မနက်ခင်းရုံးသွားချိန်တောင် ညီတစ်ယောက်ပြန်လာတာမတွေ့သေးသည်မို့ သက်ပြင်းယဲ့ယဲ့ချပြီးသာ ရုံးသွားလိုက်ရသည်။ ချော့ချင်သော်လည်း လူကရှိမနေပေ။ ညကလည်း
လက်ကလေးကို ဆေးခြောက်ပြီဆိုတာနဲ့ ထပ်လိမ်းပေးလိုက်
နာလို့ငြီးတဲ့အခါ ကျောလေးပုတ်ပေးလိုက်နဲ့ အလုပ်ကိုတစ်ယောက်တည်းရှုတ်နေရော။ မှေးခနဲဖြစ်သွားလို့ ညီပျောက်သွားသည်မို့ လိုက်ရှာတော့ ဧည့်ခန်းထဲခွေခွေလေးအိပ်နေသည်။ ချီမကာပဲ အခန်းထဲခေါ်လာရသေးသည်။
နာရီကြည့်တော့မနက်၄နာရီ ထိုအချိန်မှသာ မိမိမှာ အိပ်၍ပျော်သွားတော့သည်။ လူကနုံးချိချိနဲ့ ငြီးစိစိကြီးပင်။
အန်တီလေး ရှမ်းခေါက်ဆွဲစားနေသလို အဘွားလည်းဆန်စီးစားနေသည်ကိုတွေ့ရ၏။ ကျွန်တော့်ကိုမြင်တဲ့နှစ်ယောက်လုံးက မခေါ်ပါပဲ မျက်နှာလွှဲသွားသည်။ ညီ လဲမရှိတော့မေးမနေတော့ပါ။ မခေါ်မပြောလဲ နေပေါ့။ကိုဇေက အိမ်မှာ စက် ရှိသည်ဟုဆိုကာ မမကို ချုပ်ခိုင်းမည်ဆိုသည်ကြောင့် ဘောင်းဘီတွေကို ဆိုင်မပို့ပါပဲ ကိုဇေ့အိမ်သို့သယ်ခဲ့လိုက်သည်။ ကိုဉာဏ် အလုပ်သွားလောက်မည့်အချိန်မှပဲ အိမ်ပြန်မည်။ သူ့ကိုမတွေ့ချင်ပါ။ စကားလဲမပြောချင်။ လိုက်ချော့နေမှာကိုသိသည်။ အချော့မခံချင်သေးသည်မို့ ပစ်ထားဦးမည်။
"ညီ....ကိုယ်အလုပ်သွားပြီ...."
"ညီ...စိတ်ဆိုးနေတုန်းလား....."
ပို့လာသည့် စာကိုဖတ်ပြီး နှုတ်ခမ်းရွဲ့လိုက်မိသည်။
စိတ်ဆိုးနေပါတယ်ဆိုတဲ့ လူကို စိတ်ဆိုးနေတုန်းလားဆိုတော့ 'အင်းဟုတ်တယ်'လို့ စာပြန်ပို့ရမှာလား။'အလကား အီးပေါလောကြီး...
ဘလော့ပစ်လိုက်ပြီ အေးရော.....'"ညီ....ဟာလဝါစားမလား...ပဲမုန့်စားမလား.....
ဗိုက်ထဲဆန့်သေးလား....."ပဲမုန့်ဆိုသည်ကြောင့် ရေခဲသေတ္တာထဲကနေ ဗူးလိုက်ထုတ် ပန်းကန်ပြားလေးထဲကိုအစီအရီ တစ်ဗူးလုံးကိုထည့်၊ နွားနို့ကြိုက်သည့်ကလေးကို စတော်ဘယ်ရီအနှစ်လေးရောပြီး
နို့အေးအေးလေးဖျော်ကာယူလာပေးလိုက်သည်။"ဝိုး.....ကိုဇေ့ကို အချစ်ဆုံးပဲ....
စတော်ဘယ်ရီနို့ပါယူလာပေးတယ်....."