"ညီ............"
"ညီရေ....... ကိုယ်ပြန်လာပြီလေ........"
"ညီ လို့ ........ ခေါ်နေတယ်လေကွာ..........."
အောင်မြင်လှပါသောအသံနှင့် အော်နေသည့် ကိုဉာဏ့်အသံက အောက်ထပ်မှာမည်မျှ ကျယ်လောင်နေမည်မသိ အပေါ်ထပ်အခန်းထဲအထိပါ အတိုင်းသားကြားနေရလေသည်။ ကလေးလေးက ခုဏလေးကမှ အိပ်ပျော်သွားသည်ကြောင့် လေတောင်အသလပ်မခံရဲပေ။ ထ ထ ငိုကာ အော်ဟစ်နေသည့် ကလေးငယ်လေးက ဘာမှလဲမပြောတတ်သည်မို့ ဘာဖြစ်လဲမေးလို့ကလဲ မရချေ။
အချိန်ကိုကြည့်တော့ ည၁၀ နာရီခွဲကျော်နေလေပြီ။"ညီ.........ဘယ်မှာလဲ......."
"ဟဲ့ အကောင်အော်ကြီးဟစ်ကျယ်နဲ့ တိတ်တိတ်နေစမ်း
ကလေးအိပ်နေတယ်......."အိမ်အဝင်အဝတွင်ရပ်နေကာ လူကလဲယိုင်တိုင်တိုင်နဲ့
ဉာဏ်သုတို့အတတ်ကောင်းတွေ တတ်နေကာ မူးရူးလာသည်ထင်။ အော်ဟစ်နေပုံက တစ်အိမ်လုံးကို ဟိန်းညံနေလေတော့သည်။"အာဖွား.....ညီရော........."
အဖွားက ရှေ့တည့်တည့်ရပ်နေသည်ကို ကျော်ကာ အန်တီလေးဘက်သို့လှည့်ပြီး အဖွားခေါ်ကာမေးနေသည်။ ယိုင်တိုင်တိုင်နဲ့ပုံက မူးရူးလာတာနေမည်။ ကားဝင်လာသည်မို့ ကြည့်လိုက်မိရာ ကိုဉာဏ့် သူငယ်ချင်းက ကိုဉာဏ့် ကားပေါ်မှဆင်းလာသည်။
"ကားကဘယ်လိုဖြစ်လာတာလဲ.....ဉာဏ်သု...."
"တက္ကစီနဲ့ ပြန်း လာ တာ...."
အဖွားရဲ့အမေးကိုထိုသို့ပြောကာ ကျွန်တော်ရှိရာလျှောက်လာလေသည့် ကိုဉာဏ့် တစ်ယောက် အနားရောက်လာခါနီး ဖက်ရန်ကြံနေလေ၏။ ရှောင်လိုက်ပါသည်။ ဘယ်လောက်မူးရူးလာသည်မသိ ရှေ့ကိုထိုးကာပြုတ်ကျပြီး ကြမ်းပြင်ပေါ်တွင် မှောက်လျက်အတိုင်းပင်။
မထနိုင်သေးချေ။"ဉာဏ်သု မတရားသောက်နေတာ ခေါင်းတောင်မထောင်နိုင်ဘူးတဲ့ Waiterလေးတစ်ယောက်ဖုန်းဆက်လို့ ကျွန်တော်သွားခေါ်လာခဲ့တာ....ဒါကိုပဲ သူ့ဘာ သူတက္ကစီစီးမယ် မလိုက်နဲ့ဆိုလို့.... တက္ကစီပေါ်တင်ပေးပြီး တက္ကစီနောက်ကနေ
ကားနဲ့လိုက်၊ အိမ်ကိုအရောက်ပို့ပေးတာပါ အဖွား..."