေးတစ်တွဲ..ကို.​လှမ်းပစ်ပေးလိုက်သည့်.မိုးရိပ်ကို..နွေချို.ကြောင်းအအ လေးငေးကြည့်နေမိ၏။
""ဘာကြောင်ကြည့်နေတာလဲ..နွေချို..အဲ့ဒါကားသော့လေ..မင်းကို.ငါ့ရဲ့.ဒရိုင်ဘာအဖြစ်ထားပြီး.ငါသွားလေရာခေါ်သွားမလို့လေ..""
""ဟမ်...မိုးရိပ်..မင်းရူးနေလား..ငါ.ငါမှ.ကားမမောင်းတတ်တာကြီးကို..""
""ငတုံးလေး. မင်းကားမမောင်းတတ်ရင်..သင်ပေးမယ်လေ..လာ..
ငါ.ကိုယ်တိုင်.ကားမောင်းသင်ပေးမှာပေါ့ကွ..""
မိုးရိပ်စကားကြောင့်..နွေချို.ပိုပြီးကြောင်အသွား.ပြူးကြောင်ကြောင်လေးဖြစ်နေလေသည်။
""လာ..ပြူးကြည့်မနေနဲ့.ငါသင်ပေးပါမယ်ဆိုမှ..""
နွေချိုလက်ကို.အတင်းဆွဲလာပြီး.ကားနားခေါ်လာခဲ့လေသည်။ထိုအချိန်.ခြံထဲပြေးဝင်လာသည့်..ကားနီလေးတစ်စင်း.နွေချိုတို့နား.ထိုးရပ်လိုက်ပြီး..ကားပေါ်ကနေ.ခေတ်ဆန်ဆန်ဝတ်စားထားသည့် မိန်းမချောလေးတစ်ဦး..ဆင်းလာလေသည်.။
""ရိပ်...စွဲမက်ကို.လွမ်းနေလားဟင်..""
ခပ်ညုညုလေသံနှင့်ပြောလာပြီး
ထိုမိန်းမချောလေးက.မိုးရိပ်အား.ပြေးဖက်လိုက်ကာ.နွေချို.ရှေ့မှာတင်.. .နုတ်ခမ်းချင်းထိကပ်ပြီး.နမ်းရှိုက်လိုက်တာကြောင့်..နွေချို.အံ့အားသင့်သွားရလေသည်.။
     မိုးရိပ်က.ထိုမိန်းမချောအား.အသာတွန်းထုတ်လိုက်ပြီး..
""စွဲမက်...လူရှိနေတယ်ကွ..""
""ဟာ..မသိဘူး..ရိပ်ရာ..စွဲမက်.လေ..ရိပ်ကို.အရမ်းလွမ်းနေတာဘဲ.သိတယ်..ဒါလင်ရယ်..""
ပုံမှန်ထက်.ချွဲနွဲ့ပြီး.ပြောနေသည့်.ထိုစွဲမက်ဆိုသော..မိန်းမချောလေးက..မိုးရိပ်နဲ့.ပတ်သက်မှုတို့မှာ ပုံမှန်မဟုတ်မှန်းနွေချို.ရိပ်မိလိုက်ပြီ.ဖြစ်သည်။ရင်ထဲစူးအောင့်သွားကာ..ဝဲတက်လာသည့်..မျက်ရည်စတို့ကို..နွေချို..မျက်တောင်ရှည်များနှင့်.ပုတ်ထုတ်လိုက်သည်။
""နွေချို..သူက..ငါ့ရဲ့ချစ်သူလေ..နာမည်က..စွဲမက်ရှင်တဲ့..စွဲမက်..သူကတော့..""
""အဟင့်.. ဟင့်..သူဘယ်သူလဲဆိုတာကို..စွဲမက်မသိချင်ဘူးကွာ..ရိပ်..စွဲမက်နဲ့အတူ..လျှောက်လည်ချင်တယ်..အဲ့ဒါ.စွဲမက်နဲ့အတူ..ရိပ်လိုက်ခဲ့ပေး..""
မိုးရိပ်စကားမဆုံးသေးခင်..စွဲမက်ရှင်က.ဖြတ်ပြောလိုက်ပြီး.မိုးရိပ်ရဲ့လက်မောင်းကို..ဆွဲဖက်ထားလေသည်။
""ဟုတ်ပါပြီ စွဲမက်ရယ်...သြော်..နွေချို..နောက်မှဘဲ.ငါကားမောင်းသင်ပေးတော့မယ် အခု..ဦးမာန်သင်ပေးလိမ့်မယ်..ငါ..စွဲမက်နဲ့အတူ..အပြင်ကို.သွားလိုက်ဦးမယ်..ဘိုင်...""
စွဲမက်ရှင်နဲ့အတူ.ထွက်သွားသည့်.မိုးရိပ်ရဲ့ကျောပြင်ကို.နွေချို.ငေးကြည့်ရင်း.ကျန်ခဲ့လေသည်။ရင်ထဲမှာနာကျင်လွန်းလို့.ခံရခက််တယ်..မိုးရိပ်ရယ်..။
ပါးပြင်ပေါ် ပေါက်ခနဲ့ ကျဆင်းလာသည့်.မျက်ရည်တစ်စက်ကို.လက်နဲ့အသာ.သုတ်လိုက်ရင်း..အောက်နုတ်ခမ်းလေးကိုဖိကိုက်ထားနေမိတော့၏။
💜💜💜
အပိုင်း🍓၅🍓မျှော်....
                    🍉ညှို့စက်ကွင်း 🍉

သူငယ်ချင်းချစ်သူWhere stories live. Discover now