Part - 5

15.8K 1.7K 87
                                    

မနက်စာကို မင်းစားသလိုပြင်ပေးလေဆိုသည်ကြောင့်
မနက်စောစောထပြေးတတ်သည့် အကျင့်လည်းရှိနေသည်မို့
ပတ်ဝန်းကျင်လည်းလေ့လာရင်း ဒီအလုပ်လောက်တော့လုပ်ပေးနိုင်ပါသည်ဟုတွေးကာ ခေါင်းငြိမ့်မိခဲ့သည်။
မနက်က လမ်းလျှောက်ထွက်ရင်း အပြန်တွင် သူတို့လမ်းထိပ်၌လည်း ဘာဆိုင်မှမရှိသည်မို့ တစ်ဖက်လမ်းမှ တကူးတကပင်ဝင်ဝယ်ခဲ့ရသည်။

တိုရှည်ဟု​ေခါ်သည့် ကုလားအစားအစာပင်။
ဘာကြီးလဲလို့ ရှင်းပြရရင်တော့ ဘိန်းမုန့်ဆိုသည့် မြန်မာမုန့်အနှစ်ကို ပဲပြုတ်တွေဘာညာ စမာကတာ မထည့်ပဲ လင်ဗန်းလိုပြားနေသည့် ဒန်အိုးအပြားပေါ်တင်၊ ဘိန်းမုန့်မုန့်အနှစ်ကိုထည့် ဝလုံးလေးလိုဝိုင်းနေအောင်ဆွဲ ပြီးရင် အဖုံးနဲ့ခဏအုပ်
ဆီဖြန်း၊ ပြီးလျှင် ခေါက်မုန့်လေးလိုခေါက်ရိုးချိုး။
အဲ့လိုရလာသည့် မုန့်ကို တိုရှည်ဟုခေါ်လေသည်။
ဘိန်းမုန့်ကျ ပဲ​ပြုတ်ဘာညာနဲ့ နှမ်းဖြူးစားရင် အရသာရှိသော်လည်း တိုရှည်ကျ ပလိန်းကြီးပေမို့ ပဲဟင်း၊အာလူးဟင်းတွေကို အိန္ဒိယမဆလာနဲ့ချက်၊ အုန်းနို့ကိုလည်းဘာလဲမသိတာနဲ့ချက်ပြီး ငြုပ်သီးအခြောက်လိုက်ထည့်ထားသော်လည်း ချိုသည်။ တချို့ကျ အချဥ်နဲ့ရောင်းသည်မို့
ပူဆီနံချဥ်၊ သံပုရာချဥ်တွေ ဖြင့်စားကြသည်။
ကျွန်တော်သိပ်ကြိုက်သည့် အစားအစာမို့ မနက်ခင်းကန်ဘောင်တွင် လမ်းလျှောက်တိုင်း ဝယ်နေကြပင်။

'ခုလည်း မင်းစာသလိုပြင်ပေးပေါ့....
ငါတို့က အခု လက်ထပ်ထားကြတာဆိုတော့
ငါ့ကိုဂရုစိုက်ပေးဖို့တာဝန် မင်းမှာရှိတယ်လေ....'

ဆိုသည့်စကားကြောင့် မနက်ခင်းအတွက်အဒေါ်ကြီးတို့ကို ကော်ဖီသာပြင်ခိုင်းပြီး စားနေကြ၊ စားသလိုပြင်ပေးထားသည်။ သိပ်ကိုမှကြိုက်သော ပုစီနံချဥ်တောင် မျက်နှာပန်းလှအောင် သူ့အတွက်များများထည့်ပေးပြီး ကိုယ်ကနည်းနည်းလေးမှ နည်းနည်းလေးယူထားရသည်။
စေတနာကို စော်ကားသူပင်။

"တိုရှည် တောင်မသိတာ ခင်ဗျားက တောသားလား....."

မျက်မှောင်ကြုတ်ကာ ကြည့်ပေးလိုက်သည်ကို မေးငေါ့ကာ မျက်ဝန်းများပြူးလျက်ကြည့်နေသည်က ဘာလဲဆိုသည့်သဘောပင်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now