မြန်မာပလာဇာမှ Pizza Companyတွင်ထိုင်နေရင်း စားပွဲထိုး
လာချပေးသည့် ပီဇာကိုသွားအဖြီးသားနှင့်ကြည့်နေမိသည်။ မုန့်ဝယ်ကျွေးရန် ဖေဖေ့အား ပူဆာလိုက်ချိန် မငြိုမငြင်ခေါင်းငြိမ့်သည်မို့ သားအဖနှစ်ယောက်သား အပြင်ထွက်ကြ၏။
စားချင်တာမှာဟု ပြောလာပါသောကြောင့် မှာချလိုက်ချိန် ၄သောင်းကျော်သွားသည်။ ခပ်ပြုံးပြုံးဖြင့် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန်၅ရွက်ထုတ်ပေးသည့် ဖေဖေဦးဂေါ်လီက ခုတစ်လောအရမ်းကိုသဘောကောင်းနေသည်။"ဖေဖေ့အတွက်..... "
"ငါ့သားကတော်လိုက်တာ... ဒီလိုဆိုင်ကြီးကနားကြီးမှာ
ဘယ်လိုစားသောက်ရတယ်ဆိုတာသိနေပြီ.....""ဖေဖေကတော့ပြောပြန်ပီ....အာ့ကြောင့်ရန်ကုန်လာနေပြောတာပေါ့....နောက်ဆိုနေရာအနှံ့သားက ဖေဖေ့ကိုလိုက်ပို့ပေးမယ်......"
သားအဖနှစ်ယောက်စားသောက်ရယ်မောနေစဥ် ရယ်သံကြားရသည်မို့ကြည့်လိုက်မိရာ ဂျပုမကိုတွေ့ရလေသည်။
"ဟယ် ညီသု....အန်ကယ်ရောပါလား....."
"နင်တို့နှစ်ကောင်တည်း လှိမ့်နေတာလား ဂျပုမ....."
လက်ကျန်ပီဇာကို ပါးစပ်ထဲထည့်ပြီးမော့ကြည့်လိုက်ချိန်...
"ညီ နဲ့ အန်ကယ်လ်....မုန့်လာစားကြတာလား...... "
"က်ိုဇေ....."
သိနေကြတာလားဆိုသည့် ဝက်မစကားမှအစပြုကာ
နောက်ဆုံးကိုဇေနှင့် သူငယ်ချင်းမနှစ်ကောင်ပါ တစ်ဝိုင်းတည်းထိုင်ရင်း စကားပြောဖြစ်ကြသည်။ နောက်ဆုံး ယွန်းမမှီဆိုသည့် ဝက်မလေးရဲ့အကိုတစ်ဝမ်းကွဲမှာ ကိုဇေ ဟုသိလိုက်ရလေသည်။"ညီသုလေ ကိုဇေ မှတ်မိလား.....
ဒုတိယနှစ်လောက်ကလေ..........."ဝက်မဖြစ်သူ သူ၏အကို့အား မေးနေသည်မို့ တွေးနေပါသော ကိုဇေမှာ တော်တော်လေးကို အတိတ်ကိုပြန်လည်တူးဆွနေရသယောင်ပင်။ ကျွန်တော်လည်း ယွန်းမမှီ၏ စကားကိုအံ့သြမိပါသည်။
'ကျွန်တော်တို့ဆုံဖူးလို့လား ကိုဇေ.....'
"အိမ်မှာစာလုပ်ဖို့ပါလာတဲ့ ကတုံးနဲ့ကောင်လေးလေ......"