မျက်နှာနှစ်ခုထိကပ်ခါနီးမှ မျက်ဝန်းများမှိတ်လိုက်စဥ် ခေါင်းရှောင်ကာ လွှဲချသွားသည့်ကိုကို့ကြောင့် ထင်ထားသလိုမဖြစ်လာပါပဲ အနမ်းလေးတစ်ချက်ပင်မရလိုက်ပေ။
ပခုံးထက်တွင် မေးဖျားတင်လို့ တင်းကြပ်စွာဖက်တွယ်လာသူကို စောင့်ကာ တွန်းလိုက်သည်။ ဆိုဖာကိုမှီလျက်သား အနောက်သို့လန်သွားသည့် ကိုကို့ကို မတ်တပ်ရပ်လျက်အကြည့်စူးစူးတို့ဖြင့် ကြည့်လိုက်မိ၏။"အနမ်းလေးတစ်ချက်တောင်ပေးဖို့ တွန့်တိုနေတာ......"
လက်ကစောင့်ကာ ဆွဲချလိုက်သည့် ကိုကို့ကြောင့် လူက ကိုကို့အပေါ်သို့ပြိုကျသည်။ ထိုစဥ်မှာပဲ ခါးမှကိုင်ကာ တစ်ပတ်လှည့်လိုက်သည့် သူ့ကြောင့် ဆိုဖာနှင့်ကျောကပ်သွားရသည်။ ပြုံးစိစိနဲ့ကြည့်နေသော ကိုကို့ကို မျက်နှာလွှဲလိုက်ပါသည်။ရင်တွေနာလွန်းလို့ တကယ်မကြည့်ချင်သေးပါ။
ဘာတွေဖြစ်နေသည်မသိ အရင်တစ်ချိန်ကအချိုးတွေက ပြောင်းလဲသွားကာ အေးစက်စက်ရေခဲတုန်း၏ အခိုးအငွေ့တို့အား ကိုကို့နှလုံးသားမှ ထွက်လာသလို ခံစားရသည်။'အေးစက်ခြင်းတွေကို ကျွန်တော့်အတွက်ရည်ရွယ်လို့
ကိုကို ဖန်ဆင်းပေးလေပြီလား......'"ဘယ်သူပြောလဲ အနမ်းလေးတောင်မပေးနိုင်ဘူးလို့လေ...."
ပါးပြင်ပေါ်သို့ အနမ်းတစ်ချက် ငယ့်အတွက်ချွေလိုက်စဥ်
ရင်ထဲကတစ်ချက်နာနေသည်။ နှုတ်ခမ်းဖျားကိုနမ်းဖို့အထိ ကျွန်တော်မဝံ့ရဲတော့ချေ။ ငယ့် အပေါ်အကြင်နာပေးဖို့တွေးထားသော်လည်း ရှောင်လွှဲမိသည်။'ငယ့်အပေါ်မယုံကြည်ခြင်း
သံသယတွေထားမိ၍များလား....'"ကိုကို အရမ်းတွေပြောင်းလဲနေပြီသိလား...."
"အရင်လိုပါပဲ ငယ်ရာ...."
...
ခပ်ဟဟပွင့်နေသည့် တံခါးချက်ကြောင့် လက်ဆစ်လေးများချိုးဖို့ပင် ပျင်းရိကာတံခါးမခေါက်တော့ပါပဲ တွန်း၍ဝင်လိုက်စဥ် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြသွားရပြီး ပါးစပ်ပင်မစိနိုင်ပါပဲ ပြောစရာစကားများဆွံ့အရလောက်အောင်ပင်။ ကိုဉာဏ်က အပေါ်ကခွထားလျက် နန္ဒမိုးနေကို နမ်းနေသည်။ မျက်လုံးများပြာဝေကာ ထိုမြင်ကွင်းကပျောက်သွားသလို ရင်ထဲကအောင့်သွားရသည်။
သူ့ချစ်သူနဲ့သူ၊ သူ့ရုံးခန်းထဲမှာ ဘာတတ်နိုင်မှာလဲ ကိုယ်ကမှားပြီး တံခါးမခေါက်မိ။ သို့ပေမယ့် ကိုယ်မဟုတ်ပဲ
အဖွားနဲ့ အန်တီလေးသာဆို ဘယ်လိုလုပ်မည်လဲ။