"ညီ...."
ထမင်းခပ်နေစဥ် ခေါ်သံကြောင့်ကြည့်လိုက်မိတော့ ကိုဇေ တစ်ယောက် သူ့ရဲ့ပါးစပ်လေးကိုဟကာ လေပေါ်မြောက်နေသည့် သူ၏လက်ထဲမှာလည်း အကင်တစ်ချောင်းကဝဲပျံနေသည်။
"အာ....ဝက်ပေါင်ခြောက်ကင်...."
ညီသုကဒါတော့လျင်ပါသည်။ ပါးစပ်ကိုတန်းခနဲပင် ပြဲလန်နေအောင်ဟကာ ရှေ့သို့တိုးလျက် အကင်ကိုကိုက်ချလိုက်သည်။ ပေါင်ခြောက်ကင်က စျေးမတရားကြီးသည်မို့ စျေးပင်တစ်ခါတည်းမေးကြည့်လိုက်ပြီး
မျက်စတောင်လှမ်း၍ ထပ်ကာမပစ်တော့ပေ။ လက်တစ်ဝါးစာလေးတစ်ပြားကို ဘယ်လောက်ဆိုလား။
ယခုတော့ကိုဇေ့ကောင်းမှုကြောင့် စားရလေပြီ။တစ်ဖက်သို့ငေးနေရာမှ အသံကြောင့်ကြည့်လိုက်မိတော့
ဟိုလူ ကိုဇေက ညီ့ အား မုန့်ခွံနေလေသည်။ နှစ်ယောက်သားချစ်ကြည်နူးနေပုံမှာ ကျွန်တော့်အားမျက်လုံးထဲရှိတယ်လို့ပင်မထင်သည့် သဘောလား။"အ...ကိုဉာဏ် ဘယ်လိုဖြစ်လို့ အတင်းညှစ်ဖက်နေတာလဲ ကိုဇေ ကျွေးတာစားနေတယ်လေ....... "
"မင်းလက်မပါဘူးလား....."
"ပြတ်သွားပြီ အခုပဲ...."
ရှေ့မှာရန်ဖြစ်နေသည့် ညီနဲ့ဉာဏ်သုကိုကြည့်လိုက်ပြီး ခပ်အေးအေးသာထမင်းဆက်စားနေလိုက်သည်။ လှည့်ကြည့်လာသည့် ညီ့ ကိုလဲ ဆက်ပြီးခွံ့နေလိုက်ပါသည်။ညီကလည်း
မငြင်းပေ။ တမြုံ့မြုံ့နဲ့ စားနေသည်က သွားမရှိသည့်ကလေးပေါက်စလေး အစာဝါးနေသလိုပင်။
ဉာဏ်သုနဲ့ မျက်လုံးချင်းဆုံတော့ မျက်ခုံးပင့်ပြကာ ခပ်ရိရိပြုံးပြလိုက်တော့ မဲ့ပြုံးကိုမသိမသာပြုံးပြနေလေသည်။"ထမင်းခုမှစားနေတာ အကျင့်တွေပျက်နေတာလားဟင်..."
အော်လိုက်တော့ငြိမ်သွားသည့် ကိုဉာဏ်က ခပ်တိုးတိုးမေးလာသည်မို့ ခေါင်းခါပြလိုက်သည်။
"ဆူရှီတွေ ကိုဇေလာကျွေးလို့
၂ဘူးတောင်စားထားသေးတယ်...."ပါပြန်ပြီ အဲ့လူနာမည်။
"ကိုယ့်ကိုနည်းနည်းကျွေး...."
"ခင်ဗျားဘာမှမစားရသေးဘူးဆိုပြီး လာမရွှီးနဲ့....
ပါးစပ်က ဘီယာနံ့ရနေတယ်....ပီကေနဲ့ဖုံးထားလို့ ကျွန်တော်မသိဘူးထင်နေလား....."