"ကယ်ကြပါ.....ကယ်ပေးပါ......ကယ်ပေးပါ........"
ကုတင်ဘေးကစားပွဲလေးပေါ် ခေါင်းမှောက်လို့ မှေးခနဲ့အိပ်ပျော်သွားစဥ် ဂယောင်ခြောက်ခြား၊ကြောက်မက်ဖွယ်ရာများကြားမှ ထွက်ပြေးရန်ကြိုးစားနေသူတစ်ယောက်လို
အော်ဟစ်နေသည့်အသံနှင့်အတူ ငြီးငြူသံကြားရပြီး
လက်ကိုတင်းတင်းကျပ်ကျပ် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ခံလိုက်ရသည်မို့ လူကနိုးတစ်ဝက်ဖြစ်နေရာမှ လုံးလုံးကိုနိုးသွားရလေပြီ။"ကယ်ပါ......ကျွန်တော့်ကို......ကယ်ပါ............"
အေးစက်နေသည့်လက်တို့က ရေခဲတုန်းကိုကိုင်ထားရသလိုပင်။ နန္ဒမိုးနေ၏ တစ်ကိုယ်လုံးကလည်း အေးစက်ပြီး ဖြူဖျော့နေသည်။ သွေးမရှိတော့သည့်လူလို အသားတွေပါတုန်ရီနေလေသည်။ ဆရာဝန်ကိုပြေးခေါ်လို့ တစ်ယောက်တည်း ပြာယာတွေခတ်နေမိသည်ကအမှန်။
တကယ့်ကိုကမောက်ကမဖြစ်စရာအတိပင်။
ဘယ်အချိန်မှ ဒီကောင်လေးသတိရမည်လဲ။ ဘယ်လိုကြောင့်
ဒီလောက်တောင် ဖျားနာနေရသည်လဲ။ ဤအဖျားမျိုးကရက်ရှည်အဖျားမျိုးပင်။ တစ်ရက်တည်းနဲ့ချက်ချင်းတော့
ထိုသို့မဖြစ်နိုင်ပါ။ အားနည်းနေသည်မို့ ဖြူဖျော့နေပြီး ဘယ်လိုကြောင့် သွေးမရှိသူလိုဖြစ်ကာ အပြိုပြိုအလဲလဲဖြစ်နေသည်လဲ။ မစားမသောက်ပဲများနေသည်လား။ ဉာဏ်သုနဲ့ပြသနာတက်ကာ ပြတ်ဆဲကြသည်က ရက်ပိုင်းပဲရှိသေးသည်မဟုတ်လား။.................
"ရေ.....ရေ ဆာတယ် ဖေဖေ၊ မေမေ......"
မျက်ဝန်းများကတော့မဖွင့်သေးပါပဲ လက်ကလေးတွေလှုပ်ကာ ရေတောင်းနေသည့်ကောင်လေး သတိရလာပြီနေမည်။
"ရေလား......."
ဖေဖေ့အသံလဲမဟုတ်သော ယောကျာ်းတစ်ယောက်ရဲ့အသံ။ မေမေရောမရောက်သေးဘူးလား။ ဖေဖေရော ဘယ်အငယ်အနှောင်းအိမ်မှာလဲ။ ကျွှန်တော်ဆေးရုံရောက်နေတယ်လေ လာမတွေ့ကြဘူးလား။ မျက်လုံးဝန်းများပင်မဖွင့်ရသေး ဝမ်းမမနည်းစိတ်တို့က ရင်ထဲအပြည့်ကိန်းဝပ်နေသည်မို့ မခံစားနိုင်တော့သည့်နာကျင်ခြင်းတွေက မျက်ရည်အဖြစ်ပြိုပါတယ်။ ဆေးရုံအနံ့အသက်တွေရသည်။ သူနာပြုနဲ့ပဲထားခဲ့ပြန်ပြီနေမည်။ မျက်ဝန်းများပင် မဖွင့်ချင် သေပစ်လိုက်ချင်ပါတော့သည်။