တံခါးဖွင့်သံကြားသည် သို့သော်လည်း ဘယ်သူ့ကိုမှမျှော်ခွင့်မရှိတဲ့ ကျွန်တော်လှည့်ကြည့်တော့ရော ဘာထူးမွာလဲ။
မေမေခုနလေးတင်ဖုန်းဆက်သည်။ သားညီမလေးစုံညီပွဲလိုက်ပို့နေလို့ အပြန်လာမယ်တဲ့ ဘာစားချင်လဲဟူ၍မေးသည်။ ဖေဖေကလဲ ညကဖုန်းဆက်သည်။ တရုတ်ပြည်ကပွဲတစ်ခုသွားတာ ၂ရက်ကြာမယ်
သားလေးဘာလိုချင်လဲတဲ့။ ကျွန်တော်လိုတာ သူတို့တွေဆိုတာကို သူတို့ ဘာလို့မသိကြပါလိမ့်။ မျက်ရည်တို့ကိုသုတ်ဖယ်ပြီး နံရံဘက်လှည့်လို့ ခွေခွေလေးအိပ်နေရာမှ မလှုပ်မိသေးပေ။ ရေမွှေးနံ့ရသည်။ ကိုကို့ရေမွှေးနံ့ပင်။
သို့သော်မဖြစ်နိုင်ပါ။ညီသု လာတဲ့နေ့က မသက်သက်နဲ့ဆုံဖူးတဲ့အကြောင်းရော၊ မကေသီအကြောင်းပါ ပြောပြသည်။
ကျွန်တော်ယုတ်မာခဲ့သမျှ ညီသုသိသွားသည်မို့ ကိုကို့ ကိုပြောလိုက်ပါလိမ့်မည်။ ကိုကိုကျွန်တော့်ကို တစ်သက်လုံးမုန်းသွားတော့မှာပါ။ ထိန်းမရတော့သော ဝမ်းနည်းခြင်းတွေကို မျက်ရည်အဖြစ်ညှစ်ထုတ်လိုက်သည်။ ရင်တွင်းလေးလံကာ ခံစားနေရခြင်းများ ပြေလိုပါသည်။ ပျော်ချင်ပါသည်။"ညီလေးနန္ဒ......."
ခေါ်လိုက်သည့်အသံအဆုံး ကုတင်တစ်ဖက်ခြမ်းသို့ဘေးစောင်းအိပ်နေသည့်ကောင်လေးက ချက်ခြင်းလှည့်လို့ကြည့်လာလေသည်။
"ကိုက......ကိုသုခ......"
ကိုကိုခေါ်ချင်သော်လည်း သူတောင်ကျွန်တော့်ကို စတွေ့စဉ်ကလို အမည်နာမကိုခေါ်သည်မို့ ကျွန်တော်လဲနှုတ်ကမရဲတော့ပါ။ ပြီးသွားခဲ့ပြီပဲ။ သူရွေးချယ်သွားသည်က တျခားသူ။ ကျွန်တော်က အပ်ပါယျခံ။ ကောင်းကင်နဲ့မြေကြီးလိုပါပဲ
တစ်နေရာအရောက်မှာတော့ ထိစပ်မယ် ထင်ကြသည့်တိုင်
ဆုံမှတ်ကတော့ဝေးဆဲပေ။"အစာအိမ်အောင့်ပြီး ဖ်ားတာဆို....
ကျန်းမာရေးဘာလို့ဂရုမစိုက်တာလဲ........."ကုတင်ဘေးတွင်ရပ်လို့ ဂရုဏာသံနှောကာမေးလာသူကို
ကြည့်လိုက်ပါသည်။"ကျွန်တော့်ဆီဘာလို့လာတာလဲ ကိုသုခ......."
"တောင်းပန်မလို့ပါ....
မင်းအပေါ် ကိုယ်မှားခဲ့သလိုခံစားမိလို့...."