စတေးဟုမ်းမှာ ဉာဏ်သုတို့က ခိုင်းနွားကြီးကိုဖြစ်လို့ပါပဲ။
"ကိုဉာဏ် အဲ့ပန်းအိုးကလေ
ဟိုဘက်မှာသွားထားမှ လှမယ်ထင်တယ်......"လက်ငြိုးအားအောက်နှုတ်ခမ်းပေါ်တင်ကာ ပါးတစ်ဖက်ဖောင်းပြီး ခါးကိုင်းကာခေါင်းငိုက်စိုက်ပြီး အပင်ထည့်ထားသည့် ပန်းအိုးကြီးကိုငေးနေသည့် ဉာဏ်သု အား ကြည့်ကာပြောလိုက်သည့် ညီသုစကားတို့ပင်ဖြစ်သည်။
ခါးအားကိုင်းကာ ဒူးပေါ်သို့လက်ထောက်ပြီး အမောဖြေနေရင်းမှ စကားသံကြောင့် ညီ့အား မော့ကြည့်လိုက်မိတော့သည်။ မျက်လုံးပြူးကာ ပါးစပ်ကိုဟလျက်လေတို့ကိုရှူထုတ်နေရသည်မို့ ထိုအကြည့်တို့က ကဗျာဆန်နေမည်တော့မဟုတ်နိုင်ချေ။ မနက်ခင်း၇နာရီခွဲစဥ်တည်းက
ခြံရှင်းနေရသည်။ သစ်ရွက်တွေကောက်ပြီး ခြံကိုလှည့်ကျင်းရင်း ညီတစ်ယောက်ပန်းပင်စိုက်ထားသည့် ပန်းအိုးများကို ကူရွေ့ပေးဟုဆိုသည်ကြောင့် အချစ်ကလေးရဲ့အလိုကိုလိုက်ကာ အကူအညီပေးဖြစ်သည်။ ယခုဆိုလျှင် ဘောလုံးကွင်းလိုအလှထားသည့် မြက်ခင်းတို့သည် ညီ့ကြောင့် ပန်းပင်များဖြင့် ပြည့်နေတော့သည်။ အဘွားနှင့်တီလေးတို့၏ သစ်ခွပင်တို့အား အကူအညီပေးနေသည့် ခြံစောင့်အဘကြောင့် ညီ့အတွက်တော့ ကျွန်တော်ကူပေးနေမိသည်က တကယ်မှားလေပြီ။"ညီ ဒီပန်းအိုးကိုထားစရာမရှိရင် ဆိုင်ပြန်သွင်းလိုက်တော့
ကိုယ်တကယ် စိတ်ကောက်ချင်လာပြီ.....""အန်....."
မျက်စောင်းထိုးကာ နှုတ်ခမ်းဆူနေသည်က ရည်စားမထားဖူပါပဲ ပထမဆုံးရလာသည့် ရည်းစားကိုပင် စိတ်ကောက်ဖူးသည်ရှိအောင် စိတ်ကောက်နေသည့် အပျိုကြီးလိုပင်
ဉာဏ်သုမှ ဟုတ်လေစ။"ညီ ဒီပန်းအိုးကို ခြံနေရာပြည့်နေပြီလေ နောက်ဆုံးအရင်နေ့ကထားနေကြနေရာပဲ ပြန်ရောက်လာပြီ.....
အာ့ကိုထက်ရွေ့ဦးမယ်ဆိုတော့ .....""အိုဟို....ကျွန်တော့်ယောကျာ်းစိတ်ကောက်သွားပြီ....."
"စိတ်ဆိုးချင်တာပါ...."
"ခုနကပဲ စိတ်ကောက်တာဆို..."
"မှားပြောတာ"
ကျွန်တော့်အားလှည့်ပင်မကြည့်ပါပဲ နှုတ်ခမ်းကြီးစူကာ
တစ်ခွန်းမခံရန်တွေ့နေသည့် ကိုဉာဏ့်ပုံစံသည်က ချစ်စရာကြီးပင်။ နှိပ်စက်မိတာ နည်းနည်းများသွားသည်နေမည်။
တမြင်တကာကို စနောက်ပြီး နေကြာပင်ပေါက်စိုက်ထားသည့်ဘပန်းအိုးအား ခြံအနှံ့သယ်ခိုင်းမိပြီး အချစ်စမ်းမိလေသည်ကို ယောကျာ်းဆိုးကြီးက စိတ်ဆိုးသွားလေသည်။