ရေချိုးခန်းထဲမှထွက်လာတော့ ခေါင်းဖြီးနေသည့် ညီသု က
မှန်ထဲမှနေ ကျွန်တော့်အား စိုက်ကြည့်နေလေသည်။
မျက်လုံးလှန်ကာကြည့်နေပုံကြီးက ကြက်သီးထစရာပင်။
ဆံပင်ဖားလျားပခုံးကျော်ဆံနွယ်တို့ကြား မျက်နှာသေးသေးကပျောက်လျက် မျက်လုံးလှန်ကြည့်နေသူက ဘယ်လိုချစ်ဖို့ကောင်းနိုင်မလဲ ကြောက်ဖို့သာကောင်းသည်။"ကိုဉာဏ်....."
ကျောခိုင်းကာရယ် အဝတ်ခန်းထဲဝင်ရန်ပြင်နေသည်မို့သူ၏အမည်ကိုအော်ကာခေါ်လိုက်သည်။ ရှင်းစရာတွေကရှိသည်။ရင်ထဲမျိုသိပ်ထား၍မရပေ။ ညီသုဆိုတာ ရှင်းစရာရှိ ဒဲ့ရှင်းတတ်ပြီး ရင်ထဲမထားတတ်သူမို့ ယခုတနုတ်နုတ်နဲ့မနေတတ်တော့။ရှင်းမည်။ဒီလူနဲ့အလုပ်ဆက်မလုပ်နိုင်တော့ပေ။
"အင်း မနေနဲ့... ဒီနားခဏလာခဲ့ပါ....
စကားပြောရမယ် ခင်ဗျားနဲ့ကျွန်တော်......"ဘောင်းဘီလဲရန်စဥ်းစားထားသောလည်း ယခုအတိုလည်းအဆင်ပြေသည်လို့သာတွေးပြီး ညီသုခေါ်သည့် အနားသို့သာသွားလိုက်သည်။
"မနက်ကဘာဖြစ်လဲသိလား......."
ခေါင်းခါသည်ကြောင့် မျက်ထောင့်နီနဲ့စောင်းကြည့်ကာ
မျက်စောင်းထိုးပြီး မျက်နှာတစ်ဖက်လွှဲလိုက်သည်။'ဟိုနွားလေးက မပြောပြဘူးလား....'
ဒေါသကိုမြိုချလိုက်ပြီး
ပြောမှသိမည့်လူကိုပြောကိုပြောရမည်။"ခင်ဗျားကောင်လေးတဲ့ ကျွန်တော့်ရုံးကိုလာတယ်....."
မျက်လုံးကြီးပြူးကာလာကြည့်သည်က ကျွန်တော့်မျက်နှာပင် ထိုမျက်လုံးနှစ်ခုပြေးကပ်မလား ထင်ရလောက်သည်။
အံ့သြသွားသည့်ရုပ်ကိုကြည့်ခြင်းဖြင့် သူမသိဘူးပေါ့။'မဖြစ်နိုင်တာ' သူမပြောပဲ ဘယ်လိုသိမလဲ....သူ့ရည်းစားကသူမပြောပဲအကြောင်းစုံမသိနိုင်သလို...ကျွန်တော့်အလုပ်ရုံးကိုလဲ သိနိုင်မည်မဟုတ်ပေ။ ကိုကို ပြောလို့ တို့အကုန်သိပြီးပါပြီဆိုသည့် ဟိုဂေးနာလေးရဲ့စကား။ ရုပ်ကိုက ကြာကူလီရုပ်နဲ့မို့ ကြည့်မရချေ။ အကြည့်တို့ကို တကယ်မကြိုက်ပါ။
ထိုကောင်လေးရဲ့တစ်ဖက်လူကိုကြည့်သည့်အကြည့်တွင်
ဘာတွေရောစပ်နေသည်မသိ။အထင်သေးခံရသလိုလို
ဘာလိုလိုနဲ့ တကယ်မကြိုက်ပါ။